Dictionary Entries
Showing 21–40 of 494 words
ဘ
ဘက်စုံ၂
[bʱɛʔsòʊɴ၂]
Arakanese:
အဘက်ဘက်သီာ ပညာရပ်မာ တတ်ကျွမ်း နှံ့စပ်ရေ
Burmese:
အဘက်ဘက်သော ပညာရပ်တွင် ကျွမ်းကျင် နှံ့စပ်သည်
English:
all round
Grammar Note:
ကြိယာ
ဘက်တော်သား
[bʱɛʔtɔ̀θá]
Arakanese:
တဖက်ဘက်ကို လက်ခံ ယုံကြည်မှု သဘောနန့် တိမ်းညွတ် လိုက်ပါလာသူ
Burmese:
တစ်ဘက်ဘက်သို့ လက်ခံ ယုံကြည်မှု သဘောဖြင့် တိမ်းညွတ် လိုက်ပါလာသူ
English:
supporter
Grammar Note:
နာမ်
ဘက်မစုံ
[bʱɛʔmsòʊɴ]
Arakanese:
အဖေါ်အဖက်မှ တစိတ်တပိုင်း တနည်း တယောက်တလီ လစ်လပ် ကင်းမဲ့ရေ။ မပြည့်မစုံ ဖြစ်တေ
Burmese:
အဖေါ်အဖက်မှ တစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်စုံတစ်ယောက် လစ်လပ် ကင်းမဲ့သည်။ မပြည့်မစုံ ဖြစ်သည်
English:
incomplete
Grammar Note:
ကြိယာ
ဘက်လိုက်
[bʱɛʔlaɪʔ]
Arakanese:
တဖက်ဘက်ကို အလီးပီး လိုက်လားသည်
Burmese:
တစ်ဘက်ဘက်သို့ အလေးပေး လိုက်သွားသည်
English:
be partial
Grammar Note:
ကြိယာ
ဘက်သကတ်ဘက်သင်ချာ
[bʱɛʔθkaʔbʱɛʔθɪ̀ɴɕà]
Arakanese:
ကုသ ပီးနှိုင်ခသော ရောဂါတမျိုး
Burmese:
ကုသ ပေးနိုင်ခဲ့သော ရောဂါတစ်မျိုး
English:
disease
Grammar Note:
နာမ်
ဘကြီး
[bʱt͡ɕï]
Arakanese:
ဖခင်၏ အစ်ကို။ မိခင်၏ အစ်မကြီး လင်ကို ခေါ်သော အာလုပ် စကားလုံး
Burmese:
ဖခင်၏ အစ်ကို။ မိခင်၏ အစ်မကြီး လင်ကို ခေါ်သော အာလုပ် စကားလုံး
English:
uncle
Grammar Note:
နာမ်
ဘကြီးတော်
[bʱt͡ɕïtɔ̀]
Arakanese:
ဘကြီးကို ခေါ်သော အမည်။ မင်း၏ အမည် နာမတခု
Burmese:
ဘကြီးကို ခေါ်သော အမည်။ မင်း၏ အမည် နာမတစ်ခု
English:
uncle
Grammar Note:
နာမ်
ဘချင့်
[bʱɕɪ̀ɴ့]
Arakanese:
ဇာ နည်းအားဖြင့် စစွာကို မီးမြန်းရာမာ သုံးသော အမီးစကား။ ‘သားဖြူပုလွဲ၊ မိလိုင်ရွဲ၊ သားလှမပြောင်၊ မိကေခွင်မာ၊ ဘချင်ရောက်လှာရောင်’ (ဓမ္မက)
Burmese:
မည်သို့သော နည်းအားဖြင့် စသည်ကို မေးမြန်းရာ၌ သုံးသော အမေးစကား။ ‘သားဖြူပုလွဲ၊ မိလိုင်ရွဲ၊ သားလှမပြောင်၊ မိရင်ခွင်မှာ၊ ဘချင်ရောက်လာရောင်’ (ဓမ္မက)
English:
how
Grammar Note:
ပစ္စည်း
ဘချဲ့ဘနဲ့
[bʱɕébʱné]
Arakanese:
အရိပ်ကျလောင်းာက်ရေစကားဖြင့် ထိခိုက် ပုတ်ခတ်ရေ။ ရိပ်ဝှဲသည်
Burmese:
သွယ်ဝိုက်သော စကားဖြင့် ထိခိုက် ပုတ်ခတ်သည်။ ရိပ်ဝှဲသည်
English:
slander
Grammar Note:
ကြိယာ
ဘခွာ
[bʱkʰwà]
Arakanese:
လျှာ၊ နှုတ်ခမ်း အထဲဘက် အစဟိစွာရို့မာ အဖြူ အစက် အပြောက်ငယ်များ ဖြစ်ပေါ်၍ နို့စို့အချေများမာ ဖြစ်တတ်ရေ နာကြင်စီရေ သူငယ်နာတမျိုး
Burmese:
လျှာ၊ နှုတ်ခမ်း အတွင်းဘက် စသည်တို့တွင် အဖြူ အစက် အပြောက်ငယ်များ ဖြစ်ပေါ်၍ နို့စို့ကလေးများတွင် ဖြစ်တတ်သော နာကျင်စေသော သူငယ်နာတစ်မျိုး
English:
infantile ailments resulting in nervous disorders and muscular dysfunction
Grammar Note:
နာမ်
ဘင်
[bʱɪ̀ɴ]
Arakanese:
ပျက်စီးနီတုန်း အခိုက်အတန့် ကာလ
Burmese:
ပျက်စီးနေဆဲ အခိုက်အတန့် ကာလ
English:
bad time
Grammar Note:
နာမ်
ဘင်၂
[bʱɪ̀ɴ၂]
Arakanese:
သလွဲဖြူ
Burmese:
သလွဲဖြူ
English:
lead
Grammar Note:
နာမ်
ဘင်၃
[bʱɪ̀ɴ၃]
Arakanese:
ကိုယ်မားမှ စွန့်ထုတ်သော အစားဟောင်း။ ချီး။ ချီး။ အသရေ ယုတ်နွမ်းသော သူရို့စွာ သူတထူး၏ အသုစိဝစ္စ ချီးရို့ကို ကျုံး၍ စွန့်တတ်ရေ သူဖြစ်တေအတွက် ဘင်ကျုံးဟုခေါ်၏ (ဒိဌါ)
Burmese:
ကိုယ်တွင်းမှ စွန့်ထုတ်သော အစားဟောင်း။ မစင်။ ချေး။ အသရေ ယုတ်နွမ်းသော သူတို့သည် သူတထူး၏ အသုစိဝစ္စ မစင်တို့ကို ကျုံး၍ စွန့်တတ်သော သူဖြစ်သောကြောင့် ဘင်ကျုံးဟုခေါ်၏ (ဒိဌါ)
English:
faeces
Grammar Note:
နာမ်
ဘင်းကျီ
[bʱɪ́ɴt͡ɕí]
Arakanese:
ဆုံးယှုံးမှုအတွက် အစာပီးရရေ ငွီ တနည်း ဝန်
Burmese:
ဆုံးရှုံးမှုအတွက် အစာပေးရသော ငွေ သို့မဟုတ် ပစ္စည်း
English:
compensation
Grammar Note:
နာမ်
ဘင်းကျီကျ
[bʱɪ́ɴt͡ɕít͡ɕ]
Arakanese:
ဆုံးယှုံးမှုအတွက် အစာပီးရရေ ငွီ တနည်း ဝန်
Burmese:
ဆုံးရှုံးမှုအတွက် အစာပေးရသော ငွေ သို့မဟုတ် ပစ္စည်း
English:
compensation
Grammar Note:
ကြိယာ
ဘင်ကျုံး
[bʱɪ̀ɴt͡ɕóʊɴ]
Arakanese:
ကိုယ်မားမှ စွန့်ထုတ်သော အစားဟောင်း။ ချီး။ ချီး။ အသရေ ယုတ်နွမ်းသော သူရို့စွာ သူတထူး၏ အသုစိဝစ္စ ချီးရို့ကို ကျုံး၍ စွန့်တတ်ရေ သူဖြစ်တေအတွက် ဘင်ကျုံးဟုခေါ်၏ (ဒိဌါ)။ သူတတထူး၏ ချီးရို့ကို ကျုံး၍ စွန့်တတ်ရေ သူဖြစ်တေအတွက် ဘင်ကျုံးဟု ခေါ်ဆို၏ (ဒိဌါ)
Burmese:
ကိုယ်တွင်းမှ စွန့်ထုတ်သော အစားဟောင်း။ မစင်။ ချေး။ အသရေ ယုတ်နွမ်းသော သူတို့သည် သူတထူး၏ အသုစိဝစ္စ မစင်တို့ကို ကျုံး၍ စွန့်တတ်သော သူဖြစ်သောကြောင့် ဘင်ကျုံးဟုခေါ်၏ (ဒိဌါ)။ သူတစ်တထူး၏ မစင်တို့ကို ကျုံး၍ စွန့်တတ်သော သူဖြစ်သောကြောင့် ဘင်ကျုံးဟု ခေါ်ဆို၏ (ဒိဌါ)
English:
none
Grammar Note:
နာမ်
ဘင်ကျော်
[bʱɪ̀ɴt͡ɕɔ̀]
Arakanese:
ကျိချွဲ၍ ဆားငန်ရည်မှီရာမာ ပေါက်တတ်ရေ ဟင်းစားပင် တမျိုး
Burmese:
ကျိချွဲ၍ ဆားငန်ရည်မှီရာတွင် ပေါက်တတ်သော ဟင်းစားပင် တစ်မျိုး
English:
none
Grammar Note:
နာမ်
ဘင်းဂါသီး
[bʱɪ́ɴɡàθï]
Arakanese:
မှည့်လျှင် အပိုင် ကွဲဟလာရေ သခွားသီး တမျိုး
Burmese:
မှည့်လျှင် အလိုလို ကွဲဟလာသော သခွားသီး တစ်မျိုး
English:
cucumber
Grammar Note:
နာမ်
ဘင်စင်း
[bʱɪ̀ɴsɪ́ɴ]
Arakanese:
အရပ်အမင်ာင်း ရှည်သူ
Burmese:
အရပ်အမောင်း ရှည်သူ
English:
tall
Grammar Note:
နာမ်
ဘင်စင်းရှည်
[bʱɪ̀ɴsɪ́ɴʃɛ̀]
Arakanese:
ပိန်၍ အရပ် အမင်ာင်း ရှည်သွယ်သူ
Burmese:
ပိန်၍ အရပ် အမောင်း ရှည်သွယ်သူ
English:
tall
Grammar Note:
နာမ်