Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 461–480 of 494 words

    ဘ

    ဘော်

    [bʱɔ̀]
    ရောနှောခြင်း မဟိပဲ သန့်စင်သော ငွီ သတ္တု အစစ်
    ရောနှောခြင်း မယှိပဲ သန့်စင်သော ငွေ သတ္တု အစစ်
    silver of the finest quality
    နာမ်

    ဘော်ခြည်ထိုး

    [bʱɔ̀kʰɹɛtʰó]
    ငွီနန်းကြိုး၊ သတ္တုနန်းကြိုး၊ အစဟိစွာနှင့် အဝတ်အထည် ထက်မာ ပုံစံ အတဖဲ့ချေ ခြယ်လှယ် ထိုးချုပ်ထားရေ
    ငွေနန်းကြိုး၊ သတ္တုနန်းကြိုး၊ စသည်နှင့် အဝတ်အထည် ပေါ်တွင် ပုံစံ အနည်းနည်း ခြယ်လှယ် ထိုးချုပ်ထားသည်
    sew
    ကြိယာ

    ဘော်ငွီ

    [bʱɔ̀ŋwí]
    မရောမနှော သန့်စင်သော ငွီသား အစစ်
    မရောမနှော သန့်စင်သော ငွေသား အစစ်
    silver of the finest quality
    နာမ်

    ဘော်ဒလီ

    [bʱɔ̀dlí]
    အမျိုးသမီးဝတ် အထဲခံ အင်္ကျီ။ ချွေးခံအင်္ကျီ
    အမျိုးသမီးဝတ် အတွင်းခံ အင်္ကျီ။ ချွေးခံအင်္ကျီ
    bodie
    နာမ်

    ဘော်ပေါက်

    [bʱɔ̀paʊʔ]
    ပြောင်းလက်သည့် ငွီရောင် သတ္တုပြားဖြင့် အဝတ်အထည် များမာ အလှအပ မွမ်းမံစီခြယ် ချုပ်ထားရေ
    ပြောင်းလက်သည့် ငွေရောင် သတ္တုပြားဖြင့် အဝတ်အထည် များတွင် အလှအပ မွမ်းမံစီခြယ် ချုပ်ထားသည်
    sew
    ကြိယာ

    ဘော်ပြား

    [bʱɔ̀pɹá]
    အဝတ်အထည် များမာ အလှအပ မွမ်းမံသည့် သဘောနန့် စီခြယ် ချုပ်တပ်ရရေ အလယ်အပေါက်ပါ ပြောင်လက်သည့် သတ္တုပြား အစဟိစွာ
    အဝတ်အထည် များတွင် အလှအပ မွမ်းမံသည့် သဘောဖြင့် စီခြယ် ချုပ်တပ်ရသော အလယ်အပေါက်ပါ ပြောင်လက်သည့် သတ္တုပြား စသည်
    silver of the finest quality
    နာမ်

    ဘော်ယောက်ကေ

    [bʱɔ̀jɔ́ɛʔkè]
    အမွီးရှည် စပါးတမျိုး
    အမွေးရှည် စပါးတစ်မျိုး
    paddy
    နာမ်

    ဘော်လန်ကျ

    [bʱɔ̀làɴt͡ɕ]
    လုပ်ဆောင်ရန် ကျရောက်သော အမှုကိစ္စ။ ၂၊ ခံယူသော ဝတ္တရား
    လုပ်ဆောင်ရန် ကျရောက်သော အမှုကိစ္စ။ ၂၊ ခံယူသော ဝတ္တရား
    duty
    ကြိယာ

    ဘော်လန်အော်လန်

    [bʱɔ̀làɴʔɔ̀làɴ]
    ဇာတခုလေ့ ဆက်စပ် အကျုံးဝင်ခြင်း မဟိပဲ။ လိုက်ဖက် ဆက်စပ် ဟပ်ခြင်း မဟိပဲ
    မည်သို့မျှ ဆက်စပ် အကျုံးဝင်ခြင်း မယှိပဲ။ လိုက်ဖက် ဆက်စပ် ဟပ်ခြင်း မယှိပဲ
    incongruously
    ကြိယာဝိသေသန

    ဘော်လာ

    [bʱɔ̀là]
    ကိုယ့်နှင့် မသက်ဆိုင်ပါရာဗျာယ်။ ၂၊ ပတ်သက်မှု မဟိသောအနိန်နန့်။ ပိုက်သည် ဗေါ်လာ၊ ဖေါက်သည်ဂေါင်းထက် (ပုံ)
    မိမိနှင့် မသက်ဆိုင်ပါပဲလျက်။ ၂၊ ပတ်သက်မှု မယှိသော အားဖြင့်။ ပိုက်သည် ဗေါ်လာ၊ ဖေါက်သည်ဂေါင်းထက် (ပုံ)
    inexpedient
    ကြိယာဝိသေသန

    ဘော်လာကျ

    [bʱɔ̀làt͡ɕ]
    လုပ်ဆောင်ရန် ကျရောက်သော အမှုကိစ္စ။ ၂၊ ခံယူသော ဝတ္တရား
    လုပ်ဆောင်ရန် ကျရောက်သော အမှုကိစ္စ။ ၂၊ ခံယူသော ဝတ္တရား
    duty
    ကြိယာ

    ဘော်လိဘော်လာ

    [bʱɔ̀lìbʱɔ̀là]
    ကိုယ့်နှင့် တခုတရီမှ ပတ်သက်မှု မဟိပါရာဗျာယ်
    မိမိနှင့် တစ်စုံတစ်ခုမှ ပတ်သက်မှု မယှိပါပဲလျက်
    inexpedient
    ကြိယာဝိသေသန

    ဘော်လီ

    [bʱɔ̀lí]
    ခွန်အား ကြီးမားရေ။ ၂၊ ခွန်အား ကြံ့ခိုင်သန်မာသော။ (ကျင်သန်း ချွေးခံ၊ ကျွဲချွေးခံ၊ နွားချွေးခံ စရေ။) (ပါ)။ (ဗလ- ခွန်အားဗလမှ ဗေါ်လီ) ဗ မှ - ဘ ပြောင်း)
    ခွန်အား ကြီးမားသော။ ၂၊ ခွန်အား ကြံ့ခိုင်သန်မာသော။ (ကျင်သန်း ဘော်လီ၊ ကျွဲဘော်လီ၊ နွားဘော်လီ စသည်။) (ပါ)။ (ဗလ- ခွန်အားဗလမှ ဗေါ်လီ) ဗ မှ - ဘ ပြောင်း)
    strong
    နာမဝိသေသန

    ဘဲ

    [bʱɛ]
    ရပူထည့်သော နှုတ်သီးနှင့် လက်ကိုင်ပါရေ အိုးတမျိုး
    ရေနွေးထည့်သော နှုတ်သီးနှင့် လက်ကိုင်ပါသော အိုးတစ်မျိုး
    kettle
    နာမ်

    ဘဲကရေအိုး

    [bʱɛkɹèʔó]
    ရီဂျောက်၊ လက်ဖက်ရည်ကရား အစဟိစွာရို့၏ ရေသွန်ထွက်ရာ။ ရီဂျောက် နှုတ်သီး
    ရေကရား၊ လက်ဖက်ရည်ကရား စသည်တို့၏ ရေသွန်ထွက်ရာ။ ရေကရား နှုတ်သီး
    kettle’s lip
    နာမ်

    ဘဲချပ်

    [bʱɛɕaʔ]
    ကိုယ်ထည်ကြီးပြီးကေ ခြေတိုသော ဘဲတမျိုး
    ကိုယ်ထည်ကြီး၍ ခြေတိုသော ဘဲတစ်မျိုး
    duck
    နာမ်

    ဘဲလာဝေ

    [bʱɛlàwè]
    လုံးဝန်း၍ ငယ်လားရေ အရာတိကို ခေါ်သောစကား
    လုံးဝန်း၍ ငယ်သွားသော အရာများကို ခေါ်သောစကား
    small
    နာမ်

    ဘဲလာဥ

    [bʱɛlàʔṵ]
    အကျိုးမဟိ၊ အကျိုးမဲ့ သတ်သတ်၊ အလဟဿ၊ အခြည်းအနှီး အစဟိစွာရို့မာ တင်စားပနာ သုံးသော စကား
    အကျိုးမယှိ၊ အကျိုးမဲ့ သက်သက်၊ အလဟဿ၊ အချည်းအနှီး စသည်တို့၌ တင်စား၍ သုံးသော စကား
    waste
    နာမ်

    ဘဲဥ

    [bʱɛʔṵ]
    အကျိုးမဟိ၊ အခြည်းနှီး သတ်သတ် အစဟိစွာရို့မာ တင်စားပနာ သုံးသော စကား။ နောက်ကျသော ဘဲဥ ရလိမ့်မည် လားလီ (အရပ်)
    အကျိုးမယှိ၊ အချည်းနှီး သက်သက် စသည်တို့၌ တင်စား၍ သုံးသော စကား။ နောက်ကျသော ဘဲဥ ရလိမ့်မည် လားလီ (အရပ်)
    waste
    နာမ်

    ဘွင်းဘွင်းပေါ်

    [bʱwɪ́ɴbʱwɪ́ɴpɔ̀]
    လျှို့ဝှက် မျိုသိပ်၍ မထားပဲ ဝံ့ဝံ့စားစား ပြောဆိုပြုမူလီ့ ဟိသောအနိန်နန့်။ ပွင့်လင်း ထင်ရှားစွာ
    လျှို့ဝှက် မျိုသိပ်၍ မထားပဲ ဝံ့ဝံ့စားစား ပြောဆိုပြုမူလေ့ ယှိသော အားဖြင့်။ ပွင့်လင်း ထင်ရှားစွာ
    frankly
    ကြိယာဝိသေသန