Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 141–160 of 494 words

    ဘ

    ဘဟာရီ

    [bʱhàɹí]
    ပက်ခုံး နောက်ကုန်းရို့နန့် (တနည်း) ဆိုင်းဖြင့် ဝန်ကို သယ်ယူ ပို့ဆောင်သော လုပ်သားအား ခေါ်သော အာလုပ်စကား။ အလုပ်တစုံ တခုမာ ဝင်ရောက် ဆောင်ရွက်နီသူ။ အလုပ်သမား
    ပခုံး ကျောကုန်းတို့ဖြင့် (သို့မဟုတ်) ဆိုင်းဖြင့် ဝန်ကို သယ်ယူ ပို့ဆောင်သော လုပ်သားအား ခေါ်သော အာလုပ်စကား။ အလုပ်တစ်စုံ တစ်ခုတွင် ဝင်ရောက် ဆောင်ရွက်နေသူ။ အလုပ်သမား
    carrier
    နာမ်

    ဘအ

    [bʱʔ]
    စကား ပြောရေအခါ ရပ်ဆိုင်း ရပ်ဆိုင်းထစ်၍ ပြောသောသူ
    စကား ပြောသောအခါ ရပ်ဆိုင်း ရပ်ဆိုင်းထစ်၍ ပြောသောသူ
    stammer
    နာမ်

    ဘအကြီး

    [bʱʔt͡ɕï]
    (ဥပစာ) အသိဉာဏ်တုံးသော သူကို တင်စားပနာ ပြောဆိုရေ စကား
    (ဥပစာ) အသိဉာဏ်တုံးသော သူကို တင်စား၍ ပြောဆိုသော စကား
    stupid
    နာမ်

    ဘာ

    [bʱà]
    တခုတရီမျှ မဟိသည့် အရာမာ သုံးသော အာလုပ်စကား ဘာမဟိအစဟိစွာ
    တစ်စုံတစ်ရာမျှ မယှိသည့် အရာ၌ သုံးသော အာလုပ်စကား ဘာမဟိစသည်
    what
    နာမ်

    ဘား

    [bʱá]
    တအခင်က ခေါ်ရေအခါ (အချေက ဘုရားထူးမည့် အစား) ဘားဟု ထူးသည်
    တဦးဦးက ခေါ်သောအခါ (ခလေးက ဘုရားထူးမည့် အစား) ဘားဟု ထူးသည်
    what
    ကြိယာဝိသေသန

    ဘာ၂

    [bʱà၂]
    သားသမီးက ဖခင်ကို ခေါ်သော အာလုပ်စကား
    သားသမီးက ဖခင်ကို ခေါ်သော အာလုပ်စကား
    father
    နာမ်

    ဘား၂

    [bʱá၂]
    သားသမီးက ဖခင်အား ဘားဟု ခေါ်သော အာလုပ်စကား။ (ပြေးလွှားနိန်ရေ ကျွဲ၊ နွားကို ရပ်တန့်စီရန်) ဘား ဆိုရေ
    သားသမီးက ဖခင်အား ဘားဟု ခေါ်သော အာလုပ်စကား။ (ပြေးလွှားနေသော ကျွဲ၊ နွားကို ရပ်တန့်စေရန်) ဘား ဆိုသည်
    father
    ကြိယာ

    ဘာကျ

    [bʱàt͡ɕ]
    အကျိုးမဲ့ သတ်သတ်။ အကျိုးမဟိပဲ။ အလဟဿ။ မျှော်လင့်ချက် မဟိဘဲ။ လားခီစွာ ဘာကျရေ၊ တခုလည်းမရခ (အရပ်)
    အကျိုးမဲ့ သက်သက်။ အကျိုးမယှိပဲ။ အလဟဿ။ မျှော်လင့်ချက် ကင်းမဲ့စွာ။ လားခီစွာ ဘာကျရေ၊ တစ်ခုလည်းမရခ (အရပ်)
    waste
    ကြိယာဝိသေသန

    ဘားခတ်

    [bʱákʰaʔ]
    သားသမီးက ဖခင်အား ဘားဟု ခေါ်သော အာလုပ်စကား။ (ပြေးလွှားနိန်ရေ ကျွဲ၊ နွားကို ရပ်တန့်စီရန်) ဘားဆိုရေ
    သားသမီးက ဖခင်အား ဘားဟု ခေါ်သော အာလုပ်စကား။ (ပြေးလွှားနေသော ကျွဲ၊ နွားကို ရပ်တန့်စေရန်) ဘားဆိုသည်
    father
    ကြိယာ

    ဘာစင်

    [bʱàsɪ̀ɴ]
    အမိုးပြန့် ယာယီ ပြုလုပ်ထားရေ အဆောက်အအုံငယ်၊ မဏ္ဍပ်
    အမိုးပြန့် ယာယီ ပြုလုပ်ထားသော အဆောက်အအုံငယ်၊ မဏ္ဍပ်
    pavilion
    နာမ်

    ဘာစင်ပင်

    [bʱàsɪ̀ɴpɪ̀ɴ]
    အကိုင်းအခက် ဖီးပတ်လည်သို့ ဖြာထွက်သော ရွက်ကြွီပင် စောက်တမျိုး
    အကိုင်းအခက် ဘေးပတ်လည်သို့ ဖြာထွက်သော ရွက်ကြွေပင် စောက်တစ်မျိုး
    tree
    နာမ်

    ဘာဇူ

    [bʱàzù]
    ဘော်၊ ကြယ် တိနန့် အလှအပ မွမ်းမံစီခြယ် ခြုပ်လုပ်ထားရေ ရခိုင်အမျိုး သမီးဝတ် အင်္ကျီတမျိုး။ ဘာဇူရွက်ပန်၊ ညောင်ရွက်တံ (တေး)။ မေ့ဘာဇူမာ၊ ခြိုးဇရက်နန့် (တေး)
    ဘော်၊ ကြယ် များဖြင့် အလှအပ မွမ်းမံစီခြယ် ချုပ်လုပ်ထားသော ရခိုင်အမျိုး သမီးဝတ် အင်္ကျီတစ်မျိုး။ ဘာဇူရွက်ပန်၊ ညောင်ရွက်တံ (တေး)။ မေ့ဘာဇူမှာ၊ ခြိုးဇရက်နန့် (တေး)
    Arakan-Rakhine women’ cloth
    နာမ်

    ဘားတပ်လှီ

    [bʱátaʔɬí]
    ဘုန်းကြီးရေ မင်းရို့အား ဘိသိတ် ရေစင် သွန်းလောင်းရေ့အခါ ဂင်္ဂါမြစ်ရီကို ခပ်ရန် လားရာမာ အမတ်သျှစ်ယောက်ရို့ စီးလှားရရေ လောင်း၏ အမည်တမျိုး။ ဂုဏ်ပေါ်ထင်မှတ်၊ ထိုက်တန်ရာဖြင့်၊ အာဏာအပ်ကေ၊ အမတ်သျှစ်ပါး၊ စီးတုံငြားကေ၊ ဘားတပ်လှီတော် (ဝိဇယ)
    ဘုန်းကြီးသော မင်းတို့အား ဘိသိတ် ရေစင် သွန်းလောင်းသည့်အခါ ဂင်္ဂါမြစ်ရေကို ခပ်ရန် သွားရာ၌ အမတ်ရှစ်ယောက်တို့ စီးသွားရသော လှေ၏ အမည်တစ်မျိုး။ ဂုဏ်ပေါ်ထင်မှတ်၊ ထိုက်တန်ရာဖြင့်၊ အာဏာအပ်ကေ၊ အမတ်ရှစ်ပါး၊ စီးတုံငြားကေ၊ ဘားတပ်လှီတော် (ဝိဇယ)
    boat
    နာမ်

    ဘာထရေ

    [bʱàtʰɹè]
    စောက်ထိုးဆွဲပနာ နားနီတတ်ပြီး ညဇာအခါ အစာရှာ စားတတ်ရေ ငှက်တမျိုး
    စောက်ထိုးဆွဲ၍ နားနေတတ်ပြီး ညအခါ အစာရှာ စားတတ်သော ငှက်တစ်မျိုး
    bat
    နာမ်

    ဘာဘာ

    [bʱàbʱà]
    ဖခင်ကို သားသမီးက (ဘာဘာဟု) ခေါ်ဝေါ်သော အာလုပ်စကား
    ဖခင်ကို သားသမီးက (ဘာဘာဟု) ခေါ်ဝေါ်သော အာလုပ်စကား
    name of father
    နာမ်

    ဘားဘာ

    [bʱábʱà]
    ဖခင်ကို သားသမီးက ခေါ်သော အာလုပ်စကား။ နို့သျှင်သားပု၊ မိဖျက်ရှု၊ ပုလုပလွီ၊ အိပ်တက်တေ၊ ဘားဘာရောက်ကေ၊ မုန့်ပါရေ (တေး)
    ဖခင်ကို သားသမီးက ခေါ်သော အာလုပ်စကား။ နို့သျှင်သားပု၊ မိဖျက်ရှု၊ ပုလုပုလွေ၊ အိပ်တက်တေ၊ ဘားဘာရောက်ကေ၊ မုန့်ပါရေ (တေး)
    name of father
    နာမ်

    ဘာဘူ

    [bʱàbʱù]
    ငွီကြီး ဥစ္စာ ဝန် ပြည့်စုံ ကြွယ်ဝသူ။ ၂၊ ယင်းပိုင် ပြည့်စုံသူကို ခေါ်သော စကားလုံး။ ၃၊ ဂုဏ်သရေ ဟိသော သူကို ခေါ်သော စကား
    ငွေကြေး ဥစ္စာ ပစ္စည်း ပြည့်စုံ ကြွယ်ဝသူ။ ၂၊ ယင်းသို့ ပြည့်စုံသူကို ခေါ်သော စကားလုံး။ ၃၊ ဂုဏ်သရေ ယှိသော သူကို ခေါ်သော စကား
    rich man
    နာမ်

    ဘားဘူ

    [bʱábʱù]
    ပေါများ ပြည့်စုံသော။ ကြွယ်ဝသော။ ချမ်းသာသော
    ပေါများ ပြည့်စုံသော။ ကြွယ်ဝသော။ ချမ်းသာသော
    rich
    နာမဝိသေသန

    ဘားဘူစာရ

    [bʱábʱùsàɹ]
    ကြီးကြပ် ကွပ်ကဲ အုပ်ချုပ်သူ။ ဂေါင်းဆောင်အဖြစ် ထိန်းသိမ်း စောင့်ရှောက်သူ။ ယင်းခရိုင်မင်းရို့က စာလွှာပါရေအတိုင်း လယ်လုပ်သမားရို့ကို စီစစ် မီးမြန်းဗျာယ်၊ ယင်းမှတဆင့် အုပ်ချုပ်သူ လူကြီးဖြစ်ရေ ဗာပူစာရ ပြည်စိုးကြီးက လွှတ်တော်သို့ ပို့ဆက် တင်သွင်း ရလီရေ။ ၂၊
    ကြီးကြပ် ကွပ်ကဲ အုပ်ချုပ်သူ။ ခေါင်းဆောင်အဖြစ် ထိန်းသိမ်း စောင့်ရှောက်သူ။ ၎င်းခရိုင်မင်းတို့က စာလွှာပါသည့်အတိုင်း လယ်လုပ်သမားတို့ကို စီစစ် မေးမြန်းလျက်၊ ၎င်းမှတစ်ဆင့် အုပ်ချုပ်သူ လူကြီးဖြစ်သော ဗာပူစာရ ပြည်စိုးကြီးက လွှတ်တော်သို့ ပို့ဆက် တင်သွင်း ရလေသည်။ ၂၊
    leader
    နာမ်

    ဘားမ

    [bʱám]
    အလွန်ပါးသော အရာ
    အလွန်ပါးသော အရာ
    nothing
    နာမ်