Dictionary Entries
Showing 21–40 of 507 words
ဗ
ဗင်စင်း
[bɪ̀ɴsɪ́ɴ]
Arakanese:
လင်းဘားသော သူ။ ၂၊ ယင်းပိုင် ရှည်သော သူကို ခေါ်သော အာလုပ်စကားလုံး။ (ဗင်စင်းရှည်လို့လေ့ သုံးနှုန်းရေ။
Burmese:
အရပ်ရှည်သော သူ။ ၂၊ ယင်းသို့ ရှည်သော သူကို ခေါ်သော အာလုပ်စကားလုံး။ (ဗင်စင်းရှည်ဟုလည်း သုံးနှုန်းသည်။
English:
tall
Grammar Note:
နာမ်
ဗင်းထမ်း
[bɪ́ɴtʰáɴ]
Arakanese:
ပက်ခုံး၊ ကျောက်ကုန်းရို့နန့် ဝန်ကို သယ်သည်
Burmese:
ပခုံး၊ ကျောက်ကုန်းတို့ဖြင့် ဝန်ကို သယ်သည်
English:
carry
Grammar Note:
ကြိယာ
ဗင်းထမ်း၂
[bɪ́ɴtʰáɴ၂]
Arakanese:
ဝန်ကို ထမ်းဆောင်ရာမာ အသုံးပြုရရေ ဝါးချောင်း၊ သစ်ချောင်းအစဟိစွာ
Burmese:
ဝန်ကို ထမ်းဆောင်ရာ၌ အသုံးပြုရသော ဝါးချောင်း၊ သစ်ချောင်းစသည်
English:
bamboo stick
Grammar Note:
နာမ်
ဗင်းဗင်းခတ်
[bɪ́ɴbɪ́ɴkʰaʔ]
Arakanese:
ဗင်းဗင်းဟု တီးခတ်၍ မြည်သော အသံ
Burmese:
ဗင်းဗင်းဟု တီးခတ်၍ မြည်သော အသံ
English:
none
Grammar Note:
နာမ်
ဗင်္ဂလာကျွဲ
[bŋ̇galàt͡ɕwɛ]
Arakanese:
ဂြိုအောက်ကို ပြန်ကော့၍ ကွေးကုပ်ခွေရစ် နိန်ရေ ကျွဲတမျိုး
Burmese:
ဦးချိုအောက်သို့ ပြန်ကော့၍ ကွေးကုပ်ခွေရစ် နေသော ကျွဲတစ်မျိုး
English:
buffalo
Grammar Note:
နာမ်
ဗင်္ဂလာနွား
[bŋ̇galànWà]
Arakanese:
ကိုယ်ထည်ကြီးပြီးကေ လည်ပျိုင်း ကျပြီး နရွက်ကြီးရေ နွားတမျိုး
Burmese:
ကိုယ်ထည်ကြီး၍ လည်ပျဉ်း ကျပြီး နားရွက်ကြီးသော နွားတစ်မျိုး
English:
cow
Grammar Note:
နာမ်
ဗင်္ဂလာဖုံး
[bŋ̇galàpʰóʊɴ]
Arakanese:
ဖုန်း သားရေ ပြောင်ဖြင့် ဖုံးထားရေ စာအုပ်ဖုံး တမျိုး
Burmese:
ဖုန်း သားရေ ပြောင်ဖြင့် ဖုံးထားသော စာအုပ်ဖုံး တစ်မျိုး
English:
cover
Grammar Note:
နာမ်
ဗင်္ဂလာသရက်
[bŋ̇galàθɹɛʔ]
Arakanese:
မှည့်လျှင် အရသာ ချိုလီးပနာ လုံးဝိုင်းပြီး အခွံထူရေ နွားစားသရက် တမျိုး
Burmese:
မှည့်လျှင် အရသာ ချိုလေး၍ လုံးဝိုင်းပြီး အခွံထူသော သရက်သီး တစ်မျိုး
English:
mango
Grammar Note:
နာမ်
ဗင်္ဂလီဆား
[bŋ̇galísʰá]
Arakanese:
ဝမ်းကို သက်စီတတ်ရေ အရသာခါးသည့် ဓာတ်ဆားတမျိုး၊ ဆားခါး
Burmese:
ဝမ်းကို သက်စေတတ်သော အရသာခါးသည့် ဓာတ်ဆားတစ်မျိုး၊ ဆားခါး
English:
epsom salts
Grammar Note:
နာမ်
ဗင်္ဂါသီး
[bŋ̇gaàθï]
Arakanese:
ဝါဖျော့သော အရောင်ဟိ၍ အနံ့မွေးသော အသီးတမျိုး
Burmese:
ဝါဖျော့သော အရောင်ယှိ၍ အနံ့မွေးသော အသီးတစ်မျိုး
English:
fruit
Grammar Note:
နာမ်
ဗစမ်းပရာ
[bsáɴpɹà]
Arakanese:
အထွီထွီ အရာရာ ပြောင်းလဲ ပြောဆိုရေ။ ဝင်ရောက် စွက်ဖက် ခြူရေ။ မတိမကျ။ မပီကလာ။ မသေမချာ။ မပိုင်မနိုင်။ စမ်းဖိစမ်းဖန်း
Burmese:
အထွေထွေ အရာရာ ပြောင်းလဲ ပြောဆိုသည်။ ဝင်ရောက် စွက်ဖက် ရှုပ်ပွေသည်။ မတိမကျ။ မပီမသ။ မသေမချာ။ မပိုင်မနိုင်။ စမ်းတဝါးဝါး
English:
interfere
Grammar Note:
ကြိယာဝိသေသန
ဗစမ်းဗရမ်း
[bsáɴbɹáɴ]
Arakanese:
စိတ် မတည်မတံ့ ဖြစ်တေ။ အယောင်ယောင် အမားလေ့ား။ မငြိမ်မသက် ကယောင် ချောက်ချား
Burmese:
စိတ် မတည်မတံ့ ဖြစ်သည်။ အယောင်ယောင် အမှားမှား။ မငြိမ်မသက် ကယောင် ချောက်ချား
English:
raveningly
Grammar Note:
ကြိယာဝိသေသန
ဗစိုင်းဗရီ
[bsáɪɴbɹí]
Arakanese:
ငါးရှည့်မျိုးဝင် အကြီးစား ငါးတမျိုး
Burmese:
ငါးရှည့်မျိုးဝင် အကြီးစား ငါးတစ်မျိုး
English:
eel
Grammar Note:
နာမ်
ဗဇီ
[bzí]
Arakanese:
အခက်အခဲ ဖီးဒဏ် စစွာကို အားတင်း၍ ကြံ့ကြံ့ခံရေ။ ခံနိုင်ရည် ဟိရေ။ ‘ကုလားဗဇီ၊ နွားဗဇီ’ (ပုံ)။ ‘ကုလားဗဇီ၊ နွားဗဇီဖြင့်၊ မထီလေးစား၊ ငါကိုယ်တော်ကို၊ ချင်ရာထားလို့။’ (လွမ်းမပြေ
Burmese:
အခက်အခဲ ဘေးဒဏ် စသည်ကို အားတင်း၍ ကြံ့ကြံ့ခံသည်။ ခံနိုင်ရည် ယှိသည်။ ‘ကုလားဗဇီ၊ နွားဗဇီ’ (ပုံ)။ ‘ကုလားဗဇီ၊ နွားဗဇီဖြင့်၊ မထီလေးစား၊ ငါကိုယ်တော်ကို၊ ချင်ရာထားလို့။’ (လွမ်းမပြေ
English:
defy - endure
Grammar Note:
ကြိယာ
ဗဇီဗဇပ်
[bzíbzaʔ]
Arakanese:
အထွီထွီ အရာရာ ပြောင်းလဲ ပြောဆိုရေ။ ဝင်ရောက် စွက်ဖက် ခြူသည်
Burmese:
အထွေထွေ အရာရာ ပြောင်းလဲ ပြောဆိုသည်။ ဝင်ရောက် စွက်ဖက် ရှုပ်ပွေသည်
English:
interfere
Grammar Note:
ကြိယာဝိသေသန
ဗဇီဗဇာ
[bzíbzà]
Arakanese:
ကြန့်ကြာ နှောင်နှေးစီရေ။ ဖင့်နှေးစီရေ။ ‘လာလာဝေ လားကတ်မေအယင်၊ ဗဇီဗဇာလုပ် မနီးကေ့။’ (အရပ်
Burmese:
ကြန့်ကြာ နှောင်နှေးစေသည်။ ဖင့်နှေးစေသည်။ ‘လာလာဝေ လားကတ်မေအယင်၊ ဗဇီဗဇာလုပ် မနီးကေ့။’ (အရပ်
English:
delay
Grammar Note:
ကြိယာ
ဗတားရီ
[btáɹí]
Arakanese:
မတိမကျ။ မပီကလာ။ မသေမချာ။ မပိုင်မနိုင်။ စမ်းဖိစမ်းဖန်း
Burmese:
မတိမကျ။ မပီမသ။ မသေမချာ။ မပိုင်မနိုင်။ စမ်းတဝါးဝါး
English:
uncertainty
Grammar Note:
ကြိယာဝိသေသန
ဗတားရီ၂
[btáɹí၂]
Arakanese:
အနံတထွာကျော်၊ အလျားနှစ်တောင်ကျော်ခန့်ရှည်၊ ဖင်ကြားညှပ် ဝတ်ရရေ နံငယ်ဖျင်ပိုင်း အဝတ်တမျိုး။ မလုံဖို့လဲသော အဝတ်ငယ်တမျိုး
Burmese:
အနံတစ်ထွာကျော်၊ အလျားနှစ်တောင်ကျော်ခန့်ရှည်၊ ဖင်ကြားညှပ် ဝတ်ရသော နံငယ်ဖျင်ပိုင်း အဝတ်တစ်မျိုး။ မလုံမလဲသော အဝတ်ငယ်တစ်မျိုး
English:
waist cloth
Grammar Note:
နာမ်
ဗတီပြု
[btípɹoʊ]
Arakanese:
တင်ပြချက် တာဝန်ပီးချက်၊ အဆိုပြုချက် အစဟိစွာ တစုံတရာကို လက်ခံသဖောတူစွာ အခိုင်အမာ သတ်မှတ်သည်
Burmese:
တင်ပြချက် တာဝန်ပေးချက်၊ အဆိုပြုချက် စသည် တစ်စုံတရာကို လက်ခံသဘော တူသည်။ အခိုင်အမာ သတ်မှတ်သည်
English:
confirm
Grammar Note:
ကြိယာ
ဗတီဗတစ်
[btíbtɪʔ]
Arakanese:
အဝတ် အစား သပ်ရပ်ခြင်း မဟိပဲ။ အချိုးမကျပဲ
Burmese:
အဝတ် အစား သပ်ရပ်ခြင်း မယှိပဲ။ အချိုးမကျပဲ
English:
sloppy
Grammar Note:
ကြိယာ