Dictionary Entries
Showing 481–500 of 507 words
ဗ
ဗွက်ဗွက်ဆူ
[bwɛʔbwɛʔsʰù]
Arakanese:
မီးအပူဟိန် ပြင်းသနန့် ထမင်းအိုး၊ ရီပူအိုး အစဟိစွာ ဗလုံးထိုးရေ။ ကျိုက်ကျိုက် ဆူရေ
Burmese:
မီးအပူရှိန် ပြင်းသဖြင့် ထမင်းအိုး၊ ရေပူအိုး စသည် ဗလုံးထိုးသည်။ ကျိုက်ကျိုက် ဆူသည်
English:
boil
Grammar Note:
ကြိယာ
ဗွင်းဗွင်းကြီး
[bwɪ́ɴbwɪ́ɴt͡ɕï]
Arakanese:
ပွင့်လင်း ထင်ရှားစွာ
Burmese:
ပွင့်လင်း ထင်ရှားစွာ
English:
be frank
Grammar Note:
ကြိယာဝိသေသန
ဗွင်းဗွင်းဆူ
[bwɪ́ɴbwɪ́ɴsʰù]
Arakanese:
အပူဟိန်ကြောင့် ရေ တနည်း အရည် အစဟိစွာ ဗလုံးထိုးရေ။ ကျိုက်ကျိုက် ဆူရေ
Burmese:
အပူရှိန်ကြောင့် ရေ သို့မဟုတ် အရည် စသည် ဗလုံးထိုးသည်။ ကျိုက်ကျိုက် ဆူသည်
English:
boil
Grammar Note:
ကြိယာ
ဗွား
[bWà]
Arakanese:
(ပြေးလားနီသော နွား၊ ကျွဲ စစွာကို ရပ်တန့်လားလီရန်) ဗွားဟု ဆိုရေ
Burmese:
(ပြေးသွားနေသော နွား၊ ကျွဲ စသည်ကို ရပ်တန့်သွားစေရန်) ဗွားဟု ဆိုသည်
English:
stop
Grammar Note:
ကြိယာ
ဗွားခတ်
[bWàkʰaʔ]
Arakanese:
(ပြေးလားနီသော နွား၊ ကျွဲ စစွာကို ရပ်တန့်လားလီရန်) ဗွားဟု ဆိုရေ
Burmese:
(ပြေးသွားနေသော နွား၊ ကျွဲ စသည်ကို ရပ်တန့်သွားစေရန်) ဗွားဟု ဆိုသည်
English:
stop
Grammar Note:
ကြိယာ
ဗွာဗွာ
[bwàbwà]
Arakanese:
တစုံတရာ ပြောဆို မိစွာကို ပြန်ပနာ နုတ်သိမ်းသည်
Burmese:
တစ်စုံတရာ ပြောဆို မိသည်ကို ပြန်လည် နုတ်သိမ်းသည်
English:
suspend
Grammar Note:
ကြိယာ
ဗွားဗွား
[bWàbWà]
Arakanese:
(ပြေးလားနီသော နွား၊ ကျွဲ စစွာကို ရပ်တန့်လားလီရန်) ဗွားဟု ဆိုရေ
Burmese:
(ပြေးသွားနေသော နွား၊ ကျွဲ စသည်ကို ရပ်တန့်သွားစေရန်) ဗွားဟု ဆိုသည်
English:
stop
Grammar Note:
ကြိယာ
ဗွာလီဗွာစွပ်
[bwàlíbwàswaʔ]
Arakanese:
သင့်တင့် လျော်ကန်ခြင်း မဟိသောအရာ။ အဂုခါဝယ်၊ ချမ်းသာစွာလေ၊ ငါလျှင်နိန်ရေ်၊ မဖွယ်မရာ၊ ငါ့ပါးကာလျှင် ဗေါ်လီဗေါ်စွပ်၊ လိပ်၏ကိုယ်မာ၊ ဆိတ်ဂြိုတပ်ယောင်၊ မအပ်မရာ။ (ပန်း)။ မအပ်မရာ၊ လက်ဖျားခါဗျာ၊ ဗေါ်လီဗေါ်စွပ်၊ ဘောင်မနောက်ထပ်၊ ဤပန်းဟန်သို့၊ ညှာတန်ရုံးကေ၊ မကုံးတတ်ပါ (
Burmese:
သင့်တင့် လျော်ကန်ခြင်း မယှိသောအရာ။ ယခုခါဝယ်၊ ချမ်းသာစွာလေ၊ ငါလျှင်နေသော်၊ မဖွယ်မရာ၊ ငါ့ထံမှာလျှင် ဗေါ်လီဗေါ်စွပ်၊ လိပ်၏ကိုယ်မှာ၊ ဆိတ်ဂြိုတပ်ယောင်၊ မအပ်မရာ။ (ပန်း)။ မအပ်မရာ၊ လက်ဖျားခါဗျာ၊ ဗေါ်လီဗေါ်စွပ်၊ ဘောင်မတဖန်၊ ဤပန်းဟန်သို့၊ ညှာတန်ရုံးကေ၊ မကုံးတတ်ပါ (
English:
none
Grammar Note:
နာမ်
ဗွာလီဗွာနှမ်း
[bwàlíbwàn̥áɴ]
Arakanese:
အသိဉာဏ် ထုံထိုင်း၍ သွက်လက် ချက်ချာခြင်း မဟိသူ။ အသိ အလိမ္မာ ကင်းမဲ့သူ။ သားပုတ္တက၊ ဗွာလီဗွာနှမ်း၊ လိမ္မာဉာဏ်ကေ၊ ကာနာကေ၊ လူသွမ်းလူဖျင်း (ကော်)
Burmese:
အသိဉာဏ် ထုံထိုင်း၍ သွက်လက် ချက်ချာခြင်း မယှိသူ။ အသိ အလိမ္မာ ကင်းမဲ့သူ။ သားပုတ္တက၊ ဗွာလီဗွာနှမ်း၊ လိမ္မာဉာဏ်ကေ၊ မသန်စွမ်းကေ၊ လူသွမ်းလူဖျင်း (ကော်)
English:
none
Grammar Note:
နာမ်
ဗွိုင်ယာ
[bwàɪɴjà]
Arakanese:
ပေါ့ပါးလွန်းသော စကား၊ မမှန်သော စကားရို့ကို ရွှန်းဝေအောင် ပြောရေ
Burmese:
ပေါ့ပါးလွန်းသော စကား၊ မမှန်သော စကားတို့ကို ရွှန်းဝေအောင် ပြောသည်
English:
lie
Grammar Note:
ကြိယာ
ဗွီ
[bwí]
Arakanese:
ခြီချောင်းထိပ်၊ လက်ချောင်းထိပ် အစဟိစွာရို့မာ ပတ်လည်ရစ်နိန်ရေ အရီးအကြောင်း။ အဂေါင်း အလယ်တည့်တည့် ဆံပင် ရစ်လည်ပနာ ပေါက်နီသော ဆံဝိုင်း။ ၂၊ ကျွဲ၊ နွား အစဟိစွာရို့မာ နောက်ကုန်းအထက်မာ အမွီးရစ်လည်ပနာ ပေါက်နီသည့် အဝန်းအဝိုင်း။ ကုန်းထက်၌ဗွီ၊ ဖွကိုက်ပန်းသို့၊ ဝိုက်သန်းခ
Burmese:
ခြေချောင်းထိပ်၊ လက်ချောင်းထိပ် စသည်တို့တွင် ပတ်လည်ရစ်နေသော အရေးအကြောင်း။ ဦးခေါင်း အလယ်တည့်တည့် ဆံပင် ရစ်လည်၍ ပေါက်နေသော ဆံဝိုင်း။ ၂၊ ကျွဲ၊ နွား စသည်တို့တွင် ကျောကုန်းအထက်တွင် အမွေးရစ်လည်၍ ပေါက်နေသည့် အဝန်းအဝိုင်း။ ကုန်းထက်၌ဗွီ၊ ဖွကိုက်ပန်းသို့၊ ဝိုက်သန်းခ
English:
center
Grammar Note:
နာမ်
ဗွီကောင်
[bwíkàʊɴ]
Arakanese:
ဆင်းရဲ ဒုက္ခ စစွာကို ဖြစ်ပေါ်စေသူ
Burmese:
ဆင်းရဲ ဒုက္ခ စသည်ကို ဖြစ်ပေါ်စေသူ
English:
none
Grammar Note:
နာမ်
ဗွီကြမ်း
[bwít͡ɕáɴ]
Arakanese:
စကား အပြောအဆို ရုန်းရင်း ကြမ်းတမ်းသော။ ကြမ်းတမ်းသော လက္ခဏာဟိသော။ လက္ခဏာလေ၊ ရက်ချုပ်ပုပ်နှင့်၊ သားယုတ်ဗွီကြမ်း၊ အကျိုးကန်းအောင်၊ ဆိုးညစ်ရိုင်းမိုက် (ကော်)
Burmese:
စကား အပြောအဆို ရုန်းရင်း ကြမ်းတမ်းသော။ ကြမ်းတမ်းသော လက္ခဏာယှိသော။ လက္ခဏာလေ၊ ဇာတာပုပ်နှင့်၊ သားယုတ်ဗွီကြမ်း၊ အကျိုးကန်းအောင်၊ ဆိုးသွမ်းရိုင်းမိုက် (ကော်)
English:
rude
Grammar Note:
နာမဝိသေသန
ဗွီကြမ်း၂
[bwít͡ɕáɴ၂]
Arakanese:
ကြမ်းတမ်းစွာ စကားပြောဆို တတ်ရေသူ။
Burmese:
ကြမ်းတမ်းစွာ စကားပြောဆို တတ်သောသူ။
English:
be foul-mouth
Grammar Note:
နာမ်
ဗွီကွက်
[bwíkwɛʔ]
Arakanese:
ခြီချောင်းထိပ်၊ လက်ချောင်းထိပ် အစဟိစွာရို့မာ ပတ်လည် ရစ်နိန်ရေ အရီးအကြောင်း။ အဂေါင်း အလယ် တည့်တည့် ဆံပင် ရစ်လည်ပနာ ပေါက်နီသော ဆံဝိုင်း။ ၂၊ ကျွဲ၊ နွား အစဟိစွာရို့မာ နောက်ကုန်းအထက်မာ အမွီးရစ် လည်ပနာ ပေါက်နီသည့် အဝန်းအဝိုင်း။ ကုန်းထက်၌ဗွီ၊ ဖွကိုက်ပန်းသို့၊ ဝိုက်သန
Burmese:
ခြေချောင်းထိပ်၊ လက်ချောင်းထိပ် စသည်တို့တွင် ပတ်လည် ရစ်နေသော အရေးအကြောင်း။ ဦးခေါင်း အလယ် တည့်တည့် ဆံပင် ရစ်လည်၍ ပေါက်နေသော ဆံဝိုင်း။ ၂၊ ကျွဲ၊ နွား စသည်တို့တွင် ကျောကုန်းအထက်တွင် အမွေးရစ် လည်၍ ပေါက်နေသည့် အဝန်းအဝိုင်း။ ကုန်းထက်၌ဗွီ၊ ဖွကိုက်ပန်းသို့၊ ဝိုက်သန
English:
center
Grammar Note:
နာမ်
ဗွီချက်ပေါက်
[bwíɕɛʔpaʊʔ]
Arakanese:
ကုန်းထက်ဗွေနှင့် အောက်ဗွေချက် တည့်မတ် နိန်ရေ၏ အဖြစ်
Burmese:
ကုန်းထက်ဗွေနှင့် အောက်ဗွေချက် တည့်မတ် နေသည်၏ အဖြစ်
English:
straight through
Grammar Note:
နာမ်
ဗွီချာ
[bwíɕà]
Arakanese:
အလယ်ဗဟို အချက်အချာ ကျသောနီရာ
Burmese:
အလယ်ဗဟို အချက်အချာ ကျသောနေရာ
English:
center
Grammar Note:
နာမ်
ဗွီမယူ
[bwímjù]
Arakanese:
အပြစ်အနာ မဟိဟု မှတ်ယူ သဖောထားရေ
Burmese:
အပြစ်အနာ မယှိဟု မှတ်ယူ သဘော ထားသည်
English:
did not take offence
Grammar Note:
ကြိယာ
ဗွီမယူ၂
[bwímjù၂]
Arakanese:
အလီးမမူ ဂရုမစိုက်ပဲ ထားရေ
Burmese:
အလေးမမူ ဂရုမစိုက်ပဲ ထားသည်
English:
did not take offence
Grammar Note:
ကြိယာ
ဗွီယူ
[bwíjù]
Arakanese:
သည်းမခံနိုင်သနန့် အပြစ် ဟိသည်၏ အဖြစ်ဟု မှတ်ယူ သဖောထားရေ။ အပြောအဆိုကို အဓိပ္ပါယ် အကောက်ကိုင်ပနာ အပြစ် ယှာရေ
Burmese:
သည်းမခံနိုင်သဖြင့် အပြစ် ယှိသည်၏ အဖြစ်ဟု မှတ်ယူ သဘောထားသည်။ အပြောအဆိုကို အဓိပ္ပါယ် တလွဲကောက်၍ အပြစ် ရှာသည်
English:
take offence
Grammar Note:
ကြိယာ