Dictionary Entries
Showing 281–300 of 507 words
ဗ
ဗူးသွင်း
[bùးθwɪ́ɴ]
Arakanese:
စုန်းပညာ တတ်မြောက်သူက တယောက်ယောက်အား စုန်းပညာ မျိုးဆက်သစ် ဆက်ခံ ရယူစီရန် ယင်းသူ မသိစီပဲ ယင်းသူ၏ ကိုယ်မားသို့ စုန်းပညာ တတ်မြောက် စီတတ်ရေ အပင်လုံးထည့်သည်
Burmese:
စုန်းပညာ တတ်မြောက်သူက တစ်စုံတစ်ဦးအား စုန်းပညာ မျိုးဆက်သစ် ဆက်ခံ ရယူစေရန် ထိုသူ မသိစေပဲ ထိုသူ၏ ကိုယ်တွင်းသို့ စုန်းပညာ တတ်မြောက် စေတတ်သော အပင်လုံးထည့်သည်
English:
witch
Grammar Note:
ကြိယာ
ဗေ
[bè]
Arakanese:
ဝဲဖက်လက်ကို ခေါ်သောအမည်
Burmese:
ဝဲဖက်လက်ကို ခေါ်သောအမည်
English:
left
Grammar Note:
နာမ်
ဗေကြီး
[bèt͡ɕï]
Arakanese:
သဘာဝ အရွယ်ထက် ပိုပြီးကေကြီးထွားသော ဝှေးကျိတ်။ လိင်ဥ ရမ်းသော မုတ်ရောင်ရောဂါ တမျိုး
Burmese:
သဘာဝ အရွယ်ထက် ပိုမိုကြီးထွားသော ဝှေးကျိတ်။ လိင်ဥ ရောင်ရမ်းသော မုတ်ရောင်ရောဂါ တစ်မျိုး
English:
suffer from hernia
Grammar Note:
နာမ်
ဗေစိ
[bèsì]
Arakanese:
အဖိုလိင် အင်္ဂါအရင်း တဖက်တချက်မာ တွဲကျ ပါဟိသော မျိုးဖြစ်ထွန်းရာ အစိ
Burmese:
အဖိုလိင် အင်္ဂါအရင်း တစ်ဘက်တစ်ချက်တွင် တွဲကျ ပါယှိသော မျိုးဖြစ်ထွန်းရာ အစေ့
English:
testis
Grammar Note:
နာမ်
ဗေတက်
[bètɛʔ]
Arakanese:
ဝှေးစိကို အပြင်းအထန် ထိခိုက်ရာမှ အနိန်အထား ချွတ်ယွင်းခြင်း၊ အကြောကို ထိခိုက်ခြင်းကြောင့် လွန်ကဲစွာ နာကြင် သတိလစ်သည်
Burmese:
ဝှေးစေ့ကို အပြင်းအထန် ထိခိုက်ရာမှ အနေအထား ချွတ်ယွင်းခြင်း၊ အကြောကို ထိခိုက်ခြင်းကြောင့် လွန်ကဲစွာ နာကျင် သတိလစ်သည်
English:
lose consciousness
Grammar Note:
ကြိယာ
ဗေတက်၂
[bètɛʔ၂]
Arakanese:
ယင်းပိုင် ဗေတက်သော ရောဂါတမျိုး။ (ယင်းပိုင် ဗေတက်ရာကို မမာ့ရို့ အင်္ဂါဇာတ်အမွီးကို မီးတိုက်ပနာ ရှူဟိုက်မှရာ ကောင်းရေ။
Burmese:
ယင်းကဲ့သို့ ဗေတက်သော ရောဂါတစ်မျိုး။ (ယင်းသို့ ဗေတက်ရာကို မိန်းမတို့ အင်္ဂါဇာတ်အမွေးကို မီးရှို့၍ ရှူရှိုက်မှသာ ကောင်းသည်။
English:
none
Grammar Note:
နာမ်
ဗေဒင်
[bèdɪ̀ɴ]
Arakanese:
မွီးနိ ဇာစွာကို အရင်းခံ တွက်ချက်ဗျာယ် အတိတ် အနာဂတ် ဖြစ်ပျက်သော အကြောင်းအရာရို့ကို ဟောပြောနှိုင်ရေ အတတ်ပညာ
Burmese:
မွေးနေ့ ဇာတာကို အရင်းခံ တွက်ချက်လျက် အတိတ် အနာဂတ် ဖြစ်ပျက်သော အကြောင်းအရာတို့ကို ဟောပြောနိုင်သော အတတ်ပညာ
English:
astrology
Grammar Note:
နာမ်
ဗေဒင်လေးပုံ
[bèdɪ̀ɴlépòʊɴ]
Arakanese:
၁၊ သာမဗေဒင်။ ၂၊ ယဇုဗေဒင်။ ၃၊ ဣရုဗေဒင်။ ၄၊ အာထဗ္ဗဏဗေဒင် ဆိုပနာလေးပုံ။ ယင်းဗေဒင်လေးပုံကို စီရင်သော ရသေ့(၁၀) ယောက် အမည်။ ၁၊ အဌက။ ၂၊ ဝါမက။ ၃၊ အင်္ဂီရသ။ ၄၊ ဘဂု။ ၅၊ ယမတဂ္ဂိ။ ၆၊ ဝါသိဌ။ ၇၊ ဘာရဒွါဇ။ ၈၊ ကဿပ။ ၉၊ အရိယမဂ္ဂ။ ၁၀၊ သာသန
Burmese:
၁၊ သာမဗေဒင်။ ၂၊ ယဇုဗေဒင်။ ၃၊ ဣရုဗေဒင်။ ၄၊ အာထဗ္ဗဏဗေဒင် ဟူ၍လေးပုံ။ ယင်းဗေဒင်လေးပုံကို စီရင်သော ရသေ့(၁၀) ယောက် အမည်။ ၁၊ အဌက။ ၂၊ ဝါမက။ ၃၊ အင်္ဂီရသ။ ၄၊ ဘဂု။ ၅၊ ယမတဂ္ဂိ။ ၆၊ ဝါသိဌ။ ၇၊ ဘာရဒွါဇ။ ၈၊ ကဿပ။ ၉၊ အရိယမဂ္ဂ။ ၁၀၊ သာသန
English:
none
Grammar Note:
နာမ်
ဗေဗေ
[bèbè]
Arakanese:
အဖေ၏ ညီနှင့် အဖေ၏ ညီ အရွယ်ဟိသော သူစိမ်းတိကို ခေါ်သော အာလုပ် စကားလုံး
Burmese:
အဖေ၏ ညီနှင့် အဖေ၏ ညီ အရွယ်ယှိသော သူစိမ်းများကို ခေါ်သော အာလုပ် စကားလုံး
English:
uncle
Grammar Note:
နာမ်
ဗေးဗေး
[bébé]
Arakanese:
အဖေ၏ ညီနှင့် အဖေ၏ ညီအရွယ် ဟိသော သူစိမ်းတိကို ခေါ်သော အာလုပ် စကားလုံး
Burmese:
အဖေ၏ ညီနှင့် အဖေ၏ ညီအရွယ် ယှိသော သူစိမ်းများကို ခေါ်သော အာလုပ် စကားလုံး
English:
uncle
Grammar Note:
နာမ်
ဗေဗေ-ထိ-ထိ
[bèbè-tʰì-tʰì]
Arakanese:
ပတ်မကြီး တီးရာမာ ဝဲလက် လက်ဝါးပြားဖြင့် ဝဲလက်ကို ခပ်လျော့လျော့ တီးပြီးကေ၊ ယာဘက် လက်ဆုတ်ဖြင့် ယာဘက်ကို ထုရာမှ မြည်သော အသံ
Burmese:
ပတ်မကြီး တီးရာ၌ ဝဲလက် လက်ဝါးပြားဖြင့် ဝဲလက်ကို ခပ်လျော့လျော့ တီး၍၊ ယာဘက် လက်ဆုတ်ဖြင့် ယာဘက်ကို ထုရာမှ မြည်သော အသံ
English:
none
Grammar Note:
နာမ်
ဗောခတ်
[bɔ́kʰaʔ]
Arakanese:
(ပြေးလွှားနိန်ရေ နွား၊ ကျွဲ စစွာကို ရပ်တန့်စီရန်) ဗေါဟုဆို၍ ရပ်တန့်စီရေ။ (စုတ်ခေါ်ရေ
Burmese:
(ပြေးလွှားနေသော နွား၊ ကျွဲ စသည်ကို ရပ်တန့်စေရန်) ဗေါဟုဆို၍ ရပ်တန့်စေသည်။ (စုတ်ခေါ်သည်
English:
stop
Grammar Note:
ကြိယာ
ဗောလကား
[bɔ́lká]
Arakanese:
ညံ့ဖျင်းသော။ အသိ အလိမ္မာ မဟိရေ။ နုံချာသော
Burmese:
ညံ့ဖျင်းသော။ အသိ အလိမ္မာ ကင်းမဲ့သော။ နုံချာသော
English:
poor
Grammar Note:
နာမဝိသေသန
ဗောလကား၂
[bɔ́lká၂]
Arakanese:
ညံ့ဖျင်းသောသူ။ အသိ အလိမ္မာ မဟိရေသူ။ နုံချာသောသူ
Burmese:
ညံ့ဖျင်းသောသူ။ အသိ အလိမ္မာ ကင်းမဲ့သောသူ။ နုံချာသောသူ
English:
poor
Grammar Note:
နာမ်
ဗောလကီဗေါလကိုင်း
[bɔ́lkíbèàlkáɪɴ]
Arakanese:
အထာနပ် ကျင်လည်မှု မဟိပဲ ထုံးထိုင်း နုံချာသော
Burmese:
ပါးနပ် ကျင်လည်မှု မယှိပဲ ထုံးထိုင်း နုံချာသော
English:
poor
Grammar Note:
နာမဝိသေသန
ဗောလတိုင်း
[bɔ́ltáɪɴ]
Arakanese:
အသိဉာဏ် မဟိရေ။ အသိ အလိမ္မာ နည်းပါးသော
Burmese:
အသိဉာဏ် ကင်းမဲ့သော။ အသိ အလိမ္မာ နည်းပါးသော
English:
poor
Grammar Note:
နာမဝိသေသန
ဗောလီဗောနှမ်း
[bɔ́líbɔ́n̥áɴ]
Arakanese:
အသိဉာဏ် ထုံထိုင်း၍ သွက်လက် ချက်ချာခြင်း မဟိဘူး။ အသိ အလိမ္မာ ကင်းမဲ့သူ။ သားပုတ္စွာက၊ ဗွါလီဗွါနှမ်း၊ လိမ္မာဉာဏ်ကေ၊ မသံစွမ်းကေ၊ လူသွမ်းလူဖျင်း။ (ပဋာ
Burmese:
အသိဉာဏ် ထုံထိုင်း၍ သွက်လက် ချက်ချာခြင်း မယှိဘူး။ အသိ အလိမ္မာ ကင်းမဲ့သူ။ သားပုတ္တာက၊ ဗွါလီဗွါနှမ်း၊ လိမ္မာဉာဏ်ကေ၊ မသံစွမ်းကေ၊ လူသွမ်းလူဖျင်း။ (ပဋာ
English:
poor
Grammar Note:
နာမ်
ဗော်လန်အော်လန်
[bɔ̀làɴʔɔ̀làɴ]
Arakanese:
ကိုယ့်နှင့် တခုတရီမှ ပတ်သက်မှု မဟိပါရာဗျာယ်
Burmese:
မိမိနှင့် တစ်စုံတစ်ခုမှ ပတ်သက်မှု မယှိပါပဲလျက်
English:
inexpedient
Grammar Note:
ကြိယာ
ဗေါ
[bèà]
Arakanese:
ယောက်ျား လိင်အိတ်နှင့် တကွ ဝှေးစိအစုံ
Burmese:
ယောက်ျား လိင်အိတ်နှင့် တကွ ဝှေးစေ့အစုံ
English:
testis
Grammar Note:
နာမ်
ဗေါ၂
[bèà၂]
Arakanese:
မှုတ်ရရေ တူရိယာ တမျိုး။ (စစ်တပ်သုံးဗေါ၊ ရဲသုံးဗေါ အစဟိစွာ့ ဗေါအမျိုးမျိုး များပြားရေ။
Burmese:
မှုတ်ရသော တူရိယာ တစ်မျိုး။ (စစ်တပ်သုံးဗေါ၊ ရဲသုံးဗေါ စသည့် ဗေါအမျိုးမျိုး များပြားသည်။
English:
pipe
Grammar Note:
နာမ်