Dictionary Entries
Showing 361–380 of 769 words
ဖ
ဖါးကလောက်
[pʰàးklɔ́ɛʔ]
Arakanese:
ရေစပ်နားမာ နီတတ်၍ ညိအခါမှ အသံကို စွဲ၍ ကလောက်ကလောက် မြည်တတ်ရေ ဖါးငယ် တမျိုး
Burmese:
ရေစပ်နားတွင် နေတတ်၍ ညဉ့်အခါတွင် အသံကို စွဲ၍ ကလောက်ကလောက် မြည်တတ်သော ဖါးငယ် တစ်မျိုး
English:
frog
Grammar Note:
နာမ်
ဖါးကြွက်
[pʰàးt͡ɕwɛʔ]
Arakanese:
အသံ ပြတ်တောင်း ပြတ်တောင်း မြည်တတ်ရေ ဖါးအချေ တမျိုး
Burmese:
အသံ ပြတ်တောင်း ပြတ်တောင်း မြည်တတ်သော ဖါးကလေး တစ်မျိုး
English:
frog
Grammar Note:
နာမ်
ဖါးခြီထုတ်တိုင်
[pʰàးkʰɹìtʰoʊʔtàɪɴ]
Arakanese:
ခြီဖျား နှစ်ဘက်ကို နောက်ကို ထုတ်ပနာ ဒူးတုတ် ကွေးကာ ဖင်ချထိုင်သည်
Burmese:
ခြေဖျား နှစ်ဘက်ကို နောက်သို့ ထုတ်၍ ဒူးတုတ် ကွေးကာ ဖင်ချထိုင်သည်
English:
style of sit
Grammar Note:
ကြိယာ
ဖါးစင်းမှောက်
[pʰàးsɪ́ɴm̥ɔ́ɛʔ]
Arakanese:
ကိုယ်ခန္ဓာ တခုလုံးကို ကြမ်းပြင်အခင်းနှင့် ထိဗျာယ် စန့်စန့် မှောက်သည်
Burmese:
ကိုယ်ခန္ဓာ တစ်ခုလုံးကို ကြမ်းပြင်အခင်းနှင့် ထိလျက် စန့်စန့် မှောက်သည်
English:
prostrate
Grammar Note:
ကြိယာ
ဖါးစင်းဝပ်
[pʰàးsɪ́ɴwaʔ]
Arakanese:
ကိုယ်ခန္ဓာ တခုလုံးကို ကြမ်းပြင်အခင်းနှင့် ထိဗျာယ် စန့်စန့် မှောက်သည်
Burmese:
ကိုယ်ခန္ဓာ တစ်ခုလုံးကို ကြမ်းပြင်အခင်းနှင့် ထိလျက် စန့်စန့် မှောက်သည်
English:
prostrate
Grammar Note:
ကြိယာ
ဖါးစို့
[pʰàးso̰]
Arakanese:
နွေကာလ အစိုအစွတ် ခြုံအောက်မာ ဖါးသတ္တဝါ နီလေ့ဟိသော (ဖါး)မား
Burmese:
နွေကာလ အစိုအစွတ် ခြုံအောက်တွင် ဖါးသတ္တဝါ နေလေ့ယှိသော (ဖါး)တွင်း
English:
pit
Grammar Note:
နာမ်
ဖါးထိုင်ထိုင်
[pʰàးtʰàɪɴtʰàɪɴ]
Arakanese:
ခြီဖျား နှစ်ဘက်ကို နောက်ကိုထုတ်ပနာ ဒူးတုတ် ကွေးကာ ဖင်ချထိုင်သည်
Burmese:
ခြေဖျား နှစ်ဘက်ကို နောက်သို့ထုတ်၍ ဒူးတုတ် ကွေးကာ ဖင်ချထိုင်သည်
English:
squatting position - sitting posture like that of a frog
Grammar Note:
ကြိယာ
ဖါးပူ
[pʰàးpù]
Arakanese:
ဖဘူ ဝမ်း ကိုယ်ထည်လုံးဝိုင်း ပု၍ ကျကျယ်လောင်လောင် မြည်တတ်ရေ ဖါးတမျိုး
Burmese:
ဖဘူ ဝမ်းဗိုက် ကိုယ်ထည်လုံးဝိုင်း ပု၍ ကျယ်လောင်စွာ မြည်တတ်သော ဖါးတစ်မျိုး
English:
frog
Grammar Note:
နာမ်
ဖါးပြုတ်ကေ
[pʰàးpɹoʊʔkè]
Arakanese:
ကျောပြင် တခုလုံးမာ အဖုအပြုတ် ဟိပြီး၊ အရောင် မွဲခြောက်ခြောက် ဟိသော ဖါးတမျိုး
Burmese:
ကျောပြင် တစ်ခုလုံးတွင် အဖုအပြုတ် ယှိပြီး၊ အရောင် မွဲခြောက်ခြောက် ယှိသော ဖါးတစ်မျိုး
English:
frog
Grammar Note:
နာမ်
ဖါးပြုတ်ကြွက်စုတ်
[pʰàးpɹoʊʔt͡ɕwɛʔsoʊʔ]
Arakanese:
၁၊ ဥပစာ(အချေ သူငယ် လူမမည်အရွယ်။ ၂၊ လူရီး လူရာမာ မပါဝင်၊ ဆောင်ရွက် နိုင်စွမ်း မဟိသူ
Burmese:
၁၊ ဥပစာ(ကလေး သူငယ် လူမမည်အရွယ်။ ၂၊ လူရေး လူရာတွင် မပါဝင်၊ ဆောင်ရွက် နိုင်စွမ်း မယှိသူ
English:
loser
Grammar Note:
နာမ်
ဖါးပြုတ်နာ
[pʰàးpɹoʊʔnà]
Arakanese:
စားရမဲ့ သောက်ရမဲ့ ဖြစ်သနန့် ကိုယ်ရီပြားထက်မာ ဖါးပြုတ်ကျော အရီပြားပိုင် အဖုအပြုတ်ငယ် ကချေတိ ဖြစ်ပေါ်သော အနာ
Burmese:
စားရမဲ့ သောက်ရမဲ့ ဖြစ်သဖြင့် ကိုယ်ရေပြားပေါ်တွင် ဖါးပြုတ်ကျော အရေပြားကဲ့သို့ အဖုအပြုတ်ငယ် ကလေးများ ဖြစ်ပေါ်သော အနာ
English:
none
Grammar Note:
နာမ်
ဖါးဖို
[pʰàးpʰÒ]
Arakanese:
သားရေကို လေအိတ် လုပ်ပနာ ပြွန်တပ်ပြီး လီမှုတ်အားဖြင့် ပိန်ခြည် ဖေါင်းခြည် ပြုနှိုင်ရေ ပန်းဖဲဖို (မီးသွီးဖို) တမျိုး
Burmese:
သားရေကို လေအိတ် လုပ်၍ ပြွန်တပ်ပြီး လေမှုတ်အားဖြင့် ပိန်ချည် ဖေါင်းချည် ပြုနိုင်သော ပန်းပဲဖို (မီးသွေးဖို) တစ်မျိုး
English:
charcoal stove with bellow - bellow
Grammar Note:
နာမ်
ဖါးဖါး
[pʰàးpʰàး]
Arakanese:
၁၊ ဝမ်းပျိုင်း စူတွဲသော။ ၂၊ စူကား မားဖေါင်းသော ဆံပင်ဖါးရား၊ ဝမ်းဖါးဖါးသည်၊ ခြီကိုကားရားပြုဗျာယ်။ (ဗမာချီ
Burmese:
၁၊ ဝမ်းပျဉ်း စူတွဲသော။ ၂၊ စူကား မားဖေါင်းသော ဆံပင်ဖါးရား၊ ဝမ်းဖါးဖါးသည်၊ ခြီကိုကားရားပြုလျက်။ (ဗမာချီ
English:
Full-blown
Grammar Note:
နာမဝိသေသန
ဖါးရား
[pʰàးɹá]
Arakanese:
အစွန်းအမြိတ် ရှည်သွယ် ဖြာကျဗျာယ်
Burmese:
အစွန်းအမြိတ် ရှည်သွယ် ဖြာကျလျက်
English:
(of hair beard fibers etc hang) in a loose unkempt fall
Grammar Note:
ကြိယာဝိသေသန
ဖါးရားရား
[pʰàးɹáɹá]
Arakanese:
အမွီးအမာင် အစဟိစွာ ပွရောင်၍ ကားပြန့်သော။ ကာယသဏ္ဍာန်၊ ကေသာဆံလျှင်၊ လိုင်တံရင်းဖျား၊ ဖါးရားရားကေ၊ ဖွားဖွားအမွီး (ကော်)
Burmese:
အမွေးအမှာင် စသည် ပွရောင်၍ ကားပြန့်သော။ ကာယသဏ္ဍာန်၊ ကေသာဆံလျှင်၊ လိုင်တံရင်းဖျား၊ ဖါးရားရားကေ၊ ဖွားဖွားအမွီး (ကော်)
English:
(of hair beard fibers etc hang) in a loose unkempt fall
Grammar Note:
နာမဝိသေသန
ဖါးရီးဖါးရား
[pʰàးɹïpʰàးɹá]
Arakanese:
ဆံပင်၊ အစွန်းအမြိတ် ရှည်သွယ် ဖြာကျဗျာယ်၊ ဆံပင်၊ အစွန်း အမြိတ် အစဟိစွာ ကရားကထား ကြဲပြန့်ဗျာယ်
Burmese:
ဆံပင်၊ အစွန်းအမြိတ် ရှည်သွယ် ဖြာကျလျက်၊ ဆံပင်၊ အစွန်း အမြိတ် စသည် ဖရိုဖရဲ ကြဲပြန့်လျက်
English:
(of hair beard fibers etc hang) in a loose unkempt fall
Grammar Note:
ကြိယာဝိသေသန
ဖါးရီးသောက်
[pʰàးɹïθɔ́ɛʔ]
Arakanese:
(ဥပစာ) ဇာလေ့ မဟိ လောက်ယောင် မွဲရေ။ ချွတ်ခြုံ ကျရေ
Burmese:
(ဥပစာ) ဘာမျှ မယှိ လောက်အောင် မွဲသည်။ ချွတ်ခြုံ ကျသည်
English:
poor
Grammar Note:
ကြိယာ
ဖါးလောက်သျှေ
[pʰàးlɔ́ɛʔʃè]
Arakanese:
ဖါးဖြစ်ရန် ခြေလက် မထွက်သိမ့်ခင် ပတုံးနှင့်တကွ ရီထဲမာ ကူးယက်နိန်ရေ ဖါးငယ် ပေါက်စလေး
Burmese:
ဖါးဖြစ်ရန် ခြေလက် မထွက်သေးမီ အမြီးနှင့်တကွ ရေထဲတွင် ကူးယက်နေသော ဖါးငယ် ပေါက်စလေး
English:
tadpole
Grammar Note:
နာမ်
ဖါးသားဟပ်
[pʰàးθáhaʔ]
Arakanese:
ကိုယ့် ပြောဆို ခပြီးကေသော စကားကို တဖန်ထပ်၍ အရိပ် အမြွက် မပေါ်ထွက်အောင် ဆို့ပိတ် ကာဆီး၍၊ ပြောဆိုရေ။ ကိုယ်မာဝတ်စား၊ ဖါသားဟပ်တွေ၊ သီလကုမ်မာ၊ ကျွန်ပုံဖမ်းလို့၊ တခန်းနီရေ။ (ဂုတ္တိလ
Burmese:
မိမိ ပြောဆို ခဲ့ပြီးသော စကားကို တစ်ဖန်ထပ်၍ အရိပ် အမြွက် မပေါ်ထွက်အောင် ဆို့ပိတ် ကာဆီး၍၊ ပြောဆိုသည်။ ကိုယ်မှာဝတ်စား၊ ဖါသားဟပ်တွေ၊ သီလကုမ်မှာ၊ ကျွန်ပုံဖမ်းလို့၊ တခန်းနီရေ။ (ဂုတ္တိလ
English:
rectify slips in one’s speech
Grammar Note:
ကြိယာ
ဖါသိဖါသာ
[pʰàθìpʰàθà]
Arakanese:
၁၊ အရီးမစိုက်။ ဂရုမပြု။ လျစ်လျူရှုဗျာယ်။ ၂၊ ဂရုတစိုက် ပြုသည် မဟုတ်ဘဲ
Burmese:
၁၊ အရေးမစိုက်။ ဂရုမပြု။ လျစ်လျူရှုလျက်။ ၂၊ ဂရုတစိုက် ပြုသည် မဟုတ်ပဲ
English:
carelessly
Grammar Note:
ကြိယာဝိသေသန