Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 441–460 of 507 words

    ဗ

    ဗြုတ်သျှပ်လိုက်

    [bɹoʊʔʃaʔlaɪʔ]
    ၁၊ နောက်ကုန်းမာ၊ အဖုအလုံးငယ်များ ပြည့်ကျပ်ဗျာယ်။ ၂၊ နူးညံ့ ချောမွိ့ခြင်း ကင်းရွီတွက်နန့်။ နောက်ကုန်းမာ မြိတ်ဖုလုံးသျှေတိ ပြုတ်သျှပ်ထနီရေ (အရပ်)
    ၁၊ ကျောကုန်းတွင်၊ အဖုအလုံးငယ်များ ပြည့်ကျပ်လျက်။ ၂၊ နူးညံ့ ချောမွေ့ခြင်း ကင်းသောအားဖြင့်။ နောက်ကုန်းမှာ မြိတ်ဖုလုံးသျှေတိ ပြုတ်သျှပ်ထနီရေ (အရပ်)
    protuberance on a surface
    ကြိယာဝိသေသန

    ဗြုန်းကနဲ

    [bɹóʊɴknɛ]
    သွက်လက် အယင့်ယင်။ တဟုန်တည်း။ ရုတ်ကနဲ
    သွက်လက် လျင်မြန်စွာ။ တဟုန်တည်း။ ရုတ်ကနဲ
    quickly
    ကြိယာဝိသေသန

    ဗြုန်ထီးမ

    [bɹòʊɴtʰïm]
    ပြုတ်မနူး၊ နောက်တောက်တောက်၊ ဣန္ဒြေ မဟိရေ မမာ့ကို ခေါ်သော အာလုပ်စကား
    ပြောင်ချော်ချော်၊ နောက်တောက်တောက်၊ ဣန္ဒြေ ကင်းမဲ့သော မိန်းမကို ခေါ်သော အာလုပ်စကား
    none
    နာမ်

    ဗြုန်းဒိုင်း

    [bɹóʊɴdáɪɴ]
    မမျှော်လင့်သော အချိန်မာ ဗြုန်းခနဲအားဖြင့်
    မမျှော်လင့်သော အချိန်တွင် ရုတ်တရက်အားဖြင့်
    suddenly
    ကြိယာဝိသေသန

    ဗြုန်းဗြင်းဒုန်းဒင်း

    [bɹóʊɴbɹɪ́ɴdóʊɴdɪ́ɴ]
    လောလောဆယ် အနိန်နန့်။ မဆိုင်းမစောင့်ပဲ။ ဗြုန်းခနဲ ပရုန်းနရုန်းအနိန်နန့်
    လောလောဆယ် အားဖြင့်။ မဆိုင်းမစောင့်ပဲ။ ရုတ်တရက် လတ်တလော အားဖြင့်
    immediately
    ကြိယာဝိသေသန

    ဗြုန်းဗြင်းဒုန်းဒင်း၂

    [bɹóʊɴbɹɪ́ɴdóʊɴdɪ́ɴ၂]
    အယင့်ယင် လားလာရေ။ ပြေးပိုင် လျှောက်လည်ရေ။ သုတ်ပြာသုတ်နင်း လားလာရေ
    လျင်မြန်စွာ သွားလာသည်။ ပြေးသကဲ့သို့ လျှောက်လည်သည်။ သုတ်ခြေတင် သွားလာသည်
    walk away quickly
    ကြိယာ

    ဗြုန်းဗြင်းဒုန်းဒင်း၃

    [bɹóʊɴbɹɪ́ɴdóʊɴdɪ́ɴ၃]
    ဗြုန်းခနဲ သဲသဲဆူညံညံ
    ရုတ်တရက် သဲသဲဆူညံညံ
    be noisy
    နာမ်

    ဗြုန်းဗြုန်း

    [bɹóʊɴbɹóʊɴ]
    အဂု။ မဆိုင်းမတွပဲ။ မစောင့်ဆိုင်းပဲ
    ချက်ချင်း။ မဆိုင်းမတွပဲ။ မစောင့်ဆိုင်းပဲ
    immediately
    ကြိယာဝိသေသန

    ဗြုန်းဗြုန်း၂

    [bɹóʊɴbɹóʊɴ၂]
    တီးခတ်၍ ထိခိုက်ရာမှ နောက်ထပ် ထွက်ပေါ်လှာသော အသံ။ ခေါ်ဘိ ထင်ရှား၊ တောင်ရွာစားနှင့်၊ တီးငြားမြှောက် စည်ဗြုန်းဗြုန်း မြည်ဗျာယ် (ရခိုင်ကာ)
    တီးခတ်၍ ထိခိုက်ရာမှ တဖန် ထွက်ပေါ်လာသော အသံ။ ခေါ်ဘိ ထင်ရှား၊ တောင်ရွာစားနှင့်၊ တီးငြားမြှောက် စည်ဗြုန်းဗြုန်း မြည်လျက် (ရခိုင်ကာ)
    none
    နာမ်

    ဗြုန်းဗြုန်းကွဲ

    [bɹóʊɴbɹóʊɴkwɛ]
    တစစီ၊ တဖဲ့စီ၊ တစိတ်စီ အစဟိစွာဖြစ်ဗျာယ်။ အစိတ်စိတ် အမြွာမြွာဖြစ်ဗျာယ်
    တစစီ၊ တဖဲ့စီ၊ တစိတ်စီ စသည်ဖြစ်လျက်။ အစိတ်စိတ် အမြွာမြွာဖြစ်လျက်
    be scattered
    ကြိယာဝိသေသန

    ဗြုန်းဗြုန်းဗြုန်းဗြုန်း

    [bɹóʊɴbɹóʊɴbɹóʊɴbɹóʊɴ]
    ဆူညံ ဗလဗွီသတ်စွာ လှုပ်ယှားဗျာယ်
    ဆူညံ ရှုပ်ထွေးစွာ လှုပ်ယှားလျက်
    in confusion
    ကြိယာဝိသေသန

    ဗြုန်ဗြဲဗြုန်ဗြဲ

    [bɹòʊɴbɹɛbɹòʊɴbɹɛ]
    မလုပ်သင့်ရာကို မရှက်မရွံ့ အားပါးမနာ စိမ်းကီစိမ်းကြောတက် ဣန္ဒြေ မဟိဘဲ။ (ပြုမူသည်)
    မလုပ်သင့်ရာကို မရှက်မရွံ့ အားပါးမနာ မျက်နှာပြောင်တက် ဣန္ဒြေ ကင်းမဲ့စွာ။ (ပြုမူသည်)
    brazenly
    ကြိယာဝိသေသန

    ဗြူငုတ်

    [bɹùŋoʊʔ]
    ကမ္ပလာပင်၊ လမုတ်ပင် အစဟိစွာရို့၏ ပင်ခြီရင်းမာ တပေခန့် အဝှမ်း ထောင်၍ ငေါနိန်ရေ အမြစ်ငုတ်တိုအချေ
    ကမ္ပလာပင်၊ လမုတ်ပင် စသည်တို့၏ ပင်ခြေရင်းတွင် တစ်ပေခန့် အနှံ့အပြား ထောင်၍ ငေါနေသော အမြစ်ငုတ်တိုကလေး
    short stump
    နာမ်

    ဗြောက်ဗြောက်ခတ်

    [bɹɔ́ɛʔbɹɔ́ɛʔkʰaʔ]
    မငြိမ်မသက်။ လှုပ်လှုပ်ရွရွ။ အခိုးမှိုင်းလျှက်၊ ရပတ်မာ၊ လေးဖက်ယှက်ခတ်လှိုင်၊ ရောက်ရက်ကေ၊ ဗြောက်ဗြက်ခတ်ယောင် (ပန်း)
    မငြိမ်မသက်။ လှုပ်လှုပ်ရွရွ။ အခိုးမှိုင်းလျှက်၊ ဝဲဂယက်မှာ၊ လေးဖက်ယှက်ခတ်လှိုင်၊ ရောက်ရက်ကေ၊ ဗြောက်ဗြက်ခတ်ယောင် (ပန်း)
    in a state of turmoil or bustle
    ကြိယာဝိသေသန

    ဗြောက်သောက်

    [bɹɔ́ɛʔθɔ́ɛʔ]
    အမျိုးအစားမတူသော အရာများ ရောပြွမ်းဗျာယ်
    အမျိုးအစားမတူသော အရာများ ရောပြွမ်းလျက်
    be mixed up
    ကြိယာဝိသေသန

    ဗြောက်သောက်၂

    [bɹɔ́ɛʔθɔ́ɛʔ၂]
    အစီအစိုင် စနစ်မဟိသော။ အမျိုးမျိုး အထွီထွီ ရောနှောသော
    အစီအစဉ် စနစ်မယှိသော။ အမျိုးမျိုး အထွေထွေ ရောနှောသော
    be mixed up
    နာမဝိသေသန

    ဗြောက်အိုးပင်

    [bɹɔ́ɛʔʔópɪ̀ɴ]
    ဗြောက်အိုးပိုင် မြည်စီတတ်ရေ အပင်(တမျိုး)မှ သီးသော အသီးတမျိုး။ (ယင်းအသီးကို မီးထဲမာ ထည့်လျှင် ဗြောက်အိုး အတိကို ဖေါက်ပိုင် မြည်ရေ။
    ဗြောက်အိုးကဲ့သို့ မြည်စေတတ်သော အပင်(တစ်မျိုး)မှ သီးသော အသီးတစ်မျိုး။ (ယင်းအသီးကို မီးထဲတွင် ထည့်လျှင် ဗြောက်အိုး အများကို ဖေါက်သကဲ့သို့ မြည်သည်။
    fire cracker
    နာမ်

    ဗြောင်

    [bɹàʊɴ]
    အထည်ထက်မာ အကွက်အပြောက် တန်ဆာ ဆင်ယင်မှု မပါရေ အရာ
    အထည်ပေါ်တွင် အကွက်အပြောက် တန်ဆာ ဆင်ယင်မှု မပါသော အရာ
    plain
    နာမ်

    ဗြောင်၂

    [bɹàʊɴ၂]
    ကွယ်ဝှက်ခြင်း မဟိပဲ မျက်မြင် ယှင်းလင်း ထင်ယှားသောအနိန်နန့်
    ကွယ်ဝှက်ခြင်း မယှိပဲ မျက်မြင် ယှင်းလင်း ထင်ယှားသော အားဖြင့်
    as personally witnessed
    ကြိယာဝိသေသန

    ဗြောင်ကျ

    [bɹàʊɴt͡ɕ]
    ထင်ထင် ရှားရှား ပွင့်ပွင့်လင်းလင်း ပြုမူသည်
    ထင်ထင် ရှားရှား ပွင့်ပွင့်လင်းလင်း ပြုမူသည်
    frankly
    ကြိယာဝိသေသန