Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 41–60 of 507 words

    ဗ

    ဗတောက်ဗရစ်

    [btɔ́ɛʔbɹɪʔ]
    တဖြစ် တောက်တောက်။ ရောက် မရောက်ရာ။ မြည်တွန် တောက်တီးဗျာယ်။ စိတ်မငြိမ်မသက်။ ကတောင် ချောက်ချား ဖြစ်ဗျာယ်
    တဖြစ် တောက်တောက်။ ရောက် မရောက်ရာ။ မြည်တွန် တောက်တီးလျက်။ စိတ်မငြိမ်မသက်။ ကတောင် ချောက်ချား ဖြစ်လျက်
    scold
    ကြိယာဝိသေသန

    ဗဒကြော

    [bdt͡ɕɔ́]
    ပူစပ်ခါး အရသာ ဟိသည့် ဥအမြစ် သုံးဆီးပင် တမျိုး
    ပူစပ်ခါး အရသာ ယှိသည့် ဥအမြစ် သုံးဆေးပင် တစ်မျိုး
    herbal plant
    နာမ်

    ဗဒေါနတ်သျှင်

    [bdèànaʔʃɪ̀ɴ]
    ရေနတ်။ ပင်လယ်မြစ်ရို့ကို အစိုးရရေ နတ်မ။ ‘ဗဒေါအသျှင်၊ သီတာပြင်မာ၊ ကျွန်းနတ်သျှင်ရို့၊ မပြတ်ဒေဝါ၊ အငါ့ကို၊ မိုးမပါဟု၊’ (ထမရာဖွဲ့)။ (ဗဒေါနတ်၊ ဗဒေါနတ်သျှင်မ၊ ဗဒေါသျှင်၊ ဗဒေါသျှင်မ ဗဒေါအသျှင် အစဟိစွာအနိန်နန့်လည်း သုံးနှုန်းကတ်တေ။
    ရေနတ်။ ပင်လယ်မြစ်တို့ကို အစိုးရသော နတ်မ။ ‘ဗဒေါအသျှင်၊ သီတာပြင်မှာ၊ ကျွန်းနတ်သျှင်ရို့၊ မပြတ်ဒေဝါ၊ အကျွန်ုပ်ကို၊ မိုးမပါဟု၊’ (ထမရာဖွဲ့)။ (ဗဒေါနတ်၊ ဗဒေါနတ်သျှင်မ၊ ဗဒေါသျှင်၊ ဗဒေါသျှင်မ ဗဒေါအသျှင် စသည် အားဖြင့်လည်း သုံးနှုန်းကြသည်။
    none
    နာမ်

    ဗဒေါ်ကြော်

    [bdɔ̀t͡ɕɔ̀]
    ရီလုပ်သား ပိုက်သည်ရို့ ပင်လယ်၊ မြစ် အစဟိစွာ၌ ငါးရှာပြီးကေ အောင်ယောင် မြင်မြင် ကျလှာရေ့ အခါမှ ကိုယ့်ရပ်ရွာသို့ လောင်းဖြင့် ဝင်လိုရေအခါ လောင်းဦး၌ ငါး ၃-၄ကောင် ချိတ်ဆွဲပြီး ပင်လယ်၌ ရေစောင့်နတ်မ။ (ဗဒေါသျှင်မ)ကို ပူဇော်ပသသည့် အနိန်နန့် တပြိုင်တည်း လက်ပမ်းပေါင်း ခတ်ပြီး ‘ဗဒေ
    ရေလုပ်သား ပိုက်သည်တို့ ပင်လယ်၊ မြစ် စသည်၌ ငါးရှာ၍ အောင်အောင် မြင်မြင် ကျလာသည့် အခါတွင် မိမိရပ်ရွာသို့ လှေဖြင့် ဝင်လိုသည့်အခါ လှေဦး၌ ငါး ၃-၄ကောင် ချိတ်ဆွဲပြီး ပင်လယ်၌ ရေစောင့်နတ်မ။ (ဗဒေါသျှင်မ)ကို ပူဇော်ပသသည့် အနေဖြင့် တပြိုင်နက် လက်ပမ်းပေါင်း ခတ်ပြီး ‘ဗဒေ
    none
    ကြိယာ

    ဗဒါးရီ

    [bdàးɹí]
    အနံ တထွာကျော်၊ အလျား နှစ်တောင်ကျော်ခန့်ရှည်၊ ဖင်ကြားညှပ် ဝတ်ရရေ နံငယ်ဖျင်ပိုင်း အဝတ်တမျိုး။ မလုံဖို့လဲသော အဝတ်ငယ်တမျိုး။ ‘ဟယားဗဒရီ၊ ခါးထဘီကို၊ ကောက်ချီစည်းလို့။’ (ပဋာ)၊ ‘အလုပ်မာကူလီ၊ အစားမာမကြိုက်၊ အဝတ်မာ ဗဒါးရီ။’ (ပုံ) ‘ဗဒါးရီ လက်နှစ်လုံး၊ တင်မပုန်း၊
    အနံ တစ်ထွာကျော်၊ အလျား နှစ်တောင်ကျော်ခန့်ရှည်၊ ဖင်ကြားညှပ် ဝတ်ရသော နံငယ်ဖျင်ပိုင်း အဝတ်တစ်မျိုး။ မလုံမလဲသော အဝတ်ငယ်တစ်မျိုး။ ‘ဟယားဗဒရီ၊ ခါးထဘီကို၊ ကောက်ချီစည်းလို့။’ (ပဋာ)၊ ‘အလုပ်မှာကူလီ၊ အစားမှာမခြီ၊ အဝတ်မှာ ဗဒါးရီ။’ (ပုံ) ‘ဗဒါးရီ လက်နှစ်လုံး၊ တင်မပုန်း၊
    short length or waist cloth
    နာမ်

    ဗဓူး

    [bdʱùး]
    ဗဒူးနိကို ခေါ်သော အမည်။ ‘နို့နန့်ဗဓူး၊ မဒေါကြိမ်၊ သုံးကတ်ိမ်ကျယောင်၊ သခင်မကို လက်အုပ်ချီး၊’ (တေး)
    ဗုဒ္ဓဟူးနေ့ကို ခေါ်သော အမည်။ ‘နို့နှင့်ဗဓူး၊ မဒေါကြိမ်၊ သုံးကြိမ်ကျယောင်၊ သခင်မကို လက်အုပ်ချီး၊’ (တေး)
    wednesday
    နာမ်

    ဗန္ဓတ်

    [bn̪a̰n̪d̪ʰa̰aʔ]
    မျိုးမတူသော (အိမ်ကြက်နှင့် တောကြက်) ပေါင်းစပ်၍ ရရေ ကြက်။ ၂၊ လူမျိုး မတူသူ နှစ်ဦးပေါင်းဖက်၍ ဖွားမြင်သော သားသမီး။ ဗြက် တလက်မခွဲခန့်၊ အရှည် ဆယ်သျှစ် လက်မမှ နှစ်ဆယ်သျှစ် လက်မခွဲခန့် အထိ ရှည်တတ်ရေ အဖျားကော့ချွန်သော စစ်သုံးဓါးတမျိုး
    မျိုးမတူသော (အိမ်ကြက်နှင့် တောကြက်) ပေါင်းစပ်၍ ရသော ကြက်။ ၂၊ လူမျိုး မတူသူ နှစ်ဦးပေါင်းဖက်၍ ဖွားမြင်သော သားသမီး။ ဗြက် တစ်လက်မခွဲခန့်၊ အရှည် ဆယ်သျှစ် လက်မမှ နှစ်ဆယ်သျှစ် လက်မခွဲခန့် အထိ ရှည်တတ်သော အဖျားကော့ချွန်သော စစ်သုံးဓါးတစ်မျိုး
    knife
    နာမ်

    ဗန်း

    [báɴ]
    နှီးအစဟိစွာအနိန်နန့် ရက်လုပ်ထားရေ အနားစေါက် လျော့နည်းသော ထည့်စရာတမျိုး။ အနား စောက်ပါ၍ ဝိုင်းပြန့်သော ထည့်စရာ တမျိုး။ အပြင်ပန်း အမြင်။ အလပ်တကူ ဆုံးဖြတ်နှိုင်ရေ မြင်ကွင်း။ (ဗန်းရောင်၊ မျက်နှာဗန်း၊ အပြင်ဗန်း အစဟိစွာအနိန်နန့် တွဲစပ်၍ သုံးနှုန်းရေ။
    နှီးစသည်ဖြင့် ရက်လုပ်ထားသော အနားစေါက် လျော့နည်းသော ထည့်စရာတစ်မျိုး။ အနား စောက်ပါ၍ ဝိုင်းပြန့်သော ထည့်စရာ တစ်မျိုး။ အပြင်ပန်း အမြင်။ အလွတ်တကူ ဆုံးဖြတ်နိုင်သည့် မြင်ကွင်း။ (ဗန်းရောင်၊ မျက်နှာဗန်း၊ အပြင်ဗန်း စသည်ဖြင့် တွဲစပ်၍ သုံးနှုန်းသည်။
    surface
    နာမ်

    ဗန်းခံ

    [báɴkʰံ]
    နှီးအစဟိစွာအနိန်နန့် ရက်လုပ်ထားရေ အနားစေါက်တိမ်သည့် ထည့်စရာ။ အနားစေါက်ပါ၍ ပြန့်ဝိုင်းသော ထည့်စရာ။ ဗန်းခံယူငင်၊ ဂေါင်းထက်တင်၊ ဇီသျှင်ခိုးကေ၊ ဝတ်ပြုရေ (တေး)
    နှီးစသည်ဖြင့် ရက်လုပ်ထားသော အနားစေါက်တိမ်သည့် ထည့်စရာ။ အနားစေါက်ပါ၍ ပြန့်ဝိုင်းသော ထည့်စရာ။ ဗန်းခံယူငင်၊ ဂေါင်းထက်တင်၊ ဇီသျှင်ခိုးကေ၊ ဝတ်ပြုရေ (တေး)
    tray
    နာမ်

    ဗန်းတီ

    [báɴtí]
    သင်္ဘောဥ (ကဒတ်ဥ)ကို လက် လေးသစ်လောက် ပိုင်းပြီး၊ ယင်းကို မကြေမညက် ထု၍ ဂန်ဒူး လှမ်းထားရေ အရာ။ (ယင်းကို ဟင်းချက်၍လည်း စားကတ်တေ။
    သင်္ဘောဥ (ကဒတ်ဥ)ကို လက် လေးသစ်လောက် ပိုင်းပြီး၊ ယင်းကို မကြေမညက် ထု၍ အခြောက် လှမ်းထားသော အရာ။ (ယင်းကို ဟင်းချက်၍လည်း စားကြသည်။
    none
    နာမ်

    ဗန်းတီ၂

    [báɴtí၂]
    ဟောင်းမြင်း ယိုယွင်းရေ။ ဆွေးမြည့်ရေ။
    ဟောင်းမြင်း ယိုယွင်းသည်။ ဆွေးမြည့်သည်။
    န
    ကြိယာ

    ဗန်းတီးခြည်

    [báɴtïkʰɹɛ]
    ခြည်ကြမ်းတမျိုး
    ချည်ကြမ်းတစ်မျိုး
    thread
    နာမ်

    ဗန်းတီလိုက်

    [báɴtílaɪʔ]
    အထည်ဒြပ်အားဖြင့် မသစ်လွင်တော့သော။ ဟောင်းမြင်း ယိုယွင်းသော။ အဝီးအေချင့်က သုံးဖို့ ရဖို့ကမမြင်၊ ဝန်က ဗန်းတီလိုက် နီဗျာယ် (အရပ်)
    အထည်ဒြပ်အားဖြင့် မသစ်လွင်တော့သော။ ဟောင်းမြင်း ယိုယွင်းသော။ အဝေးအေချင့်က သုံးဖို့ ရဖို့ကမမြင်၊ ပစ္စည်းက ဗန်းတီလိုက် နီဗျာယ် (အရပ်)
    decompose
    နာမဝိသေသန

    ဗန်းပြ

    [báɴpɹ]
    (ဥပစာ) အမြင်ကောင်းယောင် ဗွေယူပနာ ပြရေ
    (ဥပစာ) အမြင်ကောင်းအောင် အလေးထား၍ ပြသည်
    respect
    ကြိယာ

    ဗန့်ဗွီး

    [bàɴ့bwï]
    လယော်နှင့် ဆီးလိပ်သစ်ရွက် ဟိသော ရွက်ကြွီစောက် တမျိုး
    လယော်နှင့် ဆေးလိပ်ဖက်ရွက် ယှိသော ရွက်ကြွေစောက် တစ်မျိုး
    none
    နာမ်

    ဗန်းမရဟန်မရ

    [báɴmɹhàɴmɹ]
    အရှက်ရရေ။ ဂုဏ်သိက္ခာ ထိခိုက်ရေ။ ၂၊ အရှက် တကွဲ ဖြစ်ရရေ
    အရှက်ရသည်။ ဂုဏ်သိက္ခာ ထိခိုက်သည်။ ၂၊ အရှက် တကွဲ ဖြစ်ရသည်
    shy
    ကြိယာ

    ဗန်းမလှ

    [báɴmɬ]
    မြင်သာသော ပြင်ပ ပုံမှန်မလှပဲ ဟိသည်
    မြင်သာသော ပြင်ပ ပုံမှန်မလှပဲ ယှိသည်
    none
    ကြိယာ

    ဗန်းရဟန်ရ

    [báɴɹhàɴɹ]
    ဝင့်ကြွားသော အမူအရာ။ ဟန်ပန်ထိုင်းမှိုင်း
    ဝင့်ကြွားသော အမူအရာ။ ဟန်ပန်လေးလံ
    boast
    နာမ်

    ဗပြု

    [bpɹoʊ]
    ဖယ်ထားရေ။ အရီးယူ ဆောင်ရွက်ခြင်း မပြုပဲ ဖယ်ချန်ထားရေ။ ဖီးချိတ်ထားရေ
    ဖယ်ထားသည်။ အရေးယူ ဆောင်ရွက်ခြင်း မပြုပဲ ဖယ်ချန်ထားသည်။ ဘေးချိတ်ထားသည်
    push aside
    ကြိယာ

    ဗပြဲ

    [bpɹɛ]
    မျက်နှာပြဲပြဲ ဟိသော သူ
    မျက်နှာပြဲပြဲ ယှိသော သူ
    big face
    နာမ်