Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 161–180 of 494 words

    ဘ

    ဘာရတီ

    [bʱàɹtí]
    နှီး၊ သားရိုး၊ သတ္တု၊ ပလတ်စတိတ် အစဟိစွာ့ အမျိုးမျိုးဖြင့် ပြုလုပ်ရေ ရေသယ်စရာ၊ ရီခပ်ငင်စရာနှင့် ရေထည့်စရာ
    နှီး၊ သားရိုး၊ သတ္တု၊ ပလတ်စတိတ် စသည့် အမျိုးမျိုးဖြင့် ပြုလုပ်သော ရေသယ်စရာ၊ ရေခပ်ငင်စရာနှင့် ရေထည့်စရာ
    bucket
    နာမ်

    ဘာရာ

    [bʱàɹà]
    ဝါးစိတ်ငယ်တိကို ကြိုးနှင့် စီခက်၍ အပြား ပြုလုပ်ထားရေ ပိုက်ချ ကိရိယာတမျိုး
    ဝါးစိတ်ငယ်များကို ကြိုးနှင့် စီခက်၍ အပြား ပြုလုပ်ထားသော ငါးဖမ်း ကိရိယာတစ်မျိုး
    fishing tool
    နာမ်

    ဘာရာ၂

    [bʱàɹà၂]
    ပဆစ် ကစပ်ကတ်ရာမာ ကြွီစီ့ ခြောက်စိ လှန်စွာကို ခေါ်သော စကား။ (ကြွီစီ့ ခြောက်လုံး လှန်ကေ ၁၂ကွက် ရွှိရရေ။
    ပဆစ် ကစားကြရာ၌ ကြွေစေ့ ခြောက်စေ့ လှန်သည်ကို ခေါ်သော စကား။ (ကြွေစေ့ ခြောက်လုံး လှန်လျှင် ၁၂ကွက် ရွှေ့ရသည်။
    none
    နာမ်

    ဘာရာငှက်

    [bʱàɹàŋ̊ɛʔ]
    ပြင်လယ်ဂေါင်၌ ကျက်စားပနာ အထက်ကို မတ်မတ် ပျံတတ်နှိုင်ရေ မြီကြီးရောင် အမွီးဟိရေ့ ငှက်တမျိုး။ (ကမ်းသားပုန်းငှက် ဟု လည်း ခေါ်ရေ။
    ကွင်းပြင်၌ ကျက်စား၍ အထက်သို့ မတ်မတ် ပျံတတ်နိုင်သော မြေကြီးရောင် အမွေးရှိသည့် ငှက်တစ်မျိုး။ (ကမ်းသားပုန်းငှက် ဟု လည်း ခေါ်သည်။
    bird
    နာမ်

    ဘာရူး

    [bʱàɹùး]
    စိတ်ဖေါက်ပြန်သူ။ ဖားကတ်လား
    စိတ်ဖေါက်ပြန်သူ။ စိတ်မနှံ့သူ
    lose sense
    နာမ်

    ဘာလတီ

    [bʱàltí]
    နှီး၊ သားရိုး၊ သတ္တု၊ ပလတ်စတ အစဟိစွာ့ အမျိုးမျိုးဖြင့် ပြုလုပ်ရေ ရေသယ်စရာ၊ ရီခပ်ငင်စရာနှင့် ရေထည့်စရာ
    နှီး၊ သားရိုး၊ သတ္တု၊ ပလတ်စတစ် စသည့် အမျိုးမျိုးဖြင့် ပြုလုပ်သော ရေသယ်စရာ၊ ရေခပ်ငင်စရာနှင့် ရေထည့်စရာ
    bucket
    နာမ်

    ဘာလိဘာသာ

    [bʱàlìbʱàθà]
    ဖြစ်တေ ဆိုနှိုင်လောက်ရုံရာ ဟိရေအရာ။ အဖြစ်အနေ ပီသ ပြည့်စုံအရာမာခြင်း မဟိသိမ့်ရေ အရာ။ သာမည
    ဖြစ်သည် ဆိုနိုင်ရုံမျှသာ ရှိသောအရာ။ အဖြစ်အနေ ပီသ ပြည့်စုံပြီးမြောက်ခြင်း မရှိသေးသော အရာ။ သာမည
    ordinary
    နာမ်

    ဘာသာ

    [bʱàθà]
    ကိုးကွယ်ရာ အယူဝါဒ။ ၂၊ စကား။ သူ့ဘာသာသည်၊ မ ကို နှုတ်ဖြင့်ရို့၍ (သျှိုးလိုက်)။ ၃၊ ဓလိထုံးစံ၊ ရခိုင်ဘာသာဆံကို နောက်တွဲထုံး၍
    ကိုးကွယ်ရာ အယူဝါဒ။ ၂၊ စကား။ သူ့ဘာသာသည်၊ မ ကို နှုတ်ဖြင့်တို့၍ (သျှိုးလိုက်)။ ၃၊ ဓလေ့ထုံးစံ၊ ရခိုင်ဘာသာဆံကို နောက်တွဲထုံး၍
    language
    နာမ်

    ဘာသာခြား

    [bʱàθàkʰɹá]
    ကိုယ်ရို့ ဘာသာစကားမှ တပါး တခြား နိုင်ငံသားရို့၏ ဘာသာစကား၊ ကိုးကွယ်ရာ အယူဝါဒ၊ ယိုင်ကျေးမှုအစဟိစွာ၊ ပြောဆိုသုံးစွဲသူ လူမျိုးအသီးသီး ကွဲပြားသူ
    မိမိတို့ ဘာသာစကားမှ တစ်ပါး တစ်ခြား နိုင်ငံသားတို့၏ ဘာသာစကား၊ ကိုးကွယ်ရာ အယူဝါဒ၊ ယဉ်ကျေးမှုစသည်၊ ပြောဆိုသုံးစွဲသူ လူမျိုးအသီးသီး ကွဲပြားသူ
    foreign language
    နာမ်

    ဘာသာစကား

    [bʱàθàská]
    လူမျိုးတိုင်း ကိုယ်ရို့၏ အစိုင်အဆက် လိုက်နာ ဆောင်ရွက်လာရေ ထုံးစံ အလိအထ
    လူမျိုးတိုင်း မိမိတို့၏ အစဉ်အဆက် လိုက်နာ ဆောင်ရွက်လာသော ထုံးစံ အလေ့အထ
    custom
    နာမ်

    ဘာသာဘာဝ

    [bʱàθàbʱàw]
    ကိုယ်ရို့ ပင်ကို စရိုက် အနိန်နန့်။ ဘာသာဘာဝ၊ ကျွန်ဝက်မရေ။ အိပ်ခါနီရာ (ဖါးဝင်)
    မိမိတို့ ပင်ကို စရိုက် အားလျော်စွာ။ ဘာသာဘာဝ၊ ကျွန်ဝက်မသည်။ အိပ်ခါနီရာ (ဖါးဝင်)
    naturally
    ကြိယာဝိသေသန

    ဘာသာလဝါ

    [bʱàθàlwà]
    အမှတ်တမဲ့။ အာရုံတပါး မထားပဲ။ ၂၊ အလိစရိုက် အနိန်နန့် ပင်ကိုယ်စရိုက် အလိအထအားဖြင့်၊ ကိုယ့်ဘဝနန့်ကိုယ်၊ ဖာသာလဝါ နီစွာဗျာယ် (အရပ်)
    အမှတ်တမဲ့။ အာရုံတစ်ပါး မထားပဲ။ ၂၊ အလေ့စရိုက် အားလျော်စွာ ပင်ကိုယ်စရိုက် အလေ့အထအားဖြင့်၊ ကိုယ့်ဘဝနန့်ကိုယ်၊ ဖာသာလဝါ နီစွာဗျာယ် (အရပ်)
    carelessly
    ကြိယာဝိသေသန

    ဘာသိဘာသာ

    [bʱàθìbʱàθà]
    ၁၊ အရီးမစိုက်။ ဂရုမပြု။ လျစ်လျူရှုဗျာယ်။ ၂၊ ဂရုတစိုက် ပြုသည် မဟုတ်ဘဲ
    ၁၊ အရေးမစိုက်။ ဂရုမပြု။ လျစ်လျူရှုလျက်။ ၂၊ ဂရုတစိုက် ပြုသည် မဟုတ်ပဲ
    carelessly
    ကြိယာဝိသေသန

    ဘာသီး

    [bʱàθï]
    ကောင်းဘီယက် ဖြစ်ရေ၊ ပထမ ထိပ်တန်းကျသော
    အကောင်းဆုံး ဖြစ်သော၊ ပထမ ထိပ်တန်းကျသော
    best
    နာမဝိသေသန

    ဘာသီး၂

    [bʱàθï၂]
    ကြိုက်ရာကို ဖွီယှာ ယူရေ။ ကောင်းနိုး ရာရာကို ရွီးချယ်ယူရေ။ တရာ၊ တထောင်ထဲက ဘာသီးရွီးလို့ ယူခစွာ နန်း (အရပ်)
    ကြိုက်ရာကို ဖွေရှာ ယူသည်။ ကောင်းနိုး ရာရာကို ရွေးချယ်ယူသည်။ တစ်ရာ၊ တစ်ထောင်ထဲက ဘာသီးရွီးလို့ ယူခစွာ နန်း (အရပ်)
    select-choose
    ကြိယာ

    ဘိ

    [bʱì]
    ကြက်၊ ငှက်၊ သားရဲ သတ္တဝါရို့ကို ထောင်သော ခုပ်တမျိုး
    ကြက်၊ ငှက်၊ သားရဲ သတ္တဝါတို့ကို ထောင်သော ထောင်ချောက်တစ်မျိုး
    trap
    နာမ်

    ဘိကျပ်ပင်

    [bʱìt͡ɕaʔpɪ̀ɴ]
    သပြီရွက်နှင့် ဆင်သော ဟင်းချက် စားရရေ ခြုံပင်တမျိုး
    သပြေရွက်နှင့် ဆင်သော ဟင်းချက် စားရသည့် ချုံပင်တစ်မျိုး
    vegetable
    နာမ်

    ဘိဂျာ

    [bʱìdʑà]
    ဘိဇာသော။ (ထမင်း)၊ ပိုပြီးကေ ပျော့ရေ။ နူးသော (ထမင်း) ထမင်းကဘိဂျာ၊ စားဖို့ကမရ (အရပ်)
    အလွန်ပျော့သော။ (ထမင်း)၊ ပို၍ ပျော့သော။ ပျော့အိသော (ထမင်း) ထမင်းကဘိဂျာ၊ စားဖို့ကမရ (အရပ်)
    soft
    နာမဝိသေသန

    ဘိစာ

    [bʱìsà]
    ဘိဇာသော။ (ထမင်း)၊ ပိုပြီးကေပျော့ရေ။ နူးသော (ထမင်း) ထမင်းကဘိဂျာ၊ စားဖို့ကမရ (အရပ်)
    အလွန်ပျော့သော။ (ထမင်း)၊ ပို၍ပျော့သော။ ပျော့အိသော (ထမင်း) ထမင်းကဘိဂျာ၊ စားဖို့ကမရ (အရပ်)
    soft
    နာမဝိသေသန

    ဘိတ်

    [bʱeɪʔ]
    အားလုံးရို့၏ နောက်ဆုံး အဖြစ်
    အားလုံးတို့၏ နောက်ဆုံး အဖြစ်
    last
    နာမ်