Dictionary Entries
Showing 61–80 of 769 words
ဖ
ဖစ်ဖစ်သီ
[pʰɪʔpʰɪʔθí]
Arakanese:
ခရီးလားလာရဖန် များတွက်နန့် ခြေနှင့်လက်ရို့မာ ခွန်အား ယုတ်လျော့ ကုန်ခန်းရေ။ အလွန် ညောင်းညာ နွမ်းရိရေ။ ခြေလက်ရို့ကို မသယ်ချင် မ မချင် ဖြစ်တေ။ အေနိ တရက်လုံး လားရစွာ ခြီဆစ်လက်ဆစ်တိ ဖစ်ဖစ်သီရေ။ (အရပ်
Burmese:
ခရီးသွားလာရဖန် များ၍ ခြေနှင့်လက်တို့တွင် ခွန်အား ယုတ်လျော့ ကုန်ခန်းသည်။ အလွန် မောပန်း နွမ်းနယ်သည်။ ခြေလက်တို့ကို မသယ်ချင် မ မချင် ဖြစ်သည်။ အေနိ တစ်ရက်လုံး လားရစွာ ခြီဆစ်လက်ဆစ်တိ ဖစ်ဖစ်သီရေ။ (အရပ်
English:
tired
Grammar Note:
ကြိယာ
ဖတောင့်ဖလှယ်
[pʰtɔ́ɪ̰ɴpʰɬɛ̀]
Arakanese:
တဖက်နှင့် တဖက်၊ တယောက်နှင့် တယောက် အပြန်အလှန်အနိန်နန့်။ အစ်ကိုဒယော ညီဒယော၊ ဖတောင့်ဖလှယ်၊ ဝတ်ကတ်မေ (ပဲယာသူ)
Burmese:
တစ်ဘက်နှင့် တစ်ဘက်၊ တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် အားဖြင့်။ အစ်ကိုဒယော ညီဒယော၊ ဖတောင့်ဖလှယ်၊ ဝတ်ကတ်မေ (ပဲယာသူ)
English:
exchange
Grammar Note:
ကြိယာဝိသေသန
ဖတ်
[pʰaʔ]
Arakanese:
အက္ခရာစာလုံးတိကို နှုတ်ဖြင့် တရုရု ဆိုရေ။ ကျမ်းဂန် စာပီတိကို ရွတ်ဖတ် သရဇ္ဇျာယ် ကတ်ကုန်၏ နှုန်းဖြင့် အခေါက်ခေါက် အလီလီ သွန်သင် ဆုံးမရေ။ မိဖနှစ်ပါး သားသမီးတိကို ကွမ်းဖတ်မွားယောင် ဆိုဆုံးမကတ်ကုန်၏
Burmese:
အက္ခရာစာလုံးများကို နှုတ်ဖြင့် တတွတ်တွတ် ဆိုသည်။ ကျမ်းဂန် စာပေများကို ရွတ်ဖတ် သရဇ္ဇျာယ် ကြကုန်၏ နှုန်းဖြင့် အကြိမ်ကြိမ် အလီလီ သွန်သင် ဆုံးမသည်။ မိဖနှစ်ပါး သားသမီးများကို ကွမ်းဖတ်မွားယောင် ဆိုဆုံးမကြကုန်၏
English:
read
Grammar Note:
ကြိယာ
ဖတ်၂
[pʰaʔ၂]
Arakanese:
ဝါအစဟိစွာရို့ကို လောင်းးကြိုးဖြင့် ပွမွလာယောင် ဖွသည်
Burmese:
ဝါစသည်တို့ကို လေးကြိုးဖြင့် ပွမွလာအောင် ဖွသည်
English:
ruffle
Grammar Note:
ကြိယာ
ဖတ်ကြား
[pʰaʔt͡ɕá]
Arakanese:
လူများ ကြားသိစီရန် စာကိုကြည့်၍ ရွတ်ဆိုပြရေ
Burmese:
သူတစ်ပါး ကြားသိစေရန် စာကိုကြည့်၍ ရွတ်ဆိုပြသည်
English:
read
Grammar Note:
ကြိယာ
ဖတ်စာ
[pʰaʔsà]
Arakanese:
စာသင်ကျောင်း များမာ ဖတ်ရန် ပြဌာန်းထားရေ့ ဘာသာစကား အခြီခံ သင်ရိုးစာအုပ်
Burmese:
စာသင်ကျောင်း များတွင် ဖတ်ရန် ပြဌာန်းထားသည့် ဘာသာစကား အခြေခံ သင်ရိုးစာအုပ်
English:
reader
Grammar Note:
နာမ်
ဖတ်ဖတ်
[pʰaʔpʰaʔ]
Arakanese:
အခေါက်ခေါက်၊ အလီလီ၊ အကြိမ်များစွာ
Burmese:
အကြိမ်ကြိမ်၊ အလီလီ၊ အကြိမ်များစွာ
English:
again and again
Grammar Note:
ကြိယာဝိသေသန
ဖတ်ဖတ်၂
[pʰaʔpʰaʔ၂]
Arakanese:
ပင်ပန်း ညှိုးငယ်စွာ။ နွမ်းရိစွာ။ ကိုယ်စိတ် ပင်ပန်းကြီးစွာ
Burmese:
ပင်ပန်း ညှိုးငယ်စွာ။ နွမ်းရိစွာ။ ကိုယ်စိတ် ပင်ပန်းကြီးစွာ
English:
tired
Grammar Note:
ကြိယာဝိသေသန
ဖတ်ဖတ်မော
[pʰaʔpʰaʔmɔ́]
Arakanese:
အံ့ဩဖွယ် ကောင်းလောက်ယောင်
Burmese:
အံ့ဩဖွယ် ကောင်းလောက်အောင်
English:
amazing
Grammar Note:
ကြိယာဝိသေသန
ဖတ်ဖတ်မော၂
[pʰaʔpʰaʔmɔ́၂]
Arakanese:
မမျှော်လင့်သော အဖြစ်ကို ဗြုန်းခနဲ တွိရမြင်ရ ကြားရရေအခါ ဇာပိုင် ပြုလုပ်ရဖို့မသိ ဖြစ်တေ။ ငါ့ရုပ်သွင်ကို၊ မြင်ပြန်လတ်က၊ ဖတ်ဖတ်မျိုးထွေ၊ အပိုင်လေ၊ ချွေးယိုကျကေ၊ ငိုရဖို့လေ (ဥဒိန်)။ အလောင်းကျော်ထင်၊ စွမ်းဂုဏ်အင်ကြောင့်၊ ရင်လက်ခတ်လို့၊ ဖတ်ဖတ်လည်းမော၊ ခတ္တိယလေ၊
Burmese:
မမျှော်လင့်သော အဖြစ်ကို ရုတ်တရက် တွေ့ရမြင်ရ ကြားရသောအခါ မည်သို့ ပြုလုပ်ရမည်မသိ ဖြစ်သည်။ ငါ့ရုပ်သွင်ကို၊ မြင်ပြန်လတ်က၊ ဖတ်ဖတ်မောထွေ၊ အလိုလိုလေ၊ ချွေးယိုကျကေ၊ ငိုရမည်လေ (ဥဒိန်)။ အလောင်းကျော်ထင်၊ စွမ်းဂုဏ်အင်ကြောင့်၊ ရင်လက်ခတ်လို့၊ ဖတ်ဖတ်လည်းမော၊ ခတ္တိယလေ၊
English:
amazing
Grammar Note:
ကြိယာဝိသေသန
ဖတ်ဖတ်ရူး
[pʰaʔpʰaʔɹùး]
Arakanese:
ပကတိစိတ် ပျက်ယွင်း ဖေါက်ပြန်သော
Burmese:
ပကတိစိတ် ယွင်းပျက် ဖေါက်ပြန်သော
English:
lose sense
Grammar Note:
နာမဝိသေသန
ဖတ်ရီဖတ်ရော
[pʰaʔɹípʰaʔɹɔ́]
Arakanese:
အစွန်းအမြိတ် ရှည်သွယ် ဖြာကျဗျာယ်။ ကစဉ့်ကလျား
Burmese:
အစွန်းအမြိတ် ရှည်သွယ် ဖြာကျလျက်။ ကစဉ့်ကလျား
English:
disorder - disarray
Grammar Note:
ကြိယာဝိသေသန
ဖတ်လီဖတ်လတ်
[pʰaʔlípʰaʔlaʔ]
Arakanese:
တဖက်က တွယ်ကပ်ပြီးကေ ကျန်တဖက်က တွဲလောင်းကျဗျာယ်
Burmese:
တစ်ဘက်က တွယ်ကပ်လျက် ကျန်တစ်ဘက်က တွဲလျားကျလျက်
English:
none
Grammar Note:
ကြိယာဝိသေသန
ဖတ်သီဖတ်ရွား
[pʰaʔθípʰaʔɹWà]
Arakanese:
ပင်ပန်း ရိရှားစွာ။ ပင်ပန်းတကြီး အားထုတ် ကြိုးစားကေလည်း
Burmese:
ပင်ပန်း ရိရှားစွာ။ ပင်ပန်းတကြီး အားထုတ် ကြိုးစားလျက်
English:
tiredly
Grammar Note:
ကြိယာဝိသေသန
ဖနောင့်
[pʰnɔ́ɪ̰ɴ]
Arakanese:
ဖဝါး၏ နောက်ဘက်ကို ထွက်နိန်ရေ အစွန်း
Burmese:
ဖဝါး၏ နောက်ဘက်သို့ ထွက်နေသော အစွန်း
English:
heel
Grammar Note:
နာမ်
ဖနောင့်တိုက်
[pʰnɔ́ɪ̰ɴtaɪʔ]
Arakanese:
အခဲမကျီခြင်း၊ ပြန်လှန် ခုခံလိုခြင်း၊ စိတ်ကောက်ခြင်း၊ စိတ်တိုခြင်း အစဟိစွာရို့ကြောင့် မြီကြီးကိုသော် ပင်ဖြစ်ဖြစ်၊ ကြမ်းပြင်ကိုသော် ပင်ဖြစ်ဖြစ် ခြေဖနောင့် အဟိန်ဖြင့် နင်လားငါလား ဆောင့်ရေ။ သံတိုင်ကြီးကို၊ ပတုံးနှင့်ရိုက်၊ ဖနောင့်တိုက်ကေ၊ ပြိုက်ပြိုက်ပြိုပြုန်း (ကော်)
Burmese:
မကျေမနပ်ခြင်း၊ ပြန်လှန် ခုခံလိုခြင်း၊ စိတ်ကောက်ခြင်း၊ စိတ်တိုခြင်း စသည်တို့ကြောင့် မြေကြီးကိုသော် လည်းကောင်း၊ ကြမ်းပြင်ကိုသော် လည်းကောင်း ခြေဖနောင့် အရှိန်ဖြင့် တအား ဆောင့်သည်။ သံတိုင်ကြီးကို၊ ပတုံးနှင့်ရိုက်၊ ဖနောင့်တိုက်ကေ၊ ပြိုက်ပြိုက်ပြိုပြုန်း (ကော်)
English:
kickback
Grammar Note:
ကြိယာ
ဖန်
[pʰàɴ]
Arakanese:
အိပ်ရီး ပျက်ရေအခါ မျက်စိထဲ မီးခိုးဝင် ပိုင် မျက်စိ စပ်ရေ။ (မျက်စိဖန်)
Burmese:
အိပ်ရေး ပျက်သောအခါ မျက်စိထဲ မီးခိုးဝင် သကဲ့သို့ မျက်စိ စပ်သည်။ (မျက်စိဖန်)
English:
be tired-eyed
Grammar Note:
ကြိယာ
ဖန်၂
[pʰàɴ၂]
Arakanese:
လဲ၊ ဝါ အစဟိစွာရို့ကို ပွမွလာယောင် ဖွရေ။ (ဝါဖန်
Burmese:
သလဲ၊ ဝါ စသည်တို့ကို ပွမွလာအောင် ဖွသည်။ (ဝါဖန်
English:
gin cotton
Grammar Note:
ကြိယာ
ဖန်၃
[pʰàɴ၃]
Arakanese:
အကြိမ်အခါ။ (လားဖန်၊ လာဖန်၊ စါးဖန်၊ သောက်ဖန် အစဟိစွာအနိန်နန့် သုံးရေ။
Burmese:
အကြိမ်အခါ။ (လားဖန်၊ လာဖန်၊ စါးဖန်၊ သောက်ဖန် စသည်ဖြင့် သုံးသည်။
English:
number of times
Grammar Note:
နာမ်
ဖန်ခါး
[pʰàɴkʰàး]
Arakanese:
အရသာ ဖန်ခါးသော အသီးလုံးများ သီးသည့် ပင်စောက်တမျိုး
Burmese:
အရသာ ဖန်ခါးသော အသီးလုံးများ သီးသည့် ပင်စောက်တစ်မျိုး
English:
myrobalan tree
Grammar Note:
နာမ်