Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 61–80 of 494 words

    ဘ

    ဘန်းစကား

    [bʱáɴská]
    ခေတ်အနိန်နန့် ဝှက်၍ဖြစ်စီ၊ တင်စားပနာ ဖြစ်စီ၊ အကြောင်း တခုခုကို စွဲ၍ဖြစ်စီ၊ တီထွင် ပြောဆို သုံးနှုန်းသော စကားလုံး
    ခေတ်အားလျော်စွာ ဝှက်၍ဖြစ်စေ၊ တင်စား၍ ဖြစ်စေ၊ အကြောင်း တစ်ခုခုကို စွဲ၍ဖြစ်စေ၊ တီထွင် ပြောဆို သုံးနှုန်းသော စကားလုံး
    slang - jargon
    နာမ်

    ဘန်းတီး

    [bʱáɴtï]
    လောင်း၊ သမ္ဗန်ရို့၏ ပျိုင်အစပ်မာ ဖာထေးရရေ အုန်း ဆံကြိုး၊ ဂုန်နီကြိုး အစဟိရေ ဝန်
    လှေ၊ သမ္ဗန်တို့၏ ပျဉ်အစပ်တွင် ဖာထေးရသော အုန်း ဆံကြိုး၊ ဂုန်နီကြိုး စသော ပစ္စည်း
    oakum
    နာမ်

    ဘန်းတီထီး

    [bʱáɴtítʰï]
    လောင်း၊ သမ္ဗန် အစဟိစွာရို့၏ စပ်ကြောင်းကို အုန်းဆံ အစဟိစွာရို့နန့် ထေးသည်
    လှေ၊ သမ္ဗန် စသည်တို့၏ စပ်ကြောင်းကို အုန်းဆံ စသည်တို့ဖြင့် ထေးသည်
    calk
    ကြိယာ

    ဘန်းဒီ

    [bʱáɴdí]
    ပွန်းပဲ့၍ သုံးနှုန်းမရရေ ဝန်
    ပွန်းပဲ့၍ သုံးနှုန်းမရသော ပစ္စည်း
    useless things
    နာမ်

    ဘန်းဒီကျ

    [bʱáɴdít͡ɕ]
    ပွန်းပဲ့၍ သုံးနှုန်းမရရေ ဝန်
    ပွန်းပဲ့၍ သုံးနှုန်းမရသော ပစ္စည်း
    useless things
    နာမ်

    ဘန်းဒီလိုက်

    [bʱáɴdílaɪʔ]
    ပွန်းပဲ့၍ သုံးနှုန်းမရရေ ဝန်
    ပွန်းပဲ့၍ သုံးနှုန်းမရသော ပစ္စည်း
    useless things
    နာမ်

    ဘန်းပြ

    [bʱáɴpɹ]
    မေါ်ကြွားလိုရေတွက်နန့် တယောက်ယောက်အား ပြရေ
    မေါ်ကြွားလို၍ တစ်စုံတစ်ဦးအား ပြသည်
    show
    ကြိယာ

    ဘန်းပြ၂

    [bʱáɴpɹ၂]
    ပြရုပ်အဖြစ်သာ ထားဟိသော။ အကွန်ဆောင် ရုံမျှဖြစ်ရေ
    ပြရုပ်အဖြစ်သာ ထားယှိသော။ ဟန်ဆောင် ရုံမျှဖြစ်သော
    pretend
    နာမဝိသေသန

    ဘန်းပြ၃

    [bʱáɴpɹ၃]
    အပြင်ပန်းအနိန်နန့် ပုံဆောင် ရုံမျှဖြစ်ရေ အရာ။ ပြသရုံအတွက်ရာ ဖန်တီး ပြုပျင်ထားရေ အရာ
    အပြင်ပန်း အားဖြင့် ပုံဆောင် ရုံမျှဖြစ်သော အရာ။ ပြသရုံအတွက်သာ ဖန်တီး ပြုပြင်ထားသော အရာ
    external
    နာမ်

    ဘန့်ဗူး

    [bʱàɴ့bùး]
    ပစ်သုံးကျ ဟု တင်စားပနာ သုံးနှုန်း ပြောဆိုရေ စကား။ လူက ဘန့်ဗူးရာ တခုမာလည်း သုံးဖို့ကမရ (အရပ်)
    အသုံးမကျသူ ဟု တင်စား၍ သုံးနှုန်း ပြောဆိုသော စကား။ လူက ဘန့်ဗူးရာ တစ်ခုမှာလည်း သုံးဖို့ကမရ (အရပ်)
    useless
    နာမ်

    ဘန့်ဗွီး

    [bʱàɴ့bwï]
    လျှော်ရရေ ပင်စောက် ရွက်ကြွီပင် တမျိုး
    လျှော်ရသော ပင်စောက် ရွက်ကြွေပင် တစ်မျိုး
    none
    နာမ်

    ဘန်းရောင်

    [bʱáɴɹàʊɴ]
    ဗန်းရောင် မြင်သာသော ပြင်ပ ပုံပန်းသဏ္ဍာန် ကောင်းရေ။ ပြင်ပ အမြင်အားဖြင့် ကောင်းရေ။ ရပေါ်ဆီ အမြင် ကောင်းရေ
    ဗန်းရောင် မြင်သာသော ပြင်ပ ပုံပန်းသဏ္ဍာန် ကောင်းသည်။ ပြင်ပ အမြင်အားဖြင့် ကောင်းသည်။ အပေါ်ယံ အမြင် ကောင်းသည်
    external
    နာမ်

    ဘန်းလှ

    [bʱáɴɬ]
    အပြင်ပန်းအနိန်နန့် ပုံဆောင် ရုံမျှဖြစ်ရေ အရာ။ ပြသရုံအတွက်ရာ ဖန်တီး ပြုပျင်ထားရေ အရာ
    အပြင်ပန်း အားဖြင့် ပုံဆောင် ရုံမျှဖြစ်သော အရာ။ ပြသရုံအတွက်သာ ဖန်တီး ပြုပြင်ထားသော အရာ
    external
    နာမ်

    ဘဘင်ပုံ

    [bʱbʱɪ̀ɴpòʊɴ]
    အဝှမ်း ကြဲပြန့်ဗျာယ်။ ‘လမ်းတိုင်း ကြောင်းတိုင်းမာ ဘဘင်ပုံ နိန်ယင့်’ (အရပ်)
    အနှံ့အပြား ကြဲပြန့်လျက်။ ‘လမ်းတိုင်း ကြောင်းတိုင်းမှာ ဘဘင်ပုံ နိန်ယင့်’ (အရပ်)
    scatter
    ကြိယာဝိသေသန

    ဘဘီမ

    [bʱbʱím]
    စာရိတ္တ ကိုယ်ကျင့် ပျက်ပြားသော မမာ့။ အဖိုးအခ ယူဗျာယ် ကာမ လိုအင် ဖြည့်စွမ်းသော မမာ့
    စာရိတ္တ ကိုယ်ကျင့် ပျက်ပြားသော မိန်းမ။ အဖိုးအခ ယူလျက် ကာမ လိုအင် ဖြည့်စွမ်းသော မိန်းမ
    prostitute
    နာမ်

    ဘဘုန်းကျ

    [bʱbʱóʊɴt͡ɕ]
    ထိခိုက်မှုသည် နစ်နာ လောက်ယောင် ဆုံးယှုံး ပျက်စီးရေ
    ထိခိုက်မှုသည် နစ်နာ လောက်အောင် ဆုံးရှုံး ပျက်စီးသည်
    die pass away
    ကြိယာ

    ဘဘုန်းချ

    [bʱbʱóʊɴɕ]
    ဘ-အက္ခရာကို ခေါ်သော အမည်
    ဘ-အက္ခရာကို ခေါ်သော အမည်
    the letter called names of th of the Arakanese consonant
    နာမ်

    ဘဘော

    [bʱbʱɔ́]
    စကား ပြောနိုင်စွမ်း မဟိဘူး။ ‘စကားပြောဆို့ မတတ်၊ ဗဗေါလား မင်း’ (အရပ်)
    စကား ပြောနိုင်စွမ်း မယှိဘူး။ ‘စကားပြောဆို့ မတတ်၊ ဗဗေါလား မင်း’ (အရပ်)
    dullard
    နာမ်

    ဘမရာ

    [bʱmɹà]
    မင်း၊ မိဖုရားရို့ နီရာ အဆောက်အအုံ။ နန်းတော်။ ‘တူနှစ်ကိုယ်လျှင်၊ မငြိုမငြင်၊ အမရာလေ၊ ဆောင်ကြငှာန်းနှင့်၊ တောင်နန်းတင်ပနာ’ (ပဒုမ္မ)။ ၂၊ မြင့်မြတ်သော နီရာ
    မင်း၊ မိဖုရားတို့ နေရာ အဆောက်အအုံ။ နန်းတော်။ ‘တူနှစ်ကိုယ်လျှင်၊ မငြိုမငြင်၊ အမရာလေ၊ ဆောင်ကြငှာန်းနှင့်၊ တောင်နန်းတင်၍’ (ပဒုမ္မ)။ ၂၊ မြင့်မြတ်သော နေရာ
    palace
    နာမ်

    ဘမ်း

    [bʱáɴ]
    သတ္တုခွေ မျက်နှာ နှစ်ဖက်မာ သားကလကွက်၍ ဖေါ့ (တနည်း) အဝတ်အုပ် ဒုတ်တံဖြင့် တီးခတ်ရရေ စည်တူရိယာ
    သတ္တုခွေ မျက်နှာ နှစ်ဘက်တွင် သားရေကြက်၍ ဖေါ့ (သို့မဟုတ်) အဝတ်အုပ် ဒုတ်တံဖြင့် တီးခတ်ရသော စည်တူရိယာ
    drum
    နာမ်