Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 121–140 of 507 words

    ဗ

    ဗလဗွီသတ်

    [blbwíθaʔ]
    ‘ဆတ်ကျေးတောင်းစွာက တမျိုး၊ အကူခေါ်စွာက တမျိုးနန့် အိပ်ဖို့မရ၊ စားဖို့မရ၊ ရပ်ရွာမာ ဗလဗွီသတ် နီကတ်တော ဂု’ (အရပ်)
    ‘ဆတ်ကျေးတောင်းစွာက တစ်မျိုး၊ အကူခေါ်စွာက တစ်မျိုးနန့် အိပ်ဖို့မရ၊ စားဖို့မရ၊ ရပ်ရွာမှာ ဗလဗွီသတ် နီကတ်တော ဂု’ (အရပ်)
    none
    နာမဝိသေသန

    ဗလဝ

    [blw]
    အားကြီးရေ။ များပြားသည်
    အားကြီးသည်။ များပြားသည်
    strong
    ကြိယာ

    ဗလဝ၂

    [blw၂]
    အားကြီးခြင်း။ များပြားခြင်း
    အားကြီးခြင်း။ များပြားခြင်း
    strong
    နာမ်

    ဗလဝ၃

    [blw၃]
    အားကြီးစွာ။ များပြားစွာ
    အားကြီးစွာ။ များပြားစွာ
    strong
    ကြိယာဝိသေသန

    ဗလဥ

    [blʔṵ]
    ရီအောက်မှ တွန်းကန်အားကြောင့် ဖေါင်းဖိတက်ကာ ကွဲဖြာကျလှားရာမှ ဖြစ်ရေ ရေပူဖေါင်း
    ရေအောက်မှ တွန်းကန်အားကြောင့် ဖေါင်းဖိတက်ကာ ကွဲဖြာကျသွားရာမှ ဖြစ်သော ရေပူဖေါင်း
    bubble
    နာမ်

    ဗလာ

    [blà]
    အကွယ်အကာမဟိ ဟင်းလင်းအပြင်။ ၂၊ ဇာဟင့်တခုလေ့ မဟိသော အဖြစ်။ ‘တခုလည်းမဟိ တက်တက်ကုန်ဗျာယ် ဗလာ-ဗလာ’။ (အရပ်) ၃၊ ကင်းယှင်းခြင်း
    အကွယ်အကာမယှိ ဟင်းလင်းအပြင်။ ၂၊ ဘာတစ်ခုမှ မယှိသော အဖြစ်။ ‘တစ်ခုလည်းမဟိ အားလုံးကုန်ဗျာယ် ဗလာ-ဗလာ’။ (အရပ်) ၃၊ ကင်းယှင်းခြင်း
    open expanse
    နာမ်

    ဗလာကျင်း

    [blàt͡ɕɪ́ɴ]
    ကင်းယှင်း ပပျောက်စီရေ။ ဝီးကွာစီရေ။ ၂၊ ရွတ်မြောက်ရေ။ ၃၊ ဇာဟင့်တခုလေ့ မဟိဖြစ်တေ။ ‘ဗလာကျင်း ရေတခုလည်း မဟိဗျာ။’ (အရပ်
    ကင်းယှင်း ပပျောက်စေသည်။ ဝေးကွာစေသည်။ ၂၊ လွတ်ကင်းသည်။ ၃၊ ဘာတစ်ခုမှ မယှိဖြစ်သည်။ ‘ဗလာကျင်း ရေတစ်ခုလည်း မဟိဗျာ။’ (အရပ်
    free from
    ကြိယာ

    ဗလာကွင်း

    [blàkwɪ́ɴ]
    ဇာလေ့ တခု မပါဟိပဲ။ အချင်းစည်း။ ‘မောင်သာဖြူ တခုလည်းမရ မလားယေဝေ၊ ဗလာကွင်းရေနှင့်ရာယေ’ (အရပ်)
    ဘာမျှ တစ်ခု မပါယှိပဲ။ အချင်းစည်း။ ‘မောင်သာဖြူ တစ်ခုလည်းမရ မလားယေဝေ၊ ဗလာကွင်းရေနှင့်ရာယေ’ (အရပ်)
    blank
    ကြိယာဝိသေသန

    ဗလာခတ်

    [blàkʰaʔ]
    ကြက်ခြေခတ်ပုံ ရီးမှတ်သည်
    ကြက်ခြေခတ်ပုံ ရေးမှတ်သည်
    cross
    ကြိယာ

    ဗလာခတ်၂

    [blàkʰaʔ၂]
    အဖြီမားကြောင်းကို ဖော်ပြသော အမှတ်အသား။ ‘ဇာစာလုံး မားရီးထားလဲ မားရေစာလုံးကို ဗလာခတ်ထား’။ (အရပ်
    အဖြေမှားကြောင်းကို ဖော်ပြသော အမှတ်အသား။ ‘ဇာစာလုံး မှားရေးထားလဲ မှားရေစာလုံးကို ဗလာခတ်ထား’။ (အရပ်
    cross
    နာမ်

    ဗလာစာအုပ်

    [blàsàʔoʊʔ]
    (စာမရီးရသိမ့်ရေ) စာရီးရန် စာအုပ်
    (စာမရေးရသေးသော) စာရေးရန် စာအုပ်
    book
    နာမ်

    ဗလာတုံးလုံး

    [blàtóʊɴlóʊɴ]
    အဝတ်မပါ ဗလာ သတ်သတ်။ အခြည်းစည်း။ ‘အဝတ်မပါ ဗလာတုံးလုံးရာ’ (အရပ်
    အဝတ်မပါ ဗလာ သက်သက်။ အချည်းစည်း။ ‘အဝတ်မပါ ဗလာတုံးလုံးရာ’ (အရပ်
    ‘ဗလာနတ္ထိ - တတ်တို့၊ ဗလာနတ္ထိ၊ ချောတိတိလည်း၊ ဖြစ်လတ္တံ့’။ (ကိုးလတ္တံ့
    ကြိယာဝိသေသန

    ဗလာနတ္ထိ

    [blànt̪a̰t̪ʰa̰ì]
    အကျိုး တခုတရီ ဖြစ်ထွန်းခြင်း မဟိပဲ။ အခြည်းအနှီး ဗလချိဗလချာ။ ‘ဗလာနတ္ထိ၊ ကျိုးမဟိပါ’။ (စကားရိုး
    အကျိုး တစ်စုံတစ်ရာ ဖြစ်ထွန်းခြင်း မယှိပဲ။ အချည်းအနှီး အလကား။ ‘ဗလာနတ္ထိ၊ ကျိုးမဟိပါ’။ (စကားရိုး
    in vain
    ကြိယာဝိသေသန

    ဗလာပွဲ

    [blàpwɛ]
    အခမဲ့ ကြည့်ရှုနှိုင်ရေ ပွဲ
    အခမဲ့ ကြည့်ရှုနိုင်သော ပွဲ
    open show
    နာမ်

    ဗလာဥ

    [blàʔṵ]
    ဘာတခုလောက် မဟိသည်၏ အဖြစ်။ အကျိုး တခုတရီ ဖြစ်ထွန်းခြင်း မဟိသည်၏ အဖြစ်
    ဘာတစ်ခုမျှ မယှိသည်၏ အဖြစ်။ အကျိုး တစ်စုံတစ်ရာ ဖြစ်ထွန်းခြင်း မယှိသည်၏ အဖြစ်
    blank
    နာမ်

    ဗလိ

    [blì]
    ရီငန်ပိုင်း၊ ပင်လယ်စပ် ဒေသများမာ ဖြားရီနှင့် မျိုးပါလာပြီးကေ နုန်းပြင်၌ တင်ကျန် နီတတ်ရေ ဂဏန်းအချေစား။ ပင်လယ် ကုလားမသိတ်းငယ်
    ရေငန်ပိုင်း၊ ပင်လယ်စပ် ဒေသများတွင် ဒီရေနှင့် မျောပါလာ၍ နုန်းပြင်၌ တင်ကျန် နေတတ်သော ဂဏန်းအငယ်စား။ ပင်လယ် ပုစွန်လုံးငယ်
    land crab
    နာမ်

    ဗလိနီ

    [blìní]
    ပင်လယ် ကမ်းစ သဲပြင်ရှည်မာ မားအချေ ကိုယ်စီဖြင့် အုပ်လိုက် မကန်မဝှန် ပြေးလွှား၍ နီလေ့ ဟိတတ်ရေ ဂဏန်းနီကောင် အချေတမျိုး။ (စစ်သီနတ်ထမ်း။ မာရ်နတ်စစ်သား၊ စန္ဒရားမင်း စစ်သားလို့လေ့ ခေါ်ကတ်တေ
    ပင်လယ် ကမ်းစပ် သဲသောင်ပြင်တွင် တွင်းကလေး ကိုယ်စီဖြင့် အုပ်လိုက် အများအပြား ပြေးလွှား၍ နေလေ့ ယှိတတ်သော ဂဏန်းနီကောင် ကလေးတစ်မျိုး။ (စစ်သေနတ်ထမ်း။ မာရ်နတ်စစ်သည်၊ စန္ဒရားမင်း စစ်သည်ဟုလည်း ခေါ်ကြသည်
    crab
    နာမ်

    ဗလိပြား

    [blìpɹá]
    ဗလိ (ဖောင်စီးဂဏန်း) ထက်ကြီးရေ ဗလိတမျိုး
    ဗလိ (ဖောင်စီးဂဏန်း) ထက်ကြီးသော ဗလိတစ်မျိုး
    crab
    နာမ်

    ဗလိပြားလက်ဖွဲ့

    [blìpɹálɛʔpʰwé]
    ဗလိပြား သဏ္ဍာန်ပိုင် ပီရွက်ကို ခေါက်ချိုး ပြုလုပ်ပနာ လက်မောင်း၊ လည်ပင် အစဟိစွာရို့မာ ခြည်ဆွဲ ဝတ်ထားကတ်တေ ပယောဂ အကာအကွယ်၊ ပီယ၊ ဓန၊ သိဒိ္ဓ ပေါက်ရေလို့ ဆိုရေ လက်ဖွဲ့မျိုး
    ဗလိပြား သဏ္ဍာန်ကဲ့သို့ ပေရွက်ကို ခေါက်ချိုး ပြုလုပ်၍ လက်မောင်း၊ လည်ပင် စသည်တို့တွင် ချည်ဆွဲ ဝတ်ထားကြသော ပယောဂ အကာအကွယ်၊ ပီယ၊ ဓန၊ သိဒိ္ဓ ပေါက်သည်ဟု ဆိုသော လက်ဖွဲ့မျိုး
    amulet
    နာမ်

    ဗလိသျှေ

    [blìʃè]
    ငယ်ရေ (ဗလိသျှေခေါ်) ကလန့် အချေတမျိုး
    သေးငယ်သော (ဗလိသျှေခေါ်) ဂဏန်းကောင် အငယ်တစ်မျိုး
    crab
    နာမ်