Dictionary Entries
Showing 441–460 of 769 words
ဖ
ဖျိုးမေါက်
[pʰrómaʊʔ]
Arakanese:
ပြည့်ရွှန် ပိုကဲသော။ ဖေါင်းပြည့် တင်းမို့သော
Burmese:
ပြည့်လျှံ ပိုကဲသော။ ဖေါင်းပြည့် တင်းမို့သော
English:
overflow
Grammar Note:
နာမဝိသေသန
ဖျိုးဝှန်
[pʰróʍàɴ]
Arakanese:
များထွေ ကြွယ်ဝသော။ လောက် လျှံများရေ။ ပြည့်ရွှန် ပိုကဲသော
Burmese:
များထွေ ကြွယ်ဝသော။ ပြည့်ဝ လျှံများပြားသော။ ပြည့်လျှံ ပိုကဲသော
English:
overflow
Grammar Note:
နာမဝိသေသန
ဖျူး
[pʰrùး]
Arakanese:
လေ ရက်ပြတ် ဖြည့်ညှင်းစွာ တိုက်ရေ။ ဝသန်ရာသီ၊ မိုဇ်းကိုမှီကေ၊ တောင်လီ ဖျူးကာကာနှင့်၊ လွမ်းတသည် ချမ်းမြအေး (မေတ္တာတု
Burmese:
လေ အဆက်မပြတ် ဖြည့်ညှင်းစွာ တိုက်သည်။ ဝသန်ရာသီ၊ မိုဇ်းကိုမှီကေ၊ တောင်လီ ဖျူးကာကာနှင့်၊ လွမ်းဆွတ်သည် ချမ်းမြအေး (မေတ္တာတု
English:
breeze
Grammar Note:
ကြိယာ
ဖျူး၂
[pʰrùး၂]
Arakanese:
၁၊ ဖြောင့်စင်းသော။၂၊ တဖြောင့်တည်း မြင့်မားသော။ သုံးပင်ဖျူးမြင့်၊ ရွက်အားလုံးကို၊ ဖုံတိုင်ပွင့်လို့၊ လီသင့်သည်ခိုက်၊ ရီပြင်ကျယ်ကေ၊ ပင်လယ်မြစ်မာ၊ တိုက်လို့လာစ။ (ထာနု
Burmese:
၁၊ ဖြောင့်စင်းသော။၂၊ တဖြောင့်တည်း မြင့်မားသော။ သုံးပင်ဖျူးမြင့်၊ ရွက်အကုန်ကို၊ ဖုံတိုင်ပွင့်လို့၊ လီသင့်သည်ခိုက်၊ ရီပြင်ကျယ်ကေ၊ ပင်လယ်မြစ်မှာ၊ တိုက်လို့လာစ။ (ထာနု
English:
straight forward
Grammar Note:
နာမဝိသေသန
ဖျူးဖျူး
[pʰrùးpʰrùး]
Arakanese:
၁၊ တသမတ်တည်း တူရူသို့ ဦးတည်သော။ ၂၊ မကွေ့မကောက် တည့်မတ်သော။ ဖျူးဖျူး မြင့်ဆိုင်း ပြိုင်းရရိုင်းတည်း။( ဆဒ္ဒန်
Burmese:
၁၊ တသမတ်တည်း တူရူသို့ ဦးတည်သော။ ၂၊ မကွေ့မကောက် တည့်မတ်သော။ ဖျူးဖျူး မြင့်ဆိုင်း ပြိုင်းရရိုင်းတည်း။( ဆဒ္ဒန်
English:
straight forward
Grammar Note:
နာမဝိသေသန
ဖျူးဖျူးစင်းစင်း
[pʰrùးpʰrùးsɪ́ɴsɪ́ɴ]
Arakanese:
အကွိ့ အကောက် အဟန့်အတား မဟိ။ ရှင်းလင်း ချောပြေစွာ
Burmese:
အကွေ့ အကောက် အဟန့်အတား မဟိ။ ရှင်းလင်း ချောပြေစွာ
English:
straight forward
Grammar Note:
ကြိယာဝိသေသန
ဖျူးလူး
[pʰrùးlùး]
Arakanese:
မကွေ့ မကောက်ပဲ၊ တသမတ်တည်း ရှီးရှုသော
Burmese:
မကွေ့ မကောက်ပဲ၊ တသမတ်တည်း ရှေးရှုသော
English:
straight forward
Grammar Note:
နာမဝိသေသန
ဖျော
[pʰrɔ́]
Arakanese:
ဟင်းသီး ဟင်းရွက် အစဟိစွာ့ စားဖွယ် တခုတရီကို ရပူဖြင့် နွမ်းပျော့အောင် ပြုရေ။ နွမ်းရိ ဖျောပြုတ်၊ ညစ်ကြီးထုတ်လော့
Burmese:
ဟင်းသီး ဟင်းရွက် စသည့် စားဖွယ် တစ်စုံတစ်ရာကို ရေနွေးဖြင့် နွမ်းပျော့အောင် ပြုသည်။ နွမ်းနယ် ဖျောပြုတ်၊ ညစ်ကြီးထုတ်လော့
English:
blanch; immerse something in hot water or warm water
Grammar Note:
ကြိယာ
ဖျော့
[pʰrɔ̰]
Arakanese:
တောင့်တင်း မာခြင်းကို လျော့ပြေ စီရေ
Burmese:
တောင့်တင်း မာခြင်းကို လျော့ပြေ စေသည်
English:
make soft
Grammar Note:
ကြိယာ
ဖျောက်
[pʰrɔ́ɛʔ]
Arakanese:
ကွယ်ပျောက်စီရေ။ မမြင်စီရေ မတွိရ ဖြစ်တေ။ ၂၊ ပျောက်ပျက်ရေ။ ၃၊ စီရင်ရေ။ ၄၊ အနာအစဟိရေ တခုခုကို ကင်းပျောက်အောင် ကြိုးပမ်းသည်
Burmese:
ပျောက်ကွယ်စေသည်။ မမြင်စေရ မတွေ့ရ ဖြစ်သည်။ ၂၊ ပျောက်ပျက်သည်။ ၃၊ စီရင်သည်။ ၄၊ အနာစသော တစ်ခုခုကို ကင်းပျောက်အောင် ကြိုးပမ်းသည်
English:
erase all evidence or clues - destroy all traces of evidence - dispose of finally
Grammar Note:
ကြိယာ
ဖျောက်ဖျက်
[pʰrɔ́ɛʔpʰrɛʔ]
Arakanese:
သတ်ဖြတ်ရေ။ ၂၊ မသိမမြင်ယောင် ဖုံးကွယ်ထားရေ။ ၃၊ အကြွင်း အကျန် မဟိအောင် ပြုရေ။ ၄၊ ဖျက်ဆီး သည်
Burmese:
သတ်ဖြတ်သည်။ ၂၊ မသိမမြင်အောင် ဖုံးကွယ်ထားသည်။ ၃၊ အကြွင်း အကျန် မဟိအောင် ပြုသည်။ ၄၊ ဖျက်ဆီး သည်
English:
kill - cover - destroy
Grammar Note:
ကြိယာ
ဖျောင်
[pʰràʊɴ]
Arakanese:
လုပ်ကြံ သတ်ဖြတ်ရေ။ ၂၊ ခိုးယူ လားရေ။ ၃၊ လှည့် ယူလားပြီးကေ မပီးဘဲ ထားရေ။ မောင်လှ ငါ့ပါးက ငွီငါးသောင်း ချီးယူပြီးကေ မပီးပဲ ဖျောင်ပစ်ခီတေ (အရပ်)
Burmese:
လုပ်ကြံ သတ်ဖြတ်သည်။ ၂၊ ခိုးယူ သွားသည်။ ၃၊ ချေးငှါး ယူသွားပြီး မပေးပဲ ထားသည်။ မောင်လှ ငါ့ပါးက ငွီငါးသောင်း ချီးယူပြီးကေ မပီးပဲ ဖျောင်ပစ်လိုက်တေ (အရပ်)
English:
assassinate - steal
Grammar Note:
ကြိယာ
ဖျောင်း
[pʰráʊɴ]
Arakanese:
၁၊ နူးညွတ် ပျောင်းနွဲ့ လာရေ။ ၂၊ တစုံ တခုသော အရာဝတ္တုကို ညွတ်ကိုင်း လာယောင် ပြုသည်
Burmese:
၁၊ နူးညွတ် ပျောင်းနွဲ့ လာသည်။ ၂၊ တစ်စုံ တစ်ခုသော အရာဝတ္တုကို ညွတ်ကိုင်း လာအောင် ပြုသည်
English:
make flexible
Grammar Note:
ကြိယာ
ဖျောင်၂
[pʰràʊɴ၂]
Arakanese:
ပျောက်အောင် ဖျောင်ပစ်ခီတေ။ (အရပ်)
Burmese:
ပျောက်အောင် ဖျောင်ပစ်လိုက်တေ။ (အရပ်)
English:
none
Grammar Note:
ကြိယာ
ဖျောင်စား
[pʰràʊɴsá]
Arakanese:
အလိုတူယောင် လိုက်လျောပြီး ချော့မော် သိမ်းသွင်းကာ ဝန်ဥစ္စာ ရို့ကို တဆတ်ဆတ် ထွတ်ထုတ် ယူရေ
Burmese:
အလိုတူအောင် လိုက်လျောပြီး ချော့မော့ ဆွဲဆောင်ကာ ပစ္စည်းဥစ္စာ တို့ကို တဖြည်းဖြည်း နှိုက်ထုတ် ယူသည်
English:
win the confidence of someone by dissembling
Grammar Note:
ကြိယာ
ဖျောင်းဖျ
[pʰráʊɴpʰr]
Arakanese:
ကိုယ့်ပါးသို့ အလိုတူ လိုက်လျောအောင် ချော့မော် သိမ်းသွင်းသည်
Burmese:
မိမိပါးသို့ အလိုတူ လိုက်လျောအောင် ချော့မော့ ဆွဲဆောင်သည်
English:
entice - persuade - attract
Grammar Note:
ကြိယာ
ဖျော့အိ
[pʰrɔ̰ʔì]
Arakanese:
အသွီးအသား အားနည်းသနန့် နွမ်းရိပုံ ရရေ
Burmese:
အသွေးအသား အားနည်းသဖြင့် နွမ်းနယ်ပုံ ရသော
English:
pale
Grammar Note:
နာမဝိသေသန
ဖျော့အိနာ
[pʰrɔ̰ʔìnà]
Arakanese:
အသွီးအသား အားနည်းပါးသော ရောဂါ
Burmese:
အသွေးအသား အားနည်းပါးသော ရောဂါ
English:
anaemia
Grammar Note:
နာမ်
ဖျော်
[pʰrɔ̀]
Arakanese:
ကျီနပ် အားရ ပျော်ရွှင်အောင် ပြုရေ။ တစုံ တခုသော အရည်မာ ရောနှောသမ စီရေ
Burmese:
ကျေနပ် အားရ ပျော်ရွှင်အောင် ပြုသည်။ တစ်စုံ တစ်ခုသော အရည်တွင် ရောနှောသမ စေသည်
English:
entertain-mix
Grammar Note:
ကြိယာ
ဖျော်ရည်
[pʰrɔ̀ɹɛ̀]
Arakanese:
တခုတရီသော ဝန်ကို ထည့်သွင်း၍ ကြီညက် ပျော်ဝင်အောင် ဖျော်ထားရေ အရည်
Burmese:
တစ်စုံတစ်ခုသော ပစ္စည်းကို ထည့်သွင်း၍ ကြေညက် ပျော်ဝင်အောင် ဖျော်ထားသော အရည်
English:
mix shake
Grammar Note:
နာမ်