Dictionary Entries
Showing 461–480 of 507 words
ဗ
ဗြောင်ချော
[bɹàʊɴɕɔ́]
Arakanese:
အပြောင်း အပြန် ပန်းကွက် ပန်းဆင်း မပါရေ ထဘီ အထည် ဝန်
Burmese:
အပြောင်း အပြန် ပန်းကွက် ပန်းဆင်း မပါသော ထဘီ အထည် ပစ္စည်း
English:
plain
Grammar Note:
နာမ်
ဗြောင်းဆန်
[bɹáʊɴsʰàɴ]
Arakanese:
ဖရိဖရဲ ရောထွီး ခြူရေ။ ပရမ်းပတာ ဖြစ်တေ။ ၂၊ စိတ်မငြိမ်ပဲ ပေါ့ပေါ့ တန်တန် ပြောဆိုပြုမူရေ။ ကိုယ့်သား၊ ကိုယ့်လင်၊ ကိုယ်မမြင်ကေ၊ လမ်းလျှင်မမှန်၊ ဗြောင်းဆန်မရ၊ ရူးစိတ်ဝင်ကေ၊ နှုတ်လျှင်လွတ်ပျာ၊ ရယ်လတ်ကလျှင် (ဂုတ္တိလ)
Burmese:
ဖရိဖရဲ ရောထွေး ရှုပ်ပွေသည်။ ပရမ်းပတာ ဖြစ်သည်။ ၂၊ စိတ်မငြိမ်ပဲ ပေါ့ပေါ့ တန်တန် ပြောဆိုပြုမူသည်။ ကိုယ့်သား၊ ကိုယ့်လင်၊ ကိုယ်မမြင်ကေ၊ လမ်းလျှင်မမှန်၊ ဗြောင်းဆန်မရ၊ ရူးစိတ်ဝင်ကေ၊ နှုတ်လျှင်လွတ်ပျာ၊ ရယ်လတ်ကလျှင် (ဂုတ္တိလ)
English:
be topsy-turvy
Grammar Note:
ကြိယာ
ဗြောင်းဆန်ထ
[bɹáʊɴsʰàɴtʰ]
Arakanese:
ဆူဆူညံညံ။ အုတ်အုတ်ကျက်ကျက်
Burmese:
ဆူဆူညံညံ။ အုတ်အုတ်ကျက်ကျက်
English:
noisy
Grammar Note:
ကြိယာဝိသေသန
ဗြောင်းဆန်လိုက်
[bɹáʊɴsʰàɴlaɪʔ]
Arakanese:
ဆူဆူညံညံ။ ကျကျယ် လောင်လောင်
Burmese:
ဆူဆူညံညံ။ ကျယ်ကျယ် လောင်လောင်
English:
noisy
Grammar Note:
ကြိယာဝိသေသန
ဗြောင်တိုက်
[bɹàʊɴtaɪʔ]
Arakanese:
မခံချင်သည့် စိတ်သဘောနန့် တလိတမန် ဆန့်ကျင်ခြင်း ပြုလုပ်ရေ
Burmese:
မခံချင်သည့် စိတ်သဘောဖြင့် တမင်သက်သက် ဆန့်ကျင်ခြင်း ပြုလုပ်သည်
English:
be vare faced
Grammar Note:
ကြိယာ
ဗြောင်းပြန်
[bɹáʊɴpɹàɴ]
Arakanese:
အစီအစိုင် အနိန်အထား ပြုမြဲ ဖြစ်မြဲဖြစ်ရေ သဘောကို ဆန့်ကျင်ဗျာယ်
Burmese:
အစီအစဉ် အနေအထား ပြုမြဲ ဖြစ်မြဲဖြစ်သော သဘောကို ဆန့်ကျင်လျက်
English:
opposite
Grammar Note:
ကြိယာဝိသေသန
ဗြောင်းပြန်ဆန်ခတ်
[bɹáʊɴpɹàɴsʰàɴkʰaʔ]
Arakanese:
အမျိုးအစား မတူသော အရာများ ရောပြွမ်းဗျာယ်။ ၂၊ ဗရမ်းဗတာ ပြန့်ကြဲဗျာယ်
Burmese:
အမျိုးအစား မတူသော အရာများ ရောပြွမ်းလျက်။ ၂၊ အစီအစဉ်မကျ ပြန့်ကြဲလျက်
English:
be mixed up
Grammar Note:
ကြိယာဝိသေသန
ဗြောင်းဗြန်ခတ်
[bɹáʊɴbɹàɴkʰaʔ]
Arakanese:
ရှေ့သည် နောက်ကို၊ နောက်သည် ဟိကိုအနိန်နန့်၊ ဟိနီာက် ပြန်ဗျာယ်
Burmese:
ရှေ့သည် နောက်သို့၊ နောက်သည် ရှေ့သို့ အားဖြင့်၊ ရှေ့နောက် ပြန်လျက်
English:
opposite
Grammar Note:
ကြိယာဝိသေသန
ဗြောင်ဗြောင်
[bɹàʊɴbɹàʊɴ]
Arakanese:
လျှို့ဝှက် မျိုသိပ်မထားပဲ ပွင့်လင်းစွာ။ ကွယ်ဝှက်ခြင်း မဟိပဲ
Burmese:
လျှို့ဝှက် မျိုသိပ်မထားပဲ ပွင့်လင်းစွာ။ ကွယ်ဝှက်ခြင်း မယှိပဲ
English:
frankly
Grammar Note:
ကြိယာဝိသေသန
ဗြောင်းဗြောင်း
[bɹáʊɴbɹáʊɴ]
Arakanese:
မာန်ပါ မာန်ဆိုး ရင်ဆာကာ ခြေဆောင့်လက်ဆောင့် အမူအရာ ပြရွီတွက်နန့်။ နောက်ထပ်မြင့်ရ၊ မာန်ဆိုးထပနာ၊ သေကလေ့သေ၊ မသီနီဘူး၊ ခုန်လေဗြောင်းဗြောင်း၊ ကျလေသျှောင်းက (ကင်းမဟော်)
Burmese:
စိတ်ဆိုး မာန်ဆိုး ဒေါသဖြစ်ကာ ခြေဆောင့်လက်ဆောင့် အမူအရာ ပြသောအားဖြင့်။ တဖန်မြင့်ရ၊ မာန်ဆိုးထ၍၊ သေကလည်းသေ၊ မသေနေဘူး၊ ခုန်လေဗြောင်းဗြောင်း၊ ကျလေသျှောင်းက (ကင်းမဟော်)
English:
angry
Grammar Note:
ကြိယာဝိသေသန
ဗြောင်းဗြောင်းခတ်
[bɹáʊɴbɹáʊɴkʰaʔ]
Arakanese:
အသံလူသူ အစဟိစွာရို့ ကျီရောင်ဘာရောင်
Burmese:
အသံလူသူ စသည်တို့ ဆူညံစွာ
English:
noisy
Grammar Note:
ကြိယာဝိသေသန
ဗြောင်းဗြောင်းဆာ
[bɹáʊɴbɹáʊɴsʰà]
Arakanese:
ဆူဆူညံညံ။ အုတ်အုတ် ကျက်ကျက်
Burmese:
ဆူဆူညံညံ။ အုတ်အုတ် ကျက်ကျက်
English:
noisy
Grammar Note:
ကြိယာဝိသေသန
ဗြွက်ဗြွက်ရိုက်
[bWɹɛʔbWɹɛʔɹaɪʔ]
Arakanese:
ပတ်ဝန်းကျင်သို့ ဂယက်ရိုက်ခတ်၍ ဆူကြွရေ။ ၂၊ ကျွတ်ကျွတ်ဆူ
Burmese:
ပတ်ဝန်းကျင်သို့ ဂယက်ရိုက်ခတ်၍ ဆူကြွသည်။ ၂၊ ဆူညံသည်
English:
noise
Grammar Note:
ကြိယာ
ဗြွက်လွက်ရိုက်
[bWɹɛʔlwɛʔɹaɪʔ]
Arakanese:
စီညံ ပြွက်ပြွက်ဆူ လှုပ်ရှားသည်
Burmese:
စီညံ ဆူပွက် လှုပ်ရှားသည်
English:
noise
Grammar Note:
ကြိယာ
ဗြွင်းဗြွင်းဆူ
[bWɹɪ́ɴbWɹɪ́ɴsʰù]
Arakanese:
အပူဟိန်ကြောင့် ရေ တနည်း အရည် အစဟိစွာ ဗလုံးထိုးရေ။ ၂၊ ကျွတ်ကျွတ်ဆူ။ မငြိမ်မသက် ဆူပူ လှုပ်ရှားသည်
Burmese:
အပူရှိန်ကြောင့် ရေ သို့မဟုတ် အရည် စသည် ဗလုံးထိုးသည်။ ၂၊ ဆူညံသည်။ မငြိမ်မသက် ဆူပူ လှုပ်ရှားသည်
English:
noise
Grammar Note:
ကြိယာ
ဗြွတ်ကေ
[bWɹaʔkè]
Arakanese:
ကြွီငါးလုံးကို မြှောက်ချပြီး တလုံးကို ကောက်၍ မြှောက်၊ လက်ဖြင့်ဖမ်း၊ နှလုံးကို မြှောက်၊ တလုံးကိုကောက်၊ လက်ဖြင့်ဖမ်း အစဟိစွာအနိန်နန့် ငါးလုံးကုန်ယောင်ထိ မြှောက်၍ လက်နန့်ဖမ်း၍ ကစပ် နည်းတမျိုး
Burmese:
ကြွေငါးလုံးကို မြှောက်ချပြီး တစ်လုံးကို ကောက်၍ မြှောက်၊ လက်ဖြင့်ဖမ်း၊ နှလုံးကို မြှောက်၊ တစ်လုံးကိုကောက်၊ လက်ဖြင့်ဖမ်း စသည်ဖြင့် ငါးလုံးကုန်အောင်ထိ မြှောက်၍ လက်ဖြင့်ဖမ်း၍ ကစား နည်းတစ်မျိုး
English:
play a game with small stones
Grammar Note:
နာမ်
ဗြွတ်တက်
[bWɹaʔtɛʔ]
Arakanese:
ကြွီငါးလုံးကို မြှောက်ချပြီး တလုံးကို ကောက်၍ မြှောက်၊ လက်ဖြင့်ဖမ်း၊ နှလုံးကို မြှောက်၊ တလုံးကိုကောက်၊ လက်ဖြင့်ဖမ်း အစဟိစွာအနိန်နန့် ငါးလုံးကုန်ယောင်ထိ မြှောက်၍ လက်နန့်ဖမ်း၍ ကစပ် နည်းတမျိုး
Burmese:
ကြွေငါးလုံးကို မြှောက်ချပြီး တစ်လုံးကို ကောက်၍ မြှောက်၊ လက်ဖြင့်ဖမ်း၊ နှလုံးကို မြှောက်၊ တစ်လုံးကိုကောက်၊ လက်ဖြင့်ဖမ်း စသည်ဖြင့် ငါးလုံးကုန်အောင်ထိ မြှောက်၍ လက်ဖြင့်ဖမ်း၍ ကစား နည်းတစ်မျိုး
English:
play a game with small stones
Grammar Note:
နာမ်
ဗြွတ်ယွီဗြွတ်ယွတ်
[bWɹaʔjwíbWɹaʔjwaʔ]
Arakanese:
(တခုတရီ အဆောက်အအုံ) ပြိုပျက် လဲပြို ယိမ်းယိုင်ဗျာယ် နိန်ရွီတွက်နန့်
Burmese:
(တစ်စုံတစ်ခု အဆောက်အအုံ) ပြိုပျက် လဲပြို ယိမ်းယိုင်လျက် နေသောအားဖြင့်
English:
same as
Grammar Note:
ကြိယာဝိသေသန
ဗွက်
[bwɛʔ]
Arakanese:
နူးမွ ပျောင်းညက် နိန်ရေ ရေဝင်မြေပျော့
Burmese:
နူးမွ ပျောင်းညက် နေသော ရေဝင်မြေပျော့
English:
mud
Grammar Note:
နာမ်
ဗွက်ထ
[bwɛʔtʰ]
Arakanese:
ရွံ့ဗွက် ဖြစ်တေ
Burmese:
ရွံ့ဗွက် ဖြစ်သည်
English:
muddy
Grammar Note:
ကြိယာ