Dictionary Entries
Showing 761–769 of 769 words
ဖ
ဖွဲ့နွဲ့
[pʰwénwé]
Arakanese:
သာယာ နာပျော်ဖွယ် ဖြစ်ယောင် (ကျနအောင်) စီဖွဲ့ရေ။ ဟဲဟို-ဟဲဟို၊ နတ်ဆရာရို့၊ စီကာဖွဲ့နွဲ့။ (ကော်
Burmese:
သာယာ နာပျော်ဖွယ် ဖြစ်အောင် (ကျနအောင်) စီဖွဲ့သည်။ ဟဲဟို-ဟဲဟို၊ နတ်ဆရာတို့၊ စီကာဖွဲ့နွဲ့။ (ကော်
English:
use ornate language in speech or writing-compose (a verse or a song)
Grammar Note:
ကြိယာ
ဖွဲပြာကျ
[pʰwɛpɹàt͡ɕ]
Arakanese:
ဇာလေ့ မဟိလောက်ယောင် မွဲရေ။ ချွတ်ခြုံ ကျရေ
Burmese:
ဘာမျှ မဟိလောက်အောင် မွဲသည်။ ချွတ်ခြုံ ကျသည်
English:
poor
Grammar Note:
ကြိယာ
ဖွဲမီး
[pʰwɛmï]
Arakanese:
ဖွဲကြမ်းကို လောင်စာပြုပနာ တောက်လောင် စီရေ မီး။ ၂ တငွိ့ငွိ့ အဟိန်မပြတ် တောက်လောင်သော မီး
Burmese:
ဖွဲကြမ်းကို လောင်စာပြု၍ တောက်လောင် စေသော မီး။ ၂ တငွေ့ငွေ့ အရှိန်မပြတ် တောက်လောင်သော မီး
English:
fire fueled by paddy husks
Grammar Note:
နာမ်
ဖွဲမှုန့်
[pʰwɛm̥òʊɴ့]
Arakanese:
ပွတ်တိုက်မှုကြောင့် မှုန့်ညက်နိန်ရေ့ ဆန်စိအခွံ မြှေးပါး
Burmese:
ပွတ်တိုက်မှုကြောင့် မှုန့်ညက်နေသည့် ဆန်စေ့အခွံ မြှေးပါး
English:
bran
Grammar Note:
နာမ်
ဖွဲရာ
[pʰwɛɹà]
Arakanese:
ဥစ္စာ စည်းစိမ် ကင်းကွာ ဆင်းရဲသော။ ၂၊ နည်းလျော့ ခေါင်းပါးသော
Burmese:
ဥစ္စာ စည်းစိမ် ကင်းကွာ ဆင်းရဲသော။ ၂၊ နည်းလျော့ ခေါင်းပါးသော
English:
poor
Grammar Note:
နာမဝိသေသန
ဖွဲရာကျ
[pʰwɛɹàt͡ɕ]
Arakanese:
ပင်ပန်း မွဲတေသော အဖြစ်
Burmese:
ပင်ပန်း မွဲတေသော အဖြစ်
English:
poor
Grammar Note:
နာမ်
ဖွဲရာကျကြံ
[pʰwɛɹàt͡ɕt͡ɕံ]
Arakanese:
ဆင်းရဲအောင် အမှုယှာရေ။ ကိုယ့်ရေ ပင်လျှင် ကိုယ့်အားထုတ် ပြုလုပ်ရေ
Burmese:
ဆင်းရဲအောင် အမှုရှာသည်။ မိမိသည် ပင်လျှင် မိမိအားထုတ် ပြုလုပ်သည်
English:
make to become poor by oneself
Grammar Note:
ကြိယာ
ဖွဲရာကျွတ်
[pʰwɛɹàt͡ɕwaʔ]
Arakanese:
ဝန်၊ ဥစ္စာ ကုန်ခန်း ဆင်းရဲခြင်းသို့ ရောက်ရေ။ လင်ငပြာလေ၊ ဖွဲရာကျွတ်မာ၊ ဆရတ်ခတိ။ (ပဒုမ္မ
Burmese:
ပစ္စည်း၊ ဥစ္စာ ကုန်ခန်း ဆင်းရဲခြင်းသို့ ရောက်သည်။ လင်ငပြာလေ၊ ဖွဲရာကျွတ်မှာ၊ ဆရတ်ခတိ။ (ပဒုမ္မ
English:
become poor
Grammar Note:
ကြိယာ
ဖွဲရာတိုင်
[pʰwɛɹàtàɪɴ]
Arakanese:
ဇာလေ့မဟိ လောက်ယောင် မွဲရေ။ ချွတ်ခြုံ ကျရေ
Burmese:
ဘာမျှမဟိ လောက်အောင် မွဲသည်။ ချွတ်ခြုံ ကျသည်
English:
poor
Grammar Note:
ကြိယာ