Dictionary Entries
Showing 441–460 of 494 words
ဘ
ဘောင်ဝင်
[bʱàʊɴwɪ̀ɴ]
Arakanese:
သတ်မှတ် ပိုင်းခြာထားရေ အရာမာ အကျုံးဝင်ရေ
Burmese:
သတ်မှတ် ပိုင်းခြားထားသော အရာ၌ အကျုံးဝင်သည်
English:
be admissible
Grammar Note:
ကြိယာ
ဘောင်သျှင်
[bʱàʊɴʃɪ̀ɴ]
Arakanese:
မိခင် ဖခင်၏ အမိကို ခေါ်သော အာလုပ်စကား
Burmese:
မိခင် ဖခင်၏ အမေကို ခေါ်သော အာလုပ်စကား
English:
grandmother
Grammar Note:
အာလုပ်
ဘောင်သျှင်မ
[bʱàʊɴʃɪ̀ɴm]
Arakanese:
မိခင် ဖခင်၏ အမိကို ခေါ်သော အာလုပ်စကား
Burmese:
မိခင် ဖခင်၏ အမေကို ခေါ်သော အာလုပ်စကား
English:
grandmother
Grammar Note:
အာလုပ်
ဘောင်သွင်း
[bʱàʊɴθwɪ́ɴ]
Arakanese:
တခုတရီသော တရား ဥပဒေအထဲကို ဝင်အောင် ဆောင်ရွက်သည်
Burmese:
တစ်စုံတစ်ခုသော တရား ဥပဒေအထဲသို့ ဝင်အောင် ဆောင်ရွက်သည်
English:
regularize
Grammar Note:
ကြိယာ
ဘောဇဉ်
[bʱɔ́zɪ̀ɴ]
Arakanese:
စားဖွယ်၊ စားစရာ
Burmese:
စားဖွယ်၊ စားစရာ
English:
eatable-food
Grammar Note:
နာမ်
ဘောတပ်ဆောင်
[bʱɔ́taʔsʰàʊɴ]
Arakanese:
သုံးထပ် လီထက် ဆောက်လုပ် ထားရေ အဆောင်။ အထက်မာရာ ဘောထပ်၊ အောက်မာရာ ပျိုင်ထောင်၊ ဇေတဝန်မာ မှန်ပြာသာဒ်ကို၊ သုံးထပ်ကျောင်းမာ (ဇမ်း)။ (ကျောင်း၊ အိမ်၊ သာလယံ အစဟိစွာ၌ ဆောက်လုပ်ဗလင့် ဟိရေ။
Burmese:
သုံးထပ် လေပေါ် ဆောက်လုပ် ထားသော အဆောင်။ အထက်မှာရာ ဘောထပ်၊ အောက်မှာရာ ပျဉ်ထောင်၊ ဇေတဝန်မှာ မှန်ပြာသာဒ်ကို၊ သုံးထပ်ကျောင်းမှာ (ဇမ်း)။ (ကျောင်း၊ အိမ်၊ ဇရပ် စသည်၌ ဆောက်လုပ်လေ့ ရှိသည်။
English:
none
Grammar Note:
နာမ်
ဘောတာ
[bʱɔ́tà]
Arakanese:
သဘာဝ အရွယ်ထက် ပိုပြီးကေကြီးထွားသော ဝှေးကျိတ် ဟိသော သူကို ခေါ်သော စကား။၂၊ ယင်းပိုင် ပိုပြီးကေကြီးထွားသော ဝှေးကျိတ်
Burmese:
သဘာဝ အရွယ်ထက် ပိုမိုကြီးထွားသော ဝှေးကျိတ် ယှိသော သူကို ခေါ်သော စကား။၂၊ ယင်းသို့ ပိုမိုကြီးထွားသော ဝှေးကျိတ်
English:
none
Grammar Note:
နာမ်
ဘောတူ
[bʱɔ́tù]
Arakanese:
ခတ် ရိုက်ပုတ်ရန် လက်ကိုင်ရိုး အဖျားအဖုကြီးရေ လက်ရိုက်တမျိုး
Burmese:
ထုနှက် ရိုက်ပုတ်ရန် လက်ကိုင်ရိုး အဖျားအဖုကြီးသော လက်ရိုက်တစ်မျိုး
English:
mallet
Grammar Note:
နာမ်
ဘောနှမ်း
[bʱɔ́n̥áɴ]
Arakanese:
စိတ်ဖောက်ပြန်ကာ ပေါ်ချီပေါ်ချာ ဖြစ်ရေ
Burmese:
စိတ်ဖောက်ပြန်ကာ ရူးပေါပေါ ဖြစ်သော
English:
crazy
Grammar Note:
နာမဝိသေသန
ဘောဘော
[bʱɔ́bʱɔ́]
Arakanese:
ထွန်ချရာမာ ညာဘက်က နွားကို ဗယ်ဘက်ကို လှည့်ရန် အချက်ပီးသော စကား
Burmese:
လယ်ထွန်ရာတွင် လက်ယာဘက်က နွားကို လက်ဝဲဘက်သို့ လှည့်ရန် အချက်ပေးသော စကား
English:
the sound of trun to plounghing in a field
Grammar Note:
နာမ်
ဘောယှာ
[bʱɔ́ʃà]
Arakanese:
အသိအလိမ္မာ မဟိရေ။ ဉာဏ်ပညာ နည်းသော
Burmese:
အသိအလိမ္မာ ကင်းမဲ့သော။ ဉာဏ်ပညာ နည်းသော
English:
ignoramus
Grammar Note:
နာမဝိသေသန
ဘောရိ
[bʱɔ́ɹì]
Arakanese:
ဝင့်ကြွားပလွှားမှု။ ကိုယ့်ဂုဏ်ကို ပိုပြီးကေကဲမြင့်၍ အယောင်ဆောင်မှု
Burmese:
ဝင့်ကြွားပလွှားမှု။ မိမိဂုဏ်ကို ပိုမိုကဲမြင့်၍ ဟန်ဆောင်မှု
English:
pretend
Grammar Note:
နာမ်
ဘောရိပစ်
[bʱɔ́ɹìpɪʔ]
Arakanese:
ဝင့်ကြွားစွာ။ ဂုဏ်ဝင့်ဗျာယ်။ ဘောရိပစ် ပလွှား၊ ပြောဆိုရေ။ ကြွားဝင့်သည်
Burmese:
ဝင့်ကြွားစွာ။ ဂုဏ်ဝင့်လျက်။ ဘောရိပစ် ပလွှား၊ ပြောဆိုသည်။ ကြွားဝင့်သည်
English:
boast
Grammar Note:
ကြိယာဝိသေသန
ဘောရိပြ
[bʱɔ́ɹìpɹ]
Arakanese:
လူတိ၏ မြှောက်ပင့်ပြောဆိုမှုကို သာယာရေ။ လူတိက လက်ခုတ် တီးပီးကေပင် ဗေါရိပြန်ရေဗျာ (အရပ်)
Burmese:
သူတစ်ပါး၏ မြှောက်ပင့်ပြောဆိုမှုကို သာယာသည်။ လူတိက လက်ခုတ် တီးပီးကေပင် ဗေါရိပြန်ရေဗျာ (အရပ်)
English:
take pleasure
Grammar Note:
ကြိယာ
ဘောရိယာ
[bʱɔ́ɹìjà]
Arakanese:
လူတိ၏ မြှောက်ပင့်ပြောဆိုမှုကို သာယာရေ။ လူတိက လက်ခုတ် တီးပီးကေပင် ဗေါရိပြန်ရေဗျာ (အရပ်)။ လူတိက ပြောတိုင်းကိုပင် လိုက်လို့ လုပ်နီရေ ဗျာယ်လား၊ လူပင်က ဗေါရိယာကာ (အရပ်)
Burmese:
သူတစ်ပါး၏ မြှောက်ပင့်ပြောဆိုမှုကို သာယာသည်။ လူတိက လက်ခုတ် တီးပီးကေပင် ဗေါရိပြန်ရေဗျာ (အရပ်)။ လူတိက ပြောတိုင်းကိုပင် လိုက်လို့ လုပ်နီရေ ဗျာယ်လား၊ လူပင်က ဗေါရိယာကာ (အရပ်)
English:
take pleasure
Grammar Note:
ကြိယာ
ဘောလကိုင်း
[bʱɔ́lkáɪɴ]
Arakanese:
အသိဉာဏ် မဟိရေ။ အသိအလိမ္မာ နည်းပါးသော
Burmese:
အသိဉာဏ် ကင်းမဲ့သော။ အသိအလိမ္မာ နည်းပါးသော
English:
ignoramus
Grammar Note:
နာမ်
ဘောလုံးကျောက်
[bʱɔ́lóʊɴt͡ɕɔ́ɛʔ]
Arakanese:
တဖက်နှင့် တဖက် အနိုင်ယူရန် (ဘောလုံး) ကန်ကတ်တေ
Burmese:
တစ်ဘက်နှင့် တစ်ဘက် အနိုင်ယူရန် (ဘောလုံး) ကန်ကြသည်
English:
kick
Grammar Note:
ကြိယာ
ဘောလုံးခတ်
[bʱɔ́lóʊɴkʰaʔ]
Arakanese:
တဖက်နှင့် တဖက် အနိုင်ယူရန် (ဘောလုံး) ကန်ကတ်တေ
Burmese:
တစ်ဘက်နှင့် တစ်ဘက် အနိုင်ယူရန် (ဘောလုံး) ကန်ကြသည်
English:
kick
Grammar Note:
ကြိယာ
ဘောလုံးဆင်
[bʱɔ́lóʊɴsʰɪ̀ɴ]
Arakanese:
ရခိုင်လုံချီ တမျိုး၏ အမည်
Burmese:
ရခိုင်လုံချီ တစ်မျိုး၏ အမည်
English:
rakhine longyi
Grammar Note:
နာမ်
ဘောသော
[bʱɔ́θɔ́]
Arakanese:
အကျင့်၊ သိက္ခာ အစဟိစွာ့ ချိုရေသော သူ
Burmese:
အကျင့်၊ သိက္ခာ စသည့် ချိုတဲ့သော သူ
English:
lack propriety
Grammar Note:
နာမ်