Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 161–180 of 769 words

    ဖ

    ဖိန့်

    [pʰḛɪɴ]
    ကိုယ်ထည်မာတင်း ပြည့်ဖြိုးသော။ ကိုယ်လုံး ကိုယ်ပေါက်၊ ဖိန့်နီရေ။ (အရပ်
    ကိုယ်ထည်မာတင်း ပြည့်ဖြိုးသော။ ကိုယ်လုံး ကိုယ်ပေါက်၊ ဖိန့်နီရေ။ (အရပ်
    strong
    နာမဝိသေသန

    ဖိန်း

    [pʰéɪɴ]
    ဝရေ၊ ဝဖြိုးရေ။ ကိုယ်ခန္ဓါ အသားအရီ ပြည့်ဖိန်းနီရေ။ (အရပ်
    ဝသည်၊ ဝဖြိုးသည်။ ကိုယ်ခန္ဓါ အသားအရီ ပြည့်ဖိန်းနီရေ။ (အရပ်
    fat
    ကြိယာ

    ဖိနှိပ်

    [pʰìn̥ìaʔ]
    ပုတ်ခတ် နိမ့်ကျစီရေ။ တအား တွန်းဖိသည်
    ပုတ်ခတ် နိမ့်ကျစေသည်။ တစ်အား တွန်းဖိသည်
    oppress
    ကြိယာ

    ဖိနှိမ်

    [pʰìn̥èɪɴ]
    လှုပ်ယှားမှု မရယောင်၊ မဆန့်ကျင် လာယောင် ထိန်းချုပ်သည်
    လှုပ်ရှားမှု မရအောင်၊ မဆန့်ကျင် လာအောင် ထိန်းချုပ်သည်
    repression
    ကြိယာ

    ဖိဖိ

    [pʰìpʰì]
    အားစိုက် ကြိုးစားလျှက်။ အလုပ်ကို အာရုံစိုက်ပျာ ဖိဖိလုပ်ရရေ။ (အရပ်
    အားစိုက် ကြိုးစားလျှက်။ အလုပ်ကို အာရုံစိုက်ပျာ ဖိဖိလုပ်ရရေ။ (အရပ်
    exert strength - try one’s hardest
    ကြိယာဝိသေသန

    ဖိဖိစီးစီး

    [pʰìpʰìsïsï]
    အားသွန် ကြိုးပမ်းဗျာယ်။ ထိထိ ရောက်ရောက် ဖြစ်မြောက်အောင် အားထုတ် လုံးပန်းဗျာယ်
    အားသွန် ကြိုးပမ်းလျက်။ ထိထိ ရောက်ရောက် ဖြစ်မြောက်အောင် အားထုတ် လုံးပန်းလျက်
    with might and main
    ကြိယာဝိသေသန

    ဖိမ့်

    [pʰèɪɴ့]
    ဖွံ့ဖြိုးသည့် ကိုယ်ခန္ဓါထက် ပိုပြီးကေ လောက်န်းသော။ ကိုယ်လက်ခန္ဓါ ဖိမ့်နီရေ(အရပ်)
    ဖွံ့ဖြိုးသည့် ကိုယ်ခန္ဓါထက် ပိုမို ပြည့်ဝန်းသော။ ကိုယ်လက်ခန္ဓါ ဖိမ့်နီရေ(အရပ်)
    fat
    နာမဝိသေသန

    ဖိမ့်ဖိမ့်တုန်

    [pʰèɪɴ့pʰèɪɴ့tòʊɴ]
    ကိုယ်ခန္ဓာ ပြည့်ဖြိုး ဖိမ့်နီရေ (အရပ်)
    ကိုယ်ခန္ဓာ ပြည့်ဖြိုး ဖိမ့်နီရေ (အရပ်)
    strong
    နာမ်

    ဖိမ့်ဖိမ့်တုန်၂

    [pʰèɪɴ့pʰèɪɴ့tòʊɴ၂]
    ကိုယ်ခန္ဓာ တခုလုံး ချောက်ချားဗျာယ်။ ခန္ဓာကိုယ်လုံး ဆတ်ဆတ်တုန်ပြီးကေ
    ကိုယ်ခန္ဓာ တစ်ခုလုံး ချောက်ချားလျက်။ ခန္ဓာကိုယ်လုံး ဆတ်ဆတ်တုန်လျက်
    tremblingly
    ကြိယာဝိသေသန

    ဖိအိ

    [pʰìʔì]
    ယနိမှ လေးရက် မြောက်သော နိ၊ ဖိန်းနွဲခါ၏ နောက် တရက်
    ယနေ့မှ လေးရက် မြောက်သော နေ့၊ ဖိန်းနွဲခါ၏ နောက် တစ်နေ့
    the day after three days
    နာမ်

    ဖို

    [pʰÒ]
    ထင်း အစဟိစွာအနိန်နန့် မီးဖိုရေ။ မီးပျိုးသည်
    ထင်း စသည်ဖြင့် မီးမွှေးသည်။ မီးပျိုးသည်
    build (a fire)
    ကြိယာ

    ဖို့

    [pʰo̰]
    ချိုင့်ဝှမ်းရာကို ပြည့်စီရေ။ မောက်မို့ ပြုရေ။ အပုံလိုက် တပ်တင်ရေ။ ကိုယ့် အပြစ်ကို တပါးသူ အပေါ်၌ ကျရောက် စီရေ
    ချိုင့်ဝှမ်းရာကို ပြည့်စေသည်။ မောက်မို့ ပြုသည်။ စုပုံ တပ်တင်သည်။ မိမိ အပြစ်ကို တစ်ပါးသူ အပေါ်၌ ကျရောက် စေသည်
    heap
    ကြိယာ

    ဖိုး

    [pʰó]
    မိခင် တနည်း ဖခင်၏ အဖေ။ အဘောင်မ၏ လင်ယောက်ျား
    မိခင် သို့မဟုတ် ဖခင်၏ အဖေ။ အဘွား၏ လင်ယောက်ျား
    grandfather
    နာမ်

    ဖို၂

    [pʰÒ၂]
    မီးမှုတ် အားပီးသော လေအိတ်
    မီးမှုတ် အားပေးသော လေအိတ်
    air bag
    နာမ်

    ဖို့၂

    [pʰo̰၂]
    အလို့ငှါ။ အတွက်။ အေအင်္ကျီ မောင်လှကို ပီးဖို့အတွက် ထားစွာပါရာ။ မားကို ဖြည့်ထားရေ မြီသစ်ပါရာ။ (အရပ်
    အလို့ငှါ။ အတွက်။ အေအင်္ကျီ မောင်လှကို ပီးဖို့အတွက် ထားစွာပါရာ။ တွင်းကို ဖြည့်ထားရေ မြီသစ်ပါရာ။ (အရပ်
    in order to
    နာမဝိသေသန

    ဖိုကျင်

    [pʰÒt͡ɕɪ̀ɴ]
    ပန်းထိမ်ဖို မြေဟောင်းနှင့် ရွှီမှုန့်၊ ရွှီစ အစဟိရေ အညှက်ဆိုး တိကို ဒယ်ပက်မာ ထည့်ပြီး ရေနှင့် အခေါက်ခေါက် ဆီးသည်
    ပန်းထိမ်ဖို မြေဟောင်းနှင့် ရွှေမှုန့်၊ ရွှေစ စသော အမှိုက်သရိုက် များကို ဒယ်ပက်တွင် ထည့်ပြီး ရေနှင့် အကြိမ်ကြိမ် ဆေးသည်
    bellows
    ကြိယာ

    ဖိုကျင်ထိုး

    [pʰÒt͡ɕɪ̀ɴtʰó]
    တခုတရီသော သံ၊ သတ္တု၊ ရွှီ၊ ငွီ အစဟိရေ သတ္တု တမျိုးမျိုးကို အရည်ပျော်အောင် မီးအား ကောင်းရန် မှုတ်အားပီးသော လေအိတ်၊ တနည်း ကသောင်းဝါးဖြင့် ပြုလုပ်ထားရေ ထိုးတံ နှစ်ချောင်းဖြင့် နိမ့်တုံမြှင့်တုံ ပြုပနာ မီးအားဖြင့် အရည် ပျော်စီရေ။ မေတ္တာရုပ်တု၊ ရွှီဆင
    တစ်စုံတစ်ခုသော သံ၊ သတ္တု၊ ရွှေ၊ ငွေ စသော သတ္တု တစ်မျိုးမျိုးကို အရည်ပျော်အောင် မီးအား ကောင်းရန် မှုတ်အားပေးသော လေအိတ်၊ သို့မဟုတ် ဝါးပိုးဝါးဖြင့် ပြုလုပ်ထားသော ထိုးတံ နှစ်ချောင်းဖြင့် နိမ့်တုံမြှင့်တုံ ပြု၍ မီးအားဖြင့် အရည် ပျော်စေသည်။ မေတ္တာရုပ်တု၊ ရွှေဆင
    work the bellows
    ကြိယာ

    ဖိုခုံတောက်

    [pʰÒkʰòʊɴtɔ́ɛʔ]
    ထင်း မီးတောက် ထက်မာ တည်မည့်အိုး စစွာကို တင်ရန် ဝန်။ (အခြီသုံးခုပါ မြီစိုင်ခဲ တနည်း အပူခံ ဝန် တမျိုးမျိုးဖြင့် ပြုလုပ်ရေ။
    ထင်း မီးတောက် ထက်တွင် တည်မည့်အိုး စသည်ကို တင်ရန် ပစ္စည်း။ (အခြေသုံးခုပါ မြေစိုင်ခဲ သို့မဟုတ် အပူခံ ပစ္စည်း တစ်မျိုးမျိုးဖြင့် ပြုလုပ်သည်။
    tripod stand or the like for cooking
    နာမ်

    ဖိုခုံတောက်ဆောက်

    [pʰÒkʰòʊɴtɔ́ɛʔsʰɔ́ɛʔ]
    ခုံတောက်ပမာ အခြီသုံးခု တည်ထားရေအနိန်နန့်
    ဖိုခနောက်ပမာ အခြေသုံးခု တည်ထားသော အားဖြင့်
    trivet
    ကြိယာဝိသေသန

    ဖိုးခေါင်ငှက်

    [pʰókʰèàɪ̀ɴŋ̊ɛʔ]
    ညောင်သီးကို စားလိဟိရေ ငှက်ငယ်တမျိုး။ အသံ သာယာစွာ မြည်တတ်၍ ဇကန်းနှင့် တူစွာ့ ဥဩမျိုးဝင် ငှက်တမျိုး၊ ဖိုးခေါင်ကျုးကေ တန်ခူးလရောက်ဗျာယ်။ (စကားရိုး
    ညောင်သီးကို စားလေ့ရှိသော ငှက်ငယ်တစ်မျိုး။ အသံ သာယာစွာ မြည်တတ်၍ ကျီးကန်းနှင့် တူသည့် ဥဩမျိုးဝင် ငှက်တစ်မျိုး၊ ဖိုးခေါင်ကျုးကေ တန်ခူးလရောက်ဗျာယ်။ (စကားရိုး
    lineated barbet
    နာမ်