Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 721–740 of 769 words

    ဖ

    ဖွယ်၂

    [pʰwɛ̀၂]
    တခုခုကို ဦးတည်ပြီးကေ ညွှန်းကြောင်း ပြသော စကားလုံး။ ခြီရေ ဖွယ်ရာ၊ သောက်ကောင်း ဖွယ်ရာ စရေ။
    တစ်ခုခုကို ဦးတည်၍ ညွှန်းကြောင်း ပြသော စကားလုံး။ စားကောင်း ဖွယ်ရာ၊ သောက်ကောင်း ဖွယ်ရာ စသည်။
    word denoting ‘for the purpose of’ suffixed to a verb to form a verbal noun
    ဝိသေသန

    ဖွယ်ဖွယ်ရာရာ

    [pʰwɛ̀pʰwɛ̀ɹàɹà]
    လိုလား နှစ်သက် သဖောကျဖွယ်ရာ အမျိုး အမည် များရေအနိန်နန့်
    လိုလား နှစ်သက် သဘောကျ ဖွယ်ရာ အမျိုး အမည် များသော အားဖြင့်
    in great verity
    ကြိယာဝိသေသန

    ဖွယ်ရာ

    [pʰwɛ̀ɹà]
    လျှောက်ပတ် သင့်မြတ်သော ပြုမူချက်
    လျှောက်ပတ် သင့်မြတ်သော ပြုမူချက်
    decent
    နာမ်

    ဖွယ်ရာလေးပါး

    [pʰwɛ̀ɹàlépàး]
    လိုလား နှစ်သက် ဖွယ်ရာသော အမျိုးအမည် အရွီအတွက် များစွာအနိန်နန့်
    လိုလား နှစ်သက် ဖွယ်ရာသော အမျိုးအမည် အရေအတွက် များစွာ အားဖြင့်
    many
    ကြိယာဝိသေသန

    ဖွယ်လယော်

    [pʰwɛ̀ljɔ̀]
    တင့်ရေ လျှောက်ပတ်သော
    တင့်တယ် လျှောက်ပတ်သော
    decent
    နာမဝိသေသန

    ဖွလုံး

    [pʰwlóʊɴ]
    အဝတ်ချာ အဖြူကို လုံးကျစ်အောင် လိပ်၍ အဂေါင်းမာ ပတ်ရစ် ထားရေ ခေါင်းပေါင်း တမျိုး
    အဝတ်စ အဖြူကို လုံးကျစ်အောင် လိပ်၍ ဦးခေါင်းတွင် ပတ်ရစ် ထားသော ခေါင်းပေါင်း တစ်မျိုး
    turban
    နာမ်

    ဖွဝထုပ်

    [pʰwwtʰoʊʔ]
    ဖေါ့ဖြင့် ပြုလုပ်ထားရေ ပြန့်သော အနားရစ် ပါဟိသည့် ဝထုပ် တမျိုး
    ဖေါ့ဖြင့် ပြုလုပ်ထားသော ပြန့်သော အနားရစ် ပါဟိသည့် ဦးထုပ် တစ်မျိုး
    hat
    နာမ်

    ဖွသွပ်

    [pʰwθwaʔ]
    မူလ ဟိရင်းစွဲ ကိုယ်ခန္ဓာ အသားအရီထက် ရမ်း ဖေါင်းပွ ကြီးထွား လာရေ
    မူလ ရှိရင်းစွဲ ကိုယ်ခန္ဓာ အသားအရေထက် ရောင်ရမ်း ဖေါင်းပွ ကြီးထွား လာသည်
    swell
    ကြိယာ

    ဖွာ

    [pʰwà]
    မီးတောက် ရယောင် ပျိုးရေ။ မီးလျှံများ ရှင်သန်လာယောင် မွိးမြူရေ။ ထမင်းချက်ဖို့ မီးဖွာရေ (အရပ်)
    မီးတောက် ရအောင် ပျိုးသည်။ မီးလျှံများ ရှင်သန်လာအောင် မွေးမြူသည်။ ထမင်းချက်ဖို့ မီးဖွာရေ (အရပ်)
    burn
    ကြိယာ

    ဖွား

    [pʰWà]
    မိခင်၏ ဝမ်းတိုက်မှ သား၊ သမီးကို မွီးထုတ်ရေ။ ၂၊ စာပီ၊ ကျမ်းဂန် စစွာကို ရီးသား ပြုစုရာမာ တနီရာတည်းကို အစွဲပြုပနာ ပြီးဆုံးအောင် ရီးသားရေ။ ပညာလင်္ကာရကျောင်းသည် အသျှင်ဝါသဝ၏ ရခိုင်ဝေါဟာရ အဘိဓာန်ကို မွီးဖွားရာ ဌာနဖြစ်တေ။ ဤ အန်ဒရိုင် ရခိုင်အဘိဓာန်ကို စစ်တွေမြို
    မိခင်၏ ဝမ်းတိုက်မှ သား၊ သမီးကို မွေးထုတ်သည်။ ၂၊ စာပေ၊ ကျမ်းဂန် စသည်ကို ရေးသား ပြုစုရာ၌ တစ်နေရာတည်းကို အစွဲပြု၍ ပြီးဆုံးအောင် ရေးသားသည်။ ပညာလင်္ကာရကျောင်းသည် အသျှင်ဝါသဝ၏ ရခိုင်ဝေါဟာရ အဘိဓာန်ကို မွေးဖွားရာ ဌာနဖြစ်သည်။ ဤ အန်ဒရိုင် ရခိုင်အဘိဓာန်ကို စစ်တွေမြို
    give birth
    ကြိယာ

    ဖွာ၂

    [pʰwà၂]
    အခိုးကို ခံမားသို့ စုပ်သွင်း သောက်ရီ။ ၂၊ အခိုးကို ခံမားသို့ စုပ်ယူ မှုတ်ထုတ်ရေ။ ဆီးလိပ်ဖွာရေ (အရပ်)
    အခိုးကို ခံတွင်းသို့ စုပ်သွင်း သောက်သည်။ ၂၊ အခိုးကို ခံတွင်းသို့ စုပ်ယူ မှုတ်ထုတ်သည်။ ဆီးလိပ်ဖွာရေ (အရပ်)
    Puff (in smoking)
    ကြိယာ

    ဖွား၂

    [pʰWà၂]
    အမွှီးအမှင် အစဟိစွာ ပွရွ ပြန့်ကားသော။ (ဖွား - အမွှီးအမှင် အစဟိစွာ ပွရောင်း ကားပြန့်သော ခွီးကို ခေါ်သော စကားလုံး)
    အမွှေးအမှင် စသည် ပွရွ ပြန့်ကားသော။ (ဖွား - အမွှေးအမှင် စသည် ပွရောင်း ကားပြန့်သော ခွေးကို ခေါ်သော စကားလုံး)
    be shaggy (as of dog’s coat)
    နာမဝိသေသန

    ဖွားဒါဘောင်

    [pʰWàdàbʱàʊɴ]
    မိခင် ဘခင်ရို့၏ အမင်။ ၂၊ ယင်းအရွယ် ဟိသူကို ခေါ်သော အာလုပ်စကား
    မိခင် ဘခင်တို့၏ အမေ။ ၂၊ ယင်းအရွယ် ရှိသူကို ခေါ်သော အာလုပ်စကား
    grandmother
    နာမ်

    ဖွားဖွား

    [pʰWàpʰWà]
    ကရားကထား ကွဲပြား လွင့်ပါးရေ။ အစွန်အဖျား ကွဲဖြာရေ။ ဝတ်တေစားသည်၊ နီရေထိုင်ရေ၊ ကကောင်း စုတ်ပဲ့တေ၊ ဖွားဖွား ရွားရွားကာ။ (အရပ်) တစုတစည်းတည်း မဟိ၊ ကွဲဖြာထွက်ရေ။ မင်းရို့ ကကောင်း ဖွားရေ၊ အိမ်သို့ ရာကိုပင် မလှည်ကတ်လား။ (အရပ်
    ဖရိုဖရဲ ကွဲပြား လွင့်ပါးသည်။ အစွန်အဖျား ကွဲဖြာသည်။ ဝတ်တေစားရေ၊ နီရေထိုင်ရေ၊ ကောင်းကောင်း ညစ်ပတ်တေ၊ ဖွားဖွား ရွားရွားကာ။ (အရပ်) တစ်စုတစ်စည်းတည်း မရှိ၊ ကွဲဖြာထွက်သည်။ မင်းရို့ ကောင်းကောင်း ဖွားရေ၊ အိမ်ကို ရာကိုပင် မလှည်ကတ်လား။ (အရပ်
    disorder-disarray
    ကြိယာ

    ဖွားဖွားရွားရွား

    [pʰWàpʰWàɹWàɹWà]
    ကရားကထား ကွဲပြား လွင့်ပါးရေ။ အစွန်အဖျား ကွဲဖြာရေ။ ဝတ်တေစားသည်၊ နီရေထိုင်ရေ၊ ကကောင်း စုတ်ပဲ့တေ၊ ဖွားဖွား ရွားရွားကာ။ (အရပ်) တစုတစည်းတည်း မဟိ၊ ကွဲဖြာ ထွက်သည်
    ဖရိုဖရဲ ကွဲပြား လွင့်ပါးသည်။ အစွန်အဖျား ကွဲဖြာသည်။ ဝတ်တေစားရေ၊ နီရေထိုင်ရေ၊ ကောင်းကောင်း ညစ်ပတ်တေ၊ ဖွားဖွား ရွားရွားကာ။ (အရပ်) တစ်စုတစ်စည်းတည်း မရှိ၊ ကွဲဖြာ ထွက်သည်
    split
    ကြိယာ

    ဖွားရီဖွားရွား

    [pʰWàɹípʰWàɹWà]
    ကရားကထား ကွဲပြား လွင့်ပါးရေ။ အစွန်အဖျား ကွဲဖြာရေ။ ဝတ်တေစားသည်၊ နီရေထိုင်ရေ၊ ကကောင်း စုတ်ပဲ့တေ၊ ဖွားဖွားရွားရွားကာ။ (အရပ်) တစုတစည်းတည်း မဟိ၊ ကွဲဖြာ ထွက်သည်
    ဖရိုဖရဲ ကွဲပြား လွင့်ပါးသည်။ အစွန်အဖျား ကွဲဖြာသည်။ ဝတ်တေစားရေ၊ နီရေထိုင်ရေ၊ ကောင်းကောင်း ညစ်ပတ်တေ၊ ဖွားဖွားရွားရွားကာ။ (အရပ်) တစ်စုတစ်စည်းတည်း မရှိ၊ ကွဲဖြာ ထွက်သည်
    disorder-disarray
    ကြိယာ

    ဖွာသီဖွာသွပ်

    [pʰwàθípʰwàθwaʔ]
    စိကေချေ အနှမ်းပဲ။ ရူးနှမ်းနှမ်း
    အနည်းငယ် စိတ်မနှံ့ပဲ။ ရူးနှမ်းနှမ်း
    lose sense
    ကြိယာဝိသေသန

    ဖွာသွပ်

    [pʰwàθwaʔ]
    ပကတိ စိတ်ပျက်ယွင်း ဖေါက်ပြန်သော
    ပကတိ စိတ်ယွင်းပျက် ဖေါက်ပြန်သော
    lose sense
    နာမဝိသေသန

    ဖွီ

    [pʰwí]
    လိုရာကို တွေ့ဟိအောင် လိုက်လံ စစ်ဆီး ကြည့်ရှုရေ။ ၂၊ ရယောင် အားထုတ်ရေ။ ၃၊ အမျိုးမျိုး အလှယ်လှယ် စီစားရေ။ တခုမကျန် အားလုံးကို ဖွီယှာရေ (အရပ်)
    လိုရာကို တွေ့ဟိအောင် လိုက်လံ စစ်ဆေး ကြည့်ရှုသည်။ ၂၊ ရအောင် အားထုတ်သည်။ ၃၊ အမျိုးမျိုး အလှယ်လှယ် စေစားသည်။ တစ်ခုမကျန် အားလုံးကို ဖွီရှာရေ (အရပ်)
    effort-find
    ကြိယာ

    ဖွီး

    [pʰwï]
    ဖြူသော။ ၂၊ (ဥပစာ) တခွင် တပြင်လုံး ပြန့်ကျယ်အောင် များရေ
    ဖြူသော။ ၂၊ (ဥပစာ) တစ်ခွင် တစ်ပြင်လုံး ပြန့်ကျယ်အောင် များပြားသော
    pure-white
    နာမဝိသေသန