Dictionary Entries
Showing 181–200 of 507 words
ဗ
ဗာရာတီ
[bàɹàtí]
Arakanese:
သတ္တု၊ ပလတ်စတ အစဟိစွာ တမျိုးမျိုးဖြင့် ပြုလုပ်ထားရေ ရေသယ်စရာ၊ ရေထည့်စရာ
Burmese:
သတ္တု၊ ပလတ်စတစ် စသည် တစ်မျိုးမျိုးဖြင့် ပြုလုပ်ထားသော ရေသယ်စရာ၊ ရေထည့်စရာ
English:
pail
Grammar Note:
နာမ်
ဗာရာထောင်
[bàɹàtʰàʊɴ]
Arakanese:
မတ်ရပ် ထောင်ထားရေ ပိုက်ချရေ့ယင်း
Burmese:
မတ်ရပ် ထောင်ထားသော ငါးဖမ်းသည့်ယင်း
English:
fishing net
Grammar Note:
နာမ်
ဗာရူး
[bàɹùး]
Arakanese:
စိတ်ဖေါက်ပြန်သူ။ ဖားကတ်လား
Burmese:
စိတ်ဖေါက်ပြန်သူ။ စိတ်မနှံ့သူ
English:
foolish man
Grammar Note:
နာမ်
ဗာလတီ
[bàltí]
Arakanese:
သတ္တု၊ ပလတ်စတ အစဟိစွာ တမျိုးမျိုးဖြင့် ပြုလုပ်ထားရေ ရေသယ်စရာ၊ ရေထည့်စရာ
Burmese:
သတ္တု၊ ပလတ်စတစ် စသည် တစ်မျိုးမျိုးဖြင့် ပြုလုပ်ထားသော ရေသယ်စရာ၊ ရေထည့်စရာ
English:
pail
Grammar Note:
နာမ်
ဗာသျှား
[bàʃá]
Arakanese:
ငပါ့သွင် အချေစားမျိုး
Burmese:
ငါးပုတ်သင် အငယ်စားမျိုး
English:
ba sha: fish
Grammar Note:
နာမ်
ဗိဇာ
[bìzà]
Arakanese:
နူးနယ် ပျောင်းအိသော။ နူးသော။ ပိုပြီးကေပျော့ရေ။ ထမင်းက စားဖို့ကမရ၊ ဗီဇာကြီးရာ။ (အရပ်) (ဗိဂျာလို့လေ့ သုံးရေ။
Burmese:
နူးနယ် ပျောင်းအိသော။ ပျော့အိသော။ ပို၍ပျော့သော။ ထမင်းက စားဖို့ကမရ၊ ဗီဇာကြီးရာ။ (အရပ်) (ဗိဂျာဟုလည်း သုံးသည်။
English:
soft
Grammar Note:
နာမဝိသေသန
ဗိတာန်
[bìtààɴ]
Arakanese:
အမိုး ဘုံပိတ်။ အမိုး အောက်မှ ဘုံပိတ် ပိုင် ပြုလုပ် ထားရေ အောက်ခံ အမိုးလွှာ။ ဗိတာန်
Burmese:
အမိုး မျက်နှာကြက်။ အမိုး အောက်မှ မျက်နှာကြက် သဖွယ် ပြုလုပ် ထားသော အောက်ခံ အမိုးလွှာ။ ဗိတာန်
English:
ceiling
Grammar Note:
နာမ်
ဗိမာန်
[bìmààɴ]
Arakanese:
ဘုံဆောင် ဟိသော အဆောက်အအုံ
Burmese:
ဘုံဆောင် ယှိသော အဆောက်အအုံ
English:
stately building
Grammar Note:
နာမ်
ဗိသုကာ
[bìθoʊkà]
Arakanese:
ဆောက်လုပ်မှု ကိစ္စ အရပ်ရပ်မာ ပညာတတ်ကျွမ်းသူ
Burmese:
ဆောက်လုပ်မှု ကိစ္စ အရပ်ရပ်တွင် ပညာကျွမ်းကျင်သူ
English:
architect
Grammar Note:
နာမ်
ဗိုင်
[bàɪɴ]
Arakanese:
ခြည်းငင်ဖို့အတွက် ဖတ်ပြီးရေ ဝါကို အတောင့် ပြုလုပ်ထားရေ ဝါလိပ်
Burmese:
ချည်းငင်ရန်အတွက် ဖတ်ပြီးသော ဝါကို အတောင့် ပြုလုပ်ထားသော ဝါလိပ်
English:
cotton
Grammar Note:
နာမ်
ဗိုင်း
[báɪɴ]
Arakanese:
လဲကျရေအခါ အဟိန်နှင့် ရိုက်ခတ်သော အခါ၌ အော်သံ
Burmese:
လဲကျသောအခါ အယှိန်နှင့် ရိုက်ခတ်သော အခါ၌ မြည်သံ
English:
none
Grammar Note:
နာမ်
ဗိုင်းကာမ
[báɪɴkàm]
Arakanese:
အဖိုးအခ ယူဗျာယ် ကာမ လိုအင်ဖြည့်စွမ်းသော သူ။ ဘဘီမ။ ယောက်ျားတိုင်း၊ မြင်မြင်ရာနှင့်၊ မြူးပျော်ပြကြ၊ ပြည့်တန်ဆာလေ၊ ဗိုင်းတာမရို့ (ပန်း)။ သားသေ၊ လင်သေ၊ ပူဗျာဆွီးပနာ အထီးကျန်ရေ မမာ့
Burmese:
အဖိုးအခ ယူလျက် ကာမ လိုအင်ဖြည့်စွမ်းသော သူ။ မိန်းမရွှင်။ ယောက်ျားတကာ၊ မြင်မြင်ရာနှင့်၊ မြူးပျော်ပြကြ၊ ပြည့်တန်ဆာလေ၊ ဗိုင်းတာမတို့ (ပန်း)။ သားသေ၊ လင်သေ၊ ပူဗျာဆွေး၍ အထီးကျန်သော မိန်းမ
English:
prostitute
Grammar Note:
နာမ်
ဗိုင်းငင်
[báɪɴŋɪ̀ɴ]
Arakanese:
ဗိုင်းတောင့်မှ ခြည်ဖြစ်ယောင် ဆွဲယူပနာ ကျစ်သည်
Burmese:
ဗိုင်းတောင့်မှ ချည်ဖြစ်အောင် ဆွဲယူ၍ ကျစ်သည်
English:
spin
Grammar Note:
ကြိယာ
ဗိုင်းဆောင်း
[báɪɴsʰáʊɴ]
Arakanese:
အာကာကို မီးညှိ၍ တင်သော အဝကျယ်သော မီးပုံးတမျိုး။ ဝါဗိုင်းများ ထည့်ရန် နှီးဖြင့် ရက်လုပ်ထားရေ ဆွဲတောင်းရှည်တမျိုး။ ယက်စည်းပေါင်း၊ ဗိုင်းဆောင်းက စကြည့်သမျှကို၊ မြင်းနှင့်ခြည်းသာ (ထာနု)
Burmese:
ကောင်းကင်သို့ မီးညှိ၍ တင်သော အဝကျယ်သော မီးပုံးတစ်မျိုး။ ဝါဗိုင်းများ ထည့်ရန် နှီးဖြင့် ရက်လုပ်ထားသော ခြင်းတောင်းရှည်တစ်မျိုး။ ရဟတ်စည်းပေါင်း၊ ဗိုင်းဆောင်းက စကြည့်သမျှကို၊ မြင်းနှင့်ချည်းသာ (ထာနု)
English:
basket
Grammar Note:
နာမ်
ဗိုင်းဆောင်းက
[báɪɴsʰáʊɴk]
Arakanese:
နှီးဖြင့် ရက်လုပ်ထားရေ ဆွဲတောင်း ရှည်ကို မမာ့ပိုင်၊ အင်္ကျီ၊ ထဘိန်၊ ပန်း၊ မှန်၊ သနပ်ခါး အစဟိစွာ့ ဆင်ယင်ထုံးဖွဲ့ပြီး နတ်ဝင်လှာယောင် သီဆိုပီးရရေ။ နတ်ဝင်လှာကေ လှုပ်လှုပ်ရွရွ က သော အကတမျိုး
Burmese:
နှီးဖြင့် ရက်လုပ်ထားသော ခြင်းတောင်း ရှည်ကို မိန်းမကဲ့သို့၊ အင်္ကျီ၊ ထဘိန်၊ ပန်း၊ မှန်၊ သနပ်ခါး စသည့် ဆင်ယင်ထုံးဖွဲ့ပြီး နတ်ဝင်လာအောင် သီဆိုပေးရသည်။ နတ်ဝင်လာလျှင် လှုပ်လှုပ်ရွရွ က သော အကတစ်မျိုး
English:
dance
Grammar Note:
နာမ်
ဗိုင်းဆောင်းကသံ
[báɪɴsʰáʊɴkθံ]
Arakanese:
နှီးဖြင့် ရက်လုပ်ထားရေ ဆွဲတောင်း ရှည်ကို မမာ့ပိုင်၊ အင်္ကျီ၊ ထဘိန်၊ ပန်း၊ မှန်၊ သနပ်ခါး အစဟိစွာ့ ဆင်ယင်ထုံးဖွဲ့ပြီး နတ်ဝင်လှာယောင် သီဆိုပီးရရေ။ နတ်ဝင်လှာကေ လှုပ်လှုပ်ရွရွ က သော အကတမျိုး။ ယင်းဗိုင်းဆောင်းကရာမာ သီဆိုရေ တေးသံ
Burmese:
နှီးဖြင့် ရက်လုပ်ထားသော ခြင်းတောင်း ရှည်ကို မိန်းမကဲ့သို့၊ အင်္ကျီ၊ ထဘိန်၊ ပန်း၊ မှန်၊ သနပ်ခါး စသည့် ဆင်ယင်ထုံးဖွဲ့ပြီး နတ်ဝင်လာအောင် သီဆိုပေးရသည်။ နတ်ဝင်လာလျှင် လှုပ်လှုပ်ရွရွ က သော အကတစ်မျိုး။ ယင်းဗိုင်းဆောင်းကရာ၌ သီဆိုသော တေးသံ
English:
song
Grammar Note:
နာမ်
ဗိုင်းတားသိမ်း
[báɪɴtáθéɪɴ]
Arakanese:
တခုတရီမှ မကျန်ရယောင် အားလုံး သိမ်းယူရေ။ ဒီဂရီကျလို့ အိမ်ပါရာပါ ကျွဲ၊ နွား အစဟိစွာ အားလုံး ဗိုင်းတားသိမ်းယူလား ခရေ ‘ဗျ’ ခွံရာ ကျန်လိုက်ကေ (အရပ်)
Burmese:
တစ်စုံတစ်ခုမှ မကျန်ရအောင် အားလုံး သိမ်းယူသည်။ ဒီဂရီကျလို့ အိမ်ပါရာပါ ကျွဲ၊ နွား စသည် အားလုံး ဗိုင်းတားသိမ်းယူလား ခရေ ‘ဗျ’ ခွံရာ ကျန်လိုက်တော့ (အရပ်)
English:
confiscate
Grammar Note:
ကြိယာ
ဗိုင်းတုန်မ
[báɪɴtòʊɴm]
Arakanese:
ခြေတံရှည် အခြီ ခြောက်ချောင်းဟိ ထရံများမာ နီလေ့ဟိသော ပိုးကောင်တမျိုး
Burmese:
ခြေတံရှည် အခြေ ခြောက်ချောင်းယှိ အိမ်နံရံများတွင် နေလေ့ယှိသော ပိုးကောင်တစ်မျိုး
English:
insect
Grammar Note:
နာမ်
ဗိုင်းတော့
[báɪɴtɔ̰]
Arakanese:
ခြည်းငင်ဖို့အတွက် ဖတ်ပြီးရေ ဝါကို အတောင့် ပြုလုပ်ထားရေ ဝါလိပ်
Burmese:
ချည်းငင်ရန်အတွက် ဖတ်ပြီးသော ဝါကို အတောင့် ပြုလုပ်ထားသော ဝါလိပ်
English:
cotton
Grammar Note:
နာမ်
ဗိုင်းတောင့်မုန့်
[báɪɴta̰ʊɴmòʊɴ့]
Arakanese:
မုန့်ညက်ကို ရေနှင့်နယ်ကာ အလုံးပြုပနာ မကျက်တကျက် ပေါင်းပြီးကေ ဗိုင်းတောင့် ငယ်ပိုင် အချောင်း၊ အတောင့် ကချေတိ ပြုလုပ်ဗျာယ် တဖန် ပေါင်းထားပြီးသား အုန်းသီးမှုန့်၊ သကြား အစဟိစွာအနိန်နန့် ရောစပ်၍ စားရရေ စားဖွယ်
Burmese:
မုန့်ညက်ကို ရေနှင့်နယ်ကာ အလုံးပြု၍ မကျက်တကျက် ပေါင်းပြီးလျှင် ဗိုင်းတောင့် ငယ်ကဲ့သို့ အချောင်း၊ အတောင့် ကလေးများ ပြုလုပ်ကာ တစ်ဖန် ပေါင်းထားပြီး အုန်းသီးမှုန့်၊ သကြား စသည်ဖြင့် ရောစပ်၍ စားရသော စားဖွယ်
English:
snack
Grammar Note:
နာမ်