Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 341–360 of 507 words

    ဗ

    ဗေါရိယာ

    [bèàɹìjà]
    လူတိ၏ မြှောက်ပင့် ပြောဆိုမှုကို သာယာရေ။ လူတိက လက်ခုတ်တီး ပီးကေပင် ဗေါရိပြန်ရေဗျာ (အရပ်)။ လူတိက ပြောတိုင်းကိုပင် လိုက်လို့ လုပ်နီရေဗျာယ်လား၊ လူပင်က ဗေါရိယာကာ (အရပ်)
    သူတစ်ပါး၏ မြှောက်ပင့် ပြောဆိုမှုကို သာယာသည်။ လူတိက လက်ခုတ်တီး ပီးကေပင် ဗေါရိပြန်ရေဗျာ (အရပ်)။ လူတိက ပြောတိုင်းကိုပင် လိုက်လို့ လုပ်နီရေဗျာယ်လား၊ လူပင်က ဗေါရိယာကာ (အရပ်)
    like
    ကြိယာ

    ဗေါရိသတ်

    [bèàɹìθaʔ]
    ရုတ်ရက် ကြမ်းတမ်းသော။ ကြမ်းတမ်း ရိုင်းပျသော
    ရုတ်ရက် ကြမ်းတမ်းသော။ ကြမ်းတမ်း ရိုင်းပျသော
    rude
    နာမဝိသေသန

    ဗေါသျှာ

    [bèàʃà]
    အသိဉာဏ် ထုံထိုင်း၍ သွက်လက် ချက်ချာခြင်း မဟိသူ
    အသိဉာဏ် ထုံထိုင်း၍ သွက်လက် ချက်ချာခြင်း မယှိသူ
    poor
    နာမ်

    ဗေါ်ဒလီ

    [bɔ̀dlí]
    အမျိုးသမီးဝတ် အထဲခံ အင်္ကျီ၊ ကိုယ်ကျပ် အင်္ကျီ၊ ချွေးခံအင်္ကျီ။ (လိပ်) များဗိုလ်လူမာ၊ အပျိုတသင်း၊ ကိုယ်ကျပ်အင်္ကျီ၊ ဗေါ်ဒလီနှင့်၊ (ထာနု)
    အမျိုးသမီးဝတ် အတွင်းခံ အင်္ကျီ၊ ကိုယ်ကျပ် အင်္ကျီ၊ ချွေးခံအင်္ကျီ။ (လိပ်) များဗိုလ်လူတွင်၊ အပျိုတသင်း၊ ကိုယ်ကျပ်အင်္ကျီ၊ ဗေါ်ဒလီနှင့်၊ (ထာနု)
    Bra - Bodice
    နာမ်

    ဗေါ်ရီယာ

    [bɔ̀ɹíjà]
    လူတိ၏ မြှောက်ပင့် ပြောဆိုမှုကို သာယာသည်
    သူတစ်ပါး၏ မြှောက်ပင့် ပြောဆိုမှုကို သာယာသည်
    like
    ကြိယာ

    ဗေါ်လာ

    [bɔ̀là]
    ကိုယ့်နှင့် မသက်ဆိုင် ပါရာဗျာယ်။ ၂၊ ပတ်သက်မှု မဟိသောအနိန်နန့်။ ပိုက်သည် ဗေါ်လာ၊ ဖေါက်သည်ဂေါင်းထက် (ပုံ)
    မိမိနှင့် မသက်ဆိုင် ပါပဲလျက်။ ၂၊ ပတ်သက်မှု မယှိသော အားဖြင့်။ ပိုက်သည် ဗေါ်လာ၊ ဖေါက်သည်ဂေါင်းထက် (ပုံ)
    inexpedient
    ကြိယာဝိသေသန

    ဗေါ်လာ၂

    [bɔ̀là၂]
    လုပ်ဆောင်ရန် ကျရောက်သော အမှုကိစ္စ။ ၂၊ ခံယူသော ဝတ္တရား
    လုပ်ဆောင်ရန် ကျရောက်သော အမှုကိစ္စ။ ၂၊ ခံယူသော ဝတ္တရား
    matter
    နာမ်

    ဗေါ်လာကင်း

    [bɔ̀làkɪ́ɴ]
    ကိုယ့်နှင့် သက်ဆိုင်မှု မဟိပဲ တာဝန်မဲ့ ကင်းပြတ်သည်
    မိမိနှင့် သက်ဆိုင်မှု မယှိပဲ တာဝန်မဲ့ ကင်းပြတ်သည်
    undutifully
    ကြိယာ

    ဗေါ်လာချ

    [bɔ̀làɕ]
    ကျရောက်သော တာဝန်ကို ခံယူစီရေ
    ကျရောက်သော တာဝန်ကို ခံယူစေသည်
    undertake
    ကြိယာ

    ဗေါ်လာစရီ

    [bɔ̀làsɹí]
    လူတိ၏ အလိုနှင့် ဆန့်ကျင်ဗျာယ် နိုင်ထက် စီးနင်း။ ၂၊ အင်အား အချိန်များစွာ သုံးဗျာယ်။ တရကတ်မ်း။ မဟော်ကာဟောက်ကာ ငါ့ကို အားဓမအဓမ္မ ဗေါ်လာစရီယိုးစွပ် နီရေကာ (အရပ်)
    သူတစ်ပါး၏ အလိုနှင့် ဆန့်ကျင်လျက် နိုင်ထက် စီးနင်း။ ၂၊ အင်အား အချိန်များစွာ သုံးလျက်။ တရကြမ်း။ မဟော်ကာဟောက်ကာ ငါ့ကို အတင်းအဓမ္မ ဗေါ်လာစရီစွပ်စွဲ နီရေကာ (အရပ်)
    forcefully
    ကြိယာဝိသေသန

    ဗေါ်လာဆိုက်

    [bɔ̀làsʰaɪʔ]
    ပင်ပန်း ဆင်းရဲသော အဖြစ်သို့ ရောက်ရေ။ ဒုက္ခ ရောက်ရေ
    ပင်ပန်း ဆင်းရဲသော အဖြစ်သို့ ရောက်သည်။ ဒုက္ခ ရောက်သည်
    in trouble
    ကြိယာ

    ဗေါ်လာမဟောက်တာဗေါ်လာ

    [bɔ̀làmhɔ́ɛʔtàbɔ̀là]
    ကိုယ့်နန့် မသက်ဆိုင်ပါရာဗျာယ်။ ပတ်သက်မှု မဟိပါရာဗျာယ်။ ဗေါ်လာမဟောက်တာဗေါ်လာ၊ ငါနန့် ဇာဆိုင်လို့လဲ (အရပ်)
    မိမိနှင့် မသက်ဆိုင်ပါပဲလျက်။ ပတ်သက်မှု မယှိပါပဲလျက်။ ဗေါ်လာမဟောက်တာဗေါ်လာ၊ ငါနန့် ဇာဆိုင်လို့လဲ (အရပ်)
    inexpedient
    ကြိယာဝိသေသန

    ဗေါ်လာအော်လာ

    [bɔ̀làʔɔ̀là]
    ကိုယ့်နှင့် တခုတရီမှ ပတ်သက်မှု မဟိပါရာဗျာယ်
    မိမိနှင့် တစ်စုံတစ်ခုမှ ပတ်သက်မှု မယှိပါပဲလျက်
    inexpedient
    ကြိယာဝိသေသန

    ဗေါ်လိယာ

    [bɔ̀lìjà]
    လူတိ၏ မြှောက်ပင့် ပြောဆိုမှုကို သာယာရေ။ အမြှောက် ကြိုက်ရေ
    သူတစ်ပါး၏ မြှောက်ပင့် ပြောဆိုမှုကို သာယာသည်။ အမြှောက် ကြိုက်သည်
    like
    ကြိယာ

    ဗေါ်လီဗေါ်စွပ်

    [bɔ̀líbɔ̀swaʔ]
    သင့်တင့် လျော်ကန်ခြင်း မဟိသော အရာ။ အဂုခါဝယ်၊ ချမ်းသာစွာလေ၊ ငါလျှင်နိန်ရေ်၊ မဖွယ်မရာ၊ ငါ့ပါးကာလျှင် ဗေါ်လီဗေါ်စွပ်၊ လိပ်၏ကိုယ်မာ၊ ဆိတ်ဂြိုတပ်ယောင်၊ မအပ်မရာ။ (ပန်း)။ မအပ်မရာ၊ လက်ဖျားခါဗျာ၊ ဗေါ်လီဗေါ်စွပ်၊ ဘောင်မနောက်ထပ်၊ ဤပန်းဟန်သို့ ညှာတန်ရုံးကေ၊ မကုံးတတ်ပါ။
    သင့်တင့် လျော်ကန်ခြင်း မယှိသော အရာ။ ယခုခါဝယ်၊ ချမ်းသာစွာလေ၊ ငါလျှင်နေသော်၊ မဖွယ်မရာ၊ ငါ့ထံမှာလျှင် ဗေါ်လီဗေါ်စွပ်၊ လိပ်၏ကိုယ်မှာ၊ ဆိတ်ဂြိုတပ်ယောင်၊ မအပ်မရာ။ (ပန်း)။ မအပ်မရာ၊ လက်ဖျားခါဗျာ၊ ဗေါ်လီဗေါ်စွပ်၊ ဘောင်မတဖန်၊ ဤပန်းဟန်သို့ ညှာတန်ရုံးကေ၊ မကုံးတတ်ပါ။
    in an unseemly way
    နာမ်

    ဗေါ်လီဗေါ်လာ

    [bɔ̀líbɔ̀là]
    ကိုယ့်နှင့် တခုတရီမှ ပတ်သက်မှု မဟိပါရာဗျာယ်
    မိမိနှင့် တစ်စုံတစ်ခုမှ ပတ်သက်မှု မယှိပါပဲလျက်
    inexpedient
    ကြိယာဝိသေသန

    ဗေါ်သျှော

    [bɔ̀ʃɔ́]
    အသိဉာဏ် ထုံထိုင်း၍ သွက်လက် ချက်ချာခြင်း မဟိသူ
    အသိဉာဏ် ထုံထိုင်း၍ သွက်လက် ချက်ချာခြင်း မယှိသူ
    lethargic
    နာမ်

    ဗေါ်သျှောအော်သျှော

    [bɔ̀ʃɔ́ʔɔ̀ʃɔ́]
    အထာနပ် ကျင်လည်မှု မဟိပဲ ထုံထိုင်း နုံချာဗျာယ်
    ပါးနပ် ကျင်လည်မှု မယှိပဲ ထုံထိုင်း နုံချာလျက်
    be lethargic
    ကြိယာဝိသေသန

    ဗါကြမ်း

    [bàt͡ɕáɴ]
    ကြမ်းတမ်းစွာ စကားပြောတတ်ရေ။ အာကြမ်းသော။ မမာ့ဗာကြမ်း၊ ပဇာ့မျိုးက်နှင့်၊ ဇာမှန်းမိသ (ပဒုမ္မ)
    ကြမ်းတမ်းစွာ စကားပြောတတ်သော။ အာကြမ်းသော။ မိန်းမဗာကြမ်း၊ နှုတ်သရမ်းနှင့်၊ ဇာမှန်းမိသ (ပဒုမ္မ)
    rude
    နာမဝိသေသန

    ဗျ

    [br]
    နှီးနှင့် သွပ်၊ ကြီး၊ သတ္တုတခုခုဖြစ်စီ၊ အနားစောက်တိမ်၍ ပြန့်ဝိုင်းသော ထည့်စရာ ဗန်းတမျိုး။ ယိုးဒယားဇင်းမေ၊ အပြည်ပြည်က၊ အထည်အထုပ်၊ ဗျ အုပ်ဒေါင်းလန်း၊ ဝယ်ခြမ်းမအား (ကင်ရီးလား)။ ဗျ အုပ်ဒေါင်းလန်း၊ ဝယ်ခြမ်းမအား (ကင်ရီးလား)
    နှီးနှင့် သွပ်၊ ကြေး၊ သတ္တုတစ်ခုခုဖြစ်စေ၊ အနားစောက်တိမ်၍ ပြန့်ဝိုင်းသော ထည့်စရာ ဗန်းတစ်မျိုး။ ယိုးဒယားဇင်းမယ်၊ အပြည်ပြည်က၊ အထည်အထုပ်၊ ဗျ အုပ်ဒေါင်းလန်း၊ ဝယ်ခြမ်းမအား (ကင်ရီးလား)။ ဗျ အုပ်ဒေါင်းလန်း၊ ဝယ်ခြမ်းမအား (ကင်ရီးလား)
    tray
    နာမ်