Dictionary Entries
Showing 661–680 of 769 words
ဖ
ဖြူခါဖြူမည်းခါမည်း
[pʰɹùkʰàpʰɹùmɛ́kʰàmɛ́]
Arakanese:
ပကတိဟိရင်း အခြီ၌ မတည်ပဲ ယွင်းရွေ့ ပြောင်းလဲတတ်သူ။ မလှဖြူ စကားကလေ့မတည်၊ ဖြူခါဖြူ မည်းခါမည်းရာ။ (အရပ်
Burmese:
ပကတိဟိရင်း အခြေ၌ မတည်ပဲ ယွင်းရွေ့ ပြောင်းလဲတတ်သူ။ မလှဖြူ စကားကလည်းမတည်၊ ဖြူခါဖြူ မည်းခါမည်းရာ။ (အရပ်
English:
unstable
Grammar Note:
နာမ်
ဖြူချင်ကေလေ့ဖြူမည်းချင်ကေလေ့မည်း
[pʰɹùɕɪ̀ɴkèlḛpʰɹùmɛ́ɕɪ̀ɴkèlḛmɛ́]
Arakanese:
ပကတိစိတ်ထား အယူအဆအစဟိစွာ၌ မတည်ပဲ ဆန့်ကျင် ပြောင်းလဲ တတ်သူ
Burmese:
ပကတိစိတ်ထား အယူအဆစသည်၌ မတည်ပဲ ဆန့်ကျင် ပြောင်းလဲ တတ်သူ
English:
unstable
Grammar Note:
နာမ်
ဖြူချင်ကေလေ့ဖြူမည်းချင်ကေလေ့မည်း၂
[pʰɹùɕɪ̀ɴkèlḛpʰɹùmɛ́ɕɪ̀ɴkèlḛmɛ́၂]
Arakanese:
ကိုယ့်သဘောအတိုင်း ပြုလုပ်ချင်ပိုင်။ မင်းသဘောနန့်မင်း၊ ဖြူချင်ကေလေ့ဖြူ မည်းချင်ကေလေ့မည်းလီဖိ၊ ရောငါ့ကို မပြောလှာကေ့ဖိ။ (အရပ်)
Burmese:
မိမိသဘောအတိုင်း ပြုလုပ်ချင်သလို။ မင်းသဘောနန့်မင်း၊ ဖြူချင်ကေလေ့ဖြူ မည်းချင်ကေလေ့မည်းလီဖိ၊ ရောငါ့ကို မပြောလှာကေ့ဖိ။ (အရပ်)
English:
as you like
Grammar Note:
ကြိယာဝိသေသန
ဖြူချီးခါ
[pʰɹùɕïkʰà]
Arakanese:
ဟိသမျှ ကုန်ပျောက်ရေ။ ဆင်းရဲရေ။ တခုလေ့သင့် မဟိလောက်ယောင် မွဲသည်
Burmese:
ဟိသမျှ ကုန်ပျောက်သည်။ ဆင်းရဲသည်။ ဘာမှ မယှိလောက်အောင် မွဲသည်
English:
be extremely poor - be impoverished
Grammar Note:
ကြိယာ
ဖြူချော်ချော်
[pʰɹùɕɔ̀ɕɔ̀]
Arakanese:
အဖြူရောင် ဘက်ကို သန်းဗျာယ်။ ဖြူဖျော့စွာ
Burmese:
အဖြူရောင် ဘက်သို့ သန်းလျက်။ ဖြူဖျော့စွာ
English:
white
Grammar Note:
ကြိယာဝိသေသန
ဖြူစင်
[pʰɹùsɪ̀ɴ]
Arakanese:
၁၊ ဖွေးစင်သော အရောင်ဟိသော။ ၂၊ သန့်ယှင်း စင်ကြယ်သော
Burmese:
၁၊ ဖွေးစင်သော အရောင်ဟိသော။ ၂၊ သန့်ယှင်း စင်ကြယ်သော
English:
clean-pure
Grammar Note:
နာမဝိသေသန
ဖြူးဆီ
[pʰɹúsʰí]
Arakanese:
အနာ အစဟိစွာအပေါ်၌ တဆတ်ဆတ်လေး ပက်ကြဲ ချရရေ ဆီးမှုန်းမျိုး
Burmese:
အနာ စသည်အပေါ်၌ ဖြည်းဖြည်းလေး ပက်ကြဲ ချရသော ဆေးမှုန်းမျိုး
English:
medicinal powder
Grammar Note:
နာမ်
ဖြူဆွတ်
[pʰɹùsʰwaʔ]
Arakanese:
၁၊ ဖွေးစင်သော အရောင်ဟိသော။ ၂၊ သန့်ယှင်း စင်ကြယ်သော။ ဖြူဆွတ်သဒ္ဓါ၊ လှူဒါန်းပါ၏’
Burmese:
၁၊ ဖွေးစင်သော အရောင်ဟိသော။ ၂၊ သန့်ယှင်း စင်ကြယ်သော။ ဖြူဆွတ်သဒ္ဓါ၊ လှူဒါန်းပါ၏’
English:
pure white
Grammar Note:
နာမဝိသေသန
ဖြူနုလှပ်လှပ်
[pʰɹùnoʊɬaʔɬaʔ]
Arakanese:
အလွန် ဖြူသော၊ သန့်စင်စွာ ဖြူသော
Burmese:
အလွန် ဖြူသော၊ သန့်စင်စွာ ဖြူသော
English:
pure white
Grammar Note:
နာမဝိသေသန
ဖြူပြာ
[pʰɹùpɹà]
Arakanese:
အဖြူနှင့် အပြာရောင် သန်းသော
Burmese:
အဖြူနှင့် အပြာရောင် သန်းသော
English:
pure blue
Grammar Note:
နာမဝိသေသန
ဖြူးပြောင်
[pʰɹúpɹàʊɴ]
Arakanese:
အကွိ့ အကောက် အတား အဆီး မဟိ ချောပြေစွာ
Burmese:
အကွေ့ အကောက် အတား အဆီး မဟိ ချောပြေစွာ
English:
unimpleded
Grammar Note:
ကြိယာဝိသေသန
ဖြူဖပ်ဖပ်
[pʰɹùpʰaʔpʰaʔ]
Arakanese:
အဖြူရောင် ဘက်ကို သန်းဗျာယ်။ ဖြူဖျော့စွာ
Burmese:
အဖြူရောင် ဘက်သို့ သန်းလျက်။ ဖြူဖျော့စွာ
English:
turn pale or wan
Grammar Note:
ကြိယာဝိသေသန
ဖြူဖွီး
[pʰɹùpʰwï]
Arakanese:
ဖြူစင်သန့်စွာသော
Burmese:
ဖြူစင်သန့်စွာသော
English:
pure white
Grammar Note:
နာမဝိသေသန
ဖြူလလွှ
[pʰɹùllW̯]
Arakanese:
အလွန် ဖြူသော၊ သန့်စင်စွာ ဖြူသော
Burmese:
အလွန် ဖြူသော၊ သန့်စင်စွာ ဖြူသော
English:
pure white
Grammar Note:
နာမဝိသေသန
ဖြေ
[pʰɹè]
Arakanese:
မီးခွန်းအရ ပြန်လှန် ဆိုဖွယ်ဟိစွာကို တဦး တယောက်အား သိရန် ပြောပြရေ။ ဗျိုင်းဖြူကြီး ၃ကောင်၊ မေလက်ဝါးမာ၊ နားလာယောင်၊ အမင်ာင် စာတတ်၊ အေပုစ္ဆာကို ဖြေပီးလတ်။ (မေး
Burmese:
မေးခွန်းအရ ပြန်လှန် ဆိုဖွယ်ဟိသည်ကို တစ်ဦး တစ်ယောက်အား သိရန် ပြောပြသည်။ ဗျိုင်းဖြူကြီး ၃ကောင်၊ မေလက်ဝါးမှာ၊ နားလာယောင်၊ အမောင် စာတတ်၊ အေပုစ္ဆာကို ဖြေပီးလတ်။ (မေး
English:
answer
Grammar Note:
ကြိယာ
ဖြေသျှိမ့်
[pʰɹèʃèɪɴ့]
Arakanese:
ကိုယ့်ကိုယ်ကိုသော် ပင်ဖြစ်ဖြစ်၊ လူတိကိုသော် ပင်ဖြစ်ဖြစ်၊ စိတ်မာ တခုတရီ ခံစားမှုမှ ပပျောက်အောင် အားပီး ပြောဆိုရေ
Burmese:
မိမိကိုယ်ကိုသော် လည်းကောင်း၊ သူတစ်ပါးကိုသော် လည်းကောင်း၊ စိတ်တွင် တစ်စုံတစ်ခု ခံစားမှုမှ ပပျောက်အောင် အားပေး ပြောဆိုသည်
English:
console
Grammar Note:
ကြိယာ
ဖြောက်
[pʰɹɔ́ɛʔ]
Arakanese:
၁၊ ပေါ့ပါး ကကောင်းလျင်သော။ ၂၊ မဆိုင်းမတွ ဖြတ်လတ်စွာ လုပ်ကိုင်တတ်ရေ အေသူသျှေ အလုပ်အကိုင်၊ အပြောအဆို ကကောင်း ဖြောက်တေဒေ။ (အရပ်
Burmese:
၁၊ ပေါ့ပါး လျင်မြန်သော။ ၂၊ မဆိုင်းမတွ ဖျတ်လတ်စွာ လုပ်ကိုင်တတ်သော အေသူသျှေ အလုပ်အကိုင်၊ အပြောအဆို ကောင်းကောင်း ဖြောက်တေဒေ။ (အရပ်
English:
active
Grammar Note:
နာမဝိသေသန
ဖြောက်ဖြောက်
[pʰɹɔ́ɛʔpʰɹɔ́ɛʔ]
Arakanese:
၁၊ ချောမော ပြေပြစ်သော။ ၂၊ ရွှီရောင် ရွှီဆင်းပိုင် တောက်ပသော အဆင်းဟိသော။ ဖြိုင်းဖြိုင်းပြေပြစ်၊ ခုနှစ်နှစ်သို့၊ ရောက်လစ်ခါတုံ၊ ရွှီပုံရွှီပန်း၊ ရွှီရောင်ထွန်းလျှမ်း၊ ရွှန်းရွှန်းတောက်ပ၊ အဆင်းလှသား။ သမီးလှမာ၊ စီးကျဖြောက်ဖြောက်၊ ထွက်ကာခွေကေ၊ မျက်ရည်ပေါက်န
Burmese:
၁၊ ချောမော ပြေပြစ်သော။ ၂၊ ရွှေရောင် ရွှေဆင်းကဲ့သို့ တောက်ပသော အဆင်းဟိသော။ ဖြိုင်းဖြိုင်းပြေပြစ်၊ ခုနှစ်နှစ်သို့၊ ရောက်လစ်ခါတုံ၊ ရွှေပုံရွှေပန်း၊ ရွှေရောင်ထွန်းလျှမ်း၊ ရွှန်းရွှန်းတောက်ပ၊ အဆင်းလှသား။ သမီးလှမှာ၊ စီးကျဖြောက်ဖြောက်၊ ထွက်ကာခွေကေ၊ မျက်ရည်ပေါက်န
English:
beautiful - shine
Grammar Note:
နာမဝိသေသန
ဖြောက်ဖြောက်၂
[pʰɹɔ́ɛʔpʰɹɔ́ɛʔ၂]
Arakanese:
၁၊ မိုးကျောက်မိုးကျောက်ပေါက်၊ နှင်းသီးနှင်းပေါက်ရို့ ကျသံ၊ အော်သံ၊ တောသံလီသံ၊ မဆူညံကေ၊ နှင်းသံဖြောက်ဖြောက်၊ ပပေါက်ဖေါက်သို့ ကြားရရေ လေး (တေး)။ ၂၊ လက်ခုပ်လက်ဝါး တပြိုင်တည်း တီးခတ်သော အော်သံ။ ဖောက်ဖောက် မြည်ရေနာ သားရေ။ (တေး
Burmese:
၁၊ မိုးသီးမိုးပေါက်၊ နှင်းသီးနှင်းပေါက်တို့ ကျသံ၊ မြည်သံ၊ တောသံလီသံ၊ မဆူညံကေ၊ နှင်းသံဖြောက်ဖြောက်၊ ပပေါက်ဖေါက်သို့ ကြားရရေ လေး (တေး)။ ၂၊ လက်ခုပ်လက်ဝါး တစ်ပြိုင်နက် တီးခတ်သော မြည်သံ။ ဖောက်ဖောက် မြည်ရေနာ သားရေ။ (တေး
English:
sound of clap
Grammar Note:
နာမ်
ဖြောက်ဖြောက်၃
[pʰɹɔ́ɛʔpʰɹɔ́ɛʔ၃]
Arakanese:
မထုံမထိုင်း၊ သွက်လက်တက်ကြွသော
Burmese:
မထုံမထိုင်း၊ သွက်လက်တက်ကြွသော
English:
active
Grammar Note:
နာမဝိသေသန