Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 481–500 of 769 words

    ဖ

    ဖြစ်ပြန်လီကေဝါ

    [pʰɹɪʔpɹàɴlíkèwà]
    ၁၊ အယုတ်ဆုံး ဖြစ်ဖွယ်ဟိသည့် ပမာဏကို ဖော်ပြရေ့ စကားလုံး။ ၂၊ ရှီးဦးကြိယာ၏ အနက်ကို ဖြစ်ပယ်လိုရာမာ သုံးသော စကားလုံး။ မဖြစ်ကေကောင်းယင့်၊ ဖြစ်ပြန်ကေဝါ။ (အရပ်
    ၁၊ အယုတ်ဆုံး ဖြစ်ဖွယ်ဟိသည့် ပမာဏကို ဖော်ပြသည့် စကားလုံး။ ၂၊ ရှေးဦးကြိယာ၏ အနက်ကို ဖြစ်ပယ်လိုရာ၌ သုံးသော စကားလုံး။ မဖြစ်ကေကောင်းယင့်၊ ဖြစ်ပြန်ကေဝါ။ (အရပ်
    unexpected matter
    ဝိသေသန

    ဖြစ်မြောက်

    [pʰɹɪʔmɹɔ́ɛʔ]
    ၁၊ ဇကုန် ကြိုးစား လုပ်ကိုင် နိုင်စွမ်း ဟိရေ။ ၂၊ အထူး ကြိုးစားသနန့် အောင်မြင်စွာ အထမြောက်သည်
    ၁၊ အစွမ်းကုန် ကြိုးစား လုပ်ကိုင် နိုင်စွမ်း ဟိသည်။ ၂၊ အထူး ကြိုးစားသဖြင့် အောင်မြင်စွာ အထမြောက်သည်
    succeed - accomplish
    ကြိယာ

    ဖြစ်မြဲ

    [pʰɹɪʔmɹɛ]
    ရှီးရိုး ဖြစ်စိုင် ဖြစ်နီကျ ဖြစ်ရေ အရာ
    ရှေးရိုး ဖြစ်စဉ် ဖြစ်နေကျ ဖြစ်သော အရာ
    matter of course
    နာမ်

    ဖြစ်ရပ်

    [pʰɹɪʔɹaʔ]
    ဖြစ်ပျက်သော အကြောင်းအရာ။ အခြင်းအရာ။ အရီးအခင်း
    ဖြစ်ပျက်သော အကြောင်းအရာ။ အခြင်းအရာ။ အရေးအခင်း
    happening - occurrence - episode - event
    နာမ်

    ဖြစ်လီပြန်ကေဝါ

    [pʰɹɪʔlípɹàɴkèwà]
    အကြောင်း မညီညတ်၍ တခုတရီ ဖြစ်ခရေ ဟိသော် ချောချော မောမော မကျပဲ တခုတရီ ဖြစ်လီပြန်ကေဝါ့ (အရပ်
    အကြောင်း မညီညတ်၍ တစ်စုံတစ်ခု ဖြစ်ခဲ့သည် ဟိသော် ချောချော မောမော မကျပဲ တစ်စုံတစ်ခု ဖြစ်လီပြန်ကေဝါ့ (အရပ်
    if something happen
    ဝိသေသန

    ဖြည့်

    [pʰɹɛ့]
    ၁၊ အပါအဝင် ဖြစ်စီရေ။ ၂၊ အရွီအတွက် သွင်းထည့်ရေ။ ၃၊ ပွားတိုးစီရေ။ ၄၊ ဖြည့်တင်းစီရေ။ ၅၊ လိုအပ်ချက်မာ လောင်းစွက် သွင်းသည်
    ၁၊ အပါအဝင် ဖြစ်စေသည်။ ၂၊ အရေအတွက် သွင်းထည့်သည်။ ၃၊ ပွားတိုးစေသည်။ ၄၊ ဖြည့်တင်းစေသည်။ ၅၊ လိုအပ်ချက်တွင် လောင်းစွက် သွင်းသည်
    add
    ကြိယာ

    ဖြည်း

    [pʰɹɛ́]
    ၁၊ ချေငံမှု ဟိအောင် ညင်းသာစွာ တီးခတ်ရေ။ ၂၊ အသံ၊ အဟိန်အဟုန် အစဟိစွာ လျော့ပါး ညံ့အောင် ပြုသည်
    ၁၊ ချေငံမှု ဟိအောင် ညင်းသာစွာ တီးခတ်သည်။ ၂၊ အသံ၊ အရှိန်အဟုန် စသည် လျော့ပါး ညံ့အောင် ပြုသည်
    sounds softly
    ကြိယာ

    ဖြည့်ကျင့်

    [pʰɹɛ့t͡ɕɪ̀ɴ့]
    ကုံလုံ ပြည့်စုံ တိုးတက် ပွားများအောင် အားထုတ်သည်
    ကုံလုံ ပြည့်စုံ တိုးတက် ပွားများအောင် အားထုတ်သည်
    strive to gain certain criteria
    ကြိယာ

    ဖြည့်စွက်

    [pʰɹɛ့swɛʔ]
    ကုံလုံ ပြည့်စုံအောင် ထပ်လီာင်း ထည့်သွင်းသည်
    ကုံလုံ ပြည့်စုံအောင် ထပ်လောင်း ထည့်သွင်းသည်
    add to or make up for a deficiency
    ကြိယာ

    ဖြည့်ဆည်း

    [pʰɹɛ့sʰɛ́]
    သိုမှီ စုဆောင်းခြင်းနန့် ပွားတိုး စီရေ
    သိုမှီ စုဆောင်းခြင်းဖြင့် ပွားတိုး စေသည်
    fulfill a need
    ကြိယာ

    ဖြည့်တင်း

    [pʰɹɛ့tɪ́ɴ]
    လိုအပ်ခြင်း၊ ကြွင်းကျန် လစ်လပ်ခြင်း မဟိအောင် သွင်းထည့်သည်
    လိုအပ်ခြင်း၊ ကြွင်းကျန် လစ်လပ်ခြင်း မဟိအောင် သွင်းထည့်သည်
    maintain supplies
    ကြိယာ

    ဖြည်းဖြည်း

    [pʰɹɛ́pʰɹɛ́]
    ကမန်းကတန်း မဟိပဲ၊ အဟိန်ယူဗျာယ်
    အလျင်စလို မဟိပဲ၊ အရှိန်ယူလျက်
    slowly
    ကြိယာဝိသေသန

    ဖြည်းဖြည်းသက်သာ

    [pʰɹɛ́pʰɹɛ́θɛʔθà]
    ကမန်းကတန်း မဟိ၊ အဟိန်ယူဗျာယ်
    အလျင်စလို မဟိ၊ အရှိန်ယူလျက်
    little by little - gradually - step by step
    ကြိယာဝိသေသန

    ဖြည်းဖြည်းသာသာ

    [pʰɹɛ́pʰɹɛ́θàθà]
    ညံ့ပျောင်း နုနယ် သိမ်မွေ့စွာ
    ညံ့ပျောင်း နုနယ် သိမ်မွေ့စွာ
    gently-softly
    ကြိယာဝိသေသန

    ဖြည့်သွင်း

    [pʰɹɛ့θwɪ́ɴ]
    ၁၊ ပုံစံ ဟင်းလင်းဖြစ်ရေ ကွက်လပ် အစဟိစွာ၌ ကိုယ့်လိုရာ ရီးသွင်း ထည့်ရေ။ ၂၊ နောက်ထပ်၍ ရောပေါင်းရေ။ နှောထည့်သည်
    ၁၊ ပုံစံ ဟင်းလင်းဖြစ်သော ကွက်လပ် စသည်၌ မိမိလိုရာ ရေးသွင်း ထည့်သည်။ ၂၊ နောက်ထပ်၍ ရောပေါင်းသည်။ နှောထည့်သည်
    fill in(forms)-add
    ကြိယာ

    ဖြတ်

    [pʰɹaʔ]
    ၁၊ အတောင့်တောင့် အပိုင်းပိုင်း ဖြစ်စီရေ။ ၂၊ တနီရာမှ တနီရာသို့ ကျော်လွန် လားရေ။ ၃၊ ပိုင်းခြာရေ။ ၄၊ မဆက်မစပ်ပဲ ရပ်တန့် ထားရေ။ ၅၊ အဆက်အဆံ မပြုပဲ ပြတ်လတ် စီရေ။ ၆၊ (ရစရာဟိရာမှ) နှုတ်ယူရေ
    ၁၊ အတောင့်တောင့် အပိုင်းပိုင်း ဖြစ်စေသည်။ ၂၊ တစ်နေရာမှ တစ်နေရာသို့ ကျော်လွန် သွားသည်။ ၃၊ ပိုင်းခြားသည်။ ၄၊ မဆက်မစပ်ပဲ ရပ်တန့် ထားသည်။ ၅၊ အဆက်အဆံ မပြုပဲ ပြတ်လတ် စေသည်။ ၆၊ (ရစရာယှိရာမှ) နှုတ်ယူသည်
    deduct - stop - end - break off (relations with)
    ကြိယာ

    ဖြတ်၂

    [pʰɹaʔ၂]
    (သေဖီး ရှင်ဖီးနှင့် ကြုံသော အပူသည်မရို့ မခံမရပ်နိုင်သနန့်) ကိုယ်ခန္ဓါကို မြေမာ ဗယ်ညာ လူးလှိမ့်၍ ချသွန်လာ ပြုရေ။ တောင်နန်းသျှင်မာ၊ သူတော်မမတတ်၊ တစာစာလေ၊ ငိုကာကျူးကေ၊ လူးလို့ဖြတ်တေ။ (ကော်)။ ရင်ကိုထူခတ်၊ မီးကိုက်မာလေ၊ ငါးရှင်ဖြတ်သို့၊ ငိုလတ်လိမ်မည်
    (သေဘေး ရှင်ဘေးနှင့် ကြုံသော အပူသည်မတို့ မခံမရပ်နိုင်သဖြင့်) ကိုယ်ခန္ဓါကို မြေတွင် ဗယ်ညာ လူးလှိမ့်၍ ကပြောင်းကပြန် ပြုသည်။ တောင်နန်းသျှင်မှာ၊ သီလရှင်မတတ်၊ တစာစာလေ၊ ငိုကာကျူးကေ၊ လူးလို့ဖြတ်တေ။ (ကော်)။ ရင်ကိုထူခတ်၊ မီးပူတွင်လေ၊ ငါးရှင်ဖြတ်သို့၊ ငိုလတ်လိမ်မည်
    none
    ကြိယာ

    ဖြတ်ခနဲ

    [pʰɹaʔkʰnɛ]
    တတနားချေနန့်အနိန်နန့်။ မမျှော်လင့်ပဲ အနိန်နန့်။ အဲငါဝေး့ အမင်ရို့ အိမ်သို့ ဆတ်ကနဲ တခေါက် ရောက်ခရေဒါ (အရပ်)
    တစ်ခဏချင်း အားဖြင့်။ မမျှော်လင့်ပဲ အားဖြင့်။ အဲငါလည်း အမင်ရို့ အိမ်ကို ဖြတ်ခနဲ တစ်ခေါက် ရောက်ခရေဒါ (အရပ်)
    suddenly - unexpectedly
    ကြိယာဝိသေသန

    ဖြတ်စ

    [pʰɹaʔs]
    တခုတရီ ပိုင်းဖြတ်ထားရေ အစအန
    တစ်စုံတစ်ခု ပိုင်းဖြတ်ထားသော အစအန
    piece
    နာမ်

    ဖြတ်စားပြုစား

    [pʰɹaʔsápɹoʊsá]
    ကိုယ့် ရပိုင်ခွင့် ဟိသော ဥစ္စါကို အကြားထဲက ဖြတ်တောက်၍ ကိုယ်ကျိုးအတွက် အသုံးပြုထားရေ
    မိမိ ရပိုင်ခွင့် ဟိသော ဥစ္စါကို အကြားထဲမှ ဖြတ်တောက်၍ ကိုယ်ကျိုးအတွက် အသုံးပြုထားသည်
    unlawful cut
    ကြိယာဝိသေသန