Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 321–340 of 507 words

    ဗ

    ဗေါင်းတကျွတ်

    [bèàɪ́ɴtt͡ɕwaʔ]
    (ဥပစာ) အလွန် မြင့်မားသောအရာ။ အေ ကန်းကျင်ပင် ဗေါင်းကကျွတ်မြင့်ရီးထော့။ (အရပ်
    (ဥပစာ) အလွန် မြင့်မားသောအရာ။ အေ ကန်းကျင်ပင် ဗေါင်းကကျွတ်မြင့်ရေးထော့။ (အရပ်
    high
    နာမ်

    ဗေါင်းတင်

    [bèàɪ́ɴtɪ̀ɴ]
    လူငယ်နှင့် လူလတ်ကြား အရွယ်ဟိသူ
    လူငယ်နှင့် လူလတ်ကြား အရွယ်ယှိသူ
    young man
    နာမ်

    ဗေါင်းတင်ကြီး

    [bèàɪ́ɴtɪ̀ɴt͡ɕï]
    လူရွယ်နှင့် လူကြီးအကြား အရွယ်ဟိသူ
    လူရွယ်နှင့် လူကြီးအကြား အရွယ်ယှိသူ
    young man
    နာမ်

    ဗေါင်းတင်သျှေ

    [bèàɪ́ɴtɪ̀ɴʃè]
    ပျိုပျစ် နုနယ်သော အရွယ်ဟိသူ။ ဂေါရာစ အရွယ်ဟိသူ။ တရွိရွိလျှင်၊ ကြီးလတ်ကျင်သော်၊ ဗေါင်းတင် လပျိုရောက်ပနာ (ကုသတု)
    ပျိုပျစ် နုနယ်သော အရွယ်ယှိသူ။ လူပျိုပေါက်စ အရွယ်ရှိသူ။ တရွိရွိလျှင်၊ ကြီးလတ်ကျင်သော်၊ ဗေါင်းတင် လူပျိုရောက်၍ (ကုသတု)
    male adolescent
    နာမ်

    ဗေါင်းတော်

    [bèàɪ́ɴtɔ̀]
    ဘုရင် အစဟိစွာရို့၏ ဂေါင်းဆောင် အဆင်တန်ဆာ။ (ရခိုင်၌ဗေါင်းတော် လေးဆယ်၊ စလွယ်တော် ကိုးပါး၊ ခါးကြိုးငါးရစ် အစဟိစွာ ဟိကတ်တေ။
    ဘုရင် စသည်တို့၏ ဂေါင်းဆောင် အဆင်တန်ဆာ။ (ရခိုင်၌ဗေါင်းတော် လေးဆယ်၊ စလွယ်တော် ကိုးပါး၊ ခါးကြိုးငါးရစ် စသည် ယှိကြသည်။
    turban
    နာမ်

    ဗေါင်းထုပ်

    [bèàɪ́ɴtʰoʊʔ]
    အလျားရှည် ဖျင်ဖြူဖြင့် အထပ်ထပ် ရစ်ပတ်ထားရေ ခေါင်းပေါင်း တမျိုး
    အလျားရှည် ဖျင်ဖြူဖြင့် အထပ်ထပ် ရစ်ပတ်ထားသော ခေါင်းပေါင်း တစ်မျိုး
    turban
    နာမ်

    ဗေါင်းဖျား

    [bèàɪ́ɴpʰrá]
    အပင်၏ ထိပ်ဆုံးအပိုင်း။ အမြင့်ဆုံး ဖြစ်ရေ နီရာ
    အပင်၏ ထိပ်ဆုံးအပိုင်း။ အမြင့်ဆုံး ဖြစ်သော နေရာ
    peak
    နာမ်

    ဗေါင်ဗင်ခတ်

    [bèàɪ̀ɴbɪ̀ɴkʰaʔ]
    ရေမျက်နှာပြင် မငြိမ်မသက် ဖြစ်ပနာ အသံမြည်အောင် လှုပ်ယှား ရိုက်ခတ်သည်
    ရေမျက်နှာပြင် မငြိမ်မသက် ဖြစ်၍ အသံမြည်အောင် လှုပ်ယှား ရိုက်ခတ်သည်
    be agitated
    ကြိယာ

    ဗေါင်ဗင်သတ်

    [bèàɪ̀ɴbɪ̀ɴθaʔ]
    ရေမျက်နှာပြင် မငြိမ်မသက် ဖြစ်ပနာ အသံမြည်အောင် လှုပ်ယှား ရိုက်ခတ်သည်
    ရေမျက်နှာပြင် မငြိမ်မသက် ဖြစ်၍ အသံမြည်အောင် လှုပ်ယှား ရိုက်ခတ်သည်
    be agitated
    ကြိယာ

    ဗေါင်းဗေါင်း

    [bèàɪ́ɴbèàɪ́ɴ]
    အသက်ရွယ် တိုးပွားရေ။ အရွယ် ရောက်ရေ။ လူလား မြောက်ရေ။ မောင်လှဖြူက အချေကမဟောက် ဗေါင်းဗေါင်း ကြီးနီဗျာယ် (အရပ်)
    အသက်ရွယ် တိုးပွားသည်။ အရွယ် ရောက်သည်။ လူလား မြောက်သည်။ မောင်လှဖြူက အငယ်ကမဟောက် ဗေါင်းဗေါင်း ကြီးနီဗျာယ် (အရပ်)
    old
    ကြိယာ

    ဗေါင်းဗေါင်းသီ

    [bèàɪ́ɴbèàɪ́ɴθí]
    သာမန် ရောဂါနန့် မဟုတ်ဘဲ ရောဂါဆိုးဖြင့်သော် ပင်ဖြစ်ဖြစ်၊ ဖီးဒုက္ခ အန္တရာယ် တခုခုကြောင့်သော် ပင်ဖြစ်ဖြစ်၊ ဗြုန်းခနဲသီခြင်း။ ငယ်လင်ဟောင်းလျှင်၊ ဗေါင်းဗေါင်းသီလိုး (ပဋာ)။ ၂၊ ပုတ်ခတ် နှိမ့်ချပနာ ကော်ချရေ့စကား။ ခပစာတိုက်သည့် စကား
    သာမန် ရောဂါဖြင့် မဟုတ်ပဲ ရောဂါဆိုးဖြင့်သော် လည်းကောင်း၊ ဘေးဒုက္ခ အန္တရာယ် တစ်ခုခုကြောင့်သော် လည်းကောင်း၊ ရုတ်တရက်သေခြင်း။ ငယ်လင်ဟောင်းလျှင်၊ ဗေါင်းဗေါင်းသီလိုး (ပဋာ)။ ၂၊ ပုတ်ခတ် နှိမ့်ချ၍ ဆဲဆိုသည့်စကား။ ကျိန်ဆဲသည့် စကား
    die
    နာမ်

    ဗေါစိ

    [bèàsì]
    လုံးဝိုင်းသော မခွတ်သံလုံးငယ်
    လုံးဝိုင်းသော သံမဏိလုံးငယ်
    none
    နာမ်

    ဗေါနှမ်း

    [bèàn̥áɴ]
    ညံ့ဖျင်းသော။ အသိ အလိမ္မာ မဟိရေ။ နုံချာသော
    ညံ့ဖျင်းသော။ အသိ အလိမ္မာ ကင်းမဲ့သော။ နုံချာသော
    poor
    နာမဝိသေသန

    ဗေါနှမ်း၂

    [bèàn̥áɴ၂]
    ညံ့ဖျင်းသောသူ။ အသိ အလိမ္မာ မဟိရေသူ။ နုံချာသောသူ
    ညံ့ဖျင်းသောသူ။ အသိ အလိမ္မာ ကင်းမဲ့သောသူ။ နုံချာသောသူ
    poor
    နာမ်

    ဗေါနှီဗေါနှမ်း

    [bèàn̥íbèàn̥áɴ]
    အသိဉာဏ် ထုံထိုင်း၍ သွက်လက် ချက်ချာခြင်း မဟိသူ။ အသိ အလိမ္မာ ကင်းမဲ့သူ
    အသိဉာဏ် ထုံထိုင်း၍ သွက်လက် ချက်ချာခြင်း မယှိသူ။ အသိ အလိမ္မာ ကင်းမဲ့သူ
    be lethargic
    နာမ်

    ဗေါမှုတ်

    [bèàm̥oʊʔ]
    ဗေါကို (ခရာကို) ဆင့်ကာ ဆင့်ကာ မှုတ်၍ အချက်ပီးရေ။ ၂၊ စစ်တပ်၊ ရဲတပ်ရို့မာ ပိုင် ခရာကိုမှုတ်၍ အချက်ပီးရေ။ သောင်းသောင်းညာကြော်၊ တက်သံဖော်ဗျာယ်၊ သံကျော်ခရာ၊ ဗောမှုတ်ကာဖြင့် (ရခိုင်ကာ)
    ဗေါကို (ခရာကို) ဆင့်ကာ ဆင့်ကာ မှုတ်၍ အချက်ပေးသည်။ ၂၊ စစ်တပ်၊ ရဲတပ်တို့တွင် ကဲ့သို့ ခရာကိုမှုတ်၍ အချက်ပေးသည်။ သောင်းသောင်းညာကြော်၊ တက်သံဖော်လျက်၊ သံကျော်ခရာ၊ ဗောမှုတ်ကာဖြင့် (ရခိုင်ကာ)
    whistle
    ကြိယာ

    ဗေါရိ

    [bèàɹì]
    ဝင့်ကြား ပလွှားမှု။ ကိုယ့်ဂုဏ်ကို ပိုပြီးကေကဲမြင့်၍ အယောင်ဆောင်မှု
    ဝင့်ကြား ပလွှားမှု။ မိမိဂုဏ်ကို ပိုမိုကဲမြင့်၍ ဟန်ဆောင်မှု
    pretend
    နာမ်

    ဗေါရိပစ်

    [bèàɹìpɪʔ]
    ဝင့်ကြွားစွာ။ ဂုဏ်ဝင့်ဗျာယ်
    ဝင့်ကြွားစွာ။ ဂုဏ်ဝင့်လျက်
    boast
    ကြိယာဝိသေသန

    ဗေါရိပစ်၂

    [bèàɹìpɪʔ၂]
    ပလွှား၊ ပြောဆိုရေ။ ကြွားဝင့်သည်
    ပလွှား၊ ပြောဆိုသည်။ ကြွားဝင့်သည်
    boast
    ကြိယာ

    ဗေါရိပြ

    [bèàɹìpɹ]
    လူတိ၏ မြှောက်ပင့် ပြောဆိုမှုကို သာယာရေ။ လူတိက လက်ခုတ်တီး ပီးကေပင် ဗေါရိပြန်ရေဗျာ (အရပ်)
    သူတစ်ပါး၏ မြှောက်ပင့် ပြောဆိုမှုကို သာယာသည်။ လူတိက လက်ခုတ်တီး ပီးကေပင် ဗေါရိပြန်ရေဗျာ (အရပ်)
    like
    ကြိယာ