Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 81–100 of 507 words

    ဗ

    ဗရဗရီ

    [bɹbɹí]
    မဟုတ်မမှန်သော မဖြစ်နှိုင်သော အကြောင်းအရာ။ ‘ဗဟရီ ဗရဗရီစကားတိရာ’ (အရပ်)
    မဟုတ်မမှန်သော မဖြစ်နိုင်သော အကြောင်းအရာ။ ‘အသုံးမကျ ဗရဗရီစကားတိရာ’ (အရပ်)
    impossible
    နာမ်

    ဗရဗြွက်

    [bɹbWɹɛʔ]
    ကျွတ်ကျွတ် ဆူညံသောအနိန်နန့်။ ၂၊ အထပ်ထပ် အခါခါ ဆူညံစီပြီးကေ။ ‘ပါရေဝိပါက်၊ အကုသိုလ်လေ၊ ထိုအတွက်နန့်၊ ဗရဗြွက်ဆူညံ၊ ကြွီးကြော်သံနှင့်၊ မီးလျှံအရောင်ညီညီ၊ ပြောင်ကေ။’ (ပန်း
    ကျွတ်ကျွတ် ဆူညံသော အားဖြင့်။ ၂၊ အထပ်ထပ် အခါခါ ဆူညံစေလျက်။ ‘ပါသည်ဝိပါက်၊ အကုသိုလ်လေ၊ ထိုအတွက်ကြောင့်၊ ဗရဗြွက်ဆူညံ၊ ကြွေးကြော်သံနှင့်၊ မီးလျှံအရောင်ညီညီ၊ ပြောင်ကေ။’ (ပန်း
    noisy
    ကြိယာဝိသေသန

    ဗရဗြွာ

    [bɹbWɹà]
    စုဝေး အပုံလိုက်ဗျာယ်
    စုဝေး စုပုံလျက်
    pile up - heap up
    ကြိယာဝိသေသန

    ဗရဗွက်ဆူ

    [bɹbwɛʔsʰù]
    ကျွတ်ကျွတ် ဆူညံသောအနိန်နန့်။ ၂၊ အထပ်ထပ် အခါခါ ဆူညံစီပြီးကေ။ ‘ပါရေဝိပါက်၊ အကုသိုလ်လေ၊ ထိုအတွက်နန့်၊ ဗရဗွက်ဆူညံ၊ ကြွီးကြော်သံနှင့်၊ မီးလျှံအရောင်ညီညီ၊ ပြောင်ကေ၊’ (ပန်း)
    ကျွတ်ကျွတ် ဆူညံသော အားဖြင့်။ ၂၊ အထပ်ထပ် အခါခါ ဆူညံစေလျက်။ ‘ပါသည်ဝိပါက်၊ အကုသိုလ်လေ၊ ထိုအတွက်ကြောင့်၊ ဗရဗွက်ဆူညံ၊ ကြွေးကြော်သံနှင့်၊ မီးလျှံအရောင်ညီညီ၊ ပြောင်ကေ၊’ (ပန်း)
    noisy
    ကြိယာဝိသေသန

    ဗရဗွီ

    [bɹbwí]
    ယှုပ်ထွေး ရောနှောဗျာယ်
    ယှုပ်ထွေး ရောနှောလျက်
    be mixed up
    ကြိယာ

    ဗရဗွီလိုက်

    [bɹbwílaɪʔ]
    ဆောင်ရွက်ဖွယ် ကိစ္စရို့နန့် ယှုပ်ထွေး ပွီလီနိန်ရေ။ ၂၊ မငြိမ်မသက် လှုပ်လှုပ်ရွရွ ဖြစ်ဗျာယ် ဟိနီရေ။ ‘ရပ်မာရွာမာ မငြိမ်မသက် ဗရဗွီလိုက်နီရေဂု။’
    ဆောင်ရွက်ဖွယ် ကိစ္စတို့ဖြင့် ယှုပ်ထွေး ပွေလီနေသော။ ၂၊ မငြိမ်မသက် လှုပ်လှုပ်ရွရွ ဖြစ်လျက် ယှိနေသော။ ‘ရပ်မှာရွာမှာ မငြိမ်မသက် ဗရဗွီလိုက်နီရေဂု။’
    be mixed up
    နာမဝိသေသန

    ဗရဗွီသတ်

    [bɹbwíθaʔ]
    ‘ဆတ်ကျေးတောင်းစွာက တမျိုး၊ အကူခေါ်စွာက တမျိုးနန့် အိပ်ဖို့မရ၊ စားဖို့မရ၊ ရပ်ရွာမာ ဗရဗွီသတ် နီကတ်တောဂု’။ (အရပ်)
    ‘ဆတ်ကျေးတောင်းစွာက တစ်မျိုး၊ အကူခေါ်စွာက တစ်မျိုးနန့် အိပ်ဖို့မရ၊ စားဖို့မရ၊ ရပ်ရွာမှာ ဗရဗွီသတ် နီကတ်တောဂု’။ (အရပ်)
    none
    နာမဝိသေသန

    ဗရမ်း

    [bɹáɴ]
    နကျီစပ်မှ မေးအောက်အထိ ပါးပြင်ကို သိုင်းပတ်၍ ပေါက်သော အမွီးအမှင်
    နားထင်စပ်မှ မေးအောက်အထိ ပါးပြင်ကို သိုင်းပတ်၍ ပေါက်သော အမွေးအမှင်
    whiskers
    နာမ်

    ဗရမ်းပက်ကျိ

    [bɹáɴpɛʔt͡ɕì]
    ကျိချွဲပျောင်း ချောကျိသော။ ‘နောက်ဖေး တခန်းလုံး ဗရမ်းပက်ကျိ ဖြစ်နီဗျာယ်။’ (အရပ်
    ကျိချွဲစေးကပ် ချောကျိသော။ ‘နောက်ဖေး တစ်ခန်းလုံး ဗရမ်းပက်ကျိ ဖြစ်နီဗျာယ်။’ (အရပ်
    sticky
    နာမဝိသေသန

    ဗရမ်းဗကာ

    [bɹáɴbkà]
    သီသပ်ခြင်း မဟိပဲ။ စည်းကမ်း မဟိပဲ၊ ဖရို့ဖရဲ ကြဲဖြန့်ဗျာယ်။ ‘ဟိနီာက်ယွန်း၍၊ ဗရမ်းဗတာ၊ ထိုထိုရာသို့၊ ပလာယီတုံ၊ ပြေးကတ်ကုန်၏။’ (ရခိုင်ကာ
    သေသပ်ခြင်း မယှိပဲ။ စည်းကမ်း မယှိပဲ၊ ဖရို့ဖရဲ ကြဲဖြန့်လျက်။ ‘ရှေ့နောက်ယွန်း၍၊ ဗရမ်းဗတာ၊ ထိုထိုရာသို့၊ ပလာယီတုံ၊ ပြေးကြကုန်၏။’ (ရခိုင်ကာ
    scattered
    ကြိယာဝိသေသန

    ဗရမ်းမဆွီး

    [bɹáɴmsʰwï]
    ပါးသိုင်းမွီးနှင့် မုတ်ဆိတ်မွီး။ ‘မျက်စိဝန်းဝန်း၊ နခေါင်းချွန်းကေ၊ ဗရမ်းမဆွီး၊ နှုတ်ခမ်းမွီးနှင့်။’ (ထာနု
    ပါးသိုင်းမွေးနှင့် မုတ်ဆိတ်မွေး။ ‘မျက်စိဝန်းဝန်း၊ နှာခေါင်းချွန်းကေ၊ ဗရမ်းမဆွီး၊ နှုတ်ခမ်းမွီးနှင့်။’ (ထာနု
    whiskers and beard
    နာမ်

    ဗရမ်းမွီး

    [bɹáɴmwï]
    နကျီစပ်မှ မေးအောက်အထိ ပါးပြင်ကို သိုင်းပတ်၍ ပေါက်သော အမွီးအမှင်။ ‘တောက်လောင်ကျွမ်းတုံ၊ နှုတ်ခမ်းမုတ်ဆွီး၊ ဗရမ်းမွီး၊ မီးမာကုန်လို့’။ (ပန်း
    နားထင်စပ်မှ မေးအောက်အထိ ပါးပြင်ကို သိုင်းပတ်၍ ပေါက်သော အမွေးအမှင်။ ‘တောက်လောင်ကျွမ်းတုံ၊ နှုတ်ခမ်းမုတ်ဆွီး၊ ဗရမ်းမွီး၊ မီးမှာကုန်လို့’။ (ပန်း
    whiskers
    နာမ်

    ဗရမ်းရိတ်ဒါး

    [bɹáɴɹeɪʔdàး]
    ပါးသိုင်းမွီး၊ နှုတ်ခမ်းမွီး၊ မုတ်ဆိတ်ရို့ကို ရိတ်သောဒါး။ (အဂု ပလတ်ဒါးခေါ်သော ဒါး။
    ပါးသိုင်းမွေး၊ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်တို့ကို ရိတ်သောဒါး။ (ယခု ပလတ်ဒါးခေါ်သော ဒါး။
    safety razor
    နာမ်

    ဗရဝါ

    [bɹwà]
    ဘုရင်မင်းမြတ် လက်ထက်ရို့မာ ကွပ်မျက်ရန် စီရင်ခြင်း ခံရရေ သူတိကို သတ်ရရေ အမှုထမ်း။ ‘ဗရဝါလေ၊ အာဏာသားရို့ ဂုပင်တသွေ၊ သတ်ပတ်ကတ်ရဖို့။’ (ဓမ္မက
    ဘုရင်မင်းမြတ် လက်ထက်တို့တွင် ကွပ်မျက်ရန် စီရင်ခြင်း ခံရသော သူများကို သတ်ရသော အမှုထမ်း။ ‘ဗရဝါလေ၊ အာဏာသားတို့ ခုပင်တသွေ၊ သတ်ပတ်ကြရမည်။’ (ဓမ္မက
    hangan
    နာမ်

    ဗရီ

    [bɹí]
    အဝကျယ်ပနာ ရီသောက်ဖို့ တည်ထားရေ အိုးခက်တမျိုး။ တနီရာမှ တနီရာသို့ ဝန်သယ်ယူ ပို့ဆောင်သော ဘင်္ဂလီကို ခေါ်သော စကားလုံး
    အဝကျယ်၍ ရေသောက်ရန် တည်ထားသော ရေအိုးတစ်မျိုး။ တစ်နေရာမှ တစ်နေရာသို့ ပစ္စည်းသယ်ယူ ပို့ဆောင်သော ဘင်္ဂလီကို ခေါ်သော စကားလုံး
    water pot
    နာမ်

    ဗရုတ်

    [bɹoʊʔ]
    စည်းမဟိ ကမ်းမဟိ ဣန္ဒြေ မစောင့်ပဲ ပွီရှုပ်တတ်သူ
    စည်းမဲ့ ကမ်းမဲ့ ဣန္ဒြေ မစောင့်ပဲ ပွေရှုပ်တတ်သူ
    tomfoolery
    နာမ်

    ဗရုတ်ကျ

    [bɹoʊʔt͡ɕ]
    စည်းမဟိ ကမ်းမဟိ ဣန္ဒြေ မစောင့်ပဲ ခြူသည်
    စည်းမဲ့ ကမ်းမဲ့ ဣန္ဒြေ မစောင့်ပဲ ရှုပ်ပွေသည်
    be disorganized
    ကြိယာ

    ဗရုတ်သုတ်က

    [bɹoʊʔθoʊʔk]
    ထွီးရော ခြူစွာ။ ရောထွီး ခြူဗျာယ်
    ထွေးရော ရှုပ်ပွေစွာ။ ရောထွေး ရှုပ်ပွေလျက်
    be mixed up
    ကြိယာဝိသေသန

    ဗရုန်းဗရက်

    [bɹóʊɴbɹɛʔ]
    စည်းမဟိ ကမ်းမဟိ စိတ်ထင်ရာ တိုင်းမှု မဟိအောင် ခြူဗျာယ်။ ယှုပ်ထွေးစွာ ဆူပူလှုပ်ယှားဗျာယ်
    စည်းမဲ့ ကမ်းမဲ့ စိတ်ထင်ရာ တည်ငြိမ်မှု မယှိအောင် ရမ်းကားလျက်။ ယှုပ်ထွေးစွာ ဆူပူလှုပ်ယှားလျက်
    be most unruly
    ကြိယာဝိသေသန

    ဗရုန်းဗရုန်း

    [bɹóʊɴbɹóʊɴ]
    ဆူပူ ဗလဗွီသတ် လှုပ်ရှားစွာ
    ဆူပူ ရှုပ်ထွေး လှုပ်ရှားစွာ
    be mixed up
    ကြိယာဝိသေသန