Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 381–400 of 494 words

    ဘ

    ဘေးဖယ်

    [bʱépʰɛ̀]
    အရီးယူ ဆောင်ရွက်ခြင်း မပြုပဲ ချန်ထားရေ။ ၂၊ တွက်ဖော်ခြင်း၊ ပါဝင် ထည့်သွင်းခြင်း၊ တာဝန်ပီးခြင်း မပြုပဲ ပစ်ပယ်ထားရေ
    အရေးယူ ဆောင်ရွက်ခြင်း မပြုပဲ ချန်ထားသည်။ ၂၊ စဉ်းစားခြင်း၊ ပါဝင် ထည့်သွင်းခြင်း၊ တာဝန်ပေးခြင်း မပြုပဲ ပစ်ပယ်ထားသည်
    leave
    ကြိယာ

    ဘေးဖေါက်

    [bʱépʰaʊʔ]
    အကြားမှ ဝင်ဖေါက်ရေ။ ကြားဖြတ်ရေ
    အကြားမှ ဝင်ဖေါက်သည်။ ကြားဖြတ်သည်
    intercept
    ကြိယာ

    ဘေးဘယာ

    [bʱébʱjà]
    ကိုယ်ခန္ဓာ အစဟိစွာရို့၏ နံစောင်။ ၂၊ နံစေါင် တဝိုင်နီရာ။ ကြောက်မက်ဖွယ်ရာ ကောင်းရေ အရာ။ ၂၊ ကိုယ့်အား ဖြစ်စီတတ်ရေ ဥပဒ် အန္တရာယ်
    ကိုယ်ခန္ဓာ စသည်တို့၏ နံစောင်။ ၂၊ နံစေါင် တဝိုင်နေရာ။ ကြောက်မက်ဖွယ်ရာ ကောင်းသော အရာ။ ၂၊ မိမိအား ဖြစ်စေတတ်သော ဥပဒ် အန္တရာယ်
    rib
    နာမ်

    ဘေဘေ

    [bʱèbʱè]
    ဖခင်၏ ညီငယ်ကို ခေါ်သော အာလုပ် စကား
    ဖခင်၏ ညီငယ်ကို ခေါ်သော အာလုပ် စကား
    uncle
    နာမ်

    ဘေးဘေ

    [bʱébʱè]
    ဖခင်၏ ညီငယ်ကို ခေါ်သော အာလုပ် စကား
    ဖခင်၏ ညီငယ်ကို ခေါ်သော အာလုပ် စကား
    uncle
    နာမ်

    ဘေဘေကြီး

    [bʱèbʱèt͡ɕï]
    ဖခင်၏ ညီအကြီးကို ခေါ်သော အာလုပ်စကား
    ဖခင်၏ ညီအကြီးကို ခေါ်သော အာလုပ်စကား
    uncle
    နာမ်

    ဘေးဘေကြီး

    [bʱébʱèt͡ɕï]
    ဖခင်၏ ညီအကြီးကို ခေါ်သော အာလုပ်စကား
    ဖခင်၏ ညီအကြီးကို ခေါ်သော အာလုပ်စကား
    uncle
    နာမ်

    ဘေဘေလတ်

    [bʱèbʱèlaʔ]
    ဖခင်၏ ညီအလတ်ကို ခေါ်သော အာလုပ်စကား
    ဖခင်၏ ညီအလတ်ကို ခေါ်သော အာလုပ်စကား
    uncle
    နာမ်

    ဘေးဘေလတ်

    [bʱébʱèlaʔ]
    ဖခင်၏ ညီအလတ်ကို ခေါ်သော အာလုပ်စကား
    ဖခင်၏ ညီအလတ်ကို ခေါ်သော အာလုပ်စကား
    uncle
    နာမ်

    ဘေဘေသျှေ

    [bʱèbʱèʃè]
    ဖခင်၏ ညီအချေကို ခေါ်သော အာလုပ်စကား
    ဖခင်၏ ညီအငယ်ကို ခေါ်သော အာလုပ်စကား
    uncle
    နာမ်

    ဘေးဘေသျှေ

    [bʱébʱèʃè]
    ဖခင်၏ ညီအချေကို ခေါ်သော အာလုပ်စကား
    ဖခင်၏ ညီအငယ်ကို ခေါ်သော အာလုပ်စကား
    uncle
    နာမ်

    ဘေးမဲ့

    [bʱémé]
    ဖီးကင်းသည်၏ အဖြစ်
    ဘေးကင်းသည်၏ အဖြစ်
    sanctuary
    နာမ်

    ဘေးမျှောင်

    [bʱémr̯àʊɴ]
    နံချင်းပြိုင်ချင်း လက်တွဲရေ။ တတူတကွ တည်ဟိသည်
    နံဘေးချင်း ယှဉ်တွဲသည်။ အတူတကွ တည်ယှိသည်
    be together
    ကြိယာ

    ဘေးရန်

    [bʱéɹàɴ]
    ကိုယ်စိတ် ဆင်းရဲမှုရို့ကို ဖြစ်ပေါ်စီရေ အကြောင်း
    ကိုယ်စိတ် ဆင်းရဲမှုတို့ကို ဖြစ်ပေါ်စေသော အကြောင်း
    danger
    နာမ်

    ဘေးသင့်

    [bʱéθɪ̀ɴ့]
    မလိုလားဖွယ်သော ဖီးဆိုးကို ရဟိ ခံစားရရေ
    မလိုလားဖွယ်သော ဘေးဆိုးကို ရယှိ ခံစားရသည်
    be harmed
    နာမ်

    ဘေးအန္တရယ်

    [bʱéʔn̪a̰n̪t̪a̰ɹɛ̀]
    သင့်ရောက် လာတတ်ဖွယ် ဟိသည့် ဖီးရန်
    သင့်ရောက် လာတတ်ဖွယ် ယှိသည့် ဘေးရန်
    danger
    နာမ်

    ဘေးဥပဒ်

    [bʱéʔṵpd်]
    ကိုယ်မာ နှိပ်စက် တတ်ရေ မလိုလား မကြိုက်ဖွယ်သော အဖြစ်ဆိုးမျိုး
    ကိုယ်တွင် နှိပ်စက် တတ်သော မလိုလား မနှစ်သက်ဖွယ်သော အဖြစ်ဆိုးမျိုး
    misfortune
    နာမ်

    ဘော

    [bʱɔ́]
    ကျွဲ၊ နွားကို တန်ရပ်စီရေ စကား
    ကျွဲ၊ နွားကို တန်ရပ်စေသော စကား
    none
    နာမ်

    ဘောကတတ်

    [bʱɔ́ktaʔ]
    စကားပြော ဆိုမှုမာ လိမ္မာ တတ်ကျွမ်း လိမ္မာသူ
    စကားပြော ဆိုမှုတွင် လိမ္မာ ကျွမ်းကျင် လိမ္မာသူ
    be clever in conversation
    ကြိယာ

    ဘောကတတ်၂

    [bʱɔ́ktaʔ၂]
    အသီးမှည့်၍ ခုတ်ထားရေ နပျိုးပင်မကြီးကို ခေါ်သော စကား
    အသီးမှည့်၍ ခုတ်ထားသော ငှက်ပျောပင်စည်ကို ခေါ်သော စကား
    banana pitch
    နာမ်