Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 381–400 of 507 words

    ဗ

    ဗျာယ

    [bràj]
    စိုးရိမ်းကြောင့်ကြမှု။ သုဒနုရာဇာ၊ သားမင်းလျာမာ၊ ဗျာပါကြွပြီးကေ၊ သောကလေ့ပွေ (ဒွေး)။ ပင်ပန်းသောက၊ ကြီးဗျာယနှင့် (ထွန်းဘိ)
    စိုးရိမ်းကြောင့်ကြမှု။ သုဒနုရာဇာ၊ သားမင်းလျာမှာ၊ ဗျာပါကြွ၍၊ သောကလည်းပွေ (ဒွေး)။ ပင်ပန်းသောက၊ ကြီးဗျာယနှင့် (ထွန်းဘိ)
    anxiety
    နာမ်

    ဗျာယာခတ်

    [bràjàkʰaʔ]
    သုတ်သုတ် ပျာပျာ ပြုရေ။ ကမန်းကတန်း ပြုမူလှုပ်ရှားသည်
    သုတ်သုတ် ပျာပျာ ပြုသည်။ အလျင်စလို ပြုမူလှုပ်ရှားသည်
    be in a flurry
    ကြိယာ

    ဗျာယာသတ်

    [bràjàθaʔ]
    သွက်လက် ဖြတ်လတ်စွာ။ အရီးတယူ ပျူငှါစွာ
    သွက်လက် ဖျတ်လတ်စွာ။ အရေးတယူ ပျူငှါစွာ
    quick
    ကြိယာဝိသေသန

    ဗျာယီးဗျာယာ

    [bràjïbràjà]
    ကမန်းကတန်း။ စိုးရိမ် ကြောင့်ကြမှုဖြင့် သပ်ရပ်ကျနခြင်း မဟိပဲ။ ငါ့ညီရောက်လို့၊ နှစ်ယောက်ဆောင်လာ၊ ရို့အရီးမာ၊ သမီးတော်ကား၊ ခြင်းရာကြောင့်ရီး၊ ဗျာယီးဗျာယာ ချိုသာစွာနှင့် ဆိုကာမိန်းသော် (ကော်)
    အလျင်စလို။ စိုးရိမ် ကြောင့်ကြမှုဖြင့် သပ်ရပ်ကျနခြင်း မယှိပဲ။ ငါ့ညီရောက်လို့၊ နှစ်ယောက်ဆောင်လာ၊ တို့အရီးမှာ၊ သမီးတော်ကား၊ ခြင်းရာကြောင့်ရီး၊ ဗျာယီးဗျာယာ ချိုသာစွာနှင့် ဆိုကာမိန်းသော် (ကော်)
    quick
    ကြိယာဝိသေသန

    ဗျာရီ

    [bràɹí]
    ကုန်စည် လက်ကား ရောင်းချသူ။ (ငါးဗျာရီ၊ ဟင်းဗျာရီ၊ ကွင်းဗျာရီ အစဟိစွာအနိန်နန့်သာ အသုံးဟိသည်)
    ကုန်စည် လက်ကား ရောင်းချသူ။ (ငါးဗျာရီ၊ ဟင်းဗျာရီ၊ ကွင်းဗျာရီ စသည်ဖြင့်သာ အသုံးယှိသည်)
    seller
    နာမ်

    ဗျာလိုက်

    [bràlaɪʔ]
    တဦးတလီမာ ပျိုးစိုက်ရန်ဖြစ်စီ၊ စပါး ရိတ်သိမ်းရန်ဖြစ်စီ ဝိုင်းဝန်း ကူညီလုပ်ဆောင် အားပီးရေ
    တစ်ဦးဦးတွင် ကောက်စိုက်ရန်ဖြစ်စေ၊ စပါး ရိတ်သိမ်းရန်ဖြစ်စေ ဝိုင်းဝန်း ကူညီလုပ်ဆောင် အားပေးသည်
    contribute labour
    ကြိယာ

    ဗျိုက်တော

    [braɪʔtɔ́]
    အပင်ငယ်နှင့် စူးပင်များ ပေါက်ရောက်တတ်သည့် ရေဝင် နုန်းမြေ တောစပ်
    သစ်ပင်ငယ်နှင့် ဆူးပင်များ ပေါက်ရောက်တတ်သည့် ရေဝင် နုန်းမြေ တောစပ်
    loam
    နာမ်

    ဗျိုက်ပင်

    [braɪʔpɪ̀ɴ]
    ရေဝင် နုန်းမြေမာ အပင်ငယ်နှင့် စူးပင်များ ပေါက်ရောက်ရေ့ အပင်များ
    ရေဝင် နုန်းမြေတွင် သစ်ပင်ငယ်နှင့် ဆူးပင်များ ပေါက်ရောက်သည့် အပင်များ
    plant
    နာမ်

    ဗျိုင်း

    [bráɪɴ]
    ရေစပ်နံဖီးမာ ကျက်စားလေ့ ဟိသော ခြေတံရှည် နှုတ်သီးဝါနှင့် အမွီးအတောင် ဖြူသော ငှက်တမျိုး။ ဗျိုင်းဖြူကြီး၊ သုံးဆယ် သုံးကောင်၊ မေလက်ဝါးမာ၊ နားလာယောင်၊ အမင်ာင်စာတတ်၊ အေပုစ္ဆာကို၊ ဖြေပီးလတ် (စကားထာ)
    ရေစပ်အနီးတွင် ကျက်စားလေ့ ယှိသော ခြေတံရှည် နှုတ်သီးဝါနှင့် အမွေးအတောင် ဖြူသော ငှက်တစ်မျိုး။ ဗျိုင်းဖြူကြီး၊ သုံးဆယ် သုံးကောင်၊ မေလက်ဝါးမှာ၊ နားလာယောင်၊ အမောင်စာတတ်၊ အေပုစ္ဆာကို၊ ဖြေပီးလတ် (စကားထာ)
    egret
    နာမ်

    ဗျိုင်းချီးဟင်း

    [bráɪɴɕïhɪ́ɴ]
    ဟင်းချက်စားရရေ မြေတွားပင် တမျိုး
    ဟင်းချက်စားရသော မြေတွားပင် တစ်မျိုး
    vegetable
    နာမ်

    ဗျိုင်းစိကြီး

    [bráɪɴsìt͡ɕï]
    ထိုင်းမှိုင်း ထိုင်းမှိုင်းသူ။ အထအကြွ လေးဖင့်ဆိုင်းတွတတ်သူ
    လေးလံ ထိုင်းမှိုင်းသူ။ အထအကြွ လေးဖင့်ဆိုင်းတွတတ်သူ
    dull
    နာမ်

    ဗျိုင်းစိခတ်

    [bráɪɴsìkʰaʔ]
    ထိုင်းမှိုင်း ထိုင်းမှိုင်းတတ်သူ။ လေးဖင့် ဆိုင်းတွတတ်သူ
    လေးလံ ထိုင်းမှိုင်းတတ်သူ။ လေးဖင့် ဆိုင်းတွတတ်သူ
    dull
    နာမ်

    ဗျိုင်းနီသျှေ

    [bráɪɴníʃè]
    အမွီးအတောင် နီဝါရောင် ဟိသော ဗျိုင်းငယ် တမျိုး
    အမွေးအတောင် နီဝါရောင် ယှိသော ဗျိုင်းငယ် တစ်မျိုး
    egret
    နာမ်

    ဗျိုင်းဟောက်

    [bráɪɴhɔ́ɛʔ]
    ခြုံကြို၊ ခြုံကြားမာ နီလေ့ဟိ၍ အမွီးအတောင် အုန်းနီရောင်ဟိသော ဗျိုင်းတမျိုး
    ခြုံကြို၊ ခြုံကြားတွင် နေလေ့ယှိ၍ အမွေးအတောင် အုန်းနီရောင်ယှိသော ဗျိုင်းတစ်မျိုး
    egret
    နာမ်

    ဗျူဟာ

    [brùhà]
    စစ်ဆီးခြင်း။ ၂၊ စစ်သား အခြွီအရံ
    စစ်ဆေးခြင်း။ ၂၊ စစ်သည် အခြွေအရံ
    check
    နာမ်

    ဗျူဟာကျမ်း

    [brùhàt͡ɕáɴ]
    စစ်တက်၊ စစ်ဆင်၊ စစ်ပြန်၊ စစ်ကဲအစဟိစွာနှင့် မက္ကဋဗျူဟာ၊ မဓုကဗျူဟာ၊ ယက္ခဗျူဟာ အစဟိစွာ့ စစ်ဆင်ရာနှင့် ပတ်သက်ပြီးကေ စီရင် ထားရေကျမ်း
    စစ်တက်၊ စစ်ဆင်၊ စစ်ပြန်၊ စစ်ကဲစသည်နှင့် မက္ကဋဗျူဟာ၊ မဓုကဗျူဟာ၊ ယက္ခဗျူဟာ စသည့် စစ်ဆင်ရာနှင့် ပတ်သက်၍ စီရင် ထားသောကျမ်း
    military science
    နာမ်

    ဗျူဟာခင်း

    [brùhàkʰɪ́ɴ]
    စစ်တိုက်ဖို့ စစ်သားရို့ကို စီစိုင်ရေ။ စစ်နှင့်ဆိုင်ရေ အရီးအခင်းရို့ကို ဆင်နွဲသည်
    စစ်တိုက်ရန် စစ်သည်တို့ကို စီစဉ်သည်။ စစ်နှင့်ဆိုင်သော အရေးအခင်းတို့ကို ဆင်နွဲသည်
    go to war
    ကြိယာ

    ဗျူဟာချီ

    [brùhàɕí]
    စစ်တိုက်ဖို့ ဗိုလ်ပါ သူရဲ အရွီပြတ်နှင့် ချီတက်ရေ
    စစ်တိုက်ရန် ဗိုလ်ပါ သူရဲ အလုံးအရင်းနှင့် ချီတက်သည်
    go to war
    ကြိယာ

    ဗျေကြီး

    [brèt͡ɕï]
    ဖခင်၏ ညီအကြီးသူ။ မိခင်၏ ညီမလင်ကို ခေါ်သော အာလုပ်စကားလုံး
    ဖခင်၏ ညီအကြီးသူ။ မိခင်၏ ညီမလင်ကို ခေါ်သော အာလုပ်စကားလုံး
    uncle
    နာမ်

    ဗျေလတ်

    [brèlaʔ]
    ဖခင်၏ ညီအလတ်သူ။ မိခင်၏ ညီမအလတ်သူ လင်ကိုခေါ်သော အာလုပ် စကားလုံး
    ဖခင်၏ ညီအလတ်သူ။ မိခင်၏ ညီမအလတ်သူ လင်ကိုခေါ်သော အာလုပ် စကားလုံး
    uncle
    နာမ်