Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 101–120 of 494 words

    ဘ

    ဘယ်လိမ်ညာလိမ်၂

    [bʱɛ̀lèɪɴɲàlèɪɴ၂]
    ခြည်မျှင်နွယ် အစဟိစွာရို့ကို တပင်ထက် ပိုပြီးကေ ကြိုးကျစ်ရန် ယှက်ဝါထားရေ ကျစ်ကြိုး။ ၂၊ ယင်းပိုင် ယှက်ဝါထားရေ ခြည်ဖြင့် ယက်လုပ်ထားရေ လုံချီ။ ခတောင်း။ (သုံးပင်လိမ်၊ လေးပင်လိမ် အစဟိစွာ)
    ချည်မျှင်နွယ် စသည်တို့ကို တစ်ပင်ထက် ပို၍ ကြိုးကျစ်ရန် ယှက်လိမ်ထားသော ကျစ်ကြိုး။ ၂၊ ယင်းသို့ ယှက်လိမ်ထားသော ချည်ဖြင့် ယက်လုပ်ထားသော လုံချီ။ ပုဆိုး။ (သုံးပင်လိမ်၊ လေးပင်လိမ် စသည်)
    be intertwined
    နာမ်

    ဘယ်လိမ်ညာလိမ်၃

    [bʱɛ̀lèɪɴɲàlèɪɴ၃]
    ရရေနှုန်းဖြင့် ဝါရေ ညာဝါး၍ စားသောသူ
    ရသည့်နှုန်းဖြင့် လိမ်သည် ညာဝါး၍ စားသောသူ
    lier
    နာမ်

    ဘယ်သူဘယ်ဝါ

    [bʱɛ̀θùbʱɛ̀wà]
    သိလိုသူ ဇာသူ ဖြစ်ကတ်ောင်းကို မီးမြန်းရာမာ သုံးသော အမီးစကား။ သင့်မိဖကို၊ ဒိဌတစိ၊ ဇာသူဇာဝါ၊ ဇာနံသာကို၊ ငါမသိဟု (ပန်း)
    သိလိုသူ မည်သူ ဖြစ်ကြောင်းကို မေးမြန်းရာ၌ သုံးသော အမေးစကား။ သင့်မိဖကို၊ ဒိဌတစိ၊ ဘယ်သူဘယ်ဝါ၊ ဘယ်နံသာကို၊ ငါမသိဟု (ပန်း)
    what
    ပစ္စည်း

    ဘယ်သျှောင်ဘယ်ဝါ

    [bʱɛ̀ʃàʊɴbʱɛ̀wà]
    သိလိုသူ ဇာသူ ဖြစ်ကတ်ောင်းကို မီးမြန်းရာမာ သုံးသော အမီးစကား
    သိလိုသူ မည်သူ ဖြစ်ကြောင်းကို မေးမြန်းရာ၌ သုံးသော အမေးစကား
    what
    ပစ္စည်း

    ဘရင်ဂျီအနာ

    [bʱɹɪ̀ɴdʑíʔnà]
    စအို အင်္ဂါဇာတ်နှင့် နံဖီးတဝိုက်မာ မားချိုင့်လေးဖြစ်ပနာ ပေါက်တတ်ရေ အနာ
    စအို အင်္ဂါဇာတ်နှင့် အနီးတဝိုက်တွင် တွင်းချိုင့်လေးဖြစ်၍ ပေါက်တတ်သော အနာ
    fistula
    နာမ်

    ဘရဝါ

    [bʱɹwà]
    လူသတ် လက်မရွံ အာဏာသား။ ‘ဘရဝါလေ၊ သူသတ်တိကို’ (ရာမ)
    လူသတ် လက်မရွံ အာဏာသား။ ‘ဘရဝါလေ၊ သူသတ်များကို’ (ရာမ)
    hangman
    နာမ်

    ဘရဝါ၂

    [bʱɹwà၂]
    ဘရဝါ လူသတ် လက်မရွံ အာဏာသား။ ‘ဘရဝါလေ၊ သူသတ်တိကို’ (ပန်း)
    ဘရဝါ လူသတ် လက်မရွံ အာဏာသား။ ‘ဘရဝါလေ၊ သူသတ်များကို’ (ပန်း)
    hangman
    နာမ်

    ဘရဝါ၃

    [bʱɹwà၃]
    ရုန်းရင်း ခက်ထန်ရေ။ ကြမ်းတမ်းရေ။
    ရုန်းရင်း ခက်ထန်သည်။ ကြမ်းတမ်းသည်။
    န
    ကြိယာ

    ဘရသျှတာ

    [bʱɹʃtà]
    ယောက်ျားဝတ် အပေါ်ဖုံး အင်္ကျီတမျိုး
    ယောက်ျားဝတ် အပေါ်ဖုံး အင်္ကျီတစ်မျိုး
    Arakanese jacket for men
    နာမ်

    ဘရိ

    [bʱɹì]
    ယောက်ျား တယောက်တလီ၏ အိမ်ထောင်ဖက် မမာ့။ ဇနီး။ ‘နင့်ဘရီကား၊ ငါ့ပါးပါးကာ၊ ဇာပြုလာလိမ့်’ (ကင်းမဟော်)
    ယောက်ျား တစ်စုံတစ်ယောက်၏ အိမ်ထောင်ဖက် မိန်းမ။ ဇနီး။ ‘နင့်ဘရီကား၊ ငါ့ဆီထံမှာ၊ ဇာပြုလာလိမ့်’ (ကင်းမဟော်)
    wife
    နာမ်

    ဘရူဝါ

    [bʱɹùwà]
    (ဘင်္ဂလားစကားကို ပြောတတ်ရေ) ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသား မျိုးနွယ်စု လူမျိုးတမျိုး။ မြမ္မာကြီးလူမျိုး
    (ဘင်္ဂလားစကားကို ပြောတတ်သော) ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသား မျိုးနွယ်စု လူမျိုးတစ်မျိုး။ မြမ္မာကြီးလူမျိုး
    ethnic group
    နာမ်

    ဘရေးကား

    [bʱɹéká]
    သွားငယ် အထပ်ထပ်ဟိပြီးကေ လျှာမာ စူးငယ်အများ ပေါက်သော ကိုယ်ထည် ရှည်ရေ့ ငါးတမျိုး
    သွားငယ် အထပ်ထပ်ရှိ၍ လျှာတွင် ဆူးငယ်အများ ပေါက်သော ကိုယ်ထည် ရှည်သည့် ငါးတစ်မျိုး
    fish
    နာမ်

    ဘရွတ်တောက်

    [bʱɹwaʔtɔ́ɛʔ]
    ကြွီငါးလုံးကို မြှောက်ချပြီး တလုံးကို ကောက်၍ မြှောက်၊ လက်ဖြင့်ဖမ်း၊ နှစ်လုံးကို မြှောက်၊ တလုံးကို ကောက်၊ လက်ဖြင့်ဖမ်း အစဟိစွာအနိန်နန့် ငါးလုံး ကုန်ယောင်ထိ မြှောက်၍ လက်ဖြင့်ဖမ်း၍ ကစပ်နည်း တမျိုး
    ကြွေငါးလုံးကို မြှောက်ချပြီး တစ်လုံးကို ကောက်၍ မြှောက်၊ လက်ဖြင့်ဖမ်း၊ နှစ်လုံးကို မြှောက်၊ တစ်လုံးကို ကောက်၊ လက်ဖြင့်ဖမ်း စသည်ဖြင့် ငါးလုံး ကုန်အောင်ထိ မြှောက်၍ လက်ဖြင့်ဖမ်း၍ ကစားနည်း တစ်မျိုး
    play a game with small stones
    နာမ်

    ဘလောက်လဲ

    [bʱlɔ́ɛʔlɛ]
    ဈီးနှုန်းကို သိလိုရာမာ မီးမြန်းသော အမီးစကား
    ဈေးနှုန်းကို သိလိုရာ၌ မေးမြန်းသော အမေးစကား
    how much
    နာမ်

    ဘဝ

    [bʱw]
    ဖြစ်ခြင်း။ သတ္တဝါ၏ အဖြစ်
    ဖြစ်ခြင်း။ သတ္တဝါ၏ အဖြစ်
    life
    နာမ်

    ဘဝကူး

    [bʱwkùး]
    ဘဝတခုမှ ဘဝတခုသို့ ပြောင်းလားရေ
    ဘဝတစ်ခုမှ ဘဝတစ်ခုသို့ ပြောင်းသွားသည်
    die
    ကြိယာ

    ဘဝခြား

    [bʱwkʰɹá]
    အဖြစ်ချင်း ကွဲပြားဝီးကွာ လှမ်းသည်
    အဖြစ်ချင်း ကွဲပြားဝေးကွာ လှမ်းသည်
    die
    ကြိယာ

    ဘဝဂ်

    [bʱwɡ်]
    သက်ဟိ သတ္တဝါရို့ ဖြစ်ရာ သုံးဆယ့်တဘုံမာ အမြင့်ဆုံးသော ဗြဟ္မာဘုံ။ ၂၊ (ဥပစာ) အမြင့်ဆုံး။ ‘အထက်မာဘဝဂ်၊ အောက်မာအဝီစိ၊ နှံ့သိစကြာဝဠါ’
    သက်ရှိ သတ္တဝါတို့ ဖြစ်ရာ သုံးဆယ့်တစ်ဘုံတွင် အမြင့်ဆုံးသော ဗြဟ္မာဘုံ။ ၂၊ (ဥပစာ) အမြင့်ဆုံး။ ‘အထက်မှာဘဝဂ်၊ အောက်မှာအဝီစိ၊ နှံ့သိစကြာဝဠါ’
    the highest
    နာမ်

    ဘဝင်

    [bʱwɪ̀ɴ]
    နှလုံး။ ပထမ အသိစိတ် ပြတ်ချိန်နှင့် ဒုတိယ အသိစိတ် မဖြစ်ပေါ်မီ အကြား စိတ်၏ ကျက်စားရာ အာရုံပြတ်သော ပကတိစိတ်ခဏ
    နှလုံး။ ပထမ အသိစိတ် ပြတ်ချိန်နှင့် ဒုတိယ အသိစိတ် မဖြစ်ပေါ်မီ အကြား စိတ်၏ ကျက်စားရာ အာရုံပြတ်သော ပကတိစိတ်ခဏ
    heart
    နာမ်

    ဘဝင်ကိုင်

    [bʱwɪ̀ɴkàɪɴ]
    စိတ်နှလုံးကို ထိခိုက်သော ဝေဒနာ ဖြစ်ပေါ်ရေ။ ၂၊ (ဥပစာ) ခက်ထန်သော မာန စိတ်ဝင်ရေ
    စိတ်နှလုံးကို ထိခိုက်သော ဝေဒနာ ဖြစ်ပေါ်သည်။ ၂၊ (ဥပစာ) ခက်ထန်သော မာန စိတ်ဝင်သည်
    be proud
    ကြိယာ