Dictionary Entries
Showing 361–380 of 507 words
ဗ
ဗျက်မ
[brɛʔm]
Arakanese:
အကျင့်ဆိုးရေ။ ယုတ်မာရေ။ (မမာ့ကိုရာ ရည်ရွယ်၍ ပြောသောစကား)
Burmese:
အကျင့်ဆိုးသည်။ ယုတ်မာသည်။ (မိန်းမကိုသာ ရည်ရွယ်၍ ပြောသောစကား)
English:
bad
Grammar Note:
ကြိယာ
ဗျက်မ၂
[brɛʔm၂]
Arakanese:
စာရိတ္တ ကိုယ်ကျင့် ပျက်ပြားသော မမာ့။ အရှက်အကြောက် မဟိဘဲ နီထိုင် အသက်မွီးသော မမာ့
Burmese:
စာရိတ္တ ကိုယ်ကျင့် ပျက်ပြားသော မိန်းမ။ အရှက်အကြောက် ကင်းမဲ့စွာ နေထိုင် အသက်မွေးသော မိန်းမ
English:
prostitute
Grammar Note:
နာမ်
ဗျက်လန်
[brɛʔlàɴ]
Arakanese:
ဂြိုရှည်၍ နောက်ကို ကော့လန်နိန်ရေ ကျွဲ
Burmese:
ဦးချိုရှည်၍ နောက်သို့ ကော့လန်နေသော ကျွဲ
English:
buffalo
Grammar Note:
နာမ်
ဗျခွံ
[brkʰwံ]
Arakanese:
(စားသောက်စရာ) ဇာလေ့ မပါမဟိသည့်၏ အဖြစ်။ စားသောက်စရာ တခုလည်း မကျန် (ဗျခွံရာကျန်ရေ။ ဗျရာကျန်ရေ) အစဟိစွာ (အရပ်)
Burmese:
(စားသောက်စရာ) ဘာမျှ မပါမယှိသည့်၏ အဖြစ်။ စားသောက်စရာ တစ်ခုလည်း မကျန် (ဗျခွံရာကျန်ရေ။ ဗျရာကျန်ရေ) စသည် (အရပ်)
English:
none
Grammar Note:
နာမ်
ဗျင်းမ
[brɪ́ɴm]
Arakanese:
ထိုင်းမှိုင်းငြီးငွိ့သော အာရုံကို ခံစားရရေ။ ၂၊ လုံ့လ နည်းပါး ချေကျောက်ရေ။ ပျင်းရိသည်
Burmese:
ထိုင်းမှိုင်းငြီးငွေ့သော အာရုံကို ခံစားရသည်။ ၂၊ လုံ့လ နည်းပါး လေးကန်သည်။ ပျင်းရိသည်
English:
lazy
Grammar Note:
ကြိယာ
ဗျစ်ထူ
[brɪʔtʰù]
Arakanese:
ပျစ် များပြားစွာ
Burmese:
ပြွတ်သိပ် များပြားစွာ
English:
many
Grammar Note:
ကြိယာဝိသေသန
ဗျည်း
[brɛ́]
Arakanese:
က မှ အ အထိ အက္ခရာ သုံးဆယ့်သုံးလုံး
Burmese:
က မှ အ အထိ အက္ခရာ သုံးဆယ့်သုံးလုံး
English:
consonant
Grammar Note:
နာမ်
ဗျည်းတွဲ
[brɛ́twɛ]
Arakanese:
ဗျည်းနှစ်လုံး တနည်း သုံးလုံးကို ပေါင်းစပ်၍ ရီးထားရေ အက္ခရာတွဲ။ (သာဓက၊ ချ၊ ခြ၊ ခွ၊ မျှ၊ မြ စရေ။
Burmese:
ဗျည်းနှစ်လုံး သို့မဟုတ် သုံးလုံးကို ပေါင်းစပ်၍ ရေးထားသော အက္ခရာတွဲ။ (သာဓက၊ ချ၊ ခြ၊ ခွ၊ မျှ၊ မြ စသည်။
English:
consonant cluster such as
Grammar Note:
နာမ်
ဗျည်းအင်း
[brɛ́ʔɪ́ɴ]
Arakanese:
ဗျည်းသုံးဆယ့်သုံးလုံးကို အင်းဆံအဖြစ် အကွက်ဖော်ပနာ ထည့်သွင်း ချထားရေ အင်း
Burmese:
ဗျည်းသုံးဆယ့်သုံးလုံးကို အင်းဆံအဖြစ် အကွက်ဖော်၍ ထည့်သွင်း ချထားသော အင်း
English:
cabalistic square or sign composed of mystic figures and characters in a grid believed to have power for a desired result
Grammar Note:
နာမ်
ဗျပ်
[braʔ]
Arakanese:
မျိုးကောင်း ကောက်ကြီး စပါးတမျိုး
Burmese:
မျိုးကောင်း ကောက်ကြီး စပါးတစ်မျိုး
English:
paddy
Grammar Note:
နာမ်
ဗျပြည့်
[brpɹɛ့]
Arakanese:
ဗျထဲမာ ဖီးဆိုင်ထည့်လျှင် ပြည့်လောက်ယောင် ကြီးထွားသော နပျိုးသီး တမျိုး
Burmese:
ဗျထဲတွင် ဖီးဆိုင်ထည့်လျှင် ပြည့်လောက်အောင် ကြီးထွားသော ငှက်ပျောသီး တစ်မျိုး
English:
banana
Grammar Note:
နာမ်
ဗျာ
[brà]
Arakanese:
ပြုလုပ်ဖြစ်ပျက်ခြင်း ထမြောက် ကျော်လွန်ခရေကို ထင်ယှားစီရေ စကားလုံး။ လုပ်လို့ကြံလို့ အားလုံးပြီးပါဗျာ၊(ဗျာယ်) (အရပ်)။ ဖြစ်ပျက် ပြုလုပ်မှု ပြီးကြောင်း ဖော်ပြသော စကားလုံး။ မောင်လှလားခဗျာ၊ မောင်နီမလိုက်လီကေ့ဖိ (အရပ်)။ ၂၊ ပိုင်းဖြတ်ခြင်းပြ နောက်ဆက်စကား။ (ပ
Burmese:
ပြုလုပ်ဖြစ်ပျက်ခြင်း ထမြောက် ကျော်လွန်ခဲ့သည်ကို ထင်ယှားစေသော စကားလုံး။ လုပ်လို့ကြံလို့ အားလုံးပြီးပါဗျာ၊(ဗျာယ်) (အရပ်)။ ဖြစ်ပျက် ပြုလုပ်မှု ပြီးကြောင်း ဖော်ပြသော စကားလုံး။ မောင်လှလားခဗျာ၊ မောင်နီမလိုက်လီကေ့ဖိ (အရပ်)။ ၂၊ ပိုင်းဖြတ်ခြင်းပြ နောက်ဆက်စကား။ (ပ
English:
none
Grammar Note:
ပစ္စည်း
ဗျာ၂
[brà၂]
Arakanese:
တစုံတရာ ဆောင်ရွက်မှု ကျေကုန်ပြတ်စဲရေ။ အရီးကိစ္စ အားလုံး ပြီးဆုံးပါဗျာ (ဗျာယ်)၊ (အရပ်)
Burmese:
တစ်စုံတရာ ဆောင်ရွက်မှု ကျေကုန်ပြတ်စဲသည်။ အရေးကိစ္စ အားလုံး ပြီးဆုံးပါဗျာ (ဗျာယ်)၊ (အရပ်)
English:
finish
Grammar Note:
ကြိယာ
ဗျာခေါ်
[bràkʰɔ̀]
Arakanese:
ကိုယ့်လယ်မာ ပျိုးစိုက် လုပ်ငန်း ပြီးပြတ်စီရန် တရက်တာ အကူအညီ တောင်းခံသည်
Burmese:
မိမိလယ်တွင် ကောက်စိုက် လုပ်ငန်း ပြီးပြတ်စေရန် တစ်ရက်တာ အကူအညီ တောင်းခံသည်
English:
ask for help
Grammar Note:
ကြိယာ
ဗျာဒိတ်
[bràdeɪʔ]
Arakanese:
အနာဂတ်ကာလမာ ဖြစ်ပျက်မည့် အကြောင်းအရာနှင့် ဆက်စပ်ပနာ မိန့်ဟမြွက်ဆိုရေ ဘုရား၏ စကားတော်
Burmese:
အနာဂတ်ကာလ၌ ဖြစ်ပျက်မည့် အကြောင်းအရာနှင့် စပ်လျဉ်း၍ မိန့်ဟမြွက်ဆိုသော ဘုရား၏ စကားတော်
English:
preordainment of events made by Buddha - deism
Grammar Note:
နာမ်
ဗျာဓိ
[bràdʱì]
Arakanese:
အနာရောဂါ ဝေဒနာ စွဲကပ်ခြင်း
Burmese:
အနာရောဂါ ဝေဒနာ စွဲကပ်ခြင်း
English:
contract disease
Grammar Note:
နာမ်
ဗျာပါ
[bràpà]
Arakanese:
စိုးရိမ်း ကြောင့်ကြမှု။ သုဒနုရာဇာ၊ သားမင်းလျာမာ၊ ဗျာပါကြွပြီးကေ၊ သောကလေ့ပွေ (ဒွေး)
Burmese:
စိုးရိမ်း ကြောင့်ကြမှု။ သုဒနုရာဇာ၊ သားမင်းလျာမှာ၊ ဗျာပါကြွ၍၊ သောကလည်းပွေ (ဒွေး)
English:
anxiety
Grammar Note:
နာမ်
ဗျာပါဆံ
[bràpàsʰံ]
Arakanese:
နရွက်နှင့် ဘက်အောက်ကို စုသွင်း၍ ယင်းအောက်မှ ဟိကို အဖျားကော့ထွက်အောင် ထားရေ ဆံပင်စု။ ဗျာပါဆံကို၊ နောက်လှန်ချကေ၊ အောက်သမလေ၊ အောက်သမ (တေး)
Burmese:
နားရွက်နှင့် ဘက်အောက်သို့ စုသွင်း၍ ယင်းအောက်မှ ရှေ့သို့ အဖျားကော့ထွက်အောင် ထားသော ဆံပင်စု။ ဗျာပါဆံကို၊ နောက်လှန်ချကေ၊ အောက်သမလေ၊ အောက်သမ (တေး)
English:
switch of hair
Grammar Note:
နာမ်
ဗျာပါရ
[bràpàɹ]
Arakanese:
စိုးရိမ်း ကြောင့်ကြမှု။ သုဒနုရာဇာ၊ သားမင်းလျာမာ၊ ဗျာပါကြွပြီးကေ၊ သောကလေ့ပွေ (ဒွေး)
Burmese:
စိုးရိမ်း ကြောင့်ကြမှု။ သုဒနုရာဇာ၊ သားမင်းလျာမှာ၊ ဗျာပါကြွ၍၊ သောကလည်းပွေ (ဒွေး)
English:
anxiety
Grammar Note:
နာမ်
ဗျာပွား
[bràpWà]
Arakanese:
ကရားကထား။ မမေသန်း အလုပ်ကို ဖြစ်ကဆန်းတန်း လုပ်ရေ၊ (အရပ်)
Burmese:
ဖရိုဖရဲ။ မမေသန်း အလုပ်ကို ဖြစ်ကဆန်းတန်း လုပ်ရေ၊ (အရပ်)
English:
In disorder - in disarray
Grammar Note:
ကြိယာဝိသေသန