Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 301–320 of 507 words

    ဗ

    ဗေါက်

    [baʊʔ]
    အလွန်မြင့်သော။ ၂၊ မြင့်၍ မတ်မတ် တည့်နိန်ရေ။ ငါ့စွန်အထက်ကို ဗေါက်တက် တေ (အရပ်)
    အလွန်မြင့်သော။ ၂၊ မြင့်၍ မတ်မတ် တည့်နေသော။ ငါ့စွန်အထက်သို့ ဗေါက်တက် တေ (အရပ်)
    high
    နာမဝိသေသန

    ဗေါက်ကတတ်

    [baʊʔktaʔ]
    စကားကို အမျိုးမျိုး အဖုံဖုံ ပြောနိုင်စွမ်း ဟိသူ။ ယင်းပိုင် ပြောဆိုနှိုင်စွမ်း ဟိသူကို ခေါ်သော အလုပ်စကား။ စကားပြောဆိုမှုမာ တတ်ကျွမ်း လိမ္မာသူ
    စကားကို အမျိုးမျိုး အဖုံဖုံ ပြောနိုင်စွမ်း ယှိသူ။ ယင်းသို့ ပြောဆိုနိုင်စွမ်း ရှိသူကို ခေါ်သော အလုပ်စကား။ စကားပြောဆိုမှုတွင် ကျွမ်းကျင် လိမ္မာသူ
    rich in vocabulary
    နာမ်

    ဗေါက်စင်

    [baʊʔsɪ̀ɴ]
    မုဆိုး၊ ကင်းစောင့်၊ တောင်ယာစောင့် အစဟိစွာရို့ စောင့်ကြည့်ရန် အပင်အမြင့်မာ ဆောက်လုပ်ထားရေ စင်
    မုဆိုး၊ ကင်းစောင့်၊ တောင်ယာစောင့် စသည်တို့ စောင့်ကြည့်ရန် အပင်အမြင့်တွင် ဆောက်လုပ်ထားသော စင်
    put up a scaffolding
    နာမ်

    ဗေါက်ဆောင်

    [baʊʔsʰàʊɴ]
    မုဆိုး၊ ကင်းစောင့်၊ တောင်ယာစောင့် အစဟိစွာရို့ စောင့်ကြည့်ရန် အပင်အမြင့်မာ ဆောက်လုပ် ထားရေ စင်။ သူ့ကြင်ရာလျှင်၊ မျက်နှာပြင်မာ၊ စာမင်မည်းနှင့်၊ တွဲကလေ့ထူ၊ ဗေါက်တဆောင်မာ၊ သောက်ခေါင်အိုးနှင့် တောင်ရိုးသူရို့၊ အမူခြားကွဲ (မျိုးက်
    မုဆိုး၊ ကင်းစောင့်၊ တောင်ယာစောင့် စသည်တို့ စောင့်ကြည့်ရန် အပင်အမြင့်တွင် ဆောက်လုပ် ထားသော စင်။ သူ့ကြင်ရာလျှင်၊ မျက်နှာပြင်မှာ၊ စာမင်မည်းနှင့်၊ တွဲကလည်းထူ၊ ဗေါက်တဆောင်တွင်၊ သောက်ခေါင်အိုးနှင့် တောင်ရိုးသူတို့၊ အမူခြားကွဲ (မျောက်
    put up a scaffolding
    နာမ်

    ဗေါက်ဗက်ခတ်

    [baʊʔbɛʔkʰaʔ]
    မငြိမ်မသက် လှုပ်ယှားဗျာယ်။ မတည်မငြိမ်ပဲ။ မစဲဗေါက်ဗက်၊ ရပတ်သို့ ကျွတ်ကျွတ်ဆူကေ (ထာနု)
    မငြိမ်မသက် လှုပ်ယှားလျက်။ မတည်မငြိမ်ပဲ။ မစဲဗေါက်ဗက်၊ ဝဲဂယက်သို့ ကျွတ်ကျွတ်ဆူကေ (ထာနု)
    inconstant
    ကြိယာဝိသေသန

    ဗေါက်ဗက်ခတ်၂

    [baʊʔbɛʔkʰaʔ၂]
    ပြေးလားခါ အား အဟိန်နှင့် ရိုက်ခတ်သော အရာမာ အော်သံ။ အဝတ်မမက်၊ ငါညွန်အိုင်က၊ ကျွဲနိုင်တက်သို့၊ ဗေါက်ဗက်ခတ်ကာ၊ ပြေးလို့လာကေ (ဒွေး)
    ပြေးသွားသောအခါ အား အယှိန်နှင့် ရိုက်ခတ်သော အရာ၌ မြည်သံ။ အဝတ်မမက်၊ ကျုပ်ညွန်အိုင်က၊ ကျွဲနိုင်တက်သို့၊ ဗေါက်ဗက်ခတ်ကာ၊ ပြေးလို့လာကေ (ဒွေး)
    none
    နာမ်

    ဗေါက်ဗက်သတ်

    [baʊʔbɛʔθaʔ]
    မငြိမ်မသက် လှုပ်ယှားဗျာယ်။ မတည်မငြိမ်ပဲ။ မစဲဗေါက်ဗက်၊ ရပတ်သို့၊ ကျွတ်ကျွတ်ဆူကေ (ထာနု)
    မငြိမ်မသက် လှုပ်ယှားလျက်။ မတည်မငြိမ်ပဲ။ မစဲဗေါက်ဗက်၊ ဝဲဂယက်သို့၊ ကျွတ်ကျွတ်ဆူကေ (ထာနု)
    inconstant
    ကြိယာဝိသေသန

    ဗေါက်ဗက်သတ်၂

    [baʊʔbɛʔθaʔ၂]
    ပတ်ဝန်းကျင်သို့ ဂယက် ရိုက်ခတ်၍ ဆူကတ်တေ။ ၂၊ ကျွတ်ကျွတ်ဆူ။ မစဲဗေါက်ဗက်၊ ရပတ်သို့၊ ကျွတ်ကျွတ်ဆူကေ (ထာနု)
    ပတ်ဝန်းကျင်သို့ ဂယက် ရိုက်ခတ်၍ ဆူကြသည်။ ၂၊ ဆူညံသည်။ မစဲဗေါက်ဗက်၊ ဝဲဂယက်သို့၊ ကျွတ်ကျွတ်ဆူကေ (ထာနု)
    noisy
    ကြိယာ

    ဗေါကျ

    [bèàt͡ɕ]
    ဝှေးကျိတ် ပိုပြီးကေကြီးထွားလာခြင်း။ လိင်ဥရမ်းသော မုတ်ရောင်ရောဂါဖြစ်ခြင်း
    ဝှေးကျိတ် ပိုမိုကြီးထွားလာခြင်း။ လိင်ဥရောင်ရမ်းသော မုတ်ရောင်ရောဂါဖြစ်ခြင်း
    suffer from hernia
    ကြိယာ

    ဗေါကြီး

    [bèàt͡ɕï]
    သဘာဝ အရွယ်ထက် ပိုပြီးကေကြီးထွားသော ဝှေးကျိတ်။ လိင်ဥ ရမ်းသော မုတ်ရောင်ရောဂါ တမျိုး။ ဗေါခရမ်း လက်သန်းဖျား အရွယ် အသီးများ အပြွတ် အခိုင်လိုက် တွဲဗျာယ် သီးတတ်ရေ ခရမ်းငယ်တမျိုး
    သဘာဝ အရွယ်ထက် ပိုမိုကြီးထွားသော ဝှေးကျိတ်။ လိင်ဥ ရောင်ရမ်းသော မုတ်ရောင်ရောဂါ တစ်မျိုး။ ဗေါခရမ်း လက်သန်းဖျား အရွယ် အသီးများ အပြွတ် အခိုင်လိုက် တွဲလျက် သီးတတ်သော ခရမ်းငယ်တစ်မျိုး
    suffer from hernia
    နာမ်

    ဗေါင်

    [bèàɪ̀ɴ]
    ထိန်းကွပ်ထားရေ အနားသတ်။ ၂၊ အပိုင်းအရာ။ တောင်လေ့စမ်းဘဝက်ချောင်း၊ မြောက်လည်းဆယ်ဗေါင်ကြီး (တေဇကျောက်)
    ထိန်းကွပ်ထားသော အနားသတ်။ ၂၊ အပိုင်းအခြား။ တောင်လည်းစမ်းဘဝက်ချောင်း၊ မြောက်လည်းဆယ်ဗေါင်ကြီး (တေဇကျောက်)
    frame
    နာမ်

    ဗေါင်း

    [bèàɪ́ɴ]
    အဂေါင်း၌ ဆင်ဝတ်သော တန်ဆာ။ လှပစုမွန်၊ မတ်တော်ဝန်ရို့၊ ဆင်ဟန်အပြီး၊ ဗေါင်းစ လွယ်လေး၊ ပင်ရှည်ဝတ်ပျာ၊ ဝတ်လုံကြီးနှင့် (ဒွေး)။ မှူးမတ်ရို့ ဝတ်ဆင်သော အလျား ရှည်ဖျင်နီဖြင့် အထပ်ထပ် ရစ်ပတ်ထားရေ ခေါင်းပေါင်းတမျိုး။ ဗေါင်းနီမာ စွီးစွီး၊ သပုံသီး၊ ရောက်စီမာရေ
    ဦးခေါင်း၌ ဆင်ဝတ်သော တန်ဆာ။ လှပစုမွန်၊ မတ်တော်ဝန်တို့၊ ဆင်ဟန်အပြီး၊ ဗေါင်းစ လွယ်လေး၊ ပင်ရှည်ဝတ်ပျာ၊ ဝတ်လုံကြီးနှင့် (ဒွေး)။ မှူးမတ်တို့ ဝတ်ဆင်သော အလျား ရှည်ဖျင်နီဖြင့် အထပ်ထပ် ရစ်ပတ်ထားသော ခေါင်းပေါင်းတစ်မျိုး။ ဗေါင်းနီမှာ စွီးစွီး၊ ဆပ်ပြာသီး၊ ရောက်စီမှာရေ
    none
    နာမ်

    ဗေါင်းကြူ

    [bèàɪ́ɴt͡ɕù]
    သားငယ်၊ သမီးသျှေ အချေတိကို၊ အိပ်ရန် ပြောသော အာလုပ်စကား။ အဘုသျှေ ဗေါင်းကြူ အိပ်ကတ်မေလာလာလာ (အရပ်)
    သားငယ်၊ သမီးငယ် ကလေးငယ်များကို၊ အိပ်ရန် ပြောသော အာလုပ်စကား။ အဘုသျှေ ဗေါင်းကြူ အိပ်ကတ်မေလာလာလာ (အရပ်)
    none
    နာမ်

    ဗေါင်ခတ်

    [bèàɪ̀ɴkʰaʔ]
    ပတ်ပတ်လည် အနားသတ်ရေ။ အနား ပတ်ပတ်လည် ကန်ဖွဲ့ရေ။ ၂၊ ပိုင်းခြာရေ
    ပတ်ပတ်လည် အနားသတ်သည်။ အနား ပတ်ပတ်လည် ကန်ဖွဲ့သည်။ ၂၊ ပိုင်းခြားသည်
    frame
    ကြိယာ

    ဗေါင်းခတ်

    [bèàɪ́ɴkʰaʔ]
    အပင်၏ အမြင့်ဆုံးသော အခက်
    သစ်ပင်၏ အမြင့်ဆုံးသော အခက်
    highest branch
    နာမ်

    ဗေါင်းစလွန်

    [bèàɪ́ɴslʊ̀ɴ]
    အလျားရှည် ဖျင်ဖြူဖြင့် အထပ်ထပ် ရစ်ပတ်ထားရေ ခေါင်းပေါင်း တမျိုး
    အလျားရှည် ဖျင်ဖြူဖြင့် အထပ်ထပ် ရစ်ပတ်ထားသော ခေါင်းပေါင်း တစ်မျိုး
    turban
    နာမ်

    ဗေါင်းစောက်

    [bèàɪ́ɴsɔ́ɛʔ]
    အလွန်မြင့်မားသော။ ရှည်မြင့်သော။ အစာပြန်၊ သက်နှံကျွဲမ၊ ဗေါင်းစေါက်ညို၊ လပျိုချစ်ကေ၊ ဂြိုဝန်မ (တေး)
    အလွန်မြင့်မားသော။ ရှည်မြင့်သော။ အစာပြန်၊ သက်နှံကျွဲမ၊ ဗေါင်းစေါက်ညို၊ လူပျိုချစ်ကေ၊ ဂြိုဝန်မ (တေး)
    high
    နာမဝိသေသန

    ဗေါင်းစောက်တေ

    [bèàɪ́ɴsɔ́ɛʔtè]
    သွားဆဲ သွားအံ့၊ ပြုလုပ်ဆဲ ပြုလုပ်အံ့ အစဟိစွာရို့မာ ကြာကြာနိန်ကေ တခုတရီ အနှောက်အယှက် ဖြစ်တတ်စွာကို ရည်စူး၍ ပြောဆိုရေ စကားလုံး တာရှည်ကေ ဗေါင်းစေါက်တေ (ပုံ)
    သွားဆဲ သွားလတ္တံ့၊ ပြုလုပ်ဆဲ ပြုလုပ်လတ္တံ့ စသည်တို့တွင် ကြာကြာနေလျှင် တစ်စုံတစ်ခု အနှောက်အယှက် ဖြစ်တတ်သည်ကို ရည်စူး၍ ပြောဆိုသော စကားလုံး တာရှည်ကေ ဗေါင်းစေါက်တေ (ပုံ)
    none
    နာမ်

    ဗေါင်းဆုပ်

    [bèàɪ́ɴsʰoʊʔ]
    ထမင်းကို လက်ဝါးပြည့်အောင် ဆုပ်ထားရေ ထမင်းဆုပ်
    ထမင်းကို လက်ဝါးပြည့်အောင် ဆုပ်ထားသော ထမင်းဆုပ်
    rice ball
    နာမ်

    ဗေါင်းတက်

    [bèàɪ́ɴtɛʔ]
    အထက်မိုးထက်ရို့ မတ်မတ် တက်လားရေ။ အထက်ကို မြင့်တက်လားသည်
    အထက်မိုးပေါ်သို့ မတ်မတ် တက်သွားသည်။ အပေါ်သို့ မြင့်တက်သွားသည်
    increase
    ကြိယာ