Dictionary Entries
Showing 701–720 of 769 words
ဖ
ဖွဆို့
[pʰwsʰo̰]
Arakanese:
ပုလင်း စစွာကို ဖုံးပိတ်ရရေ ဖေါ့တံတို
Burmese:
ပုလင်း စသည်ကို ဖုံးပိတ်ရသည့် ဖေါ့တံတို
English:
stopper(of a bottle or openings)
Grammar Note:
နာမ်
ဖွတ်
[pʰwaʔ]
Arakanese:
အခြီ လေးဘက်ဟိ အမြီရှည်နှင့် အရောင်မှေးမှိန်းပြီး၊ မြေမား၌ နီတတ်ရေ သတ္တဝါ တမျိုး
Burmese:
အခြေ လေးဘက်ယှိ အမြီရှည်နှင့် အရောင်မှေးမှိန်းပြီး၊ မြေတွင်း၌ နေတတ်သော သတ္တဝါ တစ်မျိုး
English:
lizard
Grammar Note:
နာမ်
ဖွတ်ချီးစား
[pʰwaʔɕïsá]
Arakanese:
နှိမ့်ချပနာ ခေါ်သော စကားလုံး
Burmese:
နှိမ့်ချ၍ ခေါ်သော စကားလုံး
English:
useless person - worthless person
Grammar Note:
နာမ်
ဖွတ်ချီးတက်
[pʰwaʔɕïtɛʔ]
Arakanese:
အလွန် ဆင်းရဲ မွဲတေသော
Burmese:
အလွန် ဆင်းရဲ မွဲတေသော
English:
cause to become poor or destitute
Grammar Note:
နာမဝိသေသန
ဖွတ်ညှင်း
[pʰwaʔɲ̯ɪ́ɴ]
Arakanese:
ခန္ဓာကိုယ် သွင်း၍ အချေစား ဖွတ်တမျိုး
Burmese:
ခန္ဓာကိုယ် သွင်း၍ အငယ်စား ဖွတ်တစ်မျိုး
English:
lizard
Grammar Note:
နာမ်
ဖွတ်နံကြောင်
[pʰwaʔnံt͡ɕàʊɴ]
Arakanese:
နံချင်းပြိုင် တဖက် တချက်မာ လိုင်ဖင်းမှ ပတုံးအဆုံး အထိ အဝါရောင် အစင်းဟိသော ဖွတ်တမျိုး
Burmese:
နံဘေး တစ်ဘက် တစ်ချက်တွင် လည်ပင်းမှ အမြီးအဆုံး အထိ အဝါရောင် အစင်းယှိသော ဖွတ်တစ်မျိုး
English:
lizard
Grammar Note:
နာမ်
ဖွတ်ပြောက်
[pʰwaʔpɹɔ́ɛʔ]
Arakanese:
အရောင် ပြောက်ကျား ဟိသော ဖွတ်တမျိုး
Burmese:
အရောင် ပြောက်ကျား ယှိသော ဖွတ်တစ်မျိုး
English:
lizard
Grammar Note:
နာမ်
ဖွတ်မတုံး
[pʰwaʔmtóʊɴ]
Arakanese:
ဖွတ်သတ္တဝါ၏ ပတုံးတံ
Burmese:
ဖွတ်သတ္တဝါ၏ အမြီးတံ
English:
braid or plait - chain - stitch in crochet
Grammar Note:
နာမ်
ဖွတ်မတုံးဆံကျစ်
[pʰwaʔmtóʊɴsʰံt͡ɕɪʔ]
Arakanese:
ဖွတ်မြီး ပိုင် တပင်ထက်က တပင်ကျော်နင်း လိမ်ယှက်၍ ဖွဲ့ခြည် ကျစ်ထားရေ ဆံပင် အယတ်ယတ်
Burmese:
ဖွတ်မြီး ကဲ့သို့ တပင်ထက်က တစ်ပင်ကျော်နင်း လိမ်ယှက်၍ ဖွဲ့ချည် ကျစ်ထားသော ဆံပင် တွဲလောင်း
English:
braid
Grammar Note:
နာမ်
ဖွတ်ရီ
[pʰwaʔɹí]
Arakanese:
ဖွတ်၏ ကိုယ် အရေအဆင်းနှင့် တူသော ကိုယ်ဟိ သူကို တင်စားပနာ ခေါ်ဆိုရေ စကားလုံး
Burmese:
ဖွတ်၏ ကိုယ် အရေအဆင်းနှင့် တူသော ကိုယ်ယှိ သူကို တင်စား၍ ခေါ်ဆိုသော စကားလုံး
English:
none
Grammar Note:
နာမ်
ဖွတ်ရီစုတ်
[pʰwaʔɹísoʊʔ]
Arakanese:
(ဥပစာ) ဇာလေ့ မဟိလောက်ယောင် မွဲရေ။ ချွတ်ခြုံ ကျရေ
Burmese:
(ဥပစာ) ဘာမျှ မယှိလောက်အောင် မွဲသည်။ ချွတ်ခြုံ ကျသည်
English:
poor - destitute
Grammar Note:
ကြိယာ
ဖွတ်ဝေစိပြောက်
[pʰwaʔwèsìpɹɔ́ɛʔ]
Arakanese:
ကိုယ်မာ မန်ကျည်းစိခန့် အဝါကွက် အဝိုင်းအလယ်၌ အမည်းစက် ကချေတိ ပါဟိတတ်ရေ ဖွတ်သတ္တဝါ တမျိုး
Burmese:
ကိုယ်တွင် မန်ကျည်းစေ့ခန့် အဝါကွက် အဝိုင်းအလယ်၌ အမည်းစက် ကလေးများ ပါယှိတတ်သော ဖွတ်သတ္တဝါ တစ်မျိုး
English:
lizard
Grammar Note:
နာမ်
ဖွတ်သတ်
[pʰwaʔθaʔ]
Arakanese:
ထောင်းထု ရိုက်နှက်၍ မှုန့်မှုန့် ညက်ညက် ကြေစီရေ။ ၂၊ နွမ်းရိ ဖျော့တော့ စီရေ
Burmese:
ထောင်းထု ရိုက်နှက်၍ မှုန့်မှုန့် ညက်ညက် ကြေစေသည်။ ၂၊ နွမ်းနယ် ဖျော့တော့ စေသည်
English:
be crushed (to powder or bits)
Grammar Note:
ကြိယာဝိသေသန
ဖွတ်သျှူနာ
[pʰwaʔʃùnà]
Arakanese:
နခေါင်းမား၌ နှာပုပ် တည်ပြီးကေ၊ နခေါင်း အုံပွ နိန်ရေ ရောဂါတမျိုး။ ၂၊ နခေါင်းဝ မား၌ ငရုပ်ကောင်းစီ့ခန့် အနာသီးငယ် ပေါ်တက်ပနာ ထိကေ အလွန် နာကြင်စီတတ်ရေ ရောဂါ တမျိုး
Burmese:
နှာခေါင်းတွင်း၌ နှာပုပ် တည်၍၊ နှာခေါင်း အုံပွ နေသော ရောဂါတစ်မျိုး။ ၂၊ နှာခေါင်းဝ တွင်း၌ ငရုပ်ကောင်းစေ့ခန့် အနာသီးငယ် ပေါ်တက်၍ ထိလျှင် အလွန် နာကျင်စေတတ်သော ရောဂါ တစ်မျိုး
English:
abscess
Grammar Note:
နာမ်
ဖွံ့ထွား
[pʰwံ့tʰWà]
Arakanese:
အများ နည်းတူထက် ပြည့်ဖြိုးသော
Burmese:
အများ နည်းတူထက် ပြည့်ဖြိုးသော
English:
big for one’s age
Grammar Note:
နာမဝိသေသန
ဖွနာ
[pʰwnà]
Arakanese:
ကိုယ်ခန္ဓာ အသားအရီ စူမို့ ဖောင်းကြွသော ရောဂါ
Burmese:
ကိုယ်ခန္ဓာ အသားအရေ စူမို့ ဖောင်းကြွသော ရောဂါ
English:
be swollen
Grammar Note:
နာမ်
ဖွပ်
[pʰwaʔ]
Arakanese:
ဖြူစင်အောင် ပွတ်တိုက်ရေ။ အချောကိုင်ရေ။ ကောက်ညှင်းဆန်ကို၊ ဖြူယောင်ဖွပ်၊ ဘိန်းစား၊ ထမင်းငတ် (ဓလိ့)။ တယောက်တအိမ်၊ အကြိမ်အလှည့်၊ နို့ညဉ့်မဟူ၊ ထောင်းသူ ထောင်းကတ်၊ ဖွပ်သူဖွပ်လို့ (ဂုတ္တိလ)။ ၂၊ အညစ်အကြီး စင်ကြယ် စီရေ။ စမ်းရီကြိုင်မာ၊ ထည်အဝတ်ကို၊ ဖွပ်ဖို့လား
Burmese:
ဖြူစင်အောင် ပွတ်တိုက်သည်။ အချောကိုင်သည်။ ကောက်ညှင်းဆန်ကို၊ ဖြူယောင်ဖွပ်၊ ဘိန်းစား၊ ထမင်းငတ် (ဓလေ့)။ တစ်ယောက်တစ်အိမ်၊ အကြိမ်အလှည့်၊ နို့ညဉ့်မဟူ၊ ထောင်းသူ ထောင်းကတ်၊ ဖွပ်သူဖွပ်လို့ (ဂုတ္တိလ)။ ၂၊ အညစ်အကြေး စင်ကြယ် စေသည်။ စမ်းရေကြည်မှာ၊ ထည်အဝတ်ကို၊ ဖွပ်မည်လား
English:
wash
Grammar Note:
ကြိယာ
ဖွံ့ဖြိုး
[pʰwံ့pʰɹó]
Arakanese:
ပြန့်ပွား ကြီးကျယ် များရေ။ စည်ပင် တိုးပွားသော
Burmese:
ပြန့်ပွား ကြီးကျယ် များပြားသော။ စည်ပင် တိုးပွားသော
English:
prosperous - developed
Grammar Note:
နာမဝိသေသန
ဖွဖွ
[pʰwpʰw]
Arakanese:
ပေါ့ပါး များပြားစွာ ပေါ်ဗျာယ်။ မြစ်လယ်ကောင်မာ ဖွဖွကြီးမျိုးနီယင့်။ (အရပ်
Burmese:
ပေါ့ပါး များပြားစွာ ပေါ်လျက်။ မြစ်လယ်ကောင်မှာ ဖွဖွကြီးမျိုးနီယင့်။ (အရပ်
English:
(tread)lightly
Grammar Note:
ကြိယာဝိသေသန
ဖွယ်
[pʰwɛ̀]
Arakanese:
ကပျက်ကလျော် ဟိသော အရသာ။ အရသာက မတွိ ဖွယ်လို့ရာ(အရပ်)
Burmese:
ပေါ့ပျက်ပျက် ယှိသော အရသာ။ အရသာက မတွိ ဖွယ်လို့ရာ(အရပ်)
English:
vapid-insipid
Grammar Note:
နာမ်