Dictionary Entries
Showing 581–600 of 769 words
ဖ
ဖြားရှင်
[pʰɹáʃɪ̀ɴ]
Arakanese:
အလျဉ် မပြတ် စီးဆင်း နိန်ရေ ဖြားရီ။ ဖြားရီအလျဉ်
Burmese:
အလျဉ် မပြတ် စီးဆင်း နေသော ဒီရေ။ ဒီရေအလျဉ်
English:
tide
Grammar Note:
နာမ်
ဖြားရှင်ပြီး
[pʰɹáʃɪ̀ɴpɹï]
Arakanese:
ကမ်း တနည်း အတားအဆီး ဘောင်အပြင်သို့ ဖိတ်ကျ စီးဆင်းရေ
Burmese:
ကမ်း သို့မဟုတ် အတားအဆီး ဘောင်အပြင်သို့ ဖိတ်ကျ စီးဆင်းသည်
English:
over flow
Grammar Note:
ကြိယာ
ဖြားရှု
[pʰɹáʃoʊ]
Arakanese:
မို့လို့ထန်စွာ ရွာသနန့် မြစ်ချောင်းရို့မှ အဟုန်ပြင်းစွာ စီးကျလှာရေ ရေဟုန်။ ဖြားရီ တက်မြဲထက် ပိုပြီးကေ အလွန်တက်သော ရေ
Burmese:
မိုးသည်းထန်စွာ ရွာသဖြင့် မြစ်ချောင်းတို့မှ အဟုန်ပြင်းစွာ စီးကျလာသော ရေဟုန်။ ဒီရေ တက်မြဲထက် ပို၍ အလွန်တက်သော ရေ
English:
very high tide
Grammar Note:
နာမ်
ဖြားဝှန်
[pʰɹáʍàɴ]
Arakanese:
ကမ်း တနည်း အတားအဆီး ဘောင်အပြင်သို့ ဖိတ်ကျ စီးဆင်းရေ
Burmese:
ကမ်း သို့မဟုတ် အတားအဆီး ဘောင်အပြင်သို့ ဖိတ်ကျ စီးဆင်းသည်
English:
over flow
Grammar Note:
ကြိယာ
ဖြားဝှန်ပြီး
[pʰɹáʍàɴpɹï]
Arakanese:
မိုးလီ ထန်ရေအခါ ကျယ်ပြန့်သော မြစ်ပင်လယ်ဝယ် စီးဆင်းလှာသော ရေဟုန် တဟုန်တည်း တိုးဝှေ့နိန်ရေ
Burmese:
မိုးလေ ထန်သောအခါ ကျယ်ပြန့်သော မြစ်ပင်လယ်ဝယ် စီးဆင်းလာသော ရေဟုန် တရှိန်ထိုး တိုးဝှေ့နေသည်
English:
strong flow
Grammar Note:
ကြိယာ
ဖြားသင့်
[pʰɹáθɪ̀ɴ့]
Arakanese:
ဖြားရီ တက်သော ဒေသ၌၊ သင်္ဘောအစဟိစွာ စုန်ရန် ရီစီး အလိုက်သင့်ချိန်။ အတန်ကြာကေ၊ မြစ်မာရီစစ်၊ ဖြားယိုင်သင့်ကေ၊ ချိန်ခိုက်သင့်သို့ (ရီလား)
Burmese:
ဒီရေ တက်သော ဒေသ၌၊ သင်္ဘောစသည် စုန်ရန် ရေစီး အလိုက်သင့်ချိန်။ အတန်ကြာကေ၊ မြစ်မှာရီစစ်၊ ဖြားယိုင်သင့်ကေ၊ ချိန်ခိုက်သင့်သို့ (ရီလား)
English:
go down stream
Grammar Note:
နာမ်
ဖြားသင့်လီသင့်
[pʰɹáθɪ̀ɴ့líθɪ̀ɴ့]
Arakanese:
ဖြားတက်သော ဒေသ၌ လောင်း၊ သင်္ဘောအစဟိစွာ့ စုန်ရန် ရီစီး အလိုက်သင့်ချိန်
Burmese:
ဒီရေတက်သော ဒေသ၌ လှေ၊ သင်္ဘောစသည့် စုန်ရန် ရေစီး အလိုက်သင့်ချိန်
English:
go down stream
Grammar Note:
နာမ်
ဖြားသတ်
[pʰɹáθaʔ]
Arakanese:
လောင်း၊ ဖေါင်အစဟိစွာ ဒီဖြားသင့်၊ ဆန်အတိုင်း မလားပဲ ရပ်တန့် နားနိန်ရေ
Burmese:
လှေ၊ ဖေါင်စသည် ဒီရေစုန်၊ ဆန်အတိုင်း မသွားပဲ ရပ်တန့် နားနေသည်
English:
steady
Grammar Note:
ကြိယာ
ဖြားသတ်လမန်
[pʰɹáθaʔlmàɴ]
Arakanese:
(ဥပစာ) ၁၊ လူများ ပြောဆို ပြုမူစွာကို အတုယူပြီး လိုက်ပြီးကေ ပြောဆိုပြုမူသည်
Burmese:
(ဥပစာ) ၁၊ သူတစ်ပါး ပြောဆို ပြုမူသည်ကို အတုယူပြီး လိုက်၍ ပြောဆိုပြုမူသည်
English:
imitate
Grammar Note:
နာမ်
ဖြားသီ
[pʰɹáθí]
Arakanese:
အနိမ့်ဆုံး ကျဆင်းနိန်ရေ ဖြားရီ
Burmese:
အနိမ့်ဆုံး ကျဆင်းနေသော ဒီရေ
English:
lowest tide
Grammar Note:
နာမ်
ဖြားသီဖြား
[pʰɹáθípʰɹá]
Arakanese:
အနိမ့်ကျဆုံး ကျဆင်းနိန်ရေ ဖြားရီ။ (လဆန်း ၇ရက်၊ လဆုတ် ၇ရက် ရို့မာ ကျရောက်သော အချိန်ကာလ ဖြစ်တေ။
Burmese:
အနိမ့်ကျဆုံး ကျဆင်းနေသော ဒီရေ။ (လဆန်း ၇ရက်၊ လဆုတ် ၇ရက် တို့တွင် ကျရောက်သော အချိန်ကာလ ဖြစ်သည်။
English:
lowest tide
Grammar Note:
နာမ်
ဖြားသီရက်
[pʰɹáθíɹɛʔ]
Arakanese:
ဖြားရီ အနိမ့်ဆုံး ကျဆင်းနိန်ရေ ရက်
Burmese:
ဒီရေ အနိမ့်ဆုံး ကျဆင်းနေသော ရက်
English:
lowest tide
Grammar Note:
နာမ်
ဖြားသုံးပွာ
[pʰɹáθóʊɴpwà]
Arakanese:
မြစ်၊ ချောင်း အစဟိစွာရို့မာ ဖြားရီ ၄ပုံ ၃ပုံပြည့်စွာကို (ဖြားသုံးပွာပြည့်ရေလို့) ပြောဆို၍။ ဖြားရီ ၄ပုံ-၃ပုံ နိမ့်ကျ လျော့ဆင်း လားရေကို (ဖြားသုံးပွာခန်းရေလို့) ပြောဆိုရေ စကားလုံး
Burmese:
မြစ်၊ ချောင်း စသည်တို့တွင် ဒီရေ ၄ပုံ ၃ပုံပြည့်သည်ကို (ဖြားသုံးပွာပြည့်သည်ဟု) ပြောဆို၍။ ဒီရေ ၄ပုံ-၃ပုံ နိမ့်ကျ လျော့ဆင်း သွားသည်ကို (ဖြားသုံးပွာခန်းသည်ဟု) ပြောဆိုသော စကားလုံး
English:
none
Grammar Note:
နာမ်
ဖြားသုံးပွာ၂
[pʰɹáθóʊɴpwà၂]
Arakanese:
မြစ်၊ ချောင်း အစဟိစွာရို့မာ ဖြားရီ ၄ပုံ ၃ပုံပြည့်စွာကို ဖြားသုံးပွာ ပြည့်ရေလို့ ပြောဆိုရေ
Burmese:
မြစ်၊ ချောင်း စသည်တို့တွင် ဒီရေ ၄ပုံ ၃ပုံပြည့်သည်ကို ဖြားသုံးပွာ ပြည့်သည်ဟု ပြောဆိုသည်
English:
none
Grammar Note:
ကြိယာ
ဖြားအင့်
[pʰɹáʔɪ̀ɴ့]
Arakanese:
ဖြားရီ မတက်မကျ ဖြစ်ဗျာယ်။ ဖြားရီ မတိုးမဆုတ် အခိုက်အတန် ရပ်တန့် ငြိမ်ပိုင်
Burmese:
ဒီရေ မတက်မကျ ဖြစ်လျက်။ ဒီရေ မတိုးမဆုတ် အခိုက်အတန် ရပ်တန့် ငြိမ်သကဲ့သို့
English:
steady
Grammar Note:
ကြိယာဝိသေသန
ဖြားဦးတင်
[pʰɹáʔútɪ̀ɴ]
Arakanese:
၁၊ ဖြားရီ ခေါင်းထောင်လာစ ပြုရေ။ ၂၊ ဖြားရီ မြင့်တက်တိုးလာစ ပြုရေ။ ရေပမာဏ တိုးရေ။ (လဆန်း ၉-၁၀ ရက် လဆုတ် ၉-၁၀ ရက် ရို့မာ ဖြစ်တတ်ရေ အချိန်ကာလ။
Burmese:
၁၊ ဒီရေ ခေါင်းထောင်လာစ ပြုသည်။ ၂၊ ဒီရေ မြင့်တက်တိုးလာစ ပြုသည်။ ရေပမာဏ တိုးသည်။ (လဆန်း ၉-၁၀ ရက် လဆုတ် ၉-၁၀ ရက် တို့၌ ဖြစ်တတ်သော အချိန်ကာလ။
English:
increasing tide
Grammar Note:
ကြိယာ
ဖြားဦးတင်၂
[pʰɹáʔútɪ̀ɴ၂]
Arakanese:
၁၊ မြင့်တက် တိုးနီတုန်း ဖြားရီ။ ၂၊ တိုးနီတုန်း အခိုက်ကာလ
Burmese:
၁၊ မြင့်တက် တိုးနေဆဲ ဒီရေ။ ၂၊ တိုးနေဆဲ အခိုက်ကာလ
English:
increasing tide
Grammar Note:
နာမ်
ဖြိတ်
[pʰɹeɪʔ]
Arakanese:
မှန်ရောင်ပိုင် ဖြတ်ကနဲ ဖြိတ်ကနဲ တောက်ပသော အရောင်တမျိုး
Burmese:
မှန်ရောင်ကဲ့သို့ ဖြတ်ကနဲ ဖြိတ်ကနဲ တောက်ပသော အရောင်တစ်မျိုး
English:
bright
Grammar Note:
နာမ်
ဖြိတ်ဖြိတ်တောက်
[pʰɹeɪʔpʰɹeɪʔtɔ́ɛʔ]
Arakanese:
အော်တိုမစ်တ ပိုင် မှိတ်တုတ် မိတ်တုတ် အရောင် တောက်ပသည်
Burmese:
အော်တိုမစ်တစ် ကဲ့သို့ မှိတ်တုတ် မိတ်တုတ် အရောင် တောက်ပသည်
English:
shine
Grammar Note:
ကြိယာ
ဖြိန့်
[pʰɹèɪɴ့]
Arakanese:
ကြောက်ခြင်း၊ ဝမ်းသာခြင်း၊ အံ့ဩခြင်း၊ ဖေါဌဗ္ဗါရုံ အစဟိစွာရို့ကြောင့် ဖြစ်ပေါ်လှာသော တွိထိမှု၌ ခံစားရရေ။ ထိန့်ဆူကြက်သိန်း၊ ကိုယ်လုံးဖြိန့်သည်၊ မင်းကြီး ကြောက်တော်မူ၏တည်း။ (ရှီးထုံး
Burmese:
ကြောက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ အံ့ဩခြင်း၊ ဖေါဌဗ္ဗါရုံ စသည်တို့ကြောင့် ဖြစ်ပေါ်လာသော တွေ့ထိမှု၌ ခံစားရသည်။ ထိန့်ဆူကြက်သိန်း၊ ကိုယ်လုံးဖြိန့်သည်၊ မင်းကြီး ကြောက်တော်မူ၏တည်း။ (ရှေးထုံး
English:
sense
Grammar Note:
ကြိယာ