Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 61–80 of 507 words

    ဗ

    ဗပွန်း

    [bpʊ́ɴ]
    ခြီချောင်း များတွက်နန့် ရှည်လျားသော အရဲရောင် ကိုယ်လုံးဟိရေ ပိုးကောင်တမျိုး။ (ရို့ထိကေ ခွေ၍ နီတတ်ရေ။
    ခြေချောင်း များ၍ ရှည်လျားသော အနီရောင် ကိုယ်လုံးယှိသည့် ပိုးကောင်တစ်မျိုး။ (တို့ထိလျှင် ခွေ၍ နေတတ်သည်။
    insect
    နာမ်

    ဗဗရောင်

    [bbɹàʊɴ]
    အသားစိုင်းများ မလိုလားဖွယ် ဖေါင်းကြွသည်
    အသားစိုင်းများ မလိုလားဖွယ် ဖေါင်းကြွသည်
    swell up
    ကြိယာ

    ဗဗရောင်နာ

    [bbɹàʊɴnà]
    အသားအရီ တကိုယ်လုံး ဖေါ့ပွ ရမ်းသော ရောဂါ
    အသားအရေ တစ်ကိုယ်လုံး ဖေါ့ပွ ရောင်ရမ်းသော ရောဂါ
    distended stomach and upset bowels
    နာမ်

    ဗဗီမ

    [bbím]
    စာရိတ္တ ကိုယ့်ကျင့် ပျက်ပြားသော မမာ့။ အရှက် အကြောက်မဲ့စွာ နီထိုင် အသက်မွီးသော မမာ့
    စာရိတ္တ ကိုယ့်ကျင့် ပျက်ပြားသော မိန်းမ။ အရှက် အကြောက်မဲ့စွာ နေထိုင် အသက်မွေးသော မိန်းမ
    prostitute
    နာမ်

    ဗဗေါ

    [bbèà]
    စကား ပြောနိုင်စွမ်း မဟိဘူး။ ‘စကား ပြောဆိုမတတ်၊ ဗဗေါလား မင်း။’ (အရပ်
    စကား ပြောနိုင်စွမ်း မယှိဘူး။ ‘စကား ပြောဆိုမတတ်၊ ဗဗေါလား မင်း။’ (အရပ်
    dumb
    နာမ်

    ဗဗေါင်း

    [bbèàɪ́ɴ]
    အသိတရား ခေါင်းပါးရေ။ ဘုန်းဒါးရေ။ အသိ အလိမ္မာ ကင်းမဲ့ရေ။ ‘လူတိက ဗဗေါင်းတိရာ၊ တခုကမသိ တတ်ကတ်’ (အရပ်)
    အသိတရား ခေါင်းပါးသည်။ ဉာဏ်နည်းသည်။ အသိ အလိမ္မာ ကင်းမဲ့သည်။ ‘လူတိက ဗဗေါင်းတိရာ၊ တစ်ခုကမသိ တတ်ကတ်’ (အရပ်)
    idiotic
    ကြိယာ

    ဗဗေါင်း၂

    [bbèàɪ́ɴ၂]
    အသိဉာဏ် ခေါင်းပါးသူ။ ဘုန်းဒါးသူ။ အသိတရား ကင်းမဲ့သူ
    အသိဉာဏ် ခေါင်းပါးသူ။ ဉာဏ်နည်းသူ။ အသိတရား ကင်းမဲ့သူ
    idiotic
    နာမ်

    ဗမော်

    [bmɔ̀]
    ဆိုဖွယ်ရာ မဟိအောင် ထူးကဲ သာလွန်သူ။ တပါးထက် ထူးချွန် ပိုကဲသူ
    ဆိုဖွယ်ရာ မယှိအောင် ထူးကဲ သာလွန်သူ။ တစ်ပါးထက် ထူးချွန် ပိုကဲသူ
    outstanding
    နာမ်

    ဗရကာရ

    [bɹkàɹ]
    လိုက်နာ စောင့်ထိန်းရဖို့ ကျင့်ဝတ် မဟိပဲ။ စည်းကမ်းကို မလိုက်နာပဲ။ ဗြန်းစိကာရ။ (မင်းရို့စည်းမဟိ ကမ်းမထိ ဗရပြီးကေရနီကတ်လို့ ဘဇောင်ဖြစ်ဖို့လဲဝေ။
    လိုက်နာ စောင့်ထိန်းရမည် ကျင့်ဝတ် မယှိပဲ။ စည်းကမ်းကို မလိုက်နာပဲ။ စည်းမဲ့ကမ်းမဲ့။ (မင်းရို့စည်းမဟိ ကမ်းမထိ ဗရကာရနီကတ်လို့ ဘဇောင်ဖြစ်ဖို့လဲဝေ။
    have no discipline
    ကြိယာဝိသေသန

    ဗရကာရီ

    [bɹkàɹí]
    လိုက်နာ စောင့်ထိန်းရဖို့ ကျင့်ဝတ် မဟိပဲ။ စည်းကမ်းကို မလိုက်နာပဲ။ ဗြန်းစိကာရ။ (မင်းရို့စည်းမဟိ ကမ်းမထိ ဗရပြီးကေရနီကတ်လို့ ဘဇောင်ဖြစ်ဖို့လဲဝေ။
    လိုက်နာ စောင့်ထိန်းရမည် ကျင့်ဝတ် မယှိပဲ။ စည်းကမ်းကို မလိုက်နာပဲ။ စည်းမဲ့ကမ်းမဲ့။ (မင်းရို့စည်းမဟိ ကမ်းမထိ ဗရကာရနီကတ်လို့ ဘဇောင်ဖြစ်ဖို့လဲဝေ။
    have no discipline
    ကြိယာဝိသေသန

    ဗရချာ

    [bɹɕà]
    အဆိုးအရွား။ ညစ်ညမ်း စုတ်ပြဲ ပျက်စီးဗျာယ်
    အဆိုးအရွား။ ညစ်ညမ်း စုတ်ပြဲ ပျက်စီးလျက်
    shabbily
    ကြိယာဝိသေသန

    ဗရချာလိုက်

    [bɹɕàlaɪʔ]
    ဆိုးရွား ညစ်ညမ်း စုတ်ပြဲ ပျက်စီးရေ။ ‘အင်္ကျီက ဗရချာလိုက်လို့ ဝတ်ဖို့က မရဗျာယ်။’ (အရပ်
    ဆိုးရွား ညစ်ညမ်း စုတ်ပြဲ ပျက်စီးသည်။ ‘အင်္ကျီက ဗရချာလိုက်လို့ ဝတ်ဖို့က မရဗျာယ်။’ (အရပ်
    be in rags
    ကြိယာ

    ဗရဂုတ်

    [bɹɡoʊʔ]
    မီးကြောင့် ပြွက်ပြွက်ဆူသော ရီနွီးငွီအားဖြင့် မောင်းနှင်သော သင်္ဘော။ ‘ခုနှစ်ဆယ်ခြောက်-ခုနှစ်၊ ရောက်လစ်ရေအခါ၊ အနောက်တိုင်းပြည်၊ ဗီလတ်နယ်က၊ လာရေရီကြော၊ သင်္ဘောမဟုတ်၊ ဗရဂုတ်ဟု၊ အဂေါင့်ထိုခါ၊ ရောက်လိမ့်မည်’။ (သိုက်စာ
    မီးကြောင့် ဆူပွက်သော ရေနွေးငွေ့အားဖြင့် မောင်းနှင်သော သင်္ဘော။ ‘ခုနှစ်ဆယ်ခြောက်-ခုနှစ်၊ ရောက်လစ်သောအခါ၊ အနောက်တိုင်းပြည်၊ ဗီလတ်နယ်က၊ လာသည့်ရီကြော၊ သင်္ဘောမဟုတ်၊ ဗရဂုတ်ဟု၊ အဟုတ်ထိုခါ၊ ရောက်လိမ့်မည်’။ (သိုက်စာ
    coal ship
    နာမ်

    ဗရင်ဂျိနာ

    [bɹɪ̀ɴdʑìnà]
    အသည်းနှလုံး စကားပေါက်ကွဲသို့။ ‘အသည်းဆန်ခါ၊ ဗရင်ဂျီနာ’။ (ရိုး
    အသည်းနှလုံး စကားပေါက်ကွဲသို့။ ‘အသည်းဆန်ခါ၊ ဗရင်ဂျီနာ’။ (ရိုး
    none
    နာမ်

    ဗရစ်ဗရစ်

    [bɹɪʔbɹɪʔ]
    မတည်မငြိမ်။ မူလအခြီမှ ပျက်ယွင်းဗျာယ်
    မတည်မငြိမ်။ မူလအခြေမှ ယွင်းပျက်လျက်
    inconstant
    ကြိယာဝိသေသန

    ဗရပူထ

    [bɹpùtʰ]
    ယှုတ်ထွေး ရောနှော ဆူညံဗျာယ်။ ၂၊ မရပ်မနား တဝဲလည်လည် ချာချာ လှည့်ဗျာယ်။ ‘နတ်နှင့်လူရို့၊ ဗရပူထ၊ ပဋိစ္စသမုပ္ပါဒ်၊ စက်ယက်က၊ မလွတ်ကတ်ပဲ’။ (ပဋာ)။ ၃၊ ဆူဆူညံညံအသံများ ထွက်ပေါ်ဗျာယ်။ ‘ရန်ဖြစ်မဆုံး၊ အဖြာဖြာလေ၊ ရွာနိဂုံးနှင့်၊ တမြို့လုံးသူ၊ ကျွတ်ကျွတ်ဆူကေ၊ ဗရပူထ၊ ဧပိုင်
    ယှုတ်ထွေး ရောနှော ဆူညံလျက်။ ၂၊ မရပ်မနား တဝဲလည်လည် ချာချာ လှည့်လျက်။ ‘နတ်နှင့်လူတို့၊ ဗရပူထ၊ ပဋိစ္စသမုပ္ပါဒ်၊ စက်ရဟတ်က၊ မလွတ်ကြပဲ’။ (ပဋာ)။ ၃၊ ဆူဆူညံညံအသံများ ထွက်ပေါ်လျက်။ ‘ရန်ဖြစ်မဆုံး၊ အဖြာဖြာလေ၊ ရွာနိဂုံးနှင့်၊ တမြို့လုံးသူ၊ ကျွတ်ကျွတ်ဆူကေ၊ ဗရပူထ၊ ဤသို့
    noisy
    ကြိယာဝိသေသန

    ဗရပျစ်

    [bɹprɪʔ]
    မရောထွေ အပုံလိုက်ဗလဗွီသတ်
    မရောထွေ စုပုံရှုပ်ထွေးလျက်
    be mixed up
    ကြိယာဝိသေသန

    ဗရပွက်ဆန်

    [bɹpwɛʔsʰàɴ]
    အဝီး ပင်လယ်ပြင်မှ လှိုင်းလေရို့၏ လှုပ်ရှား ထသံ ပြင်းထန်စွာ မြည်လာရေ။ ‘လှိုင်းကြက်ခုန်ကေ၊ ယက်ဖြူဖွီးဖွီး၊ ဗရပွက်ဆန်၊ ဂယက်သံလေး။’ (ဓမ္မက
    အဝေး ပင်လယ်ပြင်မှ လှိုင်းလေတို့၏ လှုပ်ရှား ထကြွသံ ပြင်းထန်စွာ မြည်လာသည်။ ‘လှိုင်းကြက်ခုန်ကေ၊ ယက်ဖြူဖွီးဖွီး၊ ဗရပွက်ဆန်၊ ဂယက်သံလေး။’ (ဓမ္မက
    be tempestuous
    ကြိယာ

    ဗရပွီလိုက်

    [bɹpwílaɪʔ]
    ဆူဆူညံညံ ရောလုံး သပွတ်အူလိုက် အသံများ ပေါ်ထွက်ဗျာယ်
    ဆူဆူညံညံ ရောလုံး ရှုပ်ထွေးသော အသံများ ပေါ်ထွက်လျက်
    noisy
    ကြိယာဝိသေသန

    ဗရဖွာ

    [bɹpʰwà]
    သပ်ရပ် သေချာမှု မဟိပဲ။ ခြူ ပြန့်ကျဲ စီပြီးကေ
    သပ်ရပ် သေချာမှု မယှိပဲ။ ရှုပ်ပွေ ပြန့်ကျဲ စေလျက်
    be scattered
    ကြိယာဝိသေသန