Dictionary Entries
Showing 41–60 of 494 words
ဘ
ဘင်းထမ်း
[bʱɪ́ɴtʰáɴ]
Arakanese:
ဝန်ကို ထမ်းဆောင်ရာမာ အသုံးပြုရရေ ဝါးချောင်း၊ သစ်ချောင်း အစဟိစွာ
Burmese:
ဝန်ကို ထမ်းဆောင်ရာ၌ အသုံးပြုရသော ဝါးချောင်း၊ သစ်ချောင်း စသည်
English:
bamboo stick
Grammar Note:
နာမ်
ဘင်ရှည်
[bʱɪ̀ɴʃɛ̀]
Arakanese:
အရပ်အမင်ာင်း ရှည်သူ
Burmese:
အရပ်အမောင်း ရှည်သူ
English:
tall
Grammar Note:
နာမ်
ဘင်္ဂရား
[bʱŋ̇gaɹá]
Arakanese:
ငပြီယှားစိ၊ ဆယ်ပြားခတ် အစဟိရေ ငွီနုပ်
Burmese:
ငါးပြားစေ့၊ ဆယ်ပြားစေ့ စသော ငွေနုပ်
English:
coin
Grammar Note:
နာမ်
ဘင်္ဂလားစာ
[bʱŋ̇galásà]
Arakanese:
အဂု ဘင်္ဂလားဒေ့ရှ်၌ ပြဌာန်းဗျာယ် ဟိရေစာ
Burmese:
ယခု ဘင်္ဂလားဒေ့ရှ်၌ ပြဌာန်းလျက် ရှိသောစာ
English:
bengali language
Grammar Note:
နာမ်
ဘင်္ဂလားဇီးသီး
[bʱŋ̇galázïθï]
Arakanese:
အရသာချို၍ အသားထူပွသော ဆီးသီးတမျိုး
Burmese:
အရသာချို၍ အသားထူပွသော ဆီးသီးတစ်မျိုး
English:
plum
Grammar Note:
နာမ်
ဘင်္ဂလားပြန်
[bʱŋ̇galápɹàɴ]
Arakanese:
ဘင်္ဂလားမှ ပြန်လာသူ
Burmese:
ဘင်္ဂလားမှ ပြန်လာသူ
English:
none
Grammar Note:
နာမ်
ဘင်္ဂလားပြန်ဆံတောက်
[bʱŋ̇galápɹàɴsʰံtɔ́ɛʔ]
Arakanese:
နောက်စိကို စိကေချေ ပါးလျားစီပနာ နားပန်းဆံကို အချွန်အချေ ထားရေ ပုံစံ
Burmese:
နောက်စေ့ကို အနည်းငယ် ပါးလျားစေ၍ နားပန်းဆံကို အချွန်ကလေး ထားသော ပုံစံ
English:
hair style
Grammar Note:
နာမ်
ဘဇာ
[bʱzà]
Arakanese:
အမျိုးအမည် မသိရေ၊ အကြောင်း တစုံတရာကို ရည်ညွှန်း မီးမြန်းရာမာ သုံးသော အမီးစကား။ ‘မိုက်ငြား၊ သူမိုက်သားကို မားပနာ ပြည်သျှင်၊ မင်းခွင်ပီးပြီးကေ၊ မှူးရီးမတ်ရာ၊ နှင်းအပ်ပါမူ။ ဘဇာကျိုးဟိ၊ နွမ်းရိသတ္တဝါ၊ မြို့ရွာတုန်လှုပ်၊ အကျိုးယုတ်၍’ (ရွှီသဲထုံး)
Burmese:
အမျိုးအမည် မသိသော၊ အကြောင်း တစ်စုံတရာကို ရည်ညွှန်း မေးမြန်းရာ၌ သုံးသော အမေးစကား။ ‘မလိမ္မာငြား၊ သူမိုက်သားကို မှား၍ ပြည်သျှင်၊ မင်းခွင်ပေး၍၊ မှူးရေးမတ်ရာ၊ နှင်းအပ်ပါမူ။ ဘဇာကျိုးယှိ၊ နွမ်းရိသတ္တဝါ၊ မြို့ရွာတုန်လှုပ်၊ အကျိုးယုတ်၍’ (ရွှေသဲထုံး)
English:
what is it?
Grammar Note:
နာမ်
ဘဇာကိစ္စ
[bʱzàkìsɪ́sə]
Arakanese:
အမျိုးအမည် မသိရေ၊ အကြောင်း တစုံတရာကို ရည်ညွှန်း မီးမြန်းရာမာ သုံးသော အမီးစကား။ ‘မိုက်ငြား၊ သူမိုက်သားကို မားပနာ ပြည်သျှင်၊ မင်းခွင်ပီးပြီးကေ၊ မှူးရီးမတ်ရာ၊ နှင်းအပ်ပါမူ။ ဘဇာကျိုးဟိ၊ နွမ်းရိသတ္တဝါ၊ မြို့ရွာတုန်လှုပ်၊ အကျိုးယုတ်၍’ (ရွှီသဲထုံး)
Burmese:
အမျိုးအမည် မသိသော၊ အကြောင်း တစ်စုံတရာကို ရည်ညွှန်း မေးမြန်းရာ၌ သုံးသော အမေးစကား။ ‘မလိမ္မာငြား၊ သူမိုက်သားကို မှား၍ ပြည်သျှင်၊ မင်းခွင်ပေး၍၊ မှူးရေးမတ်ရာ၊ နှင်းအပ်ပါမူ။ ဘဇာကျိုးယှိ၊ နွမ်းရိသတ္တဝါ၊ မြို့ရွာတုန်လှုပ်၊ အကျိုးယုတ်၍’ (ရွှေသဲထုံး)
English:
what is it?
Grammar Note:
နာမ်
ဘဇာပွား
[bʱzàpWà]
Arakanese:
ဆောင်ရွက်ရန် လုပ်ငန်း တာဝန် များပြားရေ။ ‘ယင့်ချင်း-ယင်းချင့် တိကို ထားလိုက်ဝေး၊ ဘဇာပွားရေ’ (အရပ်)
Burmese:
ဆောင်ရွက်ရန် လုပ်ငန်း တာဝန် များပြားသည်။ ‘ယင့်ချင်း-ယင်းချင့် တိကို ထားလိုက်ဝေး၊ ဘဇာပွားရေ’ (အရပ်)
English:
burdens
Grammar Note:
ကြိယာ
ဘဇီ
[bʱzí]
Arakanese:
လုံ့လ နည်းလျော့စွာ အချိန်က ကန့်ကြာ စီရေ။ ယင်းပန်းခက်၊ ပန်းတက်ကို လုပ်နီဖို့’ ‘ဘဇီဘဇာ’ လုပ်နီကာ အချိန်ကြာရေ အေချင့်ကိုထားခဝေ၊ (အရပ်)
Burmese:
လုံ့လ နည်းလျော့စွာ အချိန်က ကန့်ကြာ စေသည်။ ယင်းပန်းခက်၊ ပန်းတက်ကို လုပ်နီဖို့’ ‘ဘဇီဘဇာ’ လုပ်နီကာ အချိန်ကြာရေ အေချင့်ကိုထားခဝေ၊ (အရပ်)
English:
be slow
Grammar Note:
ကြိယာ
ဘဇီဘဇပ်
[bʱzíbʱzaʔ]
Arakanese:
ထွေထွေ ရာရာ ပြောင်းလဲ ပြောဆိုဗျာယ်။ ဝင်ရောက် ပြောဆိုဗျာယ်
Burmese:
ထွေထွေ ရာရာ ပြောင်းလဲ ပြောဆိုလျက်။ ဝင်ရောက် ပြောဆိုလျက်
English:
(be prone to talk) capriciously in a nagging manner
Grammar Note:
ကြိယာဝိသေသန
ဘဇောင်
[bʱzàʊɴ]
Arakanese:
တခုတရီသော ပြုလုပ်ပုံ၊ ပြောဆို ခေါ်ဝေါ်ပုံရို့ကို ရည်ညွှန်း မီးမြန်းရာမာ သုံးသော နာမ်စားပုဒ်။ ‘ယီးတီး ယောင်တောင်၊ မသိယောင်သို့၊ ဘဇောင်မသိ’ (ကော်)။ ‘အိုအိုမောင်ချစ်၊ ငါ့အတောင်ရို့၊ ဘဇောင်ဖြစ်လို့၊ စင်စစ်ငါလျှင်၊ ညောင်းရေပင်ဟု၊ ဆိုကျင်ကာလ’ (ဒွေး)
Burmese:
တစ်စုံတစ်ခုသော ပြုလုပ်ပုံ၊ ပြောဆို ခေါ်ဝေါ်ပုံတို့ကို ရည်ညွှန်း မေးမြန်းရာ၌ သုံးသော နာမ်စားပုဒ်။ ‘ယီးတီး ယောင်တောင်၊ မသိယောင်သို့၊ ဘဇောင်မသိ’ (ကော်)။ ‘အိုအိုမောင်ချစ်၊ ငါ့အတောင်တို့၊ ဘဇောင်ဖြစ်လို့၊ စင်စစ်ငါလျှင်၊ ညောင်းရေပင်ဟု၊ ဆိုကျင်ကာလ’ (ဒွေး)
English:
none
Grammar Note:
နာမ်စား
ဘတ်သိုး
[bʱaʔθó]
Arakanese:
ညံ့ဖျင်းသော။ သိမ်ငယ်သော။ စိကေချေသော။ အသုံး မကျသော။ (ဘတ်သိုး ကြီးလို့လေ့ သုံးနှုန်းသိရေ။
Burmese:
ညံ့ဖျင်းသော။ သိမ်ငယ်သော။ သေးနုပ်သော။ အသုံး မကျသော။ (ဘတ်သိုး ကြီးဟုလည်း သုံးနှုန်းသေးသည်။
English:
tiny
Grammar Note:
နာမဝိသေသန
ဘတ်အိုး
[bʱaʔʔó]
Arakanese:
အချိုးအစား မပြေပြစ်အောင် ဝဖြိုးသူ။ (ဘတ်အိုး ကြီးလို့လေ့ သုံးနှုန်းသိရေ။
Burmese:
အချိုးအစား မပြေပြစ်အောင် ဝဖြိုးသူ။ (ဘတ်အိုး ကြီးဟုလည်း သုံးနှုန်းသေးသည်။
English:
plump and dumpy
Grammar Note:
နာမ်
ဘထွီး
[bʱtʰwï]
Arakanese:
ဖခင်၏ ညီ။ မိခင်၏ ညီမလင်။ (တော်စပ်ရေ။
Burmese:
ဖခင်၏ ညီ။ မိခင်၏ ညီမလင်။ (တော်စပ်သည်။
English:
uncle
Grammar Note:
နာမ်
ဘဒရေ
[bʱdɹè]
Arakanese:
ဘိတ်ပျော့ဖြင့် အိမ်လုပ်ကာ သားပေါက်သော ပျား အမျိုးအနွယ်ဝင် ပိုးကောင် တမျိုး။ (နဂျီ၊ ပဂျီ လို့လေ့ ခေါ်ရေ။
Burmese:
ရွှံ့ပျော့ဖြင့် အိမ်လုပ်ကာ သားပေါက်သော ပျား အမျိုးအနွယ်ဝင် ပိုးကောင် တစ်မျိုး။ (နဂျီ၊ ပဂျီ ဟုလည်း ခေါ်သည်။
English:
mud cell of wasp
Grammar Note:
နာမ်
ဘဒရေအုံ
[bʱdɹèʔòʊɴ]
Arakanese:
ဘိတ်ပျော့ခြင်း ပကရိုင် ဆောက်လုပ်သော အခန်း အဆက်ဆက်အိမ်
Burmese:
ရွှံ့ပျော့ခြင်း ပကရိုင် ဆောက်လုပ်သော အခန်း အဆက်ဆက်အိမ်
English:
mud cell of wasp
Grammar Note:
နာမ်
ဘနန်း
[bʱnáɴ]
Arakanese:
ရှေ့နာမ်ကို နမူနာအဖြစ် ညွှန်ပြသော စကားလုံး။ ‘စစ်ခြေကူငြား၊ ရမ်းဗြဲသားရို့၊ ရှက်အားဘနန်း၊ အရတွန်းကေ၊ အကြောင်းမသိ၊ ပြေးလေဘိ၍’ (ရခိုင်ကာ)
Burmese:
ရှေ့နာမ်ကို ဥပမာအဖြစ် ညွှန်ပြသော စကားလုံး။ ‘စစ်ခြေကူငြား၊ ရမ်းဗြဲသားတို့၊ ရှက်အားဘနန်း၊ အရတွန်းလျှင်၊ အကြောင်းမသိ၊ ပြေးလေဘိ၍’ (ရခိုင်ကာ)
English:
none
Grammar Note:
ပစ္စည်း
ဘန်း
[bʱáɴ]
Arakanese:
အမူအရာ။ ၂၊ အသွင်အပြင်။ တခုတရီသော ပုံပန်း အနိန်အထား
Burmese:
အမူအရာ။ ၂၊ အသွင်အပြင်။ တစ်စုံတစ်ခုသော ပုံပန်း အနေအထား
English:
feature
Grammar Note:
နာမ်