Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 201–220 of 769 words

    ဖ

    ဖီးကြီးတွိံ

    [pʰït͡ɕïtwìံ]
    ဖီးဥပဒ် အန္တရာယ်နှင့် ကြုံရေ။ ဖီးဥပဒ် သင့်ရောက်ရေ
    ဘေးဥပဒ် အန္တရာယ်နှင့် ကြုံသည်။ ဘေးဥပဒ် သင့်ရောက်သည်
    danger - harm - misfortune
    ကြိယာ

    ဖီးကြီးသင့်

    [pʰït͡ɕïθɪ̀ɴ့]
    ၁၊ ဖီးဥပဒ် ရဟိခံစားရရေ။ ၂၊ (ရိုင်းခြင်း) ဖီးကြီးကျ၊ ဖီးကြီးသင့်၊ ဒဏ်ကြီးကျ၊ ဒဏ်ကြီးသင့် အစဟိစွာအနိန်နန့် ကြမ်းတမ်းစွာ ခပစာတိုက်ခြင်းကို ပြုသည်
    ၁၊ ဘေးဥပဒ် ရယှိခံစားရသည်။ ၂၊ (ရိုင်းခြင်း) ဖီးကြီးကျ၊ ဖီးကြီးသင့်၊ ဒဏ်ကြီးကျ၊ ဒဏ်ကြီးသင့် စသည်ဖြင့် ကြမ်းတမ်းစွာ ကျိန်ဆဲခြင်းကို ပြုသည်
    misfortune
    ကြိယာ

    ဖီးခေါင်

    [pʰïkʰèàɪ̀ɴ]
    ယနိမှ စပြီးကေ ခုနှစ်ရက် မြောက်သော နိ။ ဂုနိကကျွံ၊ နက်ဖြန်တရက်၊ သံဖက်တနိ၊ ဖီးနိဒဏ်နိ၊ ရက်ကိုရမိရာ၊ ဖီးခါ-ဖီခေါင်၊ ရက်ကိုဆောင်ဗျာယ်၊ တူမျှောင်မကွာ၊ လားကတ်ပါအံ့။ (ပန်း
    ယနေ့မှ စ၍ ခုနှစ်ရက် မြောက်သော နေ့။ ဂုနိကကျွံ၊ နက်ဖြန်တစ်ရက်၊ သံဖက်တစ်နိ၊ ဖီးနိဒဏ်နိ၊ ရက်ကိုရမိပြီး၊ ဖီးခါ-ဖီခေါင်၊ ရက်ကိုဆောင်လျက်၊ တူမျှောင်မကွာ၊ သွားကြပါအံ့။ (ပန်း
    seventh day
    နာမ်

    ဖီးခါ

    [pʰïkʰà]
    ယနိမှ စပြီးကေ ခြောက်ရက် မြောက်သော နိ
    ယနေ့မှ စ၍ ခြောက်ရက် မြောက်သော နေ့
    sixth day
    နာမ်

    ဖီးစာခဲ့ယောင်

    [pʰïsàkʰéjàʊɴ]
    ဆင်းရဲ ငြိုငြင်အောင် လုပ်ရေ။ ဒုက္ခပီးရေ။ သမီးဖြူကို ကောက်ယူကျွေးကေ၊ မွီးဇာတ်ကမူ၊ ငါကိုတရပ်၊ ကြီးပြီးကေလာရေ်၊ ဖီးစါခဲ့ယောင်၊ ကျေးဇုဆပ်လို့ (ပန်း)
    ဆင်းရဲ ငြိုငြင်အောင် လုပ်သည်။ ဒုက္ခပေးသည်။ သမီးဖြူကို ကောက်ယူကျွေးကေ၊ မွီးဇာတ်ကမူ၊ ငါကိုတရပ်၊ ကြီး၍လာသော်၊ ဖီးစါခဲ့ယောင်၊ ကျေးဇူးဆပ်လို့ (ပန်း)
    give trouble - cause misery
    ပစ္စည်း

    ဖီးဆိုက်

    [pʰïsʰaɪʔ]
    ဖီးဒဏ် အန္တရာယ် အစဟိစွာ သင့်ရောက်ရေ
    ဘေးဒဏ် အန္တရာယ် စသည် သင့်ရောက်သည်
    misfortune
    ကြိယာ

    ဖီးတစ်ရာနှပျိုး

    [pʰïtɪʔɹàn̥pró]
    အရာ နှပျိုးမျိုးထက် အသီးချေခြင်း၊ အချိုကဲခြင်း၊ နူးညံ့ခြင်း၊ မောင်းဂါးများခြင်း အစဟိရေ ဂုဏ်ဟိသည့် ဆီးဖက်ဝင် နှပျိုးတမျိုး
    အခြား ငှက်ပျောမျိုးထက် အသီးငယ်ခြင်း၊ အချိုကဲခြင်း၊ နူးညံ့ခြင်း၊ အဖီးများခြင်း စသော ဂုဏ်ယှိသည့် ဆေးဖက်ဝင် ငှက်ပျောတစ်မျိုး
    name of banana
    နာမ်

    ဖီးဒဏ်

    [pʰïdn်]
    မကောင်းမှုကြောင့် ဖြစ်ပေါ်သော တခုတရီ အကျိုး သက်ရောက်မှု။ တယောက်တလီ ခိုင်းစီမှုကြောင့် ဖြစ်စီ၊ ပင်ကိုယ် အလျောက်ဖြစ်စီ၊ သင့်ရောက်သော နစ်နာမှု
    မကောင်းမှုကြောင့် ဖြစ်ပေါ်သော တစ်စုံတစ်ခု အကျိုး သက်ရောက်မှု။ တစ်စုံတစ်ယောက် စေခိုင်းမှုကြောင့် ဖြစ်စေ၊ ပင်ကိုယ် အလျောက်ဖြစ်စေ၊ သင့်ရောက်သော နစ်နာမှု
    suffer
    နာမ်

    ဖီးဒဏ်၂

    [pʰïdn်၂]
    သင့်ရောက် လာတတ်သည့် ဖီးရန်။ ပြင်းစွာဒဏ်ဖီး၊ သူ့ကိုပီးလည်း၊ ကိုယ်သို့ နောင်ခါ ဒဏ်ဖြင့်လာ၏။ (ထွန်းတိ
    သင့်ရောက် လာတတ်သည့် ဘေးရန်။ ပြင်းစွာဒဏ်ဖီး၊ သူ့ကိုပီးလည်း၊ ကိုယ်သို့ နောင်ခါ ဒဏ်ဖြင့်လာ၏။ (ထွန်းတိ
    danger
    နာမ်

    ဖီးနိ

    [pʰïnì]
    ယနိမှ လေးရက် မြောက်သော နိ။ ခါနက်ဖြန်နှင့်၊ သံဖက်လွှဲကေ၊ ဖီးနိရက်မာ၊ ဆက်ဆက်မနီ၊ သားရွှီးစင်လေ၊ ရောက်လိမ့်ဖို့လို့ (ကော်)။ နက်ဖြန်တရက်၊ သံဖက်တခြား၊ ဖီးနိကျော်ကေ၊ ဖီးခါပြောမည်။ (ပန်း)။ သံဖက်ကိုးလွှဲ၊ ရက်ဖွဲ့ရာဟု၊ ခေါ်ဝေါ်ခဲ့ကေ၊ ဖီးနို့ဖီးခါ၊ တူမကွာကေ၊ သွ
    ယနေ့မှ လေးရက် မြောက်သော နေ့။ ခါနက်ဖြန်နှင့်၊ သံဖက်လွှဲကေ၊ ဖီးနိရက်မှာ၊ ဆက်ဆက်မနီ၊ သားရွှီးစင်လေ၊ ရောက်လိမ့်မည်ဟု (ကော်)။ နက်ဖြန်တစ်ရက်၊ သံဖက်တစ်ခြား၊ ဖီးနိကျော်ကေ၊ ဖီးခါပြောမည်။ (ပန်း)။ သံဖက်ကိုးလွှဲ၊ ရက်ဖွဲ့ရာဟု၊ ခေါ်ဝေါ်ခဲ့ကေ၊ ဖီးနို့ဖီးခါ၊ တူမကွာကေ၊ သွ
    the day after three days
    နာမ်

    ဖီးဖိုးစဉ်ဆက်

    [pʰïpʰósɪ̀ɴsʰɛʔ]
    အထက် ဆွေစဉ် တလျှောက်လုံး
    အထက် ဆွေစဉ် တစ်လျှောက်လုံး
    descent
    ကြိယာဝိသေသန

    ဖီးဖီး

    [pʰïpʰï]
    အဖိုး၊ အဘောင်မ၊ မိခင်၊ ဖခင် တဦးတလီ၏ ဖခင်အား ခေါ်ဝေါ်သည့် အာလုပ် စကား
    အဖိုး၊ အဘွား၊ မိခင်၊ ဖခင် တစ်ဦးဦး၏ ဖခင်အား ခေါ်ဝေါ်သည့် အာလုပ် စကား
    grandfather
    နာမ်

    ဖီးမျို

    [pʰïmrÒ]
    ကိုယ်ကို နှိပ်စက်တတ်ရေ မလိုလား ဖွယ်သော အဖြစ်ဆိုး။ အဟိန်းမစဲ၊ ငင်လွှဲပစ်လွှတ်၊ ရန်စဖြစ်ဗျာယ်၊ ဖိမျိုးစင်သည်၊ ဘုရင်လောင်းတော်၊ ဘုန်းကြောင့်တည်း။ (ရှီးထုံး
    ကိုယ်ကို နှိပ်စက်တတ်သော မလိုလား ဖွယ်သော အဖြစ်ဆိုး။ အဟိန်းမစဲ၊ ငင်လွှဲပစ်လွှတ်၊ ရန်စဖြစ်လျက်၊ ဖိမျိုးစင်သည်၊ ဘုရင်လောင်းတော်၊ ဘုန်းကြောင့်တည်း။ (ရှေးထုံး
    misfortune
    နာမ်

    ဖီးမျိုး

    [pʰïmró]
    (အဖိုး၏ ဖခင်) မောင်းဂါးသျှင်မှ ဆင်းသက် လာရေ ဆွီမျိုး
    (အဖိုး၏ ဖခင်) အဘေးမှ ဆင်းသက် လာသော ဆွေမျိုး
    relative
    နာမ်

    ဖီလာ

    [pʰílà]
    ဆန့်ကျင် ဖီဆန်သောအနိန်နန့်။ အနံလိုက် ကန့်လန့်အနိန်နန့်
    ဆန့်ကျင် ဖီဆန်သော အားဖြင့်။ အနံလိုက် ကန့်လန့် အားဖြင့်
    contrarily
    ကြိယာဝိသေသန

    ဖီလာစေါင်းကန်း

    [pʰílàsèàɪ́ɴkáɴ]
    မျက်နှာပြင် ပြန့်ပြူးခြင်း မဟိပဲ စေါင်းရွှီသော။ မူလ သဘာဝ အနိန်အထား၊ ပင်ကို သဖောဖြစ်ရေ
    မျက်နှာပြင် ပြန့်ပြူးခြင်း မယှိပဲ စေါင်းရွှေသော။ မူလ သဘာဝ အနေအထား၊ ပင်ကို သဘော ဖြစ်သော
    natural
    နာမဝိသေသန

    ဖီလာစေါင်းသတ်

    [pʰílàsèàɪ́ɴθaʔ]
    မျက်နှာပြင် ပြန့်ပြူးခြင်း မဟိပဲ စေါင်းရွေ့သော။ မူလ သဘာဝ အနိန်အထား၊ ပင်ကို သဖောဖြစ်ရေ။ နှောင့်နှောင့် ယှက်ယှက်
    မျက်နှာပြင် ပြန့်ပြူးခြင်း မယှိပဲ စေါင်းရွေ့သော။ မူလ သဘာဝ အနေအထား၊ ပင်ကို သဘော ဖြစ်သော။ နှောင့်နှောင့် ယှက်ယှက်
    natural - disturb
    နာမဝိသေသန

    ဖီလာဖတ်

    [pʰílàpʰaʔ]
    ဖီလာအနိန်နန့်။ ကန့်လတ်ဖြတ်အနိန်နန့်
    ဖီလာ အားဖြင့်။ ကန့်လတ်ဖြတ် အားဖြင့်
    contrarily
    ကြိယာဝိသေသန

    ဖီလာဖြတ်

    [pʰílàpʰɹaʔ]
    ဖီလာအနိန်နန့်။ ကန့်လတ်ဖြတ်အနိန်နန့်
    ဖီလာ အားဖြင့်။ ကန့်လတ်ဖြတ် အားဖြင့်
    contrarily
    ကြိယာဝိသေသန

    ဖီလာလုပ်

    [pʰílàloʊʔ]
    ဆန့်ကျင် ဆောင်ရွက်ရေ။ အတားအဆီး အဖြစ်ဖြင့် ရပ်နား တည်နီရေ
    ဆန့်ကျင် ဆောင်ရွက်သည်။ အတားအဆီး အဖြစ်ဖြင့် ရပ်နား တည်နေသည်
    against
    ကြိယာဝိသေသန