Dictionary Entries
Showing 261–280 of 769 words
ဖ
ဖုံပြာမ၂
[pʰòʊɴpɹàm၂]
Arakanese:
ဝန်၊ ဥစ္စါ ကုန်ခန်း ဆင်းရဲခြင်းသို့ ရောက်ရေ
Burmese:
ပစ္စည်း၊ ဥစ္စါ ကုန်ခန်း ဆင်းရဲခြင်းသို့ ရောက်သည်
English:
poor
Grammar Note:
ကြိယာ
ဖုံးဖိ
[pʰóʊɴpʰì]
Arakanese:
ရိပ်ခြည် အမြွက် မပေါ်ထွက်အောင် ဆို့ပိတ် ကာဆီးရေ။ လူသျှင် မမြင်သိယောင် ဖုံးဖိကာ ဆီးထားရဖို၌ယေ။ (အရပ်
Burmese:
ရိပ်ခြည် အမြွက် မပေါ်ထွက်အောင် ဆို့ပိတ် ကာဆီးသည်။ လူသျှင် မမြင်သိအောင် ဖုံးဖိကာ ဆီးထားရဖို၌ယေ။ (အရပ်
English:
hush sth up
Grammar Note:
ကြိယာ
ဖုံဖုံ
[pʰòʊɴpʰòʊɴ]
Arakanese:
အရသာ ခြောက်ပါး မဟိရေ။ ဇာတခုလည်း အရသာမဟိ ဖုံဖုံကြီးရာ (အရပ်
Burmese:
အရသာ ခြောက်ပါး ကင်းမဲ့သော။ ဇာတစ်ခုလည်း အရသာမဟိ ဖုံဖုံကြီးရာ (အရပ်
English:
tasteless
Grammar Note:
နာမဝိသေသန
ဖုံဖုံရုံရုံ
[pʰòʊɴpʰòʊɴɹòʊɴɹòʊɴ]
Arakanese:
ကပျက်ကလျော်။ အရသာ လျော့နည်းစွာ။ ဖုံဖုံံရုရုံကြီးရာ၊ အရသာက တခုလည်း မတွံ့ကာ။ (အရပ်
Burmese:
ပေါ့ပျက်ပျက်။ အရသာ လျော့နည်းစွာ။ ဖုံဖုံံရုရုံကြီးရာ၊ အရသာက တစ်ခုလည်း မတွံ့ကာ။ (အရပ်
English:
insipid
Grammar Note:
ကြိယာဝိသေသန
ဖုရား
[pʰoʊɹá]
Arakanese:
ဆရာမကူ၊ သယမ္ဘုဉာဏ်ဖြင့် သစ္စာလေးပါးကို ကိုယ့်အပိုင် ကိုယ်တော်တိုင် ထိုးထွင်းပနာ သိတော်မူသော ပုဂ္ဂိုလ်မြတ်။ လူနတ် ဗြဟ္မာ သတ္တဝါရို့၏ ရိုသေ လေးမြတ်စွာ ကိုးကွယ် ဆည်းကပ် အပ်ရေ ပုဂ္ဂိုလ်။ (မဟာဗောဓိ ကျောက်စာနှင့် ဂဏန်းချပ်တောင် ကျောက်စာမာ ပရှာ၊ ဖုရား၊ သြုရား စသ
Burmese:
ဆရာမကူ၊ သယမ္ဘုဉာဏ်ဖြင့် သစ္စာလေးပါးကို မိမိအလိုလို ကိုယ်တော်တိုင် ထိုးထွင်း၍ သိတော်မူသော ပုဂ္ဂိုလ်မြတ်။ လူနတ် ဗြဟ္မာ သတ္တဝါတို့၏ ရိုသေ လေးမြတ်စွာ ကိုးကွယ် ဆည်းကပ် အပ်သော ပုဂ္ဂိုလ်။ (မဟာဗောဓိ ကျောက်စာနှင့် ဂဏန်းချပ်တောင် ကျောက်စာတွင် ပရှာ၊ ဖုရား၊ သြုရား စသ
English:
the Buddha
Grammar Note:
နာမ်
ဖုရား၂
[pʰoʊɹá၂]
Arakanese:
ရခိုင် ယောက်ျား၊ မမာ့ အစဟိစွာရို့ စကား ပြောဆိုရာမာ အံ့အားသင့်၍ ဖြစ်စီ၊ မသဲမကွဲရေကို သိလိုရေတွက်နန့် ဖြစ်စီ တုံ့ပြန် မီးစမ်းသော သဘောအားဖြင့် ဗြုန်းကနဲ အမှတ်မထင် ဆိုမြွက်သော အခံ။ အလိုဖုရား၊ ဇာပုံလားသို့၊ ဖြစ်လှားလီကျင်၊ အံ့ဖွယ်ပင်တည်း
Burmese:
ရခိုင် ယောက်ျား၊ မိန်းမ စသည်တို့ စကား ပြောဆိုရာတွင် အံ့အားသင့်၍ ဖြစ်စေ၊ မသဲမကွဲသည်ကို သိလို၍ ဖြစ်စေ တုံ့ပြန် မေးစမ်းသော သဘောအားဖြင့် ဗြုန်းကနဲ အမှတ်မထင် ဆိုမြွက်သော အခံ။ အလိုဖုရား၊ ဇာပုံလားသို့၊ ဖြစ်သွားလေကျင်၊ အံ့ဖွယ်ပင်တည်း
English:
amaze
Grammar Note:
အာလုပ်
ဖုရား၃
[pʰoʊɹá၃]
Arakanese:
(ရခိုင်ရို့၏ ဓလိ့) ထူးသံ။ တခွန်းခေါ်ကေ၊ ကျော်ကျော်မထူး၊ နှစ်ခွန်းခေါ်ကေ၊ ကျော်ကျော်မထူး၊ သုံးခွန်းခေါ်မှ၊ အိုဖုရား ထူးရေကာ နှမ။ (ပုံပြင်
Burmese:
(ရခိုင်တို့၏ ဓလေ့) ထူးသံ။ တစ်ခွန်းခေါ်ကေ၊ ကျော်ကျော်မထူး၊ နှစ်ခွန်းခေါ်ကေ၊ ကျော်ကျော်မထူး၊ သုံးခွန်းခေါ်မှ၊ အိုဖုရား ထူးရေကာ နှမ။ (ပုံပြင်
English:
reply
Grammar Note:
နာမ်
ဖုရားဆီး
[pʰoʊɹásʰï]
Arakanese:
ရောဂါ ပျောက်ကင်း စီနှိုင်ရေ အသီးအပွင့်၊ အရွက်၊ အခေါက်၊ အမြစ် အစဟိစွာ့ ပင်ထွက် ဝန်နှင့် မြေထွက် သတ္တုဓါတ်ဆား အစဟိစွာ
Burmese:
ရောဂါ ပျောက်ကင်း စေနိုင်သော အသီးအပွင့်၊ အရွက်၊ အခေါက်၊ အမြစ် စသည့် ပင်ထွက် ပစ္စည်းနှင့် မြေထွက် သတ္တုဓါတ်ဆား စသည်
English:
herbal
Grammar Note:
နာမ်
ဖုရားဆီးဆိုင်
[pʰoʊɹásʰïsʰàɪɴ]
Arakanese:
ရောဂါ အမျိုးမျိုးကို ပျောက်ကင်း စီနှိုင်ရေ အသီး၊ အပွင့်၊ အရွက်၊ အခေါက်၊ အမြစ်၊ အဥ အစဟိစွာ့ ပင်ထွက်ဝန်ကို ရောင်းသော ဆိုင်
Burmese:
ရောဂါ အမျိုးမျိုးကို ပျောက်ကင်း စေနိုင်သော အသီး၊ အပွင့်၊ အရွက်၊ အခေါက်၊ အမြစ်၊ အဥ စသည့် ပင်ထွက်ပစ္စည်းကို ရောင်းသော ဆိုင်
English:
medicine shop
Grammar Note:
နာမ်
ဖုရားရီချို
[pʰoʊɹáɹíɕÒ]
Arakanese:
(တန်းခူးလ သင်္ကြန် အကျနိမာ) ရုပ်ပွား ဆင်းတုတော်မြတ်ရို့ကို ရေဖြင့် သန့်ရှင်း စင်ကြယ်အောင် ပြုရေ။ ရီနံ့သာဖြင့် အဓိပ္ပါယ်ဟိ ပူဇော်ခြင်း အမှုကို ပြုရေ။ တန်ခူးဆန်းသော်၊ ရီချမ်းသဘင်၊ လဟောင်းမာကာ၊ သျှင်ချစ်ထွဋ်ထား၊ ဘုရားမိန့်မာ၊ ချိန်ခါပန်းမာလ်၊ ဆင်ခ
Burmese:
(တန်းခူးလ သင်္ကြန် အကျနေ့တွင်) ရုပ်ပွား ဆင်းတုတော်မြတ်တို့ကို ရေဖြင့် သန့်ရှင်း စင်ကြယ်အောင် ပြုသည်။ ရေနံ့သာဖြင့် အဓိပ္ပါယ်ရှိ ပူဇော်ခြင်း အမှုကို ပြုသည်။ တန်ခူးဆန်းသော်၊ ရီချမ်းသဘင်၊ လဟောင်းတွင်ကာ၊ သျှင်ချစ်ထွဋ်ထား၊ ဘုရားမိန့်မှာ၊ ချိန်ခါပန်းမာလ်၊ ဆင်ခ
English:
wash Buddha’s images and pagodas
Grammar Note:
ကြိယာ
ဖုံးအုပ်
[pʰóʊɴʔoʊʔ]
Arakanese:
အပေါ်မှ ထပ်အုပ်ရေ။ မသိမမြင်ယောင် ပိတ်ကွယ် ဆီးဆို့သည်
Burmese:
အပေါ်မှ ထပ်အုပ်သည်။ မသိမမြင်အောင် ပိတ်ကွယ် ဆီးဆို့သည်
English:
cover
Grammar Note:
ကြိယာ
ဖူး
[pʰùး]
Arakanese:
ခံမား လီဟုန်ဖြင့် (ဖူးကနဲ) တအား ရွှင့်ထုတ်ရေ။ (ဖူးဆိုရေ အသံဖြင့်) ခံမားမှ လီဟုန်ပြင်းစွာ ထွက်စီရေ
Burmese:
ခံတွင်း လေဟုန်ဖြင့် (ဖူးကနဲ) တစ်အား လွှင့်ထုတ်သည်။ (ဖူးဟူသော အသံဖြင့်) ခံတွင်းမှ လေဟုန်ပြင်းစွာ ထွက်စေသည်
English:
blow away
Grammar Note:
ကြိယာ
ဖူး၂
[pʰùး၂]
Arakanese:
အသားအရီ အစဟိစွာ ဖေါင်းကြွ ရမ်းသည်
Burmese:
အသားအရေ စသည် ဖေါင်းကြွ ရောင်ရမ်းသည်
English:
swell up
Grammar Note:
ကြိယာ
ဖူး၃
[pʰùး၃]
Arakanese:
သံဃာတော် အသျှင်မြတ်များနှင့်တကွ ဘုရား၊ ပုထိုး၊ စာတီ၊ အစဟိစွာအား ရိုသေစွာ လက်အုပ်ချီဗျာယ် ပျပ်ဝပ် ပူဇော်သည်
Burmese:
သံဃာတော် အသျှင်မြတ်များနှင့်တကွ ဘုရား၊ ပုထိုး၊ စေတီ၊ စသည်အား ရိုသေစွာ လက်အုပ်ချီလျက် ပျပ်ဝပ် ပူဇော်သည်
English:
pay obeisance (at a shrine or to a monk)
Grammar Note:
ကြိယာ
ဖူး၄
[pʰùး၄]
Arakanese:
အပွင့်အဖြစ် ဖြစ်ပေါ် လာစီဖို့့ အပွင့်လောင်း၏ အဖူးလုံး
Burmese:
အပွင့်အဖြစ် ဖြစ်ပေါ် လာစေမည့် အပွင့်လောင်း၏ အဖူးလုံး
English:
bud
Grammar Note:
နာမ်
ဖူချီးကျ
[pʰùɕït͡ɕ]
Arakanese:
အရောင် အဆင်း ပျက်သော။ အရောင် အဆင်း ပျက်ပြယ်သော
Burmese:
အရောင် အဆင်း ပျက်သော။ အရောင် အဆင်း ပျက်ပြယ်သော
English:
pale color
Grammar Note:
နာမဝိသေသန
ဖူချီးခါ
[pʰùɕïkʰà]
Arakanese:
အရည် အရောင်အနိန်နန့် သစ်လွင်ခြင်း မဟိ ညှိုးဖျော့သော
Burmese:
အရည် အရောင် အားဖြင့် သစ်လွင်ခြင်း မယှိ ညှိုးဖျော့သော
English:
old
Grammar Note:
နာမဝိသေသန
ဖူချီးပြန်
[pʰùɕïpɹàɴ]
Arakanese:
အပျံ့အနှံ့ ထွက်ဝင် ရှာဖွီရေ။ အနှံ့ လှန်လောင်းာ ရှာဖွီရေ
Burmese:
အပျံ့အနှံ့ ထွက်ဝင် ရှာဖွေသည်။ အနှံ့ လှန်လှော ရှာဖွေသည်
English:
search
Grammar Note:
ကြိယာ
ဖူချီးလိုက်
[pʰùɕïlaɪʔ]
Arakanese:
ဟောင်းမြစ် ယိုယွင်းရေ။ အဆွီးရေ။ အေအဝတ်က ရောင်းမစွန်လို့ ဖူးချီးလိုက်နီဗျာယ်။ ၂၊ လူ အကိုင်အတွယ် အသုံးတိစွာ။ လူတိ သုံးဖန်တိလို့ ဖူးချီးလိုက် နီဗျာယ်။ (အရပ်)
Burmese:
ဟောင်းမြစ် ယိုယွင်းသည်။ ဆွေးမြေ့သည်။ အေအဝတ်က ရောင်းမစွန်လို့ ဖူးချီးလိုက်နီဗျာယ်။ ၂၊ လူ အကိုင်အတွယ် အသုံးများသည်။ လူတိ သုံးဖန်များလို့ ဖူးချီးလိုက် နီဗျာယ်။ (အရပ်)
English:
old
Grammar Note:
ကြိယာ
ဖူးစာ
[pʰùးsà]
Arakanese:
ယောက်ျားနှင့် မမာ့ နှစ်ဦးစလုံး အတွက် ပီးစပ်ရန် အခွင့်အလမ်း
Burmese:
ယောက်ျားနှင့် မိန်းမ နှစ်ဦးစလုံး အတွက် အိမ်ထောင်ပြုရန် အခွင့်အလမ်း
English:
density (concerning marriage)
Grammar Note:
နာမ်