Dictionary Entries
Showing 321–340 of 494 words
ဘ
ဘုရားတင်
[bʱoʊɹátɪ̀ɴ]
Arakanese:
ဘုရား မြတ်စွာကို ရည်မှန်း၍ ဆွမ်း၊ ပန်း၊ ယာဂု အစဟိစွာ့ ပူဇော်ဖွယ် ဝတ္တုရို့ကို လှူဒါန်းသည်
Burmese:
ဘုရား မြတ်စွာကို ရည်မှန်း၍ ဆွမ်း၊ ပန်း၊ ယာဂု စသည့် ပူဇော်ဖွယ် ဝတ္တုတို့ကို လှူဒါန်းသည်
English:
make offerings to the Buddha
Grammar Note:
ကြိယာ
ဘုရားတစ်ဆူဂူတစ်လုံး
[bʱoʊɹátɪʔsʰùɡùtɪʔlóʊɴ]
Arakanese:
ရခိုင်ပြည်ဟိ ဘုရားတိမာ ဂူတလုံးမာ ဘုရားတဆူအဖြစ် ပြုလုပ်ဗျာယ်။ ဂူတလုံးမာ ခြင်္သေ့တကောင် နီဗျာယ်
Burmese:
ရခိုင်ပြည်ရှိ ဘုရားများမှာ ဂူတစ်လုံးတွင် ဘုရားတစ်ဆူအဖြစ် ပြုလုပ်လျက်။ ဂူတစ်လုံးတွင် ခြင်္သေ့တစ်ကောင် နေလျက်
English:
only
Grammar Note:
ကြိယာဝိသေသန
ဘုရားထူး
[bʱoʊɹátʰùး]
Arakanese:
ဘုရားထူး ကြိုးစားပန်းစားရိုသေ လေးစားသောအနိန်နန့် ခေါ်သံကို (ရခိုင်ယောက်ျား၊ မမာ့ရို့) ယိုင်ကျေးပနာ နှုတ်တုံ့ပြန်ရေ။ (ကောင်းမြတ်သူဟု ခေါ်ကေ) ဘုရားထူးသည်
Burmese:
ဘုရားထူး အထူးတလည် ရိုသေ လေးစားသော အားဖြင့် ခေါ်သံကို (ရခိုင်ယောက်ျား၊ မိန်းမတို့) ယဉ်ကျေးစွာ နှုတ်တုံ့ပြန်သည်။ (ကောင်းမြတ်သူဟု ခေါ်လျှင်) ဘုရားထူးသည်
English:
reply to a call
Grammar Note:
ကြိယာ
ဘုရားပွင့်
[bʱoʊɹápwɪ̀ɴ့]
Arakanese:
မြတ်စွာ ဘုရားတဆူ ပေါ်ပေါက် ဖြစ်ထွန်း လာရေ
Burmese:
မြတ်စွာ ဘုရားတစ်ဆူ ပေါ်ပေါက် ဖြစ်ထွန်း လာသည်
English:
the Buddha
Grammar Note:
ကြိယာ
ဘုရားဖူး
[bʱoʊɹápʰùး]
Arakanese:
ဘုရားမြတ်စွာ တနည်း စာတီ၊ ပုထိုး၊ ရုပ်ပွားတော် စစွာကို သက်တော်ထင်ရှား မြတ်ဘုရား၏ ဂုဏ်ကို အာရုံပြုပနာ ကန်လီရေ
Burmese:
ဘုရားမြတ်စွာ သို့မဟုတ် စေတီ၊ ပုထိုး၊ ရုပ်ပွားတော် စသည်ကို သက်တော်ထင်ရှား မြတ်ဘုရား၏ ဂုဏ်ကို အာရုံပြု၍ ကန်တော့သည်
English:
pilgrim
Grammar Note:
ကြိယာ
ဘုရားဖူးဖက်ကျောင်းတက်ဖက်
[bʱoʊɹápʰùးpʰɛʔt͡ɕáʊɴtɛʔpʰɛʔ]
Arakanese:
ကျောင်းတက်ဖက် သူငယ်ချင်းနန့် ဘာသာရီးဆိုင်ရာ လုပ်ငန်း အဝဝကို တတူတကွ ရွက်ဆောင်ရေ
Burmese:
ကျောင်းတက်ဖက် သူငယ်ချင်းနှင့် ဘာသာရေးဆိုင်ရာ လုပ်ငန်း အဝဝကို အတူတကွ ရွက်ဆောင်သည်
English:
carry out
Grammar Note:
ကြိယာ
ဘုရားမ
[bʱoʊɹám]
Arakanese:
ကောင်းရေ့ အကြောင်း အနိန်နန့် ကောင်းရေ အကျိုး ထင်ရှား ဖြစ်ထွန်းရေ။ ကူညီ ချီးမြှောက်ရေ။ ကူပံ့သည်
Burmese:
ကောင်းသည့် အကြောင်း အားလျော်စွာ ကောင်းသော အကျိုး ထင်ရှား ဖြစ်ထွန်းသည်။ ကူညီ ချီးမြှောက်သည်။ ကူပံ့သည်
English:
support
Grammar Note:
ကြိယာ
ဘုရားမြင်
[bʱoʊɹámɹɪ̀ɴ]
Arakanese:
မကောင်းရေ အကြောင်း အနိန်နန့် မကောင်းရေ အကျိုး ထင်ရှား ဖြစ်ထွန်းသည်
Burmese:
မကောင်းသော အကြောင်း အားလျော်စွာ မကောင်းသော အကျိုး ထင်ရှား ဖြစ်ထွန်းသည်
English:
none
Grammar Note:
ကြိယာ
ဘုရားရှိခိုး
[bʱoʊɹáʃḭkʰó]
Arakanese:
ရတနာ သုံးပါး မြတ်ဘုရားကို ပူဇော် ကန်လီရေ
Burmese:
ရတနာ သုံးပါး မြတ်ဘုရားကို ပူဇော် ကန်တော့သည်
English:
pray homage
Grammar Note:
ကြိယာ
ဘုရားလောင်း
[bʱoʊɹáláʊɴ]
Arakanese:
ဗျာဒိတ် ပန်ဆင်ပြီးကေ ဘုရားဖြစ်ဖို့အတွက် ပါရမီ အမျိုးမျိုးကို ဖြည့်ဆည်းနိန်ရေ ပုဂ္ဂိုလ်။ သတ္တဝါ
Burmese:
ဗျာဒိတ် ပန်ဆင်ပြီးနောက် ဘုရားဖြစ်ဖို့ရန် ပါရမီ အမျိုးမျိုးကို ဖြည့်ဆည်းနေသော ပုဂ္ဂိုလ်။ သတ္တဝါ
English:
Bodhisattva - on striving to attain Buddhahood
Grammar Note:
နာမ်
ဘုရားသတ်
[bʱoʊɹáθaʔ]
Arakanese:
ဘုရားကို တိုင်တည်ပြီးကေ ကျိန်ဆိုရာမာ ကျိန်စာ ထိသည်
Burmese:
ဘုရားကို တိုင်တည်၍ ကျိန်ဆိုရာ၌ ကျိန်စာ ထိသည်
English:
fall under curse
Grammar Note:
ကြိယာ
ဘုရားသျှင်ပင်
[bʱoʊɹáʃɪ̀ɴpɪ̀ɴ]
Arakanese:
ထိုင်ရေအခါ ဖြစ်စီ၊ ထရေအခါ ဖြစ်စီ၊ အိပ်ရေအခါ ဖြစ်စီ၊ အိပ်ရာမှ ထရေအခါ ဖြစ်စီ၊ အောက်မိ အောက်မိရေ အနိန်နန့် နှုတ်က ထွက်သော စကား။ ၂၊ ဘုရားမြတ်စွာ စိန္ဒေယျာအား ကြိုးစားပန်းစားဗွေယူပနာ ဝိသေသနပြုကာ နှုတ်က ပြောဆိုရေ စကား
Burmese:
ထိုင်သည့်အခါ ဖြစ်စေ၊ ထသည့်အခါ ဖြစ်စေ၊ အိပ်သည့်အခါ ဖြစ်စေ၊ အိပ်ရာမှ ထသည့်အခါ ဖြစ်စေ၊ သတိရ အောက်မေ့သော အားဖြင့် နှုတ်မှ ထွက်သော စကား။ ၂၊ ဘုရားမြတ်စွာ စိန္ဒေယျာအား အထူးတလည် အလေးထား၍ ဝိသေသနပြုကာ နှုတ်မှ ပြောဆိုသော စကား
English:
ohh my god
Grammar Note:
နာမ်
ဘုရားသျှင်ပင်၂
[bʱoʊɹáʃɪ̀ɴpɪ̀ɴ၂]
Arakanese:
ဘုရားမြတ်စွာ စိန္ဒေယျာအား ကြိုးစားပန်းစားဗွေယူပနာ ဝိသေသနပြုကာ နှုတ်က ရည်ရွယ်သည်
Burmese:
ဘုရားမြတ်စွာ စိန္ဒေယျာအား အထူးတလည် အလေးထား၍ ဝိသေသနပြုကာ နှုတ်မှ ရည်ရွယ်သည်
English:
ohh my god
Grammar Note:
ကြိယာ
ဘုလုံး
[bʱoʊlóʊɴ]
Arakanese:
အထာနပ် တတ်ကျွမ်းစွာ လည့်ပတ်တတ်သူ။ ၂၊ နှံ့စပ် လည်ဝယ်သူ။ မောင်သာဖြူ လည်ရာမာ ဘုလုံး (အရပ်)
Burmese:
ပါးနပ် ကျွမ်းကျင်စွာ လည့်ပတ်တတ်သူ။ ၂၊ နှံ့စပ် လည်ဝယ်သူ။ မောင်သာဖြူ လည်ရာမှာ ဘုလုံး (အရပ်)
English:
be shrewd
Grammar Note:
နာမ်
ဘုံလောက
[bʱòʊɴlɔ́k]
Arakanese:
လူလောက၏ ဖြစ်ပျက်လေ့ ဟိသော သဘာဝ ဖြစ်ရိုးဖြစ်စိုင် သဘောတရား
Burmese:
လူလောက၏ ဖြစ်ပျက်လေ့ ယှိသော သဘာဝ ဖြစ်ရိုးဖြစ်စဉ် သဘောတရား
English:
happen
Grammar Note:
နာမ်
ဘူ
[bʱù]
Arakanese:
အသံ ပေါ်ထွက်ရေ။ ၂၊ အသံ ပေါ်ထွက်အောင် ပြုလုပ်ရေ
Burmese:
အသံ ပေါ်ထွက်သည်။ ၂၊ အသံ ပေါ်ထွက်အောင် ပြုလုပ်သည်
English:
voice
Grammar Note:
နာမ်
ဘူး
[bʱùး]
Arakanese:
တဆယ်ကို ခေါ်သော စကား။ (ဖဲကစပ်ရာမာသာ သုံးရေ။) ၂၊ တဆယ် အရွီအတွက်
Burmese:
တစ်ဆယ်ကို ခေါ်သော စကား။ (ဖဲကစားရာတွင်သာ သုံးသည်။) ၂၊ တစ်ဆယ် အရေအတွက်
English:
ten
Grammar Note:
နာမ်
ဘူးကျ
[bʱùးt͡ɕ]
Arakanese:
မခြီမငံ ဆန့်ကျင်စွာ ပြောဆိုလေ့ ဟိသည်
Burmese:
မခြေမငံ ဆန့်ကျင်စွာ ပြောဆိုလေ့ ယှိသည်
English:
be brusque
Grammar Note:
ကြိယာ
ဘူးကျ၂
[bʱùးt͡ɕ၂]
Arakanese:
(ဖဲကစပ်ရာမာ) အစွန်းမဟိပဲ တဆယ်ကျရေ
Burmese:
(ဖဲကစားရာတွင်) အစွန်းမယှိပဲ တစ်ဆယ်ကျသည်
English:
none
Grammar Note:
ကြိယာ
ဘူကျစ်
[bʱùt͡ɕɪʔ]
Arakanese:
အရင်းအဖျား ပပိန်ချေ၍ အလယ်ကြီးရေ အရာ
Burmese:
အရင်းအဖျား သေးသွယ်၍ အလယ်ကြီးသော အရာ
English:
emaciated
Grammar Note:
နာမဝိသေသန