Dictionary Entries
Showing 1,981–2,000 of 2,515 words
မ
မြိတ်မြိတ်ထိုး
[mɹeɪʔmɹeɪʔtʰó]
Arakanese:
နားခံသာယောင် ညင်သာစွာ။ သာယာ ညှင်းပျောင်းစွာ။ ငြိမ့်ညောင်း သာယာချိုအီးစွာ။ ဆယ့်နှစ်ပင်ရွှီစောင်းကြိုး၊ လက်သန်း၊ လက်လယ်၊ လက်သူကြွယ်နှင့်၊ ရွယ်ကာမြိတ်မြိတ်ထိုးပနာ၊ အကြောင်းမျိုး ဖော်ထုတ်ခါ (ကုသတု)
Burmese:
နားခံသာအောင် ညင်သာစွာ။ သာယာ ညှင်းပျောင်းစွာ။ ငြိမ့်ညောင်း သာယာချိုအေးစွာ။ ဆယ့်နှစ်ပင်ရွှီစောင်းကြိုး၊ လက်သန်း၊ လက်လယ်၊ လက်သူကြွယ်နှင့်၊ ရွယ်ကာမြိတ်မြိတ်ထိုး၍၊ အကြောင်းမျိုး ဖော်ထုတ်ခါ (ကုသတု)
English:
pleasant
Grammar Note:
ကြိယာဝိသေသန
မြိတ်မြိတ်ထိုး၂
[mɹeɪʔmɹeɪʔtʰó၂]
Arakanese:
နားမာ နှစ်သက်စဖွယ် ဖြစ်ရေ။ သာယာ နာပျော်ဖွယ် ဟိသော
Burmese:
နားတွင် နှစ်သက်စဖွယ် ဖြစ်သော။ သာယာ နာပျော်ဖွယ် ယှိသော
English:
pleasant
Grammar Note:
နာမဝိသေသန
မြိတ်မြိတ်လှီး
[mɹeɪʔmɹeɪʔɬï]
Arakanese:
ဒါးဖြင့် ပါးလွှာစွာ လှီးရေ။ ကြက်သွန်ဥကို ဒါးနန့် မြိတ်မြိတ်တွာ (အရပ်)။ ၂၊ ပါးပါးချေဖြစ်ယောင် ဒါးနှင့်နုပ်နုပ် စဉ်းရေ။ ဆီးမြစ်တိကို ဒါးနန့်မြိတ်မြိတ်တွာ၍ (ကုသတု)
Burmese:
ဒါးဖြင့် ပါးလွှာစွာ လှီးသည်။ ကြက်သွန်ဥကို ဒါးနန့် မြိတ်မြိတ်တွာ (အရပ်)။ ၂၊ အသေးအဖွဲဖြစ်အောင် ဒါးနှင့်နုပ်နုပ် စဉ်းသည်။ ဆီးမြစ်တိကို ဒါးနန့်မြိတ်မြိတ်တွာ၍ (ကုသတု)
English:
cut
Grammar Note:
ကြိယာ
မြိန်
[mɹèɪɴ]
Arakanese:
တစုံတရာကို ထိနိုင်စွမ်းရေ။ ကာလ၊ ပမာဏ အစဟိစွာ ထပ်တူကျရေ။ သစ်ကိုင်းရို့ကို လက်လှမ်းလို့ မြိန်ရေ။ မောင်လှကို လိုက်လို့ မြိန်ရေ (အရပ်)။ အသျှင်မင်းဖျား၊ သမင်သားကို၊ စားချင်အားကြိုး၊ မြိန်အံ့စိုး၍ (ထွန်းတိ)
Burmese:
တစ်စုံတရာကို ထိနိုင်စွမ်းသည်။ ကာလ၊ ပမာဏ စသည် ထပ်တူကျသည်။ သစ်ကိုင်းတို့ကို လက်လှမ်းလို့ မြိန်ရေ။ မောင်လှကို လိုက်လို့ မြိန်ရေ (အရပ်)။ အသျှင်မင်းဖျား၊ သမင်သားကို၊ စားချင်အားကြိုး၊ မြိန်အံ့စိုး၍ (ထွန်းတိ)
English:
identity
Grammar Note:
ကြိယာ
မြိန့်
[mɹèɪɴ့]
Arakanese:
မြသော၊ စူးရှသော အရသာဟိသော။ ၂၊ ချိုဆိမ့်သော အရသာဟိသော။ ၃၊ ပျားပိုင် အရသာဟိသော
Burmese:
မြသော၊ စူးရှသော အရသာယှိသော။ ၂၊ ချိုဆိမ့်သော အရသာယှိသော။ ၃၊ ပျားကဲ့သို့ အရသာယှိသော
English:
sweet
Grammar Note:
နာမဝိသေသန
မြိန့်မြိန့်
[mɹèɪɴ့mɹèɪɴ့]
Arakanese:
မြသော၊ စူးရှသော အရသာဟိသော။ ၂၊ ချိုဆိမ့်သော အရသာဟိသော။ ၃၊ ပျားပိုင် အရသာဟိသော။ ဖလာဖလ၊ ဟူသမျှလည်း၊ ချိုမြမြိန့်မြိန့်၊ ပျားနှယ်အိမ့်သို့ (ထွန်းတိ)
Burmese:
မြသော၊ စူးရှသော အရသာယှိသော။ ၂၊ ချိုဆိမ့်သော အရသာယှိသော။ ၃၊ ပျားကဲ့သို့ အရသာယှိသော။ ဖလာဖလ၊ ဟူသမျှလည်း၊ ချိုမြမြိန့်မြိန့်၊ ပျားနှယ်အိမ့်သို့ (ထွန်းတိ)
English:
sweet
Grammar Note:
နာမဝိသေသန
မြိန့်မြိန့်၂
[mɹèɪɴ့mɹèɪɴ့၂]
Arakanese:
နားထောင်ပနာ ကောင်းခြင်း။ အသံသာယာခြင်း၊၊ အလှစိန်အလွမ်းကိုဆိုကေ၊ နားမာ မြိန့်မြိန့်တွိ.ရေ (အရပ်)
Burmese:
နားထောင်၍ ကောင်းခြင်း။ အသံသာယာခြင်း၊၊ အလှစိန်အလွမ်းကိုဆိုကေ၊ နားမှာ မြိန့်မြိန့်တွိ.ရေ (အရပ်)
English:
pleasant
Grammar Note:
နာမ်
မြိန့်မြိန်တွာ
[mɹèɪɴ့mɹèɪɴtwà]
Arakanese:
ဒါးဖြင့် ပါးလွှာစွာ လှီးရေ။ ကြက်သွန်ဥကို ဒါးနန့် မြိတ်မြိတ်တွာ (အရပ်)။ ၂၊ ပါးပါးချေဖြစ်ယောင် ဒါးနှင့်နုပ်နုပ် စဉ်းရေ။ ဆီးမြစ်တိကို ဒါးနန့်မြိတ်မြိတ်တွာ၍ (ကုသတု)။ ဆီးမြစ်တိကို ဒါးနန့်မြိန့်မြိန့်တွာ (အရပ်)
Burmese:
ဒါးဖြင့် ပါးလွှာစွာ လှီးသည်။ ကြက်သွန်ဥကို ဒါးနန့် မြိတ်မြိတ်တွာ (အရပ်)။ ၂၊ အသေးအဖွဲဖြစ်အောင် ဒါးနှင့်နုပ်နုပ် စဉ်းသည်။ ဆီးမြစ်တိကို ဒါးနန့်မြိတ်မြိတ်တွာ၍ (ကုသတု)။ ဆီးမြစ်တိကို ဒါးနန့်မြိန့်မြိန့်တွာ (အရပ်)
English:
slice
Grammar Note:
ကြိယာ
မြိန်လုမြိန်ချင်
[mɹèɪɴloʊmɹèɪɴɕɪ̀ɴ]
Arakanese:
တခုတရီသော ဖြစ်ပျက်မှု သဘောသို့ ရောက်နှိုင်ရေ အခြီအရဲကို ပြဖို့ ကြိယာနောက်မာ စပ်၍သုံးသော စကား။ ခြေလေးဘက်မာ၊ တံပက်ခွာကို၊ နာဟန်လည်းပြု၊ မာယာဖန်ပျာ၊ ကြံစည်မှုကြောင့်၊ မြိန်လုမြိန်ချင် (ရာမ)
Burmese:
တစ်စုံတစ်ခုသော ဖြစ်ပျက်မှု သဘောသို့ ရောက်နိုင်သော အခြေအနေကို ပြရန် ကြိယာနောက်၌ စပ်၍သုံးသော စကား။ ခြေလေးဘက်မှာ၊ တဘက်ခွာကို၊ နာဟန်လည်းပြု၊ မာယာဖန်ပျာ၊ ကြံစည်မှုကြောင့်၊ မြိန်လုမြိန်ချင် (ရာမ)
English:
achievable
Grammar Note:
ပစ္စည်း
မြို
[mɹÒ]
Arakanese:
ယောက်ျားများ သျှောင်ထုံးဖြင့် နဘက်ကွင်းကျယ်၊ လက်ကောက် ဝတ်ဆင်ကာ နံငယ်ဖျင်ပိုင်းကို ခါးတောင်းကျိုးဗျာယ်၊ မမာ့တိမာ နားမာ ကန်စွန်းပွင့်ပိုင် နားဋောင်း၊ နံငယ်ဖျင်ပိုင်းကို ပေါက်က မစိတစိ ဝတ်ဆင်လေ့ဟိသော လူမျိုးတမျိုး။ (၄င်းရို့စွာ ဘူးသီးတောင်နယ်နှင
Burmese:
ယောက်ျားများ သျှောင်ထုံးဖြင့် နဘက်ကွင်းကျယ်၊ လက်ကောက် ဝတ်ဆင်ကာ နံငယ်ဖျင်ပိုင်းကို ခါးတောင်းကျိုးလျက်၊ မိန်းမများမှာ နားတွင် ကန်စွန်းပွင့်ကဲ့သို့ နားဋောင်း၊ နံငယ်ဖျင်ပိုင်းကို ပေါက်က မစေ့တစေ့ ဝတ်ဆင်လေ့ယှိသော လူမျိုးတစ်မျိုး။ (၄င်းတို့သည် ဘူးသီးတောင်နယ်နှင
English:
Myo ethnic of Arakanese
Grammar Note:
နာမ်
မြို့
[mɹo̰]
Arakanese:
ဈီး-ကနားလမ်း တိုက်တာ၊ အုပ်ချုပ်ရီး အစဟိစွာ သတ်မှတ် ပြုလုပ်ထားရေ ရွာထက်ကြီးရီး အစဟိစွာ သတ်မှတ် ပြုလုပ်ထားရေ ရွာထက်ကြီးရေ လူနီရပ်စု
Burmese:
ဈေး-ကနားလမ်း တိုက်တာ၊ အုပ်ချုပ်ရေး စသည် သတ်မှတ် ပြုလုပ်ထားသော ရွာထက်ကြီးရေး စသည် သတ်မှတ် ပြုလုပ်ထားသော ရွာထက်ကြီးသော လူနေရပ်စု
English:
town
Grammar Note:
နာမ်
မြိုး
[mɹó]
Arakanese:
များရွီတွက်နန့် အာလူး ဘာယောင်းသီး အစဟိစွာရို့ကို ငါးခြောက် မဆလာရို့နန့် ရော၍ ချက်ထားရေ ချိုင်ဟင်းရည်။ တနည်း တခုတရီသော ငါးဟင်းလျာဖြင့် ရော၍ ချက်ထားရေ ဟင်းလျာမျိုး
Burmese:
များသောအားဖြင့် အာလူး ခရမ်းသီး စသည်တို့ကို ငါးခြောက် မဆလာတို့နှင့် ရော၍ ချက်ထားသော ချဉ်ဟင်းရည်။ သို့မဟုတ် တစ်စုံတစ်ခုသော ငါးဟင်းလျာဖြင့် ရော၍ ချက်ထားသော ဟင်းလျာမျိုး
English:
curry
Grammar Note:
နာမ်
မြို့၂
[mɹo̰၂]
Arakanese:
လာမည့်ကာလမာ တခုတရီ ဖြစ်ဖွယ်ရာ ဟိကြောင်း ဖော်ပြဖို့ ကြိယာ၌ ဖြည့်စပ်သော အနာဂတ် ကာလညွှန်းစကားလုံး။ အကြောင်းဇာသို့၊ ဟိတုံမြို့ဟု၊ ထောက်လှမ်းသမှု၊ စနည်းနာပြုပနာ (ရခိုင်ကာ)
Burmese:
လာမည့်ကာလ၌ တစ်စုံတစ်ရာ ဖြစ်ဖွယ်ရာ ယှိကြောင်း ဖော်ပြရန် ကြိယာ၌ ဖြည့်စပ်သော အနာဂတ် ကာလညွှန်းစကားလုံး။ အကြောင်းဘယ်သို့၊ ဟိတုံမြို့ဟု၊ ထောက်လှမ်းသမှု၊ စုံစမ်းပြု၍ (ရခိုင်ကာ)
English:
none
Grammar Note:
ပစ္စည်း
မြိုး၂
[mɹó၂]
Arakanese:
တခုတရီသော စားဖွယ်သောက်ဖွယ်မာ တခုတရီ ရောစွက် ထည့်ရေ။ ကြက်သားဟင်းမာ အာလူးမြိုးထည့်လိုက်ပါ (အရပ်)
Burmese:
တစ်စုံတစ်ခုသော စားဖွယ်သောက်ဖွယ်တွင် တစ်စုံတစ်ရာ ရောစွက် ထည့်သည်။ ကြက်သားဟင်းမှာ အာလူးမြိုးထည့်လိုက်ပါ (အရပ်)
English:
put
Grammar Note:
ကြိယာ
မြို့ကြီးတိုင်းကြီး
[mɹo̰t͡ɕïtáɪɴt͡ɕï]
Arakanese:
အုပ်ချုပ်ရီး၊ စီပွားရီး၊ ကူးသန်း လားလာ ရောင်းဝယ်ရီး အစဟိစွာ အလယ်ဗဟိုကျပနာ ကြီးကျယ် များပြား လူနီထူထပ်သောမြို့
Burmese:
အုပ်ချုပ်ရေး၊ စီပွားရေး၊ ကူးသန်း သွားလာ ရောင်းဝယ်ရေး စသည် အလယ်ဗဟိုကျ၍ ကြီးကျယ် များပြား လူနေထူထပ်သောမြို့
English:
city
Grammar Note:
နာမ်
မြို့ကြီးသား
[mɹo̰t͡ɕïθá]
Arakanese:
(ဥပစာ) လူမူပေါင်းသင်း ဆက်ဆံရီး လူကျင့်ဝတ်ကို ထိန်းသိမ်း စောင့်ယှောက် လိုက်နာတတ်ရေ ယိုင်ကျေးပြေပြစ်သူ
Burmese:
(ဥပစာ) လူမူပေါင်းသင်း ဆက်ဆံရေး လူကျင့်ဝတ်ကို ထိန်းသိမ်း စောင့်ယှောက် လိုက်နာတတ်သော ယဉ်ကျေးပြေပြစ်သူ
English:
citizen
Grammar Note:
နာမ်
မြို့ကွပ်
[mɹo̰kwaʔ]
Arakanese:
မြို့တမြို့တည်းကိုရာ စီရင်အုပ်ချုပ်သည်
Burmese:
မြို့တစ်မြို့တည်းကိုသာ စီရင်အုပ်ချုပ်သည်
English:
administer
Grammar Note:
ကြိယာ
မြို့ကွပ်၂
[mɹo̰kwaʔ၂]
Arakanese:
မြို့မားမာ မူလကပင်ဟိနှင့် မှီတင်း နီထိုင်နှင့်သောသူ
Burmese:
မြို့တွင်းတွင် မူလကပင်ယှိနှင့် မှီတင်း နေထိုင်နှင့်သောသူ
English:
citizen
Grammar Note:
နာမ်
မြို့ခံတပ်
[mɹo̰kʰံtaʔ]
Arakanese:
မြို့၏ လုံခြုံရီးကို တာဝန်ယူသော လက်နက်ကိုင်တပ်
Burmese:
မြို့၏ လုံခြုံရေးကို တာဝန်ယူသော လက်နက်ကိုင်တပ်
English:
stockade
Grammar Note:
နာမ်
မြို့ခံလူကြီး
[mɹo̰kʰံlùt͡ɕï]
Arakanese:
မြို့ထက်မာ ဂုဏ်အား၊ ပညာအား၊ အသက်အား အစဟိစွာ့ ကြီးမြင့် ထင်ရှားပေါ်လွင်သော အများအကျိုးကို ဆောင်ရွက်သူ
Burmese:
မြို့ပေါ်တွင် ဂုဏ်အား၊ ပညာအား၊ အသက်အား စသည့် ကြီးမြင့် ထင်ရှားပေါ်လွင်သော အများအကျိုးကို ဆောင်ရွက်သူ
English:
old person who can hark back to the long past
Grammar Note:
နာမ်