Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 741–760 of 769 words

    ဖ

    ဖွီဖွီ

    [pʰwípʰwí]
    ရယောင် အားထုတ်ရေ။ ဟပ်ချိုင်းကာဖြင့်၊ တက်ပျာလားလို့၊ ရှာငြားဖွီဖွီ၊ ထင်းရောင်းခြွီကေ။ (ရီလား
    ရအောင် အားထုတ်သည်။ ဟပ်ချဉ်းကာဖြင့်၊ တက်ပျာလားလို့၊ ရှာငြားဖွီဖွီ၊ ထင်းရောင်းခြွီကေ။ (ရီလား
    effort-find
    ကြိယာ

    ဖွီးဖွီး

    [pʰwïpʰwï]
    သန့်စင်စွာ ဖြူသော။ ဖြူဖွေးသော။ ၂၊ ထင်သာ မြင်သာသော။ ဖွီးဖွီးဖျင်ဖျင်၊ သျှင်ရသိကို၊ ကျွန်ဇာဝီးကမြင်။ (ဓမ္မက
    သန့်စင်စွာ ဖြူသော။ ဖြူဖွေးသော။ ၂၊ ထင်သာ မြင်သာသော။ ဖွီးဖွီးဖျင်ဖျင်၊ သျှင်ရသိကို၊ ကျွန်ဇာဝီးကမြင်။ (ဓမ္မက
    pure
    နာမဝိသေသန

    ဖွီးဖွီးဖြူ

    [pʰwïpʰwïpʰɹù]
    များရေ။ (တဗျင်း ပြန့်ကြဲနီရေ အရာတိကို ဖြူဖွီးစွာ မြင်ရရေအတိုင်း တင်စားပြီးကေ သုံးနှုန်းရေ။) ဘိသိက်တင်ကေ၊ သဘင်ပွဲကို၊ မစဲနိညဉ့်၊ ဖွီးဖွီးဖြူကေ၊ လူအပြည့်တည်း (ပဒုမ္မ) ဆွီမျိုးခံသူ၊ ဖွီးဖွီးဖြူမျှ၊ ယင်းသူခပ်သိမ်းတိကို (ဥဒိန်တု) အလွန်ဖြူသော။ ဖြူလ
    များပြားသော။ (အများကြီး ပြန့်ကြဲနီရေ အရာများကို ဖြူဖွီးစွာ မြင်ရရေအတိုင်း တင်စားပြီးကေ သုံးနှုန်းသည်။) ဘိသိက်တင်ကေ၊ သဘင်ပွဲကို၊ မစဲနေ့ညဉ့်၊ ဖွီးဖွီးဖြူကေ၊ လူအပြည့်တည်း (ပဒုမ္မ) ဆွီမျိုးခံသူ၊ ဖွီးဖွီးဖြူမျှ၊ ထိုသူခပ်သိမ်းများကို (ဥဒိန်တု) အလွန်ဖြူသော။ ဖြူလ
    none
    နာမဝိသေသန

    ဖွီယှာ

    [pʰwíʃà]
    ရောင်းဝယ်ရာမာ တန်ဖိုး သတ်မှတ် သုံးစွဲသော အရာ၊ ငွီ
    ရောင်းဝယ်ရာတွင် တန်ဖိုး သတ်မှတ် သုံးစွဲသော အရာ၊ ငွေ
    money
    နာမ်

    ဖွီရှာ

    [pʰwíʃà]
    လိုရာကို တွေ့ဟိအောင် လိုက်လံ စစ်ဆီး ကြည့်ရှုရေ။ ၂၊ ရယောင် အားထုတ်ရေ။ ၃၊ အမျိုးမျိုး အလှယ်လှယ် စီစားရေ။ တခုမကျန် အားလုံးကို ဖွီယှာရေ (အရပ်
    လိုရာကို တွေ့ဟိအောင် လိုက်လံ စစ်ဆေး ကြည့်ရှုသည်။ ၂၊ ရအောင် အားထုတ်သည်။ ၃၊ အမျိုးမျိုး အလှယ်လှယ် စေစားသည်။ တစ်ခုမကျန် အားလုံးကို ဖွီရှာရေ (အရပ်
    examine-find
    ကြိယာ

    ဖွီသာ

    [pʰwíθà]
    ရောင်းဝယ်ရာမာ တန်ဖိုး သတ်မှတ် သုံးစွဲသော အရာ၊ ငွီ
    ရောင်းဝယ်ရာတွင် တန်ဖိုး သတ်မှတ် သုံးစွဲသော အရာ၊ ငွေ
    money
    နာမ်

    ဖွေး

    [pʰwé]
    ဖြူသော
    ဖြူသော
    pure-white
    နာမဝိသေသန

    ဖွေးဖွေးဖြူ

    [pʰwépʰwépʰɹù]
    ဖြူဖွေးသော အရာများပြားစွာ
    ဖြူဖွေးသော အရာများပြားစွာ
    many of white
    ကြိယာဝိသေသန

    ဖွေယှာ

    [pʰwèʃà]
    ရောင်းဝယ်ရာမာ တန်ဖိုး သတ်မှတ် သုံးစွဲသော အရာ၊ ငွီ
    ရောင်းဝယ်ရာတွင် တန်ဖိုး သတ်မှတ် သုံးစွဲသော အရာ၊ ငွေ
    money
    နာမဝိသေသန

    ဖွေးသစ်သစ်လို့

    [pʰwéθɪʔθɪʔlo̰]
    လိုချင် တပ်မက်ခြင်း ပြင်းစွာ။ စောင့်စည်း ထိန်းသိမ်းနိုင်ခြင်း မဟိပဲ။ စားဖို့စွာကို မြင်က ဖွေးသစ်သစ်လို့ စားမရ (အရပ်) ၂၊ အစာကို အငမ်းမရ လွန်ကဲစွာ စားသောက်ဗျာယ်
    လိုချင် တပ်မက်ခြင်း ပြင်းစွာ။ စောင့်စည်း ထိန်းသိမ်းနိုင်ခြင်း မဟိပဲ။ စားဖို့စွာကို မြင်က ဖွေးသစ်သစ်လို့ စားမရ (အရပ်) ၂၊ အစာကို အငမ်းမရ လွန်ကဲစွာ စားသောက်လျက်
    without restraint or control
    ကြိယာဝိသေသန

    ဖွေသာ

    [pʰwèθà]
    ရောင်းဝယ်ရာမာ တန်ဖိုး သတ်မှတ် သုံးစွဲသော အရာ၊ ငွီ။ တချို့မာလေ၊ ဖွေသာကိုဖြုန်း၊ ပလင်းထောင်ပျာ၊ ဘဲပေါင်းတိကို ကိုက်စားသုံးရေ (ပဒ)။ တရက်စီပီးရိကွာ၊ ဖွေသာသုံးပြား၊ တထပ်စားပနာ၊ ဘုရားကိုရာ ရှုမျှော်ဗျာယ်။ (ဒေဝမ်း
    ရောင်းဝယ်ရာတွင် တန်ဖိုး သတ်မှတ် သုံးစွဲသော အရာ၊ ငွေ။ တစ်ချို့မှာလေ၊ ဖွေသာကိုဖြုန်း၊ ပလင်းထောင်ပျာ၊ ဘဲပေါင်းများကို ကိုက်စားသုံးသည် (ပဒ)။ တရက်စီပီးရိကွာ၊ ဖွေသာသုံးပြား၊ တထပ်စား၍၊ ဘုရားကိုသာ ရှုမျှော်လျက်။ (ဒေဝမ်း
    none
    နာမ်

    ဖွဲ

    [pʰwɛ]
    စပါးအခွံ။ ၂၊ ဆန်စိ အပြင်ခွံမြှေး
    စပါးအခွံ။ ၂၊ ဆန်စေ့ အပြင်ခွံမြှေး
    bran
    နာမ်

    ဖွဲ့

    [pʰwé]
    အစုအသင်း တည်ဆောက်ရေ။ ၂၊ ပေါင်းစု စည်းချိုင်ရေ။ ၃၊ မျိုးချင်းတူရာ ခွဲခြားစု၍ ရီတွက်ရေ။ ၄၊ သင့်လျော်ရာ နိူင်းဘက်တိကို ဖွဲ့နွဲ့ရီးသား စပ်ဆိုရေ
    အစုအသင်း တည်ဆောက်သည်။ ၂၊ ပေါင်းစု စည်းချည်သည်။ ၃၊ မျိုးချင်းတူရာ ခွဲခြားစု၍ ရေတွက်သည်။ ၄၊ သင့်လျော်ရာ ယှဉ်ဘက်များကို ဖွဲ့နွဲ့ရေးသား စပ်ဆိုသည်
    tie or twist into a string
    ကြိယာ

    ဖွဲကြမ်း

    [pʰwɛt͡ɕáɴ]
    ဆန်စိအပြင် မြှေးကွဲပြီးရေ စပါးခွံ
    ဆန်စေ့အပြင် မြှေးကွဲပြီးသော စပါးခွံ
    paddy husk
    နာမ်

    ဖွဲ့စည်း

    [pʰwésɛ́]
    ပေါင်းစု စည်းချိုင်ရေ။ ၂၊ ပေါင်းရုံး တည်ထောင်သည်
    ပေါင်းစု စည်းချည်သည်။ ၂၊ ပေါင်းရုံး တည်ထောင်သည်
    Form (union association or organization)
    ကြိယာ

    ဖွဲ့ဆို

    [pʰwésʰÒ]
    တေးခြင်း ကဗျာအဖြစ် စီကုံးသည်
    သီချင်း ကဗျာအဖြစ် စီကုံးသည်
    compose (a verse or a song)
    ကြိယာ

    ဖွဲထာကြီး

    [pʰwɛtʰàt͡ɕï]
    ရုံး၊ ဘဏ်၊ ဆိုင် အစဟိစွာရို့မာ စာပီးစာယူ ပြုခြင်း၊ စာရင်း အင်း ကိုင်ခြင်း၊ အမိန့်စာ အမာစာ ရီးခြင်း အစဟိရေ လုပ်ငန်းရို့ကို ဆောင်ရွက်သော အမှုထမ်း အကြီးစား
    ရုံး၊ ဘဏ်၊ ဆိုင် စသည်တို့တွင် စာပေးစာယူ ပြုခြင်း၊ စာရင်း အင်း ကိုင်ခြင်း၊ အမိန့်စာ အမှာစာ ရေးခြင်း စသော လုပ်ငန်းတို့ကို ဆောင်ရွက်သော အမှုထမ်း အကြီးစား
    officer
    နာမ်

    ဖွဲထာသီး

    [pʰwɛtʰàθï]
    ပဲကြက်ဥခိုးမ အမျိုးအစားဝင် အသီးတောက်ကို ထုတ်ပနာ အသီးစားရရေ နွယ်ပင်တမျိုး
    ပဲလင်းမြွေ အမျိုးအစားဝင် အသီးတောင့်ကို ထုတ်၍ အသီးစားရသော နွယ်ပင်တစ်မျိုး
    snake gourd
    နာမ်

    ဖွဲဒါကြီး

    [pʰwɛdàt͡ɕï]
    ရုံး၊ ဘဏ်၊ ဆိုင် အစဟိစွာရို့မာ စာပီးစာယူ ပြုခြင်း၊ စာရင်း အင်း ကိုင်ခြင်း၊ အမိန့်စာ အမာစာ ရီးခြင်း အစဟိရေ လုပ်ငန်းရို့ကို ဆောင်ရွက်သော အမှုထမ်း အကြီးစား။ ဖွဲဒါလာလည်း ငါမထီ၊ ပျာဒါလာလည်း ငါမထီ၊ အမိမာမေါင်၊ သင်္ဘောသူကြီး၊ ဝရီးလာရေ ငါကြောက်တေ။ (တေး
    ရုံး၊ ဘဏ်၊ ဆိုင် စသည်တို့တွင် စာပေးစာယူ ပြုခြင်း၊ စာရင်း အင်း ကိုင်ခြင်း၊ အမိန့်စာ အမှာစာ ရေးခြင်း စသော လုပ်ငန်းတို့ကို ဆောင်ရွက်သော အမှုထမ်း အကြီးစား။ ဖွဲဒါလာလည်း ငါမကြောက်၊ ပျာဒါလာလည်း ငါမကြောက်၊ အမိမှာမေါင်၊ သင်္ဘောသူကြီး၊ ဝရီးလာရေ ငါကြောက်တေ။ (တေး
    officer
    နာမ်

    ဖွဲဒါရီ

    [pʰwɛdàɹí]
    တရားမ တရားလူကြီး စီရင်ချက် အတိုင်း လိုက်နာ ဆောင်ရွက်ရန် ချမှတ်သည့် အမိန့်
    တရားမ တရားသူကြီး စီရင်ချက် အတိုင်း လိုက်နာ ဆောင်ရွက်ရန် ချမှတ်သည့် အမိန့်
    utterance
    နာမ်