Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 221–240 of 494 words

    ဘ

    ဘို

    [bʱÒ]
    အထီး။ ၂၊ အသီးမသီးသော အပင်။ ၃၊ သားသမီး မရနှိုင်ရေ မမာ့။ သန္ဓေမပီးနှိုင်သော ယောက်ျား
    အထီး။ ၂၊ အသီးမသီးသော အပင်။ ၃၊ သားသမီး မရနိုင်သော မိန်းမ။ သန္ဓေမပေးနိုင်သော ယောက်ျား
    male
    နာမ်

    ဘို့

    [bʱo̰]
    နွားအစဟိရေ သတ္တဝါရို့မာ လည်ကုပ်နောက်မာ ဟိတတ်သည့် မို့မောက်နိန်ရေ အရိုးခုံး
    နွားစသော သတ္တဝါတို့တွင် လည်ကုပ်နောက်တွင် ယှိတတ်သည့် မို့မောက်နေသော အရိုးခုံး
    hump
    နာမ်

    ဘိုး

    [bʱó]
    မိခင် ဖခင်၏ အဖေ။ အဘောင်မ၏ လင်ယောက်ျား။ ၂၊ ယင်းပိုင် ခေါ်သော အာလုပ်စကား
    မိခင် ဖခင်၏ အဖေ။ အဘွား၏ လင်ယောက်ျား။ ၂၊ ယင်းသို့ ခေါ်သော အာလုပ်စကား
    grandfather
    နာမ်

    ဘို့ခဲ

    [bʱo̰kʰɛ]
    နွားအစဟိရေ သတ္တဝါရို့မာ လည်ကုပ်နောက်မာ ဟိတတ်သည့် မို့မောက်နိန်ရေ အရိုးခုံး
    နွားစသော သတ္တဝါတို့တွင် လည်ကုပ်နောက်တွင် ယှိတတ်သည့် မို့မောက်နေသော အရိုးခုံး
    hump
    နာမ်

    ဘိုင်

    [bʱàɪɴ]
    မြစ်၊ ချောင်း အစဟိစွာ၌ နက်ဟိုင်းနိန်ရေ ချိုင့်ဝှမ်း
    မြစ်၊ ချောင်း စသည်၌ နက်ရှိုင်းနေသော ချိုင့်ဝှမ်း
    valley
    နာမ်

    ဘိုင်းကနဲ

    [bʱáɪɴknɛ]
    ရုတ်ကနဲ။ တနားချေနန့်အနိန်နန့်။ မမျှော်လင့်ပဲအနိန်နန့်
    ရုတ်ကနဲ။ ခဏချင်း အားဖြင့်။ မမျှော်လင့်ပဲ အားဖြင့်
    suddenly
    ကြိယာ

    ဘိုင်ကျ

    [bʱàɪɴt͡ɕ]
    လက်ထဲမာ ငွီကြီး ပြတ်လတ်နိန်ရေ ကာလ
    လက်ထဲတွင် ငွေကြေး ပြတ်လတ်နေသော ကာလ
    be broke
    နာမ်

    ဘိုင်ထီး

    [bʱàɪɴtʰï]
    အလွန်အကျွံ စားသည်
    အလွန်အကျွံ စားသည်
    eat
    ကြိယာ

    ဘိုင်နင်း

    [bʱàɪɴnɪ́ɴ]
    အဖြူကို အမည်းဖြစ်ယောင် အမည်းဆီးမဆိုးပဲ ဘိတ်ပုပ်မာ တညည့်ထားခြင်းနန့် မည်းလားရေ ဆီးဆိုးနည်း တမျိုး
    အဖြူကို အမည်းဖြစ်အောင် အမည်းဆေးမဆိုးပဲ ရွှံ့ပုပ်တွင် တစ်ညထားခြင်းဖြင့် မည်းသွားသော ဆေးဆိုးနည်း တစ်မျိုး
    dye
    နာမ်

    ဘိုင်းဘိုင်းဆာ

    [bʱáɪɴbʱáɪɴsʰà]
    ရပ်တည်ရာမရပဲ တုံးလုံး လဲကျရေ
    ရပ်တည်ရာမရပဲ တုံးလုံး လဲကျသည်
    fall
    ကြိယာ

    ဘိုင်းဘိုင်းလဲ

    [bʱáɪɴbʱáɪɴlɛ]
    ရပ်တည်ရာမရပဲ တုံးလုံး လဲကျရေ။ မထောက် မတည်နိုင်ပဲ လဲကျရေ
    ရပ်တည်ရာမရပဲ တုံးလုံး လဲကျသည်။ မထောက် မတည်နိုင်ပဲ လဲကျသည်
    fall
    ကြိယာ

    ဘိုင်ဝ

    [bʱàɪɴw]
    မြစ်ဝ၊ ချောင်းဝ အစဟိစွာ၌ နက်ဟိုင်း၍ ချိုင့်ဝှမ်းနိန်ရေ အရပ်
    မြစ်ဝ၊ ချောင်းဝ စသည်၌ နက်ရှိုင်း၍ ချိုင့်ဝှမ်းနေသော အရပ်
    valley
    နာမ်

    ဘိုးစဉ်ဘောင်ဆက်

    [bʱósɪ̀ɴbʱàʊɴsʰɛʔ]
    ရှေးရှေး ကာလကပင် ဆင်းသက်လာရေ ဆွေစဉ် တလျှောက်လုံး
    ရှေးရှေး ကာလကပင် ဆင်းသက်လာသော ဆွေစဉ် တစ်လျှောက်လုံး
    descent
    ကြိယာဝိသေသန

    ဘို့တက်

    [bʱo̰tɛʔ]
    နွားရို့မာ ပင်ဖြစ်ဖြစ်၊ လူရို့မာ ပင်ဖြစ်ဖြစ်၊ လည်ကုပ်မာ ဟိတတ်သည့် အဖု
    နွားတို့တွင် လည်းကောင်း၊ လူတို့တွင် လည်းကောင်း၊ လည်ကုပ်တွင် ယှိတတ်သည့် အဖု
    hump
    နာမ်

    ဘိုဘို

    [bʱÒbʱÒ]
    မိခင် ဖခင်၏ အဖေ။ အဘောင်မ၏ လင်ယောက်ျား။ ၂၊ ယင်းပိုင်ခေါ်သော အာလုပ်စကား
    မိခင် ဖခင်၏ အဖေ။ အဘွား၏ လင်ယောက်ျား။ ၂၊ ယင်းသို့ခေါ်သော အာလုပ်စကား
    grandfather
    နာမ်

    ဘိုးဘိုး

    [bʱóbʱó]
    အဖိုးကိုခေါ်သော အာလုပ်စကား
    အဖိုးကိုခေါ်သော အာလုပ်စကား
    grandfather
    နာမ်

    ဘိုဘိုကြီး

    [bʱÒbʱÒt͡ɕï]
    မိခင် ဖခင် အဖေ၏ အစ်ကို အကြီးဆုံးကို ခေါ်သော အာလုပ်စကား
    မိခင် ဖခင် အဖေ၏ အစ်ကို အကြီးဆုံးကို ခေါ်သော အာလုပ်စကား
    grandfather
    နာမ်

    ဘိုးဘိုးကြီး

    [bʱóbʱót͡ɕï]
    အသက်အရွယ် ကြီးရင့်သော ယောက်ျားတိကို ခေါ်သော အာလုပ် စကား
    အသက်အရွယ် ကြီးရင့်သော ယောက်ျားများကို ခေါ်သော အာလုပ် စကား
    grandfather
    နာမ်

    ဘိုးဘီးစဉ်လာ

    [bʱóbʱïsɪ̀ɴlà]
    အထက်ကျော် ကာရီ ဆွေစဉ်လက်ထက်များနှင့် တညီညွတ်တည်း။ အမြူတေဆီ၊ စာမရီသို့၊ သာကီမျိုးဟု၊ ဖိုးဖီးစဉ်လာ၊ မင်းဆက်ဆက်သို့၊ ဆင်းသက်ကာဖြင့် (ကော်)
    အထက်ကျော် ကာရီ ဆွေစဉ်လက်ထက်များနှင့် တညီညွတ်တည်း။ အမြူတေဆီ၊ စာမရီသို့၊ သာကီမျိုးဟု၊ ဖိုးဖီးစဉ်လာ၊ မင်းဆက်ဆက်သို့၊ ဆင်းသက်ကာဖြင့် (ကော်)
    descent
    ကြိယာဝိသေသန

    ဘိုးဘီဇူဇာ

    [bʱóbʱízùzà]
    ဆွီမျိုး အစိုင်အဆက်မှ ဆင်းသက်လာရေ ဆွီမျိုးဆက်။ ရခိုင်ဆွီမျိုး ခုနှစ်ဆက်၏အမည် အဖ၊ အဖိုး၊ မောင်းဂါး၊ အဇူ၊ အဇာ၊ အနူ၊ အနာ ဗမာ ဆွီမျိုး ခုနှစ်ဆက်၏အမည် အဘ၊ အဘိုး၊ မောင်းဂါးသျှင်၊ အဇူသျှင်၊ အဘဲ၊ အဘိ၊ အနာသျှင်။ ရခိုင် ဆွီမျိုး ခုနှစ်ဆက်၏အမည် အမိ၊ အဘောင်မ၊ မောင်းဂါးမ၊ အဇူမ အဇာမ၊ အနူမ၊ အနာမ။
    ဆွေမျိုး အစဉ်အဆက်မှ ဆင်းသက်လာသော ဆွေမျိုးဆက်။ ရခိုင်ဆွေမျိုး ခုနှစ်ဆက်၏အမည် အဖ၊ အဖိုး၊ အဖီး၊ အဇူ၊ အဇာ၊ အနူ၊ အနာ ဗမာ ဆွေမျိုး ခုနှစ်ဆက်၏အမည် အဘ၊ အဘိုး၊ အဘေး၊ အဘွေး၊ အဘဲ၊ အဘိ၊ အဘော်။ ရခိုင် ဆွေမျိုး ခုနှစ်ဆက်၏အမည် အမိ၊ အဘောင်မ၊ အဖီးမ၊ အဇူမ အဇာမ၊ အနူမ၊ အနာမ။
    descent
    နာမ်