Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 501–507 of 507 words

    ဗ

    ဗွီလှည့်ထောင်

    [bwíɬɛ့̀tʰàʊɴ]
    ကောက်လှိုင်းတိကို အသီးဖျားအထက်၊ ကောက်အုံရင်းအောက် ထားကာ လှည့်ပတ် စီထောင်သည်
    ကောက်လှိုင်းများကို အသီးဖျားအထက်၊ ကောက်အုံရင်းအောက် ထားကာ လှည့်ပတ် စီထောင်သည်
    arrange
    နာမ်

    ဗွေ

    [bwè]
    လူစုလူဖွဲ့မာ ကြီးကဲဦးဆောင်သူ။ ၂၊ တပ်စု တပ်မှူး ငါးယောက်ကို ကွပ်ကဲ ရရေ စစ်မှူးထမ်း။ ကစပ်ရာမာ ပထမ လှည့်ကျသူ။ ပထမ အလှည့်အကြိမ်
    လူစုလူဖွဲ့တွင် ကြီးကဲဦးဆောင်သူ။ ၂၊ တပ်စု တပ်မှူး ငါးယောက်အပေါ်တွင် ကွပ်ကဲ ရသော စစ်မှူးထမ်း။ ကစားရာတွင် ပထမ လှည့်ကျသူ။ ပထမ အလှည့်အကြိမ်
    leader
    နာမ်

    ဗွေချာလှည်

    [bwèɕàɬɛ̀]
    တစုံတရာကို ခရုပတ် ရစ်ခွေ စီထားရေ။ ဗဟိုချက်ကို အခြီပြုပနာ လှည့်ပတ် စီထားရေ
    တစ်စုံတရာကို ခရုပတ် ရစ်ခွေ စီထားသည်။ ဗဟိုချက်ကို အခြေပြု၍ လှည့်ပတ် စီထားသည်
    spiral
    ကြိယာ

    ဗွေလု

    [bwèloʊ]
    ကစပ်ရာမာ ပထမအလှည့် ရွေးသည်
    ကစားရာတွင် ပထမအလှည့် ရွေးသည်
    choose first
    ကြိယာ

    ဗွေလောက်ဦး

    [bwèlɔ́ɛʔʔú]
    သူတထူးကို အနိုင်ယူကာ စိုးမိုးရေ။ ၂၊ လူအစု အဖွဲ့မာ ဦးဆောင် ဦးညွတ်ပြုသည်
    သူတထူးအပေါ်တွင် အနိုင်ယူကာ စိုးမိုးသည်။ ၂၊ လူအစု အဖွဲ့တွင် ဦးဆောင် ဦးညွတ်ပြုသည်
    lead
    နာမ်

    ဗွါ

    [bwà]
    တစုံတရာ ပြောဆိုမိစွာကို ပြန်ပနာ နုတ်သိမ်းသည်
    တစ်စုံတရာ ပြောဆိုမိသည်ကို ပြန်လည် နုတ်သိမ်းသည်
    suspend
    ကြိယာ

    ဗွါခတ်

    [bwàkʰaʔ]
    ကစပ်ကတ်ရာမာ တနားတရပ်တန့်လိုကြောင့်နှင့် ကဇတ်စောင် အသင့် မဖြစ်သိမ့်ကြောင်း ခွင့်ပန်သည်
    ကစားကြရာတွင် ခေတ္တရပ်တန့်လိုကြောင့်နှင့် ကစားရန် အသင့် မဖြစ်သေးကြောင်း ခွင့်ပန်သည်
    break
    ကြိယာ