Dictionary Entries
Showing 121–140 of 494 words
ဘ
ဘဝင်ကုန်
[bʱwɪ̀ɴkòʊɴ]
Arakanese:
အသက် ကုန်ဆုံးရေ။ သီရေ
Burmese:
အသက် ကုန်ဆုံးသည်။ သေသည်
English:
die
Grammar Note:
ကြိယာ
ဘဝင်ကျ
[bʱwɪ̀ɴt͡ɕ]
Arakanese:
(ဥပစာ) ကျီနပ် နှစ်သိမ့်ရေ။ အဆီပါ ဖြစ်တေ။ ကြောင့်ကြစိုးရိမ်မှု ကင်း ပျောက်ရေ။ ‘မောင်လှမရောက်လို့ ဘဝင် မကျဖြစ်နီရေဂု’ (အရပ်)
Burmese:
(ဥပစာ) ကျေနပ် နှစ်သိမ့်သည်။ အားရဝမ်းသာ ဖြစ်သည်။ ကြောင့်ကြစိုးရိမ်မှု ကင်း ပျောက်သည်။ ‘မောင်လှမရောက်လို့ ဘဝင် မကျဖြစ်နီရေဂု’ (အရပ်)
English:
be satisfied
Grammar Note:
ကြိယာ
ဘဝင်ကြီး
[bʱwɪ̀ɴt͡ɕï]
Arakanese:
စိတ်နိန်မြင့်ရေ။ မာနစိတ်ဝင်ရေ။ ၂၊ စိတ်နီမြင့်သည်
Burmese:
စိတ်ကြီးဝင်သည်။ မာနစိတ်ဝင်သည်။ ၂၊ စိတ်နေမြင့်သည်
English:
feel conceited
Grammar Note:
ကြိယာ
ဘဝင်ခုန်
[bʱwɪ̀ɴkʰòʊɴ]
Arakanese:
ဟဒယ နှလုံးသွေး ပိုပြီးကေ လှုပ်ရှားသည်
Burmese:
ဟဒယ နှလုံးသွေး ပို၍ လှုပ်ရှားသည်
English:
palpitate
Grammar Note:
ကြိယာ
ဘဝင်ချုပ်
[bʱwɪ̀ɴɕoʊʔ]
Arakanese:
အသိစိတ်ဓာတ် ကင်းပြတ်ရေ။ ခန္ဓာဇာတ် သိမ်းချုပ်ငြိမ်းရေ။ သီရေ။ အာရုံတရား ချုပ်ပျောက်သည်
Burmese:
အသိစိတ်ဓာတ် ကင်းပြတ်သည်။ ခန္ဓာဇာတ် သိမ်းချုပ်ငြိမ်းသည်။ သေသည်။ အာရုံတရား ချုပ်ပျောက်သည်
English:
die
Grammar Note:
ကြိယာ
ဘဝင်တုန်
[bʱwɪ̀ɴtòʊɴ]
Arakanese:
(ဥပစာ) စိတ်မငြိမ်မသက် ချောက်ချား လှုပ်ရှားသည်
Burmese:
(ဥပစာ) စိတ်မငြိမ်မသက် ချောက်ချား လှုပ်ရှားသည်
English:
be excited
Grammar Note:
ကြိယာ
ဘဝင်မြေ့
[bʱwɪ̀ɴmɹḛ]
Arakanese:
နှစ်သက် သဘောကျရေ
Burmese:
နှစ်သက် သဘောကျသည်
English:
like
Grammar Note:
ကြိယာ
ဘဝင်မြေ့၂
[bʱwɪ̀ɴmɹḛ၂]
Arakanese:
စိတ်နီမြင့်ရေ။ ၂၊ ကိုယ့်ကိုယ်ကို ကိုယ့် အထင်ကြီးရေ။ စိတ်နိန်မြင့်သည်
Burmese:
စိတ်နေမြင့်သည်။ ၂၊ မိမိကိုယ်ကို မိမိ အထင်ကြီးသည်။ စိတ်ကြီးဝင်သည်
English:
feel conceited
Grammar Note:
ကြိယာ
ဘဝဆုံး
[bʱwsʰóʊɴ]
Arakanese:
သီဆုံးရေ။ ဘဝတခု ပြတ်စဲရေ။ ၂၊ (ဥပစာ) တိုးတက် ဖြစ်ထွန်းလာဖို့ အခြီအရဲ ကုန်ပြတ်သည်
Burmese:
သေဆုံးသည်။ ဘဝတစ်ခု ပြတ်စဲသည်။ ၂၊ (ဥပစာ) တိုးတက် ဖြစ်ထွန်းလာမည့် အခြေအနေ ကုန်ပြတ်သည်
English:
die
Grammar Note:
ကြိယာ
ဘဝတုံး
[bʱwtóʊɴ]
Arakanese:
သီဆုံးရေ။ ဘဝတခု ပြတ်စဲရေ။ ၂၊ (ဥပစာ) တိုးတက် ဖြစ်ထွန်းလာဖို့ အခြီအရဲ ကုန်ပြတ်သည်
Burmese:
သေဆုံးသည်။ ဘဝတစ်ခု ပြတ်စဲသည်။ ၂၊ (ဥပစာ) တိုးတက် ဖြစ်ထွန်းလာမည့် အခြေအနေ ကုန်ပြတ်သည်
English:
die
Grammar Note:
ကြိယာ
ဘဝတူ
[bʱwtù]
Arakanese:
လုပ်ငန်းဆောင်တာ အခြီအရဲ အလုပ်အကိုင် အစဟိစွာ တခုခု တူညီရေသူ
Burmese:
လုပ်ငန်းဆောင်တာ အခြေအနေ အလုပ်အကိုင် စသည် တစ်ခုခု တူညီသောသူ
English:
persons in the same condition
Grammar Note:
နာမ်
ဘဝပစ်
[bʱwpɪʔ]
Arakanese:
(ဥပစာ) တိုးတက်မှု ပိုင်အလာ ကုန်ပြတ်သည်
Burmese:
(ဥပစာ) တိုးတက်မှု အလားအလာ ကုန်ပြတ်သည်
English:
have no chance for improvement
Grammar Note:
ကြိယာ
ဘဝပျက်
[bʱwprɛʔ]
Arakanese:
(ဥပစာ) တိုးတက် ဖြစ်ထွန်းလာမည့် အခြီအရဲ ကုန်ပြတ်သည်
Burmese:
(ဥပစာ) တိုးတက် ဖြစ်ထွန်းလာမည့် အခြေအနေ ကုန်ပြတ်သည်
English:
have no chance for improvement
Grammar Note:
ကြိယာ
ဘဝပြောင်း
[bʱwpɹáʊɴ]
Arakanese:
ဘဝတခုမှ အရာဘဝ တခုသို့ ကူးလားရေ။ ၂၊ (ဥပစာ) သီဆုံးသည်
Burmese:
ဘဝတစ်ခုမှ အခြားဘဝ တစ်ခုသို့ ကူးသွားသည်။ ၂၊ (ဥပစာ) သေဆုံးသည်
English:
die
Grammar Note:
ကြိယာ
ဘဝဖြစ်စဉ်
[bʱwpʰɹɪʔsɪ̀ɴ]
Arakanese:
တသက်တာ ကာလ တလျှောက်မာ အစိုင်အတိုင်း ဖြစ်ပျက်ခ သမျှသော အကြောင်းစု
Burmese:
တစ်သက်တာ ကာလ တလျှောက်တွင် အစဉ်အတိုင်း ဖြစ်ပျက်ခဲ့ သမျှသော အကြောင်းစု
English:
life story
Grammar Note:
နာမ်
ဘဝမိန့်
[bʱwmèɪɴ့]
Arakanese:
ငယ်စဉ်ကာလက အဖြစ်သနစ်တိကို မဆင်ခြင်ပဲ နိန်ရေ။ အတိတ် ဖြစ်ရပ်တိကို ဥပေက္ခာ ပြုသည်
Burmese:
ငယ်စဉ်ကာလက အဖြစ်သနစ်များကို မဆင်ခြင်ပဲ နေသည်။ အတိတ် ဖြစ်ရပ်များကို ဥပေက္ခာ ပြုသည်
English:
ignore
Grammar Note:
ကြိယာ
ဘဝသစ်
[bʱwθɪʔ]
Arakanese:
အဖြစ်သစ်။ အနေသစ်။ ၂၊ ဖြစ်ပျက်မှု သွင်ပြင် အနိန်အထားသစ်
Burmese:
အဖြစ်သစ်။ အနေသစ်။ ၂၊ ဖြစ်ပျက်မှု သွင်ပြင် အနေအထားသစ်
English:
new life
Grammar Note:
နာမ်
ဘဝဟောင်း
[bʱwháʊɴ]
Arakanese:
အတိတ် ကာလက အဖြစ်။ လွန်ခပြီးရေ ဘဝက အဖြစ်
Burmese:
အတိတ် ကာလက အဖြစ်။ လွန်ခဲ့ပြီးသော ဘဝက အဖြစ်
English:
the past
Grammar Note:
နာမ်
ဘသရောင်
[bʱθɹàʊɴ]
Arakanese:
ဘုဒိုအိမ့်၍ ကိုယ်ခန္ဓာ အချိုးမကျသူကို ပြောင်လောင်းာင်၍ ပြောသော စကား
Burmese:
အရပ်ပုအိမ့်၍ ကိုယ်ခန္ဓာ အချိုးမကျသူကို ပြောင်လှောင်၍ ပြောသော စကား
English:
none
Grammar Note:
နာမ်
ဘသိုးကြီး
[bʱθót͡ɕï]
Arakanese:
(ဥပစာ) ဘွသီးပိုင် အနှစ်သာရ (အသိအလိမ္မာ ဉာဏ်ပညာ) မဟိရေ သူကို တင်စားပနာ ခေါ်သောစကား
Burmese:
(ဥပစာ) ဗူးသီးကဲ့သို့ အနှစ်သာရ (အသိအလိမ္မာ ဉာဏ်ပညာ) ကင်းမဲ့သော သူကို တင်စား၍ ခေါ်သောစကား
English:
none
Grammar Note:
နာမ်