Dictionary Entries
Showing 21–40 of 769 words
ဖ
ဖင်ခုထိုင်
[pʰɪ̀ɴkʰoʊtʰàɪɴ]
Arakanese:
ရုံးကနားနှင့် သက်ဆိုင်ရာ လောင်းာက်လွှာ အစဟိစွာတိကို သက်ဆိုင်ရာ ဌာနသို့ မပို့ပီးပဲ ကြာမြင့်စွာ ဖုံးအုပ်ရေ
Burmese:
ရုံးကနားနှင့် သက်ဆိုင်ရာ လျှောက်လွှာ စသည်များကို သက်ဆိုင်ရာ ဌာနသို့ မပို့ပေးပဲ ကြာမြင့်စွာ ဖုံးဖိထားသည်
English:
hush sth up
Grammar Note:
ကြိယာ
ဖင်ခေါင်းကျယ်
[pʰɪ̀ɴkʰèàɪ́ɴt͡ɕɛ̀]
Arakanese:
ဖြစ်နှိုင်ရီထက် ပိုပြီးကေ ပြောရေ။ ဘောရိပိုက် ပြောဆိုရေ
Burmese:
ဖြစ်နိုင်သည်ထက် ပို၍ ပြောသည်။ ကြွားဝါ ပြောဆိုသည်
English:
vaunt
Grammar Note:
ကြိယာ
ဖင်ချိတ်
[pʰɪ̀ɴɕeɪʔ]
Arakanese:
ကြိုးကွင်းမာ လည်ကို စွပ်ပနာ သတ်သီာ သီဒဏ်
Burmese:
ကြိုးကွင်းမှာ လည်ကို စွပ်၍ သတ်သော သေဒဏ်
English:
capital punishment
Grammar Note:
နာမ်
ဖင်ချိတ်တိုက်
[pʰɪ̀ɴɕeɪʔtaɪʔ]
Arakanese:
ကြိုးဒဏ်ဖြင့် စီရင်သည်
Burmese:
ကြိုးဒဏ်ဖြင့် စီရင်သည်
English:
capital punishment
Grammar Note:
ကြိယာ
ဖင်ချိတ်မိန့်
[pʰɪ̀ɴɕeɪʔmèɪɴ့]
Arakanese:
လိုင်ဖင်းကို ကြိုးစွပ်ပနာ သတ်စေဆိုရေ စီရင်ချက်
Burmese:
လည်ပင်းကို ကြိုးစွပ်၍ သတ်စေဟူသော စီရင်ချက်
English:
capital punishment
Grammar Note:
နာမ်
ဖင်ခြွတင်း
[pʰɪ̀ɴkʰWɹtɪ́ɴ]
Arakanese:
ဝါကြွား ပြောဆိုရေ။ ဝင့်ဝါ ဂုဏ်ထုတ်သည်
Burmese:
ဝါကြွား ပြောဆိုသည်။ ဝင့်ဝါ ဂုဏ်ထုတ်သည်
English:
arrogant
Grammar Note:
ကြိယာ
ဖင်ဆာငရုပ်သီး
[pʰɪ̀ɴsʰàŋɹoʊʔθï]
Arakanese:
အတောင့်ငယ်ပနာ အစပ် လွန်ကဲသော ငရုပ်သီး တမျိုး
Burmese:
အတောင့်သေး၍ အစပ် လွန်ကဲသော ငရုပ်သီး တစ်မျိုး
English:
chilli
Grammar Note:
နာမ်
ဖင်ဆို့
[pʰɪ̀ɴsʰo̰]
Arakanese:
ဖက်ဆလိပ်၌ ပစ သောက်ရာဖက်မာ ဖက်တိုဖက်စ၊ ပြောင်းဖူးခွံ၊ ကောက်ရိုး အစဟိစွာရို့နန့် လိပ်ခွေ၍ သွင်းထားရေ အရာ
Burmese:
ဆေးပေါ့လိပ်၌ ပါးစပ် သောက်ရာဘက်တွင် ဖက်တိုဖက်စ၊ ပြောင်းဖူးခွံ၊ ကောက်ရိုး စသည်တို့ဖြင့် လိပ်ခွေ၍ သွင်းထားသော အရာ
English:
Filter-tip
Grammar Note:
နာမ်
ဖင်ဆို့ကျွတ်
[pʰɪ̀ɴsʰo̰t͡ɕwaʔ]
Arakanese:
၁၊ ဟန့်တား မရနှိုင်လောက်ယောင် ဓါတ်ဒလဟော လားရေ။ ၂၊ တနားတခါ ဓါတ်လားရေ
Burmese:
၁၊ တားဆီး မရနိုင်လောက်အောင် ဓါတ်ဒလဟော သွားသည်။ ၂၊ မကြာခဏ ဓါတ်သွားသည်
English:
dysentary
Grammar Note:
ကြိယာ
ဖင်ဆီ
[pʰɪ̀ɴsʰí]
Arakanese:
ဖက်ဆလိပ်၊ ဆီးကလိပ် အစဟိစွာရို့ သောက်ကေ ဆီးလိပ် အခိုးအငွီ့အသက်မှ ဖြစ်ရေ အစီး
Burmese:
ဆေးပေါ့လိပ်၊ စီးကရက် စသည်တို့ သောက်လျှင် ဆေးလိပ် အခိုးအငွေ့အသက်မှ ဖြစ်သော အစေး
English:
Filter-tip
Grammar Note:
နာမ်
ဖင်ဆီခံ
[pʰɪ̀ɴsʰíkʰံ]
Arakanese:
ဆီးကလိပ် သောက်ကေ အငွီ့မှ ဖြစ်လှာသော အစီးကို ခံမားသို့ မဝင်ရောက်ရယောင် ဆီးဆိုးထားရေ အရာ
Burmese:
စီးကရက် သောက်လျှင် အငွေ့မှ ဖြစ်လာသော အစေးကို ခံတွင်းသို့ မဝင်ရောက်ရအောင် ဆီးဆိုးထားသော အရာ
English:
Filter-tip
Grammar Note:
နာမ်
ဖင်ဆီယို
[pʰɪ̀ɴsʰíjÒ]
Arakanese:
တခုတရီသော ရောဂါကြောင့် စအိုမှ စွတ် ယိုကျရေ
Burmese:
တစ်စုံတစ်ရာသော ရောဂါကြောင့် စအိုမှ စိုစွတ် ယိုကျသည်
English:
none
Grammar Note:
ကြိယာ
ဖင်ဆီယို၂
[pʰɪ̀ɴsʰíjÒ၂]
Arakanese:
တခုတရီသော ရောဂါကြောင့် စအိုမှ ယိုစီးသော အနာ
Burmese:
တစ်စုံတစ်ရာသော ရောဂါကြောင့် စအိုမှ ယိုစီးသော အနာ
English:
wound
Grammar Note:
နာမ်
ဖင်ထိုးမီးတိုက်
[pʰɪ̀ɴtʰómïtaɪʔ]
Arakanese:
(ဥပစာ) သရူးမရူး ပူဆာဆော်သြဗျာယ်။ အပူတပြင်းအနိန်နန့်
Burmese:
(ဥပစာ) အလောတကြီး ပူဆာဆော်သြလျက်။ အပူတပြင်း အားဖြင့်
English:
urgently
Grammar Note:
ကြိယာဝိသေသန
ဖင်နီသျှေ
[pʰɪ̀ɴníʃè]
Arakanese:
အဂေါင်းမာ အမင်ာက်ပိုင် အမွီးများ ပါဟိပြီးး ဖင်တဝိုက်မာလည်း နီရဲသော အမွီးများ ပါဟိကာ အသံသာယာစွာ မြည်တတ်ရေ ငှက်ငယ်တမျိုး
Burmese:
ဦးခေါင်းတွင် အမောက်သဖွယ် အမွေးများ ပါရှိပြီး ဖင်တစ်ဝိုက်တွင်လည်း နီရဲသော အမွေးများ ပါရှိကာ အသံသာယာစွာ မြည်တတ်သည့် ငှက်ငယ်တစ်မျိုး
English:
name of bird
Grammar Note:
နာမ်
ဖင်နှစ်ခွ
[pʰɪ̀ɴn̥ɪʔkʰw]
Arakanese:
ဟိစကားနှင့် နောက်စကားမညီ ဖြစ်တေ
Burmese:
ရှေးစကားနှင့် နောက်စကားမညီ ဖြစ်သည်
English:
spoonerism
Grammar Note:
ကြိယာ
ဖင်ပိတ်ကျိတ်
[pʰɪ̀ɴpeɪʔt͡ɕeɪʔ]
Arakanese:
ခါးဝတ် ခတောင်း၏ အစကို ပေါင်ကြားမှ နောက်ကို လျှိုသွင်းယူပနာ နနောင်း ညှပ်ထားရေ။ ခါးတောင်းကျိတ်။ အောက်ထက်ကျိတ်။ လောကျိတ် အစဟိစွာ
Burmese:
ခါးဝတ် ပုဆိုး၏ အစကို ပေါင်ကြားမှ နောက်သို့ လျှိုသွင်းယူ၍ မြဲမြံစွာ ညှပ်ထားသည်။ ခါးတောင်းကျိတ်။ အောက်ပေါ်ကျိတ်။ လောကျိတ် စသည်
English:
gird oneself for something
Grammar Note:
ကြိယာ
ဖင်ပိန်
[pʰɪ̀ɴpèɪɴ]
Arakanese:
တင်းပါး ပိန်ကပ်နီသူ။ ဟယ်ကာရိန္န၊ တင်လိမ်လိမ်နှင့်၊ ဖင်ပိန်မလေ (ထာနု)
Burmese:
တင်းပါး ပိန်ကပ်နေသူ။ ဟယ်ကာရိန္န၊ တင်လိမ်လိမ်နှင့်၊ ဖင်ပိန်မလေ (ထာနု)
English:
thin
Grammar Note:
နာမ်
ဖင်ပိန်၂
[pʰɪ̀ɴpèɪɴ၂]
Arakanese:
(တင်သား ပိန်ကပ်နီသူကို) ယင်းပိုင် ခေါ်သော စကားလုံး
Burmese:
(တင်ပါး ပိန်ကပ်နေသူကို) ယင်းသို့ ခေါ်သော စကားလုံး
English:
thin
Grammar Note:
နာမ်
ဖင်ပေါက်
[pʰɪ̀ɴpaʊʔ]
Arakanese:
(ဥပစာ) ဝန် ဥစ္စာ ကုန်ခန်း ဖွဲရာကျခြင်းသို့ ရောက်ရေ
Burmese:
(ဥပစာ) ပစ္စည်း ဥစ္စာ ကုန်ခန်း ဆင်းရဲမွဲတေခြင်းသို့ ရောက်သည်
English:
become impoverished - become a pauper
Grammar Note:
ကြိယာ