Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 241–260 of 494 words

    ဘ

    ဘို့လုံး

    [bʱo̰lóʊɴ]
    နွားရို့မာ ပင်ဖြစ်ဖြစ်၊ လူရို့မာ ပင်ဖြစ်ဖြစ်၊ လည်ကုပ်မာ ဟိတတ်ရေ အဖုလုံး
    နွားတို့တွင် လည်းကောင်း၊ လူတို့တွင် လည်းကောင်း၊ လည်ကုပ်တွင် ရှိတတ်သော အဖုလုံး
    hump
    နာမ်

    ဘိုးသိုး

    [bʱóθó]
    အသိ၊ အတတ် ပညာ လုံးဝမဟိသူ။ အသိပညာနည်းသူ။ လူ့အန္ဓ္ဓ။ လိမ္မာအထာနပ်မှု မဟိသူ
    အသိ၊ အတတ် ပညာ လုံးဝမယှိသူ။ အသိပညာနည်းသူ။ လူ့အန္ဓ္ဓ။ လိမ္မာပါးနပ်မှု မရှိသူ
    dullard
    နာမ်

    ဘိုးသိုးကြီး

    [bʱóθót͡ɕï]
    ဂိုင်ညာ၊ ဇာလေ့ မသိတတ်ရေသူ။ အသိ အလိမ္မာ ကင်းမဲ့သူ
    လူအလူန၊ ဘာမျှ မသိတတ်သောသူ။ အသိ အလိမ္မာ ကင်းမဲ့သူ
    dullard
    နာမ်

    ဘိုးသီးပိုး

    [bʱóθïpó]
    အချေကို နောက်ကုန်းမာ ပိုး၍ လည်ကို ဖက်စီရေ။ ဘူးသီးပိုးသည်
    ကလေးအား ကျောကုန်းတွင် ပိုး၍ လည်ကို ဖက်စေသည်။ ကျောပိုးသည်
    carry
    ကြိယာ

    ဘီး

    [bʱï]
    ဒုက္ခ၊ ဥပဒ်၊ အနှောင့်အယှက်။ ၂၊ ကြောက်မက်ဖွယ် ကောင်းရေ အရာ။ ကိုယ့်အား ဒုက္ခ အန္တရာယ် ဖြစ်စီသောကြောင်း။ အဟိန်းမစဲ ငင်လွှဲ ပစ်လွှတ်၊ ရန်စဖြတ်လျှက်၊ ဖီးမျိုးစင်သည်၊ ဘုရင်လောင်းတော်၊ ဘုန်းကြောင်းတည်း (ရှီးထုံး)
    ဒုက္ခ၊ ဥပဒ်၊ အနှောင့်အယှက်။ ၂၊ ကြောက်မက်ဖွယ် ကောင်းသော အရာ။ မိမိအား ဒုက္ခ အန္တရာယ် ဖြစ်စေသောကြောင်း။ အဟိန်းမစဲ ငင်လွှဲ ပစ်လွှတ်၊ ရန်စဖြတ်လျှက်၊ ဖီးမျိုးစင်သည်၊ ဘုရင်လောင်းတော်၊ ဘုန်းကြောင်းတည်း (ရှေးထုံး)
    interference
    နာမ်

    ဘီချပ်တရာ

    [bʱíɕaʔtɹà]
    ကိုယ်မွီး အပြာရောင်မာ အမည်းစက်များ ပါရေ ဝိုင်းသော ငါးတမျိုး
    ကိုယ်မွေး အပြာရောင်တွင် အမည်းစက်များ ပါသည့် ဝိုင်းသော ငါးတစ်မျိုး
    fish
    နာမ်

    ဘီချပ်တရာမ

    [bʱíɕaʔtɹàm]
    ဣန္ဒြေကင်း ဖောက်ပြန်ရာမာ တင်စားပနာ သုံးသော စကား။ (မမာ့ကိုရာ သုံးနှုန်းရေ။
    ဣန္ဒြေမဲ့ လော်လည်ရာ၌ တင်စား၍ သုံးသော စကား။ (မိန်းမကိုသာ သုံးနှုန်းသည်။
    be wanton
    နာမ်

    ဘီစရာ

    [bʱísɹà]
    ဥပဒေအရ တားမြစ်ချက်ကို ဖေါက်ဖျက်၍ အရောင်း အဝယ်ပြုရေ ဝန်။ ပိတ်ပင်ထားရေ ကုန်ဝန်
    ဥပဒေအရ တားမြစ်ချက်ကို ဖေါက်ဖျက်၍ အရောင်း အဝယ်ပြုသော ပစ္စည်း။ ပိတ်ပင်ထားသော ကုန်ပစ္စည်း
    forbid things
    နာမ်

    ဘီဒို

    [bʱídÒ]
    အဝတ်အထည်၊ စာအုပ်စာတမ်း၊ ပန်းကန် အစဟိစွာ့ ဝန် အမျိုးမျိုး ထည့်သိုထားရာ အဆင့်နှင့်အပိတ် တန်းခါး ပါဟိသော မတ်ရပ် ထောင်ထားရရေ ပရိဘောဂတမျိုး။ (လိပ်)
    အဝတ်အထည်၊ စာအုပ်စာတမ်း၊ ပန်းကန် စသည့် ပစ္စည်း အမျိုးမျိုး ထည့်သိုထားရာ အဆင့်နှင့်အပိတ် တံခါး ပါယှိသော မတ်ရပ် ထောင်ထားရသည့် ပရိဘောဂတစ်မျိုး။ (လိပ်)
    cabinet
    နာမ်

    ဘီးဘီ

    [bʱïbʱí]
    မမာ့ရို့၏ ကိုယ့်ကျင့် သိက္ခာ လျော့ပါးသူ
    မိန်းမတို့၏ ကိုယ့်ကျင့် သိက္ခာ လျော့ပါးသူ
    prostitute
    နာမ်

    ဘီးဘီလောင်း

    [bʱïbʱíláʊɴ]
    ပြည်တန်ဆာမ ပိုင် ဖြစ်လီဖို့့သူ
    ပြည်တန်ဆာမ ကဲ့သို့ ဖြစ်မည့်သူ
    prostitute
    နာမ်

    ဘီးဘီသ

    [bʱïbʱíθ]
    ဖောက်ပြန် ခရာဝသည်သော မမာ့၏သား။ (အရိုင်း)
    ဖောက်ပြန် လော်သည်သော မိန်းမ၏သား။ (အရိုင်း)
    prostitute
    နာမ်

    ဘီရာ

    [bʱíɹà]
    ကွမ်းရွက် သျှစ်ဆယ်ကို သင်္ချာ ၁၊၂၊ အစဟိစွာနှင့် တွဲပြီးကေ သုံးသော စကား။ (တဘရာ၊ နှစ်ဘီရာ အစဟိစွာ)
    ကွမ်းရွက် ရှစ်ဆယ်ကို သင်္ချာ ၁၊၂၊ စသည်နှင့် တွဲ၍ သုံးသော စကား။ (တစ်ဘရာ၊ နှစ်ဘီရာ စသည်)
    counting number
    နာမ်

    ဘီလက်တီ

    [bʱílɛʔtí]
    အကောင်းစား ဝန်မျိုး၊ ပထမတန်းစား ဝန်မျိုး။ ဝတ်ဆင်အင်္ကျီ၊ သက္ကလပ်ကေ၊ ဘီလတ္တီက၊ နာရီလက်ပတ် (ပဋာ)။ ဘီလတ္တီကေ၊ ဘိန်းပါးကောင်းကို၊ ပြောင်းနန့်တိုက်က၊ ယစ်မူးမေ့လျော်၊ အိပ်ကာပျော်ကေ (ဘိန်း)
    အကောင်းစား ပစ္စည်းမျိုး၊ ပထမတန်းစား ပစ္စည်းမျိုး။ ဝတ်ဆင်အင်္ကျီ၊ သက္ကလပ်ကေ၊ ဘီလတ္တီက၊ နာရီလက်ပတ် (ပဋာ)။ ဘီလတ္တီကေ၊ ဘိန်းဆီကောင်းကို၊ ပြောင်းနှင့်တိုက်က၊ မူးယစ်မေ့လျော်၊ အိပ်ကာပျော်ကေ (ဘိန်း)
    best
    နာမ်

    ဘီလတ်နံနံ

    [bʱílaʔnံnံ]
    ပြားပြန့်၍ အနားတဖက်စီမာ စူးဟိ၍ အနံ့ပြင်းသော ဟင်းခတ်အပင် တမျိုး
    ပြားပြန့်၍ အနားတစ်ဘက်စီတွင် ဆူးယှိ၍ အနံ့ပြင်းသော ဟင်းခတ်အပင် တစ်မျိုး
    vegetable
    နာမ်

    ဘီလူး

    [bʱílùး]
    (ဥပစာ) မစာမနာသော သဘောဟိသော။ သနား ကြင်နာမဟိရေ
    (ဥပစာ) မညှာမတာသော သဘောယှိသော။ သနား ကြင်နာကင်းမဲ့သော
    giant
    နာမဝိသေသန

    ဘီလူးပန်းဆွဲ

    [bʱílùးpáɴsʰwɛ]
    စာတီ အထက်ပိုင်း ခေါင်းလောင်းပုံမာယင်း၊ တနည်း ဘုရားဂူနံရံ အစဟိစွာရို့မာ မွမ်းမံ ထုလုပ်ထားရေ လက်နှစ်ဘက်ဖြင့် ချိတ်၍ ပန်းကို ဆွဲကိုင်ပုံဟန် ခြူးပန်း ခြယ်ပန်းသော ဘီလူးခေါင်း အမွမ်းတန်ဆာ တမျိုး
    စေတီ အထက်ပိုင်း ခေါင်းလောင်းပုံတွင်၎င်း၊ သို့မဟုတ် ဘုရားဂူနံရံ စသည်တို့၌ မွမ်းမံ ထုလုပ်ထားသော လက်နှစ်ဘက်ဖြင့် ချိတ်၍ ပန်းကို ဆွဲကိုင်ပုံဟန် ခြူးပန်း ခြယ်ပန်းသော ဘီလူးခေါင်း အမွမ်းတန်ဆာ တစ်မျိုး
    ornament
    နာမ်

    ဘီလူးပန်းတိုက်

    [bʱílùးpáɴtaɪʔ]
    စာတီ အထက်ပိုင်း ခေါင်းလောင်းပုံမာယင်း၊ တနည်း ဘုရားဂူနံရံ အစဟိစွာရို့မာ မွမ်းမံထားရေ ပန်းနွယ်ကို ကိုက်မုံထားရေ့ ပုံဟန် ဘီလူးခေါင်းနှင့် အမွမ်းတန်ဆာ တမျိုး
    စေတီ အထက်ပိုင်း ခေါင်းလောင်းပုံတွင်၎င်း၊ သို့မဟုတ် ဘုရားဂူနံရံ စသည်တို့၌ မွမ်းမံထားသော ပန်းနွယ်ကို ကိုက်ငုံထားသည့် ပုံဟန် ဘီလူးခေါင်းနှင့် အမွမ်းတန်ဆာ တစ်မျိုး
    ornament
    နာမ်

    ဘီလူးပေါင်း

    [bʱílùးpèàɪ́ɴ]
    အဆိပ်ပြင်းသော ပျားကြီး တမျိုး
    အဆိပ်ပြင်းသော ပျားကြီး တစ်မျိုး
    bee
    နာမ်

    ဘီလူးလက်ဝါး

    [bʱílùးlɛʔwàး]
    အပင် တွယ်ကပ်၍ ဥသော အဥမှ ထွက်သော (လူလက်ဝါး ပိုင်ယှောင်) အရွက်ဟိသော ဥကပ်ပင် တမျိုး။ (မြေ၌ကပ်၍ ပေါက်တတ်ရေ အပင်ငယ်လည်း တမျိုးဟိရေ။) ၂၊ ယှားစောင်း ပြာသာဒ်ပိုင် ရွက်လက်များမာ လက်ဝါးနှင့် တူသော အရွက်မာ စူးပေါက်သော ယှားစောင်းတမျိုး
    သစ်ပင် တွယ်ကပ်၍ ဥသော အဥမှ ထွက်သော (လူလက်ဝါး ကဲ့သို့သော) အရွက်ယှိသော ဥကပ်ပင် တစ်မျိုး။ (မြေ၌ကပ်၍ ပေါက်တတ်သော အပင်ငယ်လည်း တစ်မျိုးယှိသည်။) ၂၊ ရှားစောင်း ပြာသာဒ်ကဲ့သို့ ရွက်လက်များတွင် လက်ဝါးနှင့် တူသော အရွက်တွင် ဆူးပေါက်သော ရှားစောင်းတစ်မျိုး
    aloe
    နာမ်