Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 201–220 of 494 words

    ဘ

    ဘိတ်အောင်း

    [bʱeɪʔʔáʊɴ]
    မား၊ လိုဏ်၊ ဂူ၊ အစဟိစွာရို့၏ အခေါင်းထဲမာ ကျင့်ကြံ အားထုတ်သည်
    တွင်း၊ လိုဏ်၊ ဂူ၊ စသည်တို့၏ အခေါင်းထဲတွင် ကျင့်ကြံ အားထုတ်သည်
    meditate
    ကြိယာ

    ဘိန်း

    [bʱéɪɴ]
    အရောင် မရောနှောသော အဆင်
    အရောင် မရောနှောသော အဆင်
    none
    နာမ်

    ဘိန်း၂

    [bʱéɪɴ၂]
    တနှစ်ခံ အပင်တမျိုး အသီးမှ ထုတ်ယူ ရဟိသော ယစ်မူးစီရန် အသုံးပြုကတ်တေ့ အစီးတမျိုး
    တစ်နှစ်ခံ အပင်တစ်မျိုး အသီးမှ ထုတ်ယူ ရယှိသော မူးယစ်စေရန် အသုံးပြုကြသည့် အစေးတစ်မျိုး
    opium poppy
    နာမ်

    ဘိန်းချ

    [bʱéɪɴɕ]
    ဘိန်းကို ကူးသန်း ရောင်းဝယ်ခြင်း ပြုသည်
    ဘိန်းကို ကူးသန်း ရောင်းဝယ်ခြင်း ပြုသည်
    smuggle opium
    ကြိယာ

    ဘိန်းချီး

    [bʱéɪɴɕï]
    ဘိန်းစားသော သူကို နှိမ့်ချပနာ ခေါ်သော အာလုပ်စကား
    ဘိန်းစားသော သူကို နှိမ့်ချ၍ ခေါ်သော အာလုပ်စကား
    addict
    နာမ်

    ဘိန်းချီး၂

    [bʱéɪɴɕï၂]
    ဘိန်းရှု ပြောင်းမာ ကပ်နိန်ရေ ဘိန်းဆီ
    ဘိန်းရှု ပြောင်းတွင် ကပ်နေသော ဘိန်းဆီ
    opium residue
    နာမ်

    ဘိန်းစား

    [bʱéɪɴsá]
    ဘိန်းကို အာဟာရ အဖြစ် မှီဝဲ စားသုံးရေ
    ဘိန်းကို အာဟာရ အဖြစ် မှီဝဲ စားသုံးသည်
    addict
    ကြိယာ

    ဘိန်းဆုံး

    [bʱéɪɴsʰóʊɴ]
    နောက်ဆုံးအကြိမ်။ နောက်ဆုံးအလှည့်
    နောက်ဆုံးအကြိမ်။ နောက်ဆုံးအလှည့်
    last
    နာမ်

    ဘိန်းတုံး

    [bʱéɪɴtóʊɴ]
    ဘိန်းကို အမြဲတစေ စားသောက် မှီဝဲနီသူ
    ဘိန်းကို အမြဲတစေ စားသောက် မှီဝဲနေသူ
    addict
    နာမ်

    ဘိန်းတုံး၂

    [bʱéɪɴtóʊɴ၂]
    မပြောက်မကျားပဲ၊ တပြင်တည်း ပိတ်သော
    မပြောက်မကျားပဲ၊ တပြင်တည်း ပိတ်သော
    none
    နာမဝိသေသန

    ဘိန်းပြောင်းရည်

    [bʱéɪɴpɹáʊɴɹɛ̀]
    ဘိန်းရှု ပြောင်းမာ ဟိသော ပြောင်းရည်
    ဘိန်းရှု ပြောင်းတွင် ယှိသော ပြောင်းရည်
    none
    နာမ်

    ဘိဘိ

    [bʱìbʱì]
    အလွန် ပျော့ရေ။ (ထမင်း)၊ ပိုပြီးကေပျော့ရေ။ နူးသော (ထမင်း) ထမင်းကဘိဂျာ၊ စားဖို့ကမရ (အရပ်)
    အလွန် ပျော့သော။ (ထမင်း)၊ ပို၍ပျော့သော။ ပျော့အိသော (ထမင်း) ထမင်းကဘိဂျာ၊ စားဖို့ကမရ (အရပ်)
    soft
    နာမဝိသေသန

    ဘိဘိ၂

    [bʱìbʱì၂]
    နုနယ် ပျောင်းအိသော။ ၂၊ အမှည့်လွန်သော (သစ်သီး)၊ မာကျန်းခက်ထန်ရောင်ခြင်း မဟိသော။ ပိန္နဲသီးက ဘိဘိ ဖြစ်လှားခဗျာယ် (အရပ်)
    နုနယ် ပျောင်းအိသော။ ၂၊ အမှည့်လွန်သော (သစ်သီး)၊ မာကျန်းခက်ထန်ရောင်ခြင်း မယှိသော။ ပိန္နဲသီးက ဘိဘိ ဖြစ်လားခဗျာယ် (အရပ်)
    soft
    နာမဝိသေသန

    ဘိလပ်ပိန္နဲ

    [bʱìlaʔpìn̪a̰n̪n̪a̰ɛ]
    အခွံမာ စူးကျဲကျဲ ပေါက်သည့် ဒိုးယိုင်းသီးနှင့် တူသော အသီးသီးသည့် ဩဇာပင် တမျိုး
    အခွံတွင် ဆူးကျဲကျဲ ပေါက်သည့် ဒူးရင်းသီးနှင့် တူသော အသီးသီးသည့် ဩဇာပင် တစ်မျိုး
    sour sop
    နာမ်

    ဘိလပ်သရက်သီး

    [bʱìlaʔθɹɛʔθï]
    အခွံအစိမ်းရောင်၊ အသီးကြီးပြီးကေ အသားတိသော ချိုအိသည့် နွားစားသရက် တမျိုး
    အခွံအစိမ်းရောင်၊ အသီးကြီး၍ အသားများသော ချိုအိသည့် သရက်သီး တစ်မျိုး
    mango
    နာမ်

    ဘိသိက်

    [bʱìθìɛʔ]
    ဘုန်းကြီးရေ မင်းရို့အား ရေစင်သွန်း၍ မင်္ဂလာ ပြုခြင်း။ မင်္ဂလာ ဘိသိက်တော်ကြီးကို ဆင်ယင် ကျင်းပလို့ရားပါရာ (အရပ်)
    ဘုန်းကြီးသော မင်းတို့အား ရေစင်သွန်း၍ မင်္ဂလာ ပြုခြင်း။ မင်္ဂလာ ဘိသိက်တော်ကြီးကို ဆင်ယင် ကျင်းပလို့ပြီးပါပြီ (အရပ်)
    consecration
    နာမ်

    ဘိသိက်ခံ

    [bʱìθìɛʔkʰံ]
    ကျက်သရေ မင်္ဂလာ ပြည့်မြောက်အောင် ချီးကျူး ဂုဏ်တင်ရေ။ အမွှမ်းတင်သည်
    ကျက်သရေ မင်္ဂလာ ပြည့်မြောက်အောင် ချီးကျူး ဂုဏ်တင်သည်။ အမွှမ်းတင်သည်
    consecration
    နာမ်

    ဘိသိက်တင်

    [bʱìθìɛʔtɪ̀ɴ]
    ဗုဒ္ဓရုပ်တုတော်ကို ဘုရားအမှတ်ဖြင့် ကိုးကွယ်ရန် (အနေကဇာ တိသံသရံအစဟိစွာအနိန်နန့် ပါဠိရွတ်ဆို၍) တန်ခိုး ကျက်သရေ ပြည့်စုံစီခြင်းငှါ သိဒ္ဓိ မင်္ဂလာ ပြုသည်
    ဗုဒ္ဓရုပ်တုတော်ကို ဘုရားအမှတ်ဖြင့် ကိုးကွယ်ရန် (အနေကဇာ တိသံသရံစသည်ဖြင့် ပါဠိရွတ်ဆို၍) တန်ခိုး ကျက်သရေ ပြည့်စုံစေခြင်းငှါ သိဒ္ဓိ မင်္ဂလာ ပြုသည်
    consecrate
    နာမ်

    ဘိသိတ်မြောက်

    [bʱìθeɪʔmɹɔ́ɛʔ]
    ကျက်သရေ မင်္ဂလာ ပြည့်မြောက်အောင် ချီးကျူး ဂုဏ်တင်ရေ။ အမွှမ်းတင်သည်
    ကျက်သရေ မင်္ဂလာ ပြည့်မြောက်အောင် ချီးကျူး ဂုဏ်တင်သည်။ အမွှမ်းတင်သည်
    consecrate
    နာမ်

    ဘိသိတ်သွန်း

    [bʱìθeɪʔθʊ́ɴ]
    ရှေးကမ္ဘာ တည်စ မဟာ သမ္မတမင်းကြီးကို အဘိသိက်သွန်းမြောက်သော နည်းကို မှီငြမ်း အဘိသိက် သွန်းမြှောက်ပြီးကေ (ဒိဌါ)
    ရှေးကမ္ဘာ တည်စ မဟာ သမ္မတမင်းကြီးကို အဘိသိက်သွန်းမြောက်သော နည်းကို မှီငြမ်း အဘိသိက် သွန်းမြှောက်ပြီးလျှင် (ဒိဌါ)
    consecrate
    နာမ်