Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 381–400 of 769 words

    ဖ

    ဖါးအိတ်

    [pʰàးʔeɪʔ]
    အိတ်အဝကို ဖွင့်နိုင် ပိတ်နှိုင်ယောင် ကြိုးထည့်၍ လုပ်ထားရေ့ အိတ်။ ဖါးရား၊ ဖြစ်ရေ အားကြောင့်၊ ပိုင်အလာ၊ ထိုသည်ရွာနှင့်၊ ဤရွာပြောင်းတုံ၊ နေကတ်ကုန်၏။ (ရခိုင်ကာ
    အိတ်အဝကို ဖွင့်နိုင် ပိတ်နိုင်အောင် ကြိုးထည့်၍ လုပ်ထားသည့် အိတ်။ ဖါးရား၊ ဖြစ်သော အားကြောင့်၊ အလားအလာ၊ ထိုသည်ရွာနှင့်၊ ဤရွာပြောင်းတုံ၊ နေကြကုန်၏။ (ရခိုင်ကာ
    bag
    နာမ်

    ဖျံ

    [pʰrံ]
    နှုတ်သီးချွန်၍ အခြီ လေးချောင်းနှင့် ရေမာငုတ်၍ ငါးရှာ စားတတ်ရေ သတ္တဝါ
    နှုတ်သီးချွန်၍ အခြေ လေးချောင်းနှင့် ရေတွင်ငုတ်၍ ငါးရှာ စားတတ်သော သတ္တဝါ
    otter
    နာမ်

    ဖျက်

    [pʰrɛʔ]
    တခုမှ မထ မမြှောက်အောင် ဟန့်ဟန့်ရေ။ ဖျက်လို ဖျက်ဆီး ပျက်စီးအောင် ပြုရေ။ ပကတိ ဟိရင်းစွဲအတိုင်း မတည်တန့်အောင် ပြုသည်
    တစ်ခုမှ မထ မမြှောက်အောင် ဟန့်တားသည်။ ဖျက်လို ဖျက်ဆီး ပျက်စီးအောင် ပြုသည်။ ပကတိ ရှိရင်းစွဲအတိုင်း မတည်တန့်အောင် ပြုသည်
    deter - destroy - ruin
    ကြိယာ

    ဖျက်ဆီး

    [pʰrɛʔsʰï]
    ကျူးလွန် စော်ကားမှုကို ပြုရေ။ ပျက်စီးအောင် ပြုလုပ်ရေ။ နှောင့်ယှက် ဟန်တားမှုကို ပြုသည်
    ကျူးလွန် စော်ကားမှုကို ပြုသည်။ ပျက်စီးအောင် ပြုလုပ်သည်။ နှောင့်ယှက် ဟန်တားမှုကို ပြုသည်
    none
    ကြိယာ

    ဖျက်တောက်

    [pʰrɛʔtɔ́ɛʔ]
    မူလ တင်ကြို၍ စီစိုင်ထားချက်ကို ဆက်ပနာ မဆောင်ရွက်ပဲ ပယ်ရှားသည်
    မူလ တင်ကြို၍ စီစဉ်ထားချက်ကို ဆက်လက် မဆောင်ရွက်ပဲ ပယ်ရှားသည်
    destroy - ruin
    ကြိယာ

    ဖျက်ပစ်

    [pʰrɛʔpɪʔ]
    ကျူးလွန် စော်ကားမှုကို ပြုရေ။ ပျက်စီးအောင် ပြုလုပ်ရေ။ နှောင့်ယှက် ဟန်တားမှုကို ပြုသည်
    ကျူးလွန် စော်ကားမှုကို ပြုသည်။ ပျက်စီးအောင် ပြုလုပ်သည်။ နှောင့်ယှက် ဟန်တားမှုကို ပြုသည်
    cancel
    ကြိယာ

    ဖျက်ရာ

    [pʰrɛʔɹà]
    တခုတရီကို ဖျက်ဆီးသည့် အသွင်အပြင်။ ပြုရာမရောက်၊ ဖျက်ရာရောက်တေ
    တစ်စုံတစ်ခုကို ဖျက်ဆီးသည့် အသွင်အပြင်။ ပြုရာမရောက်၊ ဖျက်ရာရောက်တေ
    deter - destroy - ruin
    နာမ်

    ဖျက်လိုဖျက်ဆီး

    [pʰrɛʔlÒpʰrɛʔsʰï]
    ပျက်စီး စေလိုရေ စိတ်ထားခြင်း
    ပျက်စီး စေလိုသော စိတ်ထားခြင်း
    erasure
    ကြိယာဝိသေသန

    ဖျင်

    [pʰrɪ̀ɴ]
    ခုတ်ထစ် ပိုင်းဖြတ် ထားပြီးသားသော အပင်၏ အခက်အလက် မလိုရေ အရာတိကို ဖယ်ယှားရေ။ မယားနှင့်လင်၊ တချို့တိမာ၊ ငါးတိဖျင်လို့၊ ကိုင်ငင်ချက်ပြုတ်၊ ဖုတ်စွာဖုတ်လို့ (ငါး
    ခုတ်ထစ် ပိုင်းဖြတ် ထားပြီးသော သစ်ပင်၏ အခက်အလက် မလိုသော အရာများကို ဖယ်ရှားသည်။ မယားနှင့်လင်၊ တချို့များမှာ၊ ငါးများဖျင်လို့၊ ကိုင်ငင်ချက်ပြုတ်၊ ဖုတ်စွာဖုတ်လို့ (ငါး
    remove (as of an obstacle)
    ကြိယာ

    ဖျင်း

    [pʰrɪ́ɴ]
    အရည်အသွီး ညံ့သော။ ၂၊ ညံ့ဖျင်းသော။ သိမ်ငယ်ရေ၊ စိကေချေသော။ ထက်မြက်ခြင်း မဟိသော။ တယောက်လည်း မပေါက်မြောက် အားလုံးလူဖျင်းတိရာ။ (အရပ်
    အရည်အသွေး ညံ့သော။ ၂၊ ညံ့ဖျင်းသော။ သေးသိမ်သော၊ သေးနုပ်သော။ ထက်မြက်ခြင်း မယှိသော။ တစ်ယောက်လည်း မပေါက်မြောက် အားလုံးလူဖျင်းတိရာ။ (အရပ်
    bad quality
    နာမဝိသေသန

    ဖျင်၂

    [pʰrɪ̀ɴ၂]
    ဖျက်လိုဖျက်ဆီး
    ဖျက်လိုဖျက်ဆီး
    many
    နာမ်

    ဖျင်း၂

    [pʰrɪ́ɴ၂]
    အသီးအဆန်း ယှူရေသော ကောက်ပဲသီးနှံ
    အသီးအဆန်း မအောင်မြင်သော ကောက်ပဲသီးနှံ
    (of grain) undeveloped
    နာမ်

    ဖျင်းတမ်း

    [pʰrɪ́ɴtáɴ]
    အသီးဆန် စိကေချေရာ အောင်သော ကောက်ပဲသီးနှံ။ စပါးရင့်နှင့် စပါးဖျင်းအကြား ဖြစ်ရေ အလယ်အလတ် စပါး
    အသီးဆန် အနည်းငယ်သာ အောင်သော ကောက်ပဲသီးနှံ။ စပါးရင့်နှင့် စပါးဖျင်းအကြား ဖြစ်သော အလယ်အလတ် စပါး
    grain paddy
    နာမ်

    ဖျင်ပြည့်

    [pʰrɪ̀ɴpɹɛ့]
    များရေ အရွီအတွက် ပမာဏ။ ဤစနည်းကား ဖျင်ပြည့်ဟိနီာက်၊ တောင်မြောက်ဒိသာ၊ လက်ျာ၊ လက်ဝဲ၊ မလွဲထင်ထင်၊ ဧပိုင်မြင်ရေ (ပါရာ
    များသော အရေအတွက် ပမာဏ။ ဤစနည်းကား ဖျင်ပြည့်ရှိနောက်၊ တောင်မြောက်ဒိသာ၊ လက်ျာ၊ လက်ဝဲ၊ မလွဲထင်ထင်၊ ဤသို့မြင်၏ (ပါရာ
    many
    ကြိယာ

    ဖျင်ဖျင်

    [pʰrɪ̀ɴpʰrɪ̀ɴ]
    အလျဉ်းမပြတ် သွန်ထွက် ယိုစီးရေ။ ခြီသည်းရာကို၊ ကွဲကာစီးလို့၊ သွီးဖျင်ဖျင်နန့်၊ ကြင်နာကဲပို၊ ကြွီးကြော်ငိုသော် (ပန်း
    အလျဉ်းမပြတ် သွန်ထွက် ယိုစီးသည်။ ခြီသည်းရာကို၊ ကွဲကာစီးလို့၊ သွီးဖျင်ဖျင်နှင့်၊ ကြင်နာကဲပို၊ ကြွေးကြော်ငိုသော် (ပန်း
    drip simultaneously
    ကြိယာ

    ဖျင်းဖျင်း

    [pʰrɪ́ɴpʰrɪ́ɴ]
    တခုတရီသော အိုစည်ထဲက ရေကို ပယ်ထုတ်နိန်ရေ အသံ
    တစ်စုံတစ်ခုသော အိုစည်ထဲမှ ရေကို ပယ်ထုတ်နေသော အသံ
    none
    နာမ်

    ဖျင်းမကြီး

    [pʰrɪ́ɴmt͡ɕï]
    စပါး၊ ပြောင်း အစဟိစွာ့ ၃ပုံ၊ ၂ပုံခန့်လောင်းာက်ရာ အသီးဆန် အောင်သော ကောက်ပဲသီးနှံ
    စပါး၊ ပြောင်း စသည့် ၃ပုံ၊ ၂ပုံခန့်လောက်သာ အသီးဆန် အောင်သော ကောက်ပဲသီးနှံ
    grain paddy
    နာမ်

    ဖျင်းမကြီး၂

    [pʰrɪ́ɴmt͡ɕï၂]
    စပါး၊ ပြောင်း အစဟိစွာ့ ၃ပုံ၊ ၂ပုံခန့်လောင်းာက်ရာ အသီးဆန် အောင်သော ကောက်ပဲသီးနှံ။ စပါးနှင့် စပါးဖျင်းအကြား ဖြစ်ရေ စပါး
    စပါး၊ ပြောင်း စသည့် ၃ပုံ၊ ၂ပုံခန့်လောက်သာ အသီးဆန် အောင်သော ကောက်ပဲသီးနှံ။ စပါးနှင့် စပါးဖျင်းအကြား ဖြစ်သော စပါး
    grain paddy
    နာမ်

    ဖျင်းမှော်

    [pʰrɪ́ɴm̥ɔ̀]
    စပါး၊ ပြောင်း၊ ပဲ အစဟိစွာ၏ ယှူရေသော အသီးအဆန်နှင့် အညှက်ဆိုးများ
    စပါး၊ ပြောင်း၊ ပဲ စသည်၏ မအောင်မြင်သော အသီးအဆန်နှင့် အမှိုက်သရိုက်များ
    (of grain) undeveloped
    နာမ်

    ဖျစ်

    [pʰrɪʔ]
    ၁၊ အညောင်းအဖျား ပြေအောင် ကိုယ်ခန္ဓာရို့ကို လက်ဖြင့် ဖိညှပ်ပီးရေ။ ၂၊ နင်လားငါလား ဆုပ်ညှပ်သည်
    ၁၊ အညောင်းအညာ ပြေအောင် ကိုယ်ခန္ဓာတို့ကို လက်ဖြင့် ဖိညှပ်ပေးသည်။ ၂၊ တအား ဆုပ်ညှပ်သည်
    gripe
    ကြိယာ