Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 161–180 of 507 words

    ဗ

    ဗဟောက်စား

    [bhɔ́ɛʔsá]
    ဗဟရီသော။ အသုံးမဝင်သော။ ၂၊ တတ်သိ လိမ္မာမှု မဟိရေ။ ၃၊ သိမ်ငယ် ညံ့ဖျင်းသော။ ‘ပြိုင်ညောင်နန်းမာ၊ စခန်းထောက်က၊ သုံးယောက်သောသား၊ ဗဟောက်စားရို့၊ သိကြားတတူ၊ မောင့်သည်းအူကို၊ ခေါ်ယူတသီး’ (ကော်)
    အသုံးမကျသော။ အသုံးမဝင်သော။ ၂၊ တတ်သိ လိမ္မာမှု ကင်းမဲ့သော။ ၃၊ သိမ်ငယ် ညံ့ဖျင်းသော။ ‘ပြိုင်ညောင်နန်းမှာ၊ စခန်းထောက်က၊ သုံးယောက်သောသား၊ ဗဟောက်စားတို့၊ သိကြားအတူ၊ မောင့်သည်းအူကို၊ ခေါ်ယူတသီး’ (ကော်)
    useless
    နာမဝိသေသန

    ဗအ

    [bʔ]
    အ ရေ။ စကားပြောနိုင်စွမ်း မဟိ ဖြစ်တေ။ စကား ထစ်ရေ။ ‘စကားတခွန်း ပြောဖိုစွာကို အ-အ-အနှင့်ပင်၊ ထစ်နီရေပင်က’။ ၂၊ ညံ့ရေ။ ဖျင်းရေ။ တတ်သိ လိမ္မာမှု မဟိဖြစ်တေ။ နုံချာရေ။ ‘လူတိက ဗအတိရာ တခုမက မသိတတ်ကတ်။’ (အရပ်
    အ သည်။ စကားပြောနိုင်စွမ်း မယှိ ဖြစ်သည်။ စကား ထစ်သည်။ ‘စကားတစ်ခွန်း ပြောဖိုစွာကို အ-အ-အနှင့်ပင်၊ ထစ်နီရေပင်က’။ ၂၊ ညံ့သည်။ ဖျင်းသည်။ တတ်သိ လိမ္မာမှု မယှိဖြစ်သည်။ နုံချာသည်။ ‘လူတိက ဗအတိရာ တစ်ခုမက မသိတတ်ကတ်။’ (အရပ်
    poor
    ကြိယာ

    ဗား

    [bá]
    ရဟန်း သံဃာတော် မိ၊ ဖ၊ ဆရာသမား အစဟိစွာ့ ကိုယ့်ထက် ကြီးရေ သူရို့ ခေါ်ရေအခါ အချေကို ဗါး ဟု ထူးရန် သင်ပီးသော အာလုပ်စကား
    ရဟန်း သံဃာတော် မိ၊ ဖ၊ ဆရာသမား စသည့် မိမိထက် ကြီးသော သူတို့ ခေါ်သည့်အခါ ကလေးအား ဗါး ဟု ထူးရန် သင်ပေးသော အာလုပ်စကား
    word used kid making an affirmative reply - equivalent to the noun ‘yes’
    နာမ်

    ဗာစင်

    [bàsɪ̀ɴ]
    အမိုးပြန့် ယာယီ အဆောက်အအုံငယ်။ ၂၊ မဏ္ဍပ်။ စွယ်သည်ငါးမန်း၊ ကိုးယောက်ထမ်း၊ ဗာဗူရောင်၊ ဗာစင်ပျစ်လို့ ဖျိုင်ဖျိုင် (တေး)
    အမိုးပြန့် ယာယီ အဆောက်အအုံငယ်။ ၂၊ မဏ္ဍပ်။ စွယ်သည်ငါးမန်း၊ ကိုးယောက်ထမ်း၊ ဗာဗူရောင်၊ ဗာစင်ပျစ်လို့ ဖျိုင်ဖျိုင် (တေး)
    pavilion
    နာမ်

    ဗာစီ

    [bàsí]
    မိုက်မည်းသော သစ်ခေါင်း၊ လှိုဏ်ဂူ အစဟိစွာရို့မာ တွယ်ကပ်နီကာ ညဇာအခါမှ ပျံသန်း၍ အစာရှာတတ်ရေ ငှက်တမျိုး၊ လင်းနိုး
    မှောင်မည်းသော သစ်ခေါင်း၊ လှိုဏ်ဂူ စသည်တို့တွင် တွယ်ကပ်နေကာ ညအခါတွင် ပျံသန်း၍ အစာရှာတတ်သော ငှက်တစ်မျိုး၊ လင်းနိုး
    bat
    နာမ်

    ဗာဆီ

    [bàsʰí]
    ရှည်သော နှုတ်သီးရှည်သော လိုင်တံ ဖြူရှည်သော ခြေတံနီ နက်ကျားသော တောင်ပံဟိ၍ ရေစပ်ကမ်းနားမာ ကျက်စားလေ့ ဟိသော ငှက်ကြီး
    ရှည်သော နှုတ်သီးရှည်သော လည်တံ ဖြူရှည်သော ခြေတံနီ နက်ကျားသော တောင်ပံယှိ၍ ရေစပ်ကမ်းနားတွင် ကျက်စားလေ့ ယှိသော ငှက်ကြီး
    egret
    နာမ်

    ဗာဇူ

    [bàzù]
    ခန္ဓာကိုယ် အထက်ပိုင်းမာ ဝတ်ဆင်ရရေ အထည်။ ပရွင်းနဗီ၊ မျက်မျိုးစီကေ၊ အင်္ကျီဗာဇူဝတ်၍ (ဗျာရတု)။ ကိုယ်မာကြည့်လေ၊ ကိုယ်မာဗာဇူ၊ ရွှီတူပန်းခက်၊ မေ့ဗာဇူမာ၊ ခြိုးဇရက်နှင့်။ (ပိုးဝါဖွဲ့)။ ၂၊ သံနန်းကြိုး၊ သံကွင်း စစွာတိနန့် ပြုလုပ်ထားရေ စစ်ဝတ်အင်္ကျီ။ မိညို
    ခန္ဓာကိုယ် အထက်ပိုင်းတွင် ဝတ်ဆင်ရသော အထည်။ ပရွင်းနဗီ၊ မျက်မျိုးစီကေ၊ အင်္ကျီဗာဇူဝတ်၍ (ဗျာရတု)။ ကိုယ်မှာကြည့်လေ၊ ကိုယ်မှာဗာဇူ၊ ရွှီတူပန်းခက်၊ မေ့ဗာဇူမှာ၊ ခြိုးဇရက်နှင့်။ (ပိုးဝါဖွဲ့)။ ၂၊ သံနန်းကြိုး၊ သံကွင်း စသည်တို့ဖြင့် ပြုလုပ်ထားသော စစ်ဝတ်အင်္ကျီ။ မိညို
    suit
    နာမ်

    ဗာတလီ

    [bàtlí]
    အောက်ကို စောက်ဆွဲပနာ နားတတ်ပြီး ညဇာအခါ ပျံသန်း အစာရှာတတ်သည့် ငှက်တမျိုး
    အောက်သို့ စောက်ဆွဲ၍ နားတတ်ပြီး ညအခါ ပျံသန်း အစာရှာတတ်သည့် ငှက်တစ်မျိုး
    bat
    နာမ်

    ဗာတီ

    [bàtí]
    သတ္တု၊ ပလတ်စတ အစဟိစွာ တမျိုးမျိုးဖြင့် ပြုလုပ်ထားရေ ရေသယ်စရာ၊ ရေထည့်စရာ
    သတ္တု၊ ပလတ်စတစ် စသည် တစ်မျိုးမျိုးဖြင့် ပြုလုပ်ထားသော ရေသယ်စရာ၊ ရေထည့်စရာ
    pail
    နာမ်

    ဗာထော

    [bàtʰɔ́]
    ငရုတ်ခင်း၌ ပေါက်လေ့ ဟိသော ဟင်းစားရရေ ဟင်းနုနယ်တမျိုး
    ငရုတ်ခင်း၌ ပေါက်လေ့ ယှိသော ဟင်းစားရသည့် ဟင်းနုနယ်တစ်မျိုး
    vegetable
    နာမ်

    ဗာဗူ

    [bàbù]
    ငွီ၊ ကြီး၊ ဥစ္စာ ဝန် ပြည့်စုံ ကြွယ်ဝသူ။ ၂၊ ယင်းပိုင် ပြည့်စုံသူကို ခေါ်သော စကားလုံး။ ၃၊ ဂုဏ်သရေ ဟိသော သူကို ခေါ်သော စကား
    ငွေ၊ ကြေး၊ ဥစ္စာ ပစ္စည်း ပြည့်စုံ ကြွယ်ဝသူ။ ၂၊ ယင်းသို့ ပြည့်စုံသူကို ခေါ်သော စကားလုံး။ ၃၊ ဂုဏ်သရေ ယှိသော သူကို ခေါ်သော စကား
    rich man
    နာမ်

    ဗားဗူ

    [bábù]
    ကြွယ်ဝသော။ ပြည့်စုံသော။ ဒိုင်ဂျီဟိယင့် ရီဟိယင့်။ ဗားဗူဟိယင့် ဆန်ဟိယင့် (စကားရိုး)
    ကြွယ်ဝသော။ ပြည့်စုံသော။ ဒိုင်ဂျီဟိယင့် ရီဟိယင့်။ ဗားဗူဟိယင့် ဆန်ဟိယင့် (စကားရိုး)
    rich
    နာမဝိသေသန

    ဗာဗူစာရ

    [bàbùsàɹ]
    ကြီးကြပ် ကွပ်ကဲ အုပ်ချုပ်သူ။ ဂေါင်းဆောင် အဖြစ် ထိန်းသိမ်း စောင့်ရှောက်သူ။ ယင်း ခရိုင်မင်းရို့က စာလွှာပါရေ အတိုင်း လယ်လုပ် သမားရို့ကို စီစစ် မီးမြန်းဗျာယ်၊ ယင်းမှတဆင့် အုပ်ချုပ်သူ လူကြီးဖြစ်ရေ ဗာပူစာရ ပြည်စိုးကြီးက လွှတ်တော်သို့ ပို့ဆက် တင်သွင်း ရလေသည
    ကြီးကြပ် ကွပ်ကဲ အုပ်ချုပ်သူ။ ခေါင်းဆောင် အဖြစ် ထိန်းသိမ်း စောင့်ရှောက်သူ။ ၎င်း ခရိုင်မင်းတို့က စာလွှာပါသည့် အတိုင်း လယ်လုပ် သမားတို့ကို စီစစ် မေးမြန်းလျက်၊ ၎င်းမှတစ်ဆင့် အုပ်ချုပ်သူ လူကြီးဖြစ်သော ဗာပူစာရ ပြည်စိုးကြီးက လွှတ်တော်သို့ ပို့ဆက် တင်သွင်း ရလေသည
    leader
    နာမ်

    ဗားဗူစာရပြည်စိုးကြီး

    [bábùsàɹpɹɛsót͡ɕï]
    နိုင်ငံတော်၏ ဆန်စပါးကို ရောင်းဝယ် ဖေါက်ကား ပြုလုပ်ရာမာ ကြပ်မတ် ဆောင်ရွက် ပီးရရေသူ။ ၂၊ ဘုရင်မင်းမြတ် ဥပုသ်ဆောင် ဝင်နီခိုက်၊ တိုင်းပြည်ကို တက်စားပြုပနာ အုပ်ချုပ်ရသူ၊ (ဝိဇယ)
    နိုင်ငံတော်၏ ဆန်စပါးကို ရောင်းဝယ် ဖေါက်ကား ပြုလုပ်ရာတွင် ကြပ်မတ် ဆောင်ရွက် ပေးရသောသူ။ ၂၊ ဘုရင်မင်းမြတ် ဥပုသ်ဆောင် ဝင်နေခိုက်၊ တိုင်းပြည်ကို ကိုယ်စားပြု၍ အုပ်ချုပ်ရသူ၊ (ဝိဇယ)
    none
    နာမ်

    ဗာဗူစောင်

    [bàbùsàʊɴ]
    အနံသိမ့်ရေ ဂွမ်းစောင်တမျိုး
    အနံသေးသော ဂွမ်းစောင်တစ်မျိုး
    blanket
    နာမ်

    ဗားမဲ့လှီ

    [báméɬí]
    ဘုရင်မင်းမြတ်ရို့ ဘိသိတ်သွန်းရန် ဂင်္ဂါမြစ် ရေကိုခပ်ရန် လားရေအခါ သဌီးသမီးရို့ စီးနင်းလားရရေ လောင်း၏ အမျိုးအမည် တခု။ ယင်းအပြင်တရီး၊ သဌီးသမီး၊ စံသီးကလျာ၊ မေကညာရို့၊ စီးရာတထွေ၊ အတန်တန်မူ၊ နာမံခြားကေ၊ ဗာမဲ့လှီတည်း၊ (ဝိဇယ)
    ဘုရင်မင်းမြတ်တို့ ဘိသိတ်သွန်းရန် ဂင်္ဂါမြစ် ရေကိုခပ်ရန် သွားသည့်အခါ သူဌေးသမီးတို့ စီးနင်းသွားရသော လှေ၏ အမျိုးအမည် တစ်ခု။ ထို့ပြင်တရေး၊ သူဌေးသမီး၊ စံသီးကလျာ၊ မယ်ကညာတို့၊ စီးရာတထွေ၊ အတန်တန်မူ၊ နာမံခြားကေ၊ ဗာမဲ့လှီတည်း၊ (ဝိဇယ)
    ba: me. hli - the letter called names of the boat
    နာမ်

    ဗာရဗာရီ

    [bàɹbàɹí]
    ဆန့်ကျင်ဘက် ပြုလုပ်သူ။ မောင်နီနန့် မောင်မဲ သတ်လိုမှ ပုတ်လိုမှ ဗာရဗာရီ စကားတိ ကတ်တေ (အရပ်)
    ဆန့်ကျင်ဘက် ပြုလုပ်သူ။ မောင်နီနန့် မောင်မဲ သတ်လိုမှ ပုတ်လိုမှ ဗာရဗာရီ စကားများ ကတ်တေ (အရပ်)
    opposite
    နာမ်

    ဗာရာ

    [bàɹà]
    ဝါးစိမ်းငယ်တိကို ကြိုးနှင့် စီခက်ယင်း ပြားပိုင် အပြား ပြုလုပ်ထားရေ ပိုက်ချကိရိယာ
    ဝါးစိမ်းငယ်များကို ကြိုးနှင့် စီခက်ယင်း ပြားကဲ့သို့ အပြား ပြုလုပ်ထားသော ငါးဖမ်းကိရိယာ
    fishing net
    နာမ်

    ဗာရာငှက်

    [bàɹàŋ̊ɛʔ]
    ပြင်လယ်ဂေါင်၌ ကျက်စားပနာ အထက်ကို မတ်မတ် ပျံတက်နှိုင်ရေ မြီကြီးရောင် အမွီး ဟိသည့် ငှက်တမျိုး
    ကွင်းပြင်၌ ကျက်စား၍ အထက်သို့ မတ်မတ် ပျံတက်နိုင်သော မြေကြီးရောင် အမွေး ယှိသည့် ငှက်တစ်မျိုး
    bird
    နာမ်

    ဗာရာဏသီချဲ့

    [bàɹànθíɕé]
    (ဥပစာ) လိုအပ်စွာထက် များစွာ ပိုပြီးကေချဲ့ထွင် ပြောဆို ပြုမူသည်
    (ဥပစာ) လိုအပ်သည်ထက် များစွာ ပိုမိုချဲ့ထွင် ပြောဆို ပြုမူသည်
    exaggerate
    ကြိယာ