Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 681–700 of 769 words

    ဖ

    ဖြောက်ဖြောက်၄

    [pʰɹɔ́ɛʔpʰɹɔ́ɛʔ၄]
    ၁၊ သွက်သွက် အယင်။ ၂၊ လျင်လျင် လျားလျား
    ၁၊ သွက်သွက် မြန်မြန်။ ၂၊ လျင်လျင် လျားလျား
    fast
    ကြိယာဝိသေသန

    ဖြောင်းဖြောင်း

    [pʰɹáʊɴpʰɹáʊɴ]
    မိုးကျောက်မိုးကျောက်ပေါက်၊ နှင်းသီးနှင်းပေါက် အစဟိစွာရို့ ကျသော အော်သံ။ ကျောင်းခေါင် ဟဟောင်း၊ မိုးကျောက်မိုးကျောက်ပေါက်သည်၊ ဖြောင်းဖြောင်းအတိုင်းဝင်ပြီးကေ (မေတ္တာတု)
    မိုးသီးမိုးပေါက်၊ နှင်းသီးနှင်းပေါက် စသည်တို့ ကျသော မြည်သံ။ ကျောင်းခေါင် ဟောင်းလောင်း၊ မိုးသီးမိုးပေါက်သည်၊ ဖြောင်းဖြောင်းအတိုင်းဝင်၍ (မေတ္တာတု)
    noise of rain
    နာမ်

    ဖြော့တော

    [pʰɹɔ̰tɔ́]
    ၁၊ အရောင် အားလျော့သော။ ၂၊ အားအင် နည်းပါးသနန့် နွမ်းရိ အားနည်းပုံ မြင်ရရေ
    ၁၊ အရောင် အားလျော့သော။ ၂၊ အားအင် နည်းပါးသဖြင့် နွမ်းနယ် အားနည်းပုံ မြင်ရသော
    be worn-out
    နာမဝိသေသန

    ဖြော်

    [pʰɹɔ̀]
    တခုတရီ စားဖွယ်ကို ရပူမာ နစ်၍ နူးပျော်စီသည်
    တစ်စုံတစ်ရာ စားဖွယ်ကို ရေနွေးတွင် နစ်၍ နူးပျော်စေသည်
    boiled
    ကြိယာ

    ဖြဲ

    [pʰɹɛ]
    ကျယ်ကား ပွင့်လပ်စီရေ
    ကျယ်ကား ပွင့်လပ်စေသည်
    tear widen
    ကြိယာ

    ဖြဲခြောက်

    [pʰɹɛkʰɹɔ́ɛʔ]
    ကြောက်လန့် ဖွယ်သော ရုပ်သွင် ပေါ်ယောင် ပစကို လက်နှစ်ဘက်နှင့် ဖြဲ၍ လန့်ကြောက် စီရေ။ လှန့်ရေ။ ကြောက်တေဆို လီဖြဲ ခြောက်လီ (အရပ်
    ကြောက်လန့် ဖွယ်သော ရုပ်သွင် ပေါ်အောင် ပါးစပ်ကို လက်နှစ်ဘက်နှင့် ဖြဲ၍ လန့်ကြောက် စေသည်။ လှန့်သည်။ ကြောက်တေဆို လီဖြဲ ခြောက်လီ (အရပ်
    frighten by exaggeration
    ကြိယာ

    ဖွ

    [pʰw]
    ရီပြင်မာ ပေါ်နှိုင်ရေ ခေါင်းပွ ဝန်။ ၂၊ ပွ၍ ပေါ့ပါးသော (အပင်) မြာတိုင် တမျိုး။ ၃၊ ရိုးတံ အူပွေ မြက်မျိုးဝင် အပင်တမျိုး
    ရေပြင်တွင် ပေါ်နိုင်သော ခေါင်းပွ ပစ္စည်း။ ၂၊ ပွ၍ ပေါ့ပါးသော (အပင်) အူတိုင် တစ်မျိုး။ ၃၊ ရိုးတံ အူပွေ မြက်မျိုးဝင် အပင်တစ်မျိုး
    (tread)lightly
    နာမ်

    ဖွံ့

    [pʰwံ့]
    မူလ ပင်ကိုယ် ဟိစွာထက် ဖေါင်းကား ပြည့်ဖြိုးသော။ ၂၊ တိုးပွားသော။ ၃၊ အမွီးအမျှင် အစဟိစွာရို့ ပွရောင်၍ ကားပြန့်သော။ ခွီးမတုံးမာ အမွီးတိ ဖွံ့နီရေ။ (အရပ်
    မူလ ပင်ကိုယ် ယှိသည်ထက် ဖေါင်းကား ပြည့်ဖြိုးသော။ ၂၊ တိုးပွားသော။ ၃၊ အမွေး အမှင် စသည်တို့ ပွရောင်၍ ကားပြန့်သော။ ခွီးမတုံးမှာ အမွီးတိ ဖွံ့နီရေ။ (အရပ်
    increase in number or bulk
    နာမဝိသေသန

    ဖွ၂

    [pʰw၂]
    ပွရွ စီရေ။ ပွကား စီရေ
    ပွရွ စေသည်။ ပွကား စေသည်
    swell
    ကြိယာ

    ဖွ၃

    [pʰw၃]
    ဂါထာ မန္တန် ရွတ်ဖတ်သည့် အခါရို့မာ ဖွဟု ရွတ်ဆိုရေ စကားလုံး။ ၂၊ မလိုလား အပ်ရေ အမင်္ဂလာ၊ နိမိတ် စကားတိကို ကြားရရေအခါ (ဖွလွဲပါစီ၊ ဖယ်ပါစီဟု) ပယ်ထုတ် ပြောဆိုရေ စကား
    ဂါထာ မန္တန် ရွတ်ဖတ်သည့် အခါတို့တွင် ဖွဟု ရွတ်ဆိုသော စကားလုံး။ ၂၊ မလိုလား အပ်သော အမင်္ဂလာ၊ နိမိတ် စကားများကို ကြားရသည့်အခါ (ဖွလွဲပါစီ၊ ဖယ်ပါစီဟု) ပယ်ထုတ် ပြောဆိုသော စကား
    perish the thought
    နာမ်

    ဖွံ့ကား

    [pʰwံ့ká]
    လိုအင် အားလုံး ရဟိရေ။ လောက်ရေ။ ပြည့်ဖြိုးရေ။ ၂၊ စည်ပင် တိုးပွားရေ။ လိုရာမယှား၊ စားသောက်ကုန်ရို့၊ လွန်ဖွံ့ကားလို့၊ ထူးခြားတုံဘိ။ (သာခြင်းဖွဲ့
    လိုအင် အလုံးစုံ ရယှိသည်။ ပြည့်ဝသည်။ ပြည့်ဖြိုးသည်။ ၂၊ စည်ပင် တိုးပွားသည်။ လိုရာမယှား၊ စားသောက်ကုန်တို့၊ လွန်ဖွံ့ကားလို့၊ ထူးခြားတုံဘိ။ (သာခြင်းဖွဲ့
    be stout plump chubby well filled out
    ကြိယာ

    ဖွင့်

    [pʰwɪ̀ɴ့]
    ဟန့်တား ပိတ်ပင်ခြင်း၊ ချုပ်ချယ်ခြင်း အစဟိစွာရို့ကို ဖယ်ယှားသည်
    တားဆီး ပိတ်ပင်ခြင်း၊ ချုပ်ချယ်ခြင်း စသည်တို့ကို ဖယ်ရှားသည်
    clear a blockade
    ကြိယာ

    ဖွင်း

    [pʰwɪ́ɴ]
    အခိုးအငွီ့ကို ခံမားသို့ စုပ်ယူပနာ မှုတ်ထုတ်ရေ။ ဆီးလိပ်ကို တထုတ်ပြီး တထုတ် ဖွင်းဖွင်းသောက်တေ။ (အရပ်
    အခိုးအငွေ့ကို ခံတွင်းသို့ စုပ်ယူ၍ မှုတ်ထုတ်သည်။ ဆီးလိပ်ကို တစ်ထုတ်ပြီး တစ်ထုတ် ဖွင်းဖွင်းသောက်တေ။ (အရပ်
    Puff (in smoking)
    ကြိယာ

    ဖွင်း၂

    [pʰwɪ́ɴ၂]
    အခိုးအငွီ့ မှုတ်ထုတ်ချက် အရွီအတွက်ကို ဖော်ပြသော စကား
    အခိုးအငွေ့ မှုတ်ထုတ်ချက် အရေအတွက်ကို ဖော်ပြသော စကား
    none
    နာမ်

    ဖွင့်ချ

    [pʰwɪ̀ɴ့ɕ]
    တခုခုကို ချုပ်တည်း သည်းခံ အောင့်အည်း မထားပဲ သိမြင် ထင်ရှားယောင် ဖော်ထုတ် ပြောဆို ရီးသားသည်
    တစ်စုံ တစ်ရာကို ချုပ်တည်း သည်းခံ အောင့်အည်း မထားပဲ သိမြင် ထင်ရှားအောင် ဖော်ထုတ် ပြောဆို ရေးသားသည်
    disclose-reveal
    ကြိယာ

    ဖွင့်ဆို

    [pʰwɪ̀ɴ့sʰÒ]
    အဓိပ္ပါယ် ပေါ်ယောင် ဖော်ထုတ်ပနာ ထွင်ရေ
    အဓိပ္ပါယ် ပေါ်အောင် ထုတ်ဖော်၍ ရှင်းလင်းသည်
    explain define (the meaning)
    ကြိယာ

    ဖွင့်ပြ

    [pʰwɪ̀ɴ့pɹ]
    သိသာ မြင်သာယောင် ဖော်ထုတ်ပနာ ရီးရေ
    သိသာ မြင်သာအောင် ထုတ်ဖော်၍ ရေးသည်
    describe
    ကြိယာ

    ဖွင်းဖွင်း

    [pʰwɪ́ɴpʰwɪ́ɴ]
    (ဆီးလိပ်ခိုးကို) ခံမားသို့ စုပ်သွင်း သောက်ရီ။ (ဆီးလိပ်) ဖွာသည်
    (ဆေးလိပ်ခိုးကို) ခံတွင်းသို့ စုပ်သွင်း သောက်သည်။ (ဆေးလိပ်) ဖွာသည်
    Puff (in smoking)
    ကြိယာ

    ဖွင့်လှစ်

    [pʰwɪ̀ɴ့ɬɪʔ]
    အပေါက် အလမ်း၊ အခွင့် အရီး ပွင့်ဟ စီရေ။ ၂၊ အပေါက်ကို ဖယ်ချိန်ရေ။ အတား အဆီး မဟိစီရန် ရှင်းလင်း ဖော်ထုတ် ပြရေ
    အပေါက် အလမ်း၊ အခွင့် အရေး ပွင့်ဟ စေသည်။ ၂၊ အပေါက်ကို ဖယ်ချိန်သည်။ အတား အဆီး မယှိစေရန် ရှင်းလင်း ထုတ်ဖော် ပြသည်
    open-inaugurate
    ကြိယာ

    ဖွင့်ဟ

    [pʰwɪ̀ɴ့h]
    ချုပ်တည်း အောင့်အည်း မထားပဲ ဖော်ထုတ် ပြောဆိုရေ
    ချုပ်တည်း အောင့်အည်း မထားပဲ ထုတ်ဖော် ပြောဆိုသည်
    speak out
    ကြိယာ