Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 201–220 of 507 words

    ဗ

    ဗိုင်းဗိုင်းဆာ

    [báɪɴbáɪɴsʰà]
    ရပ်တည်ရာ မရပဲ တုံးလုံး လဲကျရေ
    ရပ်တည်ရာ မရပဲ တုံးလုံး လဲကျသည်
    fall
    ကြိယာ

    ဗိုင်းဗိုင်းလဲ

    [báɪɴbáɪɴlɛ]
    ရပ်တည်ရာ မရပဲ တုံးလုံး လဲကျရေ။ မထောက် မတည်နိုင်ပဲ လဲကျရေ
    ရပ်တည်ရာ မရပဲ တုံးလုံး လဲကျသည်။ မထောက် မတည်နိုင်ပဲ လဲကျသည်
    fall
    ကြိယာ

    ဗိုင်ယာ

    [bàɪɴjà]
    (ဥပစာ) လီးနက်ရေ အသိပညာမဟိပဲ ရပေါ်ဆီမျှ တတ်မြောက်သူ။ အဂယင့့်အရည် အချင်းမဟိပဲ အကွန်ဆောင် ဝင့်ဝါသူ။ အပြော အပြအနိန်နန့် အထင်ကြီးအောင် လုပ်တတ်သူ
    (ဥပစာ) လေးနက်သော အသိပညာမယှိပဲ အပေါ်ယံမျှ တတ်မြောက်သူ။ တကယ့်အရည် အချင်းမယှိပဲ ဟန်ဆောင် ဝင့်ဝါသူ။ အပြော အပြ အားဖြင့် အထင်ကြီးအောင် လုပ်တတ်သူ
    pretender
    နာမ်

    ဗိုင်းလိပ်မုန့်

    [báɪɴlìaʔmòʊɴ့]
    ဝကင်းမာ ဆီစိကေချေ ထည့်ပြီး မုန့်ညက်ကို ဆန်ခါပေါက်ငယ်မှ ချပြီးကေ ကျက်လျှင် မုန့်မာ အုန်းသီးမှုန့် သကာထည့်ပြီး ဗိုင်းလိပ်ပိုင် အရှည်ခေါက် လိပ်ထားရေ ခြီရေဖွယ်ရာ မုန့်တမျိုး
    အိုးကင်းတွင် ဆီအနည်းငယ် ထည့်ပြီး မုန့်ညက်ကို စကာပေါက်ငယ်မှ ချကာ ကျက်လျှင် မုန့်တွင် အုန်းသီးမှုန့် သကာထည့်ပြီး ဗိုင်းလိပ်ကဲ့သို့ အရှည်ခေါက် လိပ်ထားသော စားကောင်းဖွယ်ရာ မုန့်တစ်မျိုး
    snack
    နာမ်

    ဗိုလ်

    [bÒl်]
    လူစုလူဖွဲ့မာ ကြီးကဲဦးဆောင်သူ။ ၂၊ တပ်စု တပ်မှူး ငါးယောက်ကို ကွပ်ကဲ ရရေ စစ်မှူးထမ်း။ ၃၊ ကစပ်ရာမာ ပထမ လှည့်ကျသူ။ ပထမ အလှည့်အကြိမ်
    လူစုလူဖွဲ့တွင် ကြီးကဲဦးဆောင်သူ။ ၂၊ တပ်စု တပ်မှူး ငါးယောက်အပေါ်တွင် ကွပ်ကဲ ရသော စစ်မှူးထမ်း။ ၃၊ ကစားရာတွင် ပထမ လှည့်ကျသူ။ ပထမ အလှည့်အကြိမ်
    leader
    နာမ်

    ဗိုလ်ကျ

    [bÒl်t͡ɕ]
    လူများထံမာ နိုင်ထက်ကလူ ပြုမူသည်
    သူတစ်ပါးထံတွင် နိုင်ထက်ကလူ ပြုမူသည်
    bully
    ကြိယာ

    ဗိုလ်ကျိုင်

    [bÒl်t͡ɕàɪɴ]
    စစ်သား အင်အားစု။ ၂၊ လူထု အစု အဝီး။ ၃၊ လူအများ။ နောက်ထားပါ မှူးမတ်များ၊ သူရဲဗိုလ်ကျိုင်၊ စွဲကိုင်ဒါးလွှာ (ကုသတု)။ တိုက်တုံလျင်းက၊ နောင်းရင်ဗိုလ်ကျိုင်၊ မခံနိုင်ကေ၊ ပြိုယိုင်ထွက်ဗြီး (ပန်း)
    စစ်သည် အင်အားစု။ ၂၊ လူထု အစု အဝေး။ ၃၊ လူအများ။ နောက်တော်ပါ မှူးမတ်များ၊ သူရဲဗိုလ်ကျိုင်၊ စွဲကိုင်ဒါးလွှာ (ကုသတု)။ တိုက်တုံလျင်းက၊ နောင်းရင်ဗိုလ်ကျိုင်၊ မခံနိုင်ကေ၊ ပြိုယိုင်ထွက်ပြေး (ပန်း)
    crowd
    နာမ်

    ဗိုလ်ခြေ

    [bÒl်kʰɹè]
    စစ်သားအင်အား။ စစ်သားဗိုလ်ခြေ၊ များဖျင်ဝယ်မျှ လာရေ့ သောင်းသန်း (ရခိုင်ကာ)။ ၂၊ လူထု အစုအဝီး၊ လူအများ
    စစ်သည်အင်အား။ စစ်သည်ဗိုလ်ခြေ၊ များဖျင်ဝယ်မျှ လာသည့် သောင်းသန်း (ရခိုင်ကာ)။ ၂၊ လူထု အစုအဝေး၊ လူအများ
    army strength
    နာမ်

    ဗိုလ်စွဲ

    [bÒl်swɛ]
    နိူင်းပြိုင်မှုတိအနက် အထူးချွန်ဆုံး အခြီအရဲသို့ ရောက်ရေ
    ယှဉ်ပြိုင်မှုများအနက် အထူးချွန်ဆုံး အခြေအနေသို့ ရောက်သည်
    be a champion
    ကြိယာ

    ဗိုလ်တဲ

    [bÒl်tɛ]
    ဝီးလံသော ခရီးလမ်း၌ဖြစ်စီ မြို့များမာဖြစ်စီ၊ လှည့်ပတ် လားလာကြည့်ရှု စစ်ဆီးရန် လာရေ အစိုးရ အမှုထမ်းများ တည်းခိုရန် အဆောက်အအုံ။ လမ်းခရီး တလျောက်ဟိ တည်းခိုခန်း အဆောက်အအုံ။ (ရခိုင်ပြည်မာ ပြတဲ၊ မင်းတဲ အစဟိစွာအနိန်နန့် ဂုထိ ရပ်ရွာတိမာ ဟိနီကတ်သိမ့်ရေ။
    ဝေးလံသော ခရီးလမ်း၌ဖြစ်စေ မြို့များ၌ဖြစ်စေ၊ လှည့်ပတ် သွားလာကြည့်ရှု စစ်ဆေးရန် လာသော အစိုးရ အမှုထမ်းများ တည်းခိုရန် အဆောက်အအုံ။ လမ်းခရီး တစ်လျောက်ယှိ တည်းခိုခန်း အဆောက်အအုံ။ (ရခိုင်ပြည်တွင် ပြတဲ၊ မင်းတဲ စသည်ဖြင့် ယခုထိ ရပ်ရွာများတွင် ရှိနေကြသေးသည်။
    circuir house
    နာမ်

    ဗိုလ်ထု

    [bÒl်tʰoʊ]
    စစ်သား အင်အားစု။ ၂၊ လူထု အစု အဝီး။ ၃၊ လူအများ။ နောက်ထားပါ မှူးမတ်များ၊ သူရဲဗိုလ်ကျိုင်၊ စွဲကိုင်ဒါးလွှာ (ကုသတု)။ တိုက်တုံလျင်းက၊ နောင်းရင်ဗိုလ်ကျိုင်၊ မခံနိုင်ကေ၊ ပြိုယိုင်ထွက်ဗြီး(ပန်း
    စစ်သည် အင်အားစု။ ၂၊ လူထု အစု အဝေး။ ၃၊ လူအများ။ နောက်တော်ပါ မှူးမတ်များ၊ သူရဲဗိုလ်ကျိုင်၊ စွဲကိုင်ဒါးလွှာ (ကုသတု)။ တိုက်တုံလျင်းက၊ နောင်းရင်ဗိုလ်ကျိုင်၊ မခံနိုင်ကေ၊ ပြိုယိုင်ထွက်ပြေး(ပန်း
    crowd
    နာမ်

    ဗိုလ်ပုံ

    [bÒl်pòʊɴ]
    တခုတရီသော အကြောင်းကိစ္စဖြင့် စုဝေးရောက်ဟိလာရေ လူစု။ လူစုလူဝီး
    တစ်စုံတစ်ခုသော အကြောင်းကိစ္စဖြင့် စုဝေးရောက်ယှိလာသော လူစု။ လူစုလူဝေး
    public gathering
    နာမ်

    ဗိုလ်ပါ

    [bÒl်pà]
    မင်းမှူးမတ် အစဟိစွာရို့၏ နောက်ထားပါး၌ လိုက်ပါလာရေ အခြွီအရံ စစ်သားတော် တပ်သား။ နောက်ထားပါ မှူးမတ်များ၊ သူရဲဗိုလ်ပါစုဝေးလာရေ၊ ခြွီရံသင်းပင်းများရို့ (ဗမာချီ)။ ၂၊ လူအများ
    မင်းမှူးမတ် စသည်တို့၏ နောက်တော်ပါး၌ လိုက်ပါလာသော အခြွေအရံ စစ်သည်တော် တပ်သား။ နောက်တော်ပါ မှူးမတ်များ၊ သူရဲဗိုလ်ပါစုဝေးလာသည်၊ ခြွေရံသင်းပင်းများတို့ (ဗမာချီ)။ ၂၊ လူအများ
    soilder
    နာမ်

    ဗိုလ်မထား

    [bÒl်mtʰá]
    ကိုယ့်ထက် တစုံ တယောက်သော သူကိုမျှ မသာစီရေယောင် ကြိုးပမ်း အားထုတ်သည်
    မိမိထက် တစ်စုံ တစ်ယောက်သော သူကိုမျှ မသာစေရအောင် ကြိုးပမ်း အားထုတ်သည်
    try
    ကြိယာ

    ဗိုလ်လု

    [bÒl်loʊ]
    ကစပ်ရာမာ ပထမ အလှည့်ကို ရွေးသည်
    ကစားရာတွင် ပထမ အလှည့်ကို ရွေးသည်
    choose first
    ကြိယာ

    ဗိုလ်လုပွဲ

    [bÒl်loʊpwɛ]
    နှစ်ဦးနှစ်ဘက် နိူင်းပြိုင်၍ ကစပ်ရာမာ နောက်ဆုံး အနိုင် ရယူရေ့ပွဲ
    နှစ်ဦးနှစ်ဘက် ယှဉ်ပြိုင်၍ ကစားရာ၌ နောက်ဆုံး အနိုင် ရယူသည့်ပွဲ
    final match
    နာမ်

    ဗိုလ်လောက်ဦး

    [bÒl်lɔ́ɛʔʔú]
    သူတထူး ကို အနိုင်ယူကာ စိုးမိုးရေ။ ၂၊ လူအစု အဖွဲ့မာ ဦးဆောင်ဦးညွတ် ပြုသည်
    သူတထူး အပေါ်တွင် အနိုင်ယူကာ စိုးမိုးသည်။ ၂၊ လူအစု အဖွဲ့တွင် ဦးဆောင်ဦးညွတ် ပြုသည်
    lead
    ကြိယာ

    ဗီးဂျာ

    [bïdʑà]
    အလွန် ပျော့လွန်သော။ အလွန် ပျော့ပျောင်း လွန်သော။ (ထမင်း) ထမင်းက ဗီးဂျာရာ၊ ပျွပျွနန့်ပင်၊ စားဖို့ပင်ကမရ၊ (အရပ်)
    အလွန် ပျော့လွန်သော။ အလွန် ပျော့ပျောင်း လွန်သော။ (ထမင်း) ထမင်းက ဗီးဂျာရာ၊ ပျွပျွနန့်ပင်၊ စားဖို့ပင်ကမရ၊ (အရပ်)
    soft
    နာမဝိသေသန

    ဗီဇ

    [bíz]
    မျိုးစိ ပြန့်ပွားရာ အခြီခံ။ ၂၊ မျိုးရိုး။ ၃၊ ပင်ကိုယ်စရိုက်
    မျိုးစေ့ ပြန့်ပွားရာ အခြေခံ။ ၂၊ မျိုးရိုး။ ၃၊ ပင်ကိုယ်စရိုက်
    geneology
    နာမ်

    ဗီဇိ

    [bízì]
    အဖိုလိင် အင်္ဂါဇာတ် အရင်း ဝဲယာနှစ်ဖက်မာ တွဲဗျာယ်ပါဟိသော မျိုးစိ ဖြစ်ထွန်းရာ အစိ
    အဖိုလိင် အင်္ဂါဇာတ် အရင်း ဝဲယာနှစ်ဘက်တွင် တွဲလျက်ပါယှိသော မျိုးစေ့ ဖြစ်ထွန်းရာ အစေ့
    testis
    နာမ်