Dictionary Entries
Showing 481–494 of 494 words
ဘ
ဘွင်းဘွင်းလင်းလင်း
[bʱwɪ́ɴbʱwɪ́ɴlɪ́ɴlɪ́ɴ]
Arakanese:
မကွေ့မကောက် မကွယ် မဝှက်ပဲ ဖြောင့်မတ် ထင်လင်းစွာ
Burmese:
မကွေ့မကောက် မကွယ် မဝှက်ပဲ ဖြောင့်မတ် ထင်လင်းစွာ
English:
frankly
Grammar Note:
ကြိယာဝိသေသန
ဘွတ်သတ်
[bʱwaʔθaʔ]
Arakanese:
တခုတရီသော အရာကို မြီကြီးထက်မာ နင်လားငါလားခတ် ရိုက်ခွဲသည်
Burmese:
တစ်စုံတစ်ခုသော အရာကို မြေကြီးပေါ်တွင် တအားထုနှက် ရိုက်ခွဲသည်
English:
bash
Grammar Note:
ကြိယာ
ဘွား
[bʱWà]
Arakanese:
ရှေးက ဘုရားကိုရီးသော သင်္ကေတ။ ဘုရား
Burmese:
ရှေးက ဘုရားကိုရေးသော သင်္ကေတ။ ဘုရား
English:
pagoda
Grammar Note:
နာမ်
ဘွားခတ်
[bʱWàkʰaʔ]
Arakanese:
သားသမီးက ဖခင်အား ဘားဟု ခေါ်သော အာလုပ်စကား။ (ပြေးလွှားနိန်ရေ ကျွဲ၊ နွားကို ရပ်တန့်စီရန်) ဘားဆိုရေ
Burmese:
သားသမီးက ဖခင်အား ဘားဟု ခေါ်သော အာလုပ်စကား။ (ပြေးလွှားနေသော ကျွဲ၊ နွားကို ရပ်တန့်စေရန်) ဘားဆိုသည်
English:
none
Grammar Note:
ကြိယာ
ဘွဲ့
[bʱwé]
Arakanese:
ရဟန်း မောင်သျှင် အစဟိစွာရို့၏အမည်။ ၂၊ ပုဂ္ဂိုလ် တယောက်ယောက်အား ဂုဏ်ပြု ချီးမြှောက်သည့် အနိန်နန့် ပီးအပ်ရေ အမည်။ ၃၊ သင်ကြား တတ်မြောက်သည့် ပညာအရည်အခြင်းအလိုက် အာဏာပိုင်ရို့က အသိအမှတ် ပြုပီးအပ်ရေ့ အမှတ်အသား
Burmese:
ရဟန်း သာမဏေ စသည်တို့၏အမည်။ ၂၊ ပုဂ္ဂိုလ် တစ်စုံတစ်ဦးအား ဂုဏ်ပြု ချီးမြှောက်သည့် အနေဖြင့် ပေးအပ်သော အမည်။ ၃၊ သင်ကြား တတ်မြောက်သည့် ပညာအရည်အချင်းအလိုက် အာဏာပိုင်တို့က အသိအမှတ် ပြုပေးအပ်သည့် အမှတ်အသား
English:
degree
Grammar Note:
နာမ်
ဘွဲ့၂
[bʱwé၂]
Arakanese:
တရွီတစည်းတည်း စုပေါင်း ခြုပ်ထားရေ စက္ကူချပ်များ
Burmese:
တစ်အုပ်တစ်စည်းတည်း စုပေါင်း ချုပ်ထားသော စက္ကူချပ်များ
English:
book
Grammar Note:
နာမ်
ဘွဲ့တော်
[bʱwétɔ̀]
Arakanese:
ရဟန်း၊ မောင်သျှင်ရို့၏ အမည်
Burmese:
ရဟန်း၊ သာမဏေတို့၏ အမည်
English:
name
Grammar Note:
နာမ်
ဘွဲ့ဖြူ
[bʱwépʰɹù]
Arakanese:
မျှိုင်းမပါရေ ဗလာစက္ကူ
Burmese:
မျဉ်းမပါသော စက္ကူဖြူ
English:
paper
Grammar Note:
နာမ်
ဘွဲ့ဖြူစက္ကူ
[bʱwépʰɹùskə́kəù]
Arakanese:
မျှိုင်းမပါရေ ဗလာစက္ကူ
Burmese:
မျဉ်းမပါသော စက္ကူဖြူ
English:
paper
Grammar Note:
နာမ်
ဘွဲ့ဖြူဆီးလိပ်
[bʱwépʰɹùsʰïlìaʔ]
Arakanese:
အရောင်ဖြူသော ကွမ်းသီးဖက်၊ ပြောင်းဖူးဖက်ဖြင့် လိပ်ထားရေ ဆီးလိပ်
Burmese:
အရောင်ဖြူသော ကွမ်းသီးဖက်၊ ပြောင်းဖူးဖက်ဖြင့် လိပ်ထားသော ဆေးလိပ်
English:
secret
Grammar Note:
နာမ်
ဘွဲ့ဖြူဖက်
[bʱwépʰɹùpʰɛʔ]
Arakanese:
အရောင်ဖြူသော ကွမ်းသီးဖက်၊ ပြောင်းဖူးဖက်
Burmese:
အရောင်ဖြူသော ကွမ်းသီးဖက်၊ ပြောင်းဖူးဖက်
English:
none
Grammar Note:
နာမ်
ဘွဲ့ဖြူလိပ်
[bʱwépʰɹùlìaʔ]
Arakanese:
အရောင်ဖြူသော စက္ကူလိပ်။ စာလိပ်
Burmese:
အရောင်ဖြူသော စက္ကူလိပ်။ စာလိပ်
English:
letter
Grammar Note:
နာမ်
ဘွဲ့ဖြူအုပ်
[bʱwépʰɹùʔoʊʔ]
Arakanese:
မျှိုင်းမပါရေ ဗလာစက္ကူ စာလွှာတိကို စုပေါင်းခြုပ်ထားရေ အရာ
Burmese:
မျဉ်းမပါသည့် စက္ကူဖြူ စာလွှာများကို စုပေါင်းချုပ်ထားသော အရာ
English:
book
Grammar Note:
နာမ်
ဘွဲ့အုပ်
[bʱwéʔoʊʔ]
Arakanese:
ကတ်ထူနှင့်ဖြစ်စီ၊ သားရေနှင့်ဖြစ်စီ၊ ဖုံးအုပ် ခြုပ်လုပ်ထားရေ ကျမ်းစာအုပ်
Burmese:
ကတ်ထူနှင့်ဖြစ်စေ၊ သားရေနှင့်ဖြစ်စေ၊ ဖုံးအုပ် ချုပ်လုပ်ထားသော ကျမ်းစာအုပ်
English:
tesis
Grammar Note:
နာမ်